← Chapters

နိုင်ငံရေးရာ အလုပ်တွေ ရှိသေးတယ်

Vol. 63 Ch. 941

နိုင်ငံရေးရာ အလုပ်တွေ ရှိသေးတယ်

Vol. 63 Ch. 941

ချူးယုချင်၏ အသစ်ပြောင်းထားသော ကိုယ်ရေးအချက်အလက်ကို မြင်သောအခါ လုချန်း အံ့အားသင့်သွား၏။

ချူးယုချင်က အခြားတစ်ယောက်၏ ကိုယ်ပွားတစ်ယောက် ဖြစ်နိုင်ပါ့မလား။

ထို့ပြင် ထိုကိုယ်ပွားသည် သူ့အား ကလဲ့စားချေရန်နှင့် စောင့်ကြည့်ရန် ဖန်တီးထားခြင်လား။

ထိုသို့ မဖြစ်နိုင်သင့်ပေ။

ချူးယုချင်သည် ငယ်စဉ်ကတည်းက သူ့အပေါ် အမြဲတမ်း ကောင်းမွန်ခဲ့သည် မဟုတ်ပါလား။ အကယ်၍ သူမသာ သူ၏ ရန်သူမှ ဖန်တီးထားသော ကိုယ်ပွားတစ်ယောက် အမှန်တကယ် ဖြစ်ပါက သူ့အပေါ်ထားရှိသော သူမ၏ ကနဦး နှစ်သက်မှုသည် ကိုးဆယ်ကျော် ရှိနေနိုင်မည် မဟုတ်ပေ။

စိတ်ထဲမှ

“စနစ်။ ဒီအသစ်ပြောင်းထားတဲ့ အချက်အလက်မှာ ပြဿနာတစ်စုံတစ်ရာ ရှိနိုင်သလား။”

စနစ်က

“အချက်အလက်များတွင် ပြဿနာမရှိပါ။ ချူးယုချင်သည် အမှန်တကယ်တော့ မိဖုရားခေါင် ရှန်ဝူက ဖန်တီးထားသော ကိုယ်ပွားတစ်ယောက် ဖြစ်ပါသည်။ သို့သော် ဤကိုယ်ပွား ချူးယုချင် ထျန်းချန်ကမ္ဘာသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် မိဖုရားခေါင်ရှန်ဝူသည် ကိုယ်ပွားနှင့် အသိစိတ် ချိတ်ဆက်မှုကို ဖြတ်တောက်ခဲ့ပြီး ချူးယုချင်အား လွတ်လပ်သော ပင်ကိုစရိုက်တစ်ခုအဖြစ် ဖွံ့ဖြိုးလာစေရန် ခွင့်ပြုခဲ့သည်။”

ထိုအချက်ကြောင့်သာ ဖြစ်ရမည်ဟု လုချန်း စိတ်ထဲမှ တွေးလိုက်မိ၏။

ချူးယုချင်သည် သူငယ်စဉ်ကတည်းက သူ့အပေါ် အလွန်ကြင်နာခဲ့ခြင်းမှာ သူမ၏ ပင်မခန္ဓာက သူမကို လွှမ်းမိုးနိုင်စွမ်း မရှိတော့သောကြောင့် ဖြစ်ပေမည်။

သို့သော်လည်း...

ထိုအခိုက်အတန့်တွင် လုချန်းလည်း ချူးယုချင်ကို စကားတစ်ခွန်းမျှမဆိုပဲ ငုံ့ကြည့်နေပြီး တိတ်ဆိတ်မှုထဲသို့ နစ်မြုပ်သွား၏။

သူနှင့်အတူ ကြီးပြင်းလာခဲ့ပြီး သူ့ကို ကာကွယ်ပေးခဲ့သောသူသည် သူ၏ ရန်သူ၏ ကိုယ်ပွားတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ထိုအချိန်တွင် ချူးယုချင်က

“ဒေါ်လေးရဲ့ ခန္ဓာကိုယ်က ပိုပြီး ပေါ့ပါးသွားသလို ခံစားနေရတယ်။ ချည်နှောင်မှု တစ်ခုခုကနေ လွတ်မြောက်သွားသလိုပဲ။”

လုချန်းစိတ်ထဲ တွေးလိုက်မိ၏။ ယခင်က ချူးယုချင်နှင့် သူမ၏ ပင်မခန္ဓာတို့တွင် ကံကြမ္မာအဆက်အသွယ် ရှိခဲ့သည်။ သူမ၏ ပင်မခန္ဓာက ချူးယုချင်အပေါ် အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးမှုရှိခဲ့သဖြင့် ချုပ်တည်းခံထားသလို ခံစားချက်ကို သူမ ခံစားခဲ့ရခြင်း ဖြစ်နိုင်သည်။

အကယ်၍ သူမ၏ ပင်မခန္ဓာက ကံကြမ္မာကို အဆက်ဖြတ်လိုက်ပါက ယခုမှစ၍ ကိုယ်ပွားသည် မူလ ပင်မခန္ဓာနှင့် သီးခြားဖြစ်သွားမည်ဖြစ်ပြီး ချူးယုချင်လည်း လွတ်လပ်သော လူတစ်ဦး ဖြစ်လာပေမည်။ ကံကြမ္မာ ချုပ်တည်းမှု ခံစားချက်ကို သူမ ခံစားရတော့မည် မဟုတ်ပေ။

ဒါက ချူးယုချင်အတွက် ကောင်းသော အရာဖြစ်သလို သူ့အတွက်လည်း ကောင်းမွန်သည့် အရာပင် ဖြစ်သည်။ သူချစ်သော အမျိုးသမီးသည် အခြားတစ်ယောက်၏ စောင့်ကြည့်သူအဖြစ် အသုံးတော်ခံနေသည်ကို သူ လုံးဝအလိုမရှိ‌ပါ။

လုချန်းကို အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေသောအရာတစ်ခု ရှိနေ၏။ ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို သူ မသိသော်လည်း ထိုအမျိုးသမီးက သူ့အား ဒုက္ခပေးသည်ကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။ သို့သော် စနစ်၏ ဖော်ပြချက်နှင့် ချူးယုချင်၏ ကိုယ်ရေးအချက်အလက်များအရ ထိုအမျိုးသမီးသည် သူ့ထံသို့ ဘေးဒုက္ခများ သယ်ဆောင်လာသည်ဟု သူ ခံစားနေရသည်။

ယခုအခါ ထိုအမျိုးသမီးက ကိုယ်ပွား ချူးယုချင်နှင့် ကံကြမ္မာအဆက်အသွယ်ကို ဖြတ်တောက်ခဲ့ပြီး ဤအရာအားလုံး မဖြစ်ပျက်ခဲ့သကဲ့သို့ ဟန်ဆောင်လိုနေသည်က အလွန် မတရားရာ ကျလွန်းသည်။

ထိုအချိန်တွင် လုချန်းက ချူးယုချင်ကို ပွေ့ဖက်လိုက်ပြီး

“ ဒေါ်လေးရဲ့ခန္ဓာကိုယ်ထဲမှာ ကမ္ဘာငယ်တစ်ခုကို ပျိုးထောင်ပြီးတာနဲ့ အဲ့ဒီကမ္ဘာငယ်ရဲ့ သက်စောင့်ဓာတ်က ဒေါ်လေးကို သက်စောင့်စွမ်းအားတစ်ချို့ ပေးလိမ့်မယ်။ ဒါကြောင့် ဒေါ်လေးရဲ့ ခန္ဓာကိုယ်က ပိုပေါ့ပါးသွားတယ်လို့ ခံစားရတာ ဖြစ်နိုင်တယ်။”

လုချန်း၏ စကားကို ကြားသောအခါ ချူးယုချင် ခဏခန့် စဉ်းစားပြီးနောက်

“ဪ ဒီလိုကိုး။”

အကြောင်းရင်း အတိအကျကို မသိနိုင်သောကြောင့် လုချန်း ပြောသမျှကို အမှန်ဟု လက်ခံလိုက်ရုံသာ ချူးယုချင် အနေနှင့်တတ်နိုင်၏။

လုချန်းက စိတ်ထဲမှ စနစ်ကို

“စနစ်။ မင်းက ငါ့ကို ချန်ယွမ်ကမ္ဘာ ရှန်ယွဲ့မင်းဆက်က ရှန်ဝူဧကရာဇ်ရဲ့ သားလို့ ပြောခဲ့တယ်လေ။ ဘာလို့ ငါ့မှာ အဲ့ဒါနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေ တစ်ခုမှ မရှိရတာလဲ။ ပြီးတော့ ငါ့ရဲ့ မှတ်ဉာဏ်တွေအားလုံးက ကမ္ဘာမြေက လာတယ်လို့ ဘာလို့ ထင်နေရတာလဲ။”

စနစ်က

“သခင်၏ ယခင်ဘဝမှ မှတ်ဉာဏ်များကို ဘဝသံသရာ ကျောက်တုံးအတွင်း၌ တံဆိပ်ခတ်ထားပါသည်။ ယခင်ဘဝမှ မှတ်ဉာဏ်များကို ရယူလိုပါက ဘဝသံသရာ ကျောက်တုံးပေါ်မှ တံဆိပ်ကို ဖယ်ရှားရမည် ဖြစ်သည်။”

ဘဝသံသရာ ကျောက်တုံး။

သူ ယခင်က ရရှိခဲ့သော ကျောက်တုံးကို

လုချန်း ချက်ချင်း သတိရသွား၏။

ထို့နောက် သူ စနစ်၏ မျက်နှာပြင်ကို ဖွင့်လိုက်ပြီး စနစ် သိုလှောင်ခန်းထဲတွင် ဘဝသံသကာ ကျောက်တုံးကို ရှာလိုက်သည်။

ဘဝသံသရာ ကျောက်တုံးသည် မြစ်ကြမ်းပြင်မှ သာမန်ကျောက်စရစ်ခဲလေး တစ်လုံးကဲ့လိုပင်ဖြစ်၏။

ဤကမ္ဘာကြီးကို ပြုပြင်ရန်အတွက် ဘဝသံသရာ ကျောက်တုံးကို မရှိမဖြစ် လိုအပ်သည်ဟု စနစ်က ပြောခဲ့သော်လည်း ထိုထဲတွင် သူ၏ အရင်ဘဝမှ မှတ်ဉာဏ်များ ပါဝင်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

လုချန်းက

“အရင်ဘဝက မှတ်ဉာဏ်တွေ ဟုတ်လား။ ဒါဆို ကမ္ဘာမြေက ငါ့ရဲ့မှတ်ဉာဏ်တွေက ငါ့ရဲ့ ဒုတိယ ဘဝကလား။”

စနစ်က

“ဤစနစ်က ယာယီအားဖြင့် ဖြေကြားပေးနိုင်ခြင်း မရှိပါ”

ထိုစကားကို ကြားသောအခါ လုချန်းသည် အနည်းငယ် ဆွံ့အသွား၏။ စနစ်က အချက်အလက် အများအပြားကို ဖုံးကွယ်ထားဆဲဖြစ်သည်မှာ ထင်ရှားသည်။

ထားလိုက်တော့ဟု သူ တွေးလိုက်၏။ သူ ထပ်မေးချင်စိတ် မရှိတော့ပေ။ တစ်နေ့နေ့တွင် စနစ်၏ နောက်ကွယ်တွင် မည်သို့သော တည်ရှိမှုမျိုး ရှိနေသည်နှင့် အရာအားလုံးကို မည်သူက ထိန်းချုပ်နေသည်ကို သူ ရှာဖွေတွေ့ရှိပေလိမ့်မည်။

ထိုအချိန်တွင် လုချန်းက ချူးယုချင်၏ ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်ပြီးနောက် ဖြည်းညင်းစွာ လှည့်လိုက်ပြီး သူမ၏ လှပသော မျက်နှာကို အပေါ်မှ ငုံ့ကြည့်လိုက်သည်။

ချူးယုချင်ကလည်း လုချန်း၏ ချောမောသော မျက်နှာကို ပြန်လည်စိုက်ကြည့်နေ၏။ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် လုချန်း၏ မျက်လုံးများထဲ၌ မီးတောက်တစ်ခု လောင်ကျွမ်းနေသည်ဟု သူမ ခံစားနေရသည်။ ဒါက သူမ၏ စိတ်အထင်သက်သက်သာ ဖြစ်နေသလားဟု တော့ ချူးယုချင် မပြောတတ်ပေ။

လုချန်းက ပြုံးလိုက်ပြီး

“ဒေါ်လေးချူး။ အခုမှ မနက်စောစော ရှိသေးတယ်။ ကျွန်တော်တို့ ဆက်ကျင့်ကြရအောင်။”

ထိုစကားကို ကြားသောအခါ ချူးယုချင်က “ချန်လေး။ ခဏနေရင် မင်း နိုင်ငံရေး အလုပ်တွေ လုပ်စရာရှိသေးတယ်...”

အလျင်အမြန် ဆိုလိုက်သည်။

ချူးယုချင်၏ စကားကို မဆုံးမီ လုချန်းက သူမ၏ နှုတ်ခမ်းများကို ငုံ့နမ်းလိုက်ပြီးနောက် သူတို့၏ လှုပ်ရှားမှုများကို တစ်ဖန် ပြန်လည် စတင်ခဲ့သည်။

ဤတစ်ကြိမ်တွင် လုချန်း၏ ကျင့်ကြံမှု ပို၍ပင် ပြင်းထန်လာသည်။ စိတ်ဝိညာဉ် စွမ်းအားများသည် ချူးယုချင်၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ စီးဝင်သွားပြီး သူမဘက်က လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို သုံးနေသော်လည်း လုချန်း၏ လှုပ်ရှားမှုများကို လုံးဝ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။

လုချန်းတစ်ယောက် မနက်စောစောတွင် အဘယ်ကြောင့် ရုတ်တရက် ယခုလို ဖြစ်သွားသည်ကို ချူးယုချင် နားမလည်ခဲ့သော်လည်း သူ၏ ကြမ်းတမ်းမှုကြောင့် သူမအား အခြား အတွေးများ မဝင်စေခဲ့ပေ။ သူမ လုချန်းကို အမြဲတမ်း ယုံကြည်သည်။

ထိုအခိုက်အတန့်တွင် လုချန်း အမှန်တကယ်ပင် ဒေါသအနည်းငယ် ထွက်နေခဲ့သည်။ ရှန်ဝူမိဖုရားခေါင်၏ ကြံစည်ခြင်းကို ခံရ၍ စိတ်အနှောင့်အယှက် ဖြစ်နေသော်လည်း သူ၏ လက်ရှိအခြေအနေအရ ရှန်ဝူမိဖုရားခေါင်ကို ဘာဒုက္ခမှ ပြန်ပေး၍ မရနိုင်‌ပေ။ သူ ဘာများတတ်နိုင်မည်နည်း။

ရှန်ဝူမိဖုရားခေါင်ကို ရှာမတွေ့နိုင်သောကြောင့် ချူးယုချင်သာ ရှိတော့မည်။ ချူးယုချင်သည် ရှန်ဝူမိဖုရားခေါင်၏ ကိုယ်ပွား ဖြစ်သည်။ ပင်မခန္ဓာက မခံစားရလျှင် ကိုယ်ပွားကတော့ ခံယူသင့်သည်ဟု သူ ယူဆလိုက်၏။

ချူးယုချင်သည် ရှန်ဝူမိဖုရားခေါင်၏ ကိုယ်ပွားဖြစ်သည်ဟု အတွေးဝင်လာသည့် အခိုက်တွင် သူ၏အတွင်းမှ တပ်မက်မှု မီးတောက်များ ပို၍ပြင်းထန်လာခဲ့သည်။

သို့သော် မကြာမီပင် လုချန်း သတိပြန်ဝင်လာခဲ့သည်။ ကိုယ်ပွားသည် ကိုယ်ပွားသာဖြစ်ပြီး ပင်မခန္ဓာသည် ပင်မခန္ဓာသာ ဖြစ်ကြောင်း သတိရသွားသည်။ ထို့ပြင် ပင်မခန္ဓာသည် ကိုယ်ပွားနှင့် ဆက်စပ်မှုကို လုံးဝ ဖြတ်တောက်ပြီး ဖြစ်သည်။ ယခုမှစ၍ ရှန်ဝူမိဖုရားခေါင်သည် ရှန်ဝူမိဖုရားခေါင်သာဖြစ်ပြီး ချူးယုချင်သည် ချူးယုချင်သာ ဖြစ်ပေသည်။

မည်မျှကြာသွားသည်ကို မသိ လုချန်းလည်း နောက်ဆုံးတွင် အနည်းငယ် နေသာထိုင်သာ ရှိသွားသည်ဟု ခံစားလိုက်ရသည်။

သူ၏ဦးခေါင်းကို ချူးယုချင်၏ ပခုံးပေါ်တွင် တင်ထားပြီး သူမက လုချန်း၏ ဦးခေါင်းကို ပြန်ပွေ့ဖက်ထား၏။ ထို့နောက် ချူးယုချင်က အားနည်းစွာဖြင့်

“ချန်လေး ဒေါ်လေးက မင်းကို စိတ်ဆိုးအောင် တစ်ခုခုများ လုပ်မိလို့လား။”

လုချန်းသည် အမြဲတမ်း အတော်လေး ကြမ်းတမ်းတတ်သော်လည်း ခုနက လှုပ်ရှားမှုများက အရင်နှင့် သိသိသာသာ ကွာခြားခဲ့သည်။ စိတ်ထိန်းချုပ်မှု လွတ်သွားခဲ့ပြီး သူ၏ စိတ်ဖြေရန်သက်သက် လုပ်နေသကဲ့သို့ပင် ထင်ရသည်။

လုချန်းက

“ဘာမှမဟုတ်ပါဘူး။ ကျွန်တော့်ကို စိတ်မသက်မသာ ဖြစ်စေတဲ့ အကြောင်းအရာတချို့ကို သတိရသွားလို့ပါ။ ဒေါ်လေးချူးနဲ့ ဘာမှမဆိုင်ပါဘူး။”

ချူးယုချင်က

“မင်းကို စိတ်မချမ်းသာဖြစ်စေတဲ့ အရာမှန်သမျှကို ဒေါ်လေးကို ပြောပြလို့ရပါတယ်။ ဒေါ်လေးက မင်းကို မကူညီနိုင်ရင်တောင် အားလုံးကို ရင်ထဲမှာ သိမ်းထားတာထက်တော့ သာမှာ သေချာပါတယ်။”

သူမ စကားပြောနေစဉ်တွင် ချူးယုချင်က လုချန်း၏ ဦးခေါင်းကို ပွတ်သပ်ပေးနေသည်။

သူမ၏ စကားကို ကြားသောအခါ လုချန်းက ဖြည်းညင်းစွာ မော့ကြည့်လိုက်ပြီး ချူးယုချင်၏ နီမြန်းနေသော ပါးပြင်များကို စိုက်ကြည့်ရင်း ပြုံးလျက်

“ဒေါ်လေးချူးက အကောင်းဆုံးပဲ”

လုချန်း၏ စကားကို ကြားရသောအခါ ချူးယုချင် အလွန်စိတ်ချမ်းသာသွားသည်။ သူမ၏ ဘဝတွင် လုချန်းထက် ပိုအရေးကြီးသောအရာ မရှိပေ။ သူ၏ အသိအမှတ်ပြုမှုကို ရရှိခြင်းက သူမကို အလွန် ပျော်ရွှင်စေသည်။

ထိုအခိုက်တွင် လုချန်းလည်း ဖြည်းညင်းစွာ ထလိုက်၏။

“ဒေါ်လေးချူး။ ကျွန်တော် အခု နိုင်ငံတော်အရေးကိစ္စတွေ သွားကိုင်တွယ်လိုက်ဦးမယ်။ မနေ့ညက ဒေါ်လေး ပင်ပန်းသွားပြီ။ အခုကောင်းကောင်း အနားယူလိုက်ဦး။”

ထို့နောက် လုချန်း ရေချိုးခန်းသို့ သွား၍ ခပ်မြန်မြန် ရေချိုးလိုက်ပြီး သူ၏ နဂိုအဝတ်အစားများအတိုင်းပင် ချူးယုချင်၏ အခန်းမှ ထွက်ခွာသွားသည်။

ချူးယုချင်သည်လည်း ထိုအချိန်တွင် ကုတင်ပေါ်မှ ထနှင့်နေပြီဖြစ်သည်။ လုချန်းကို အခန်းဝသို့ လိုက်ပို့ရင်း သူမ၏ မျက်နှာသည် ပျော်ရွှင်မှုများဖြင့် ဝင်းပနေ၏။

သို့သော် လုချန်း၏ ပုံရိပ် အဆောင်တွင်းမှ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူမ၏ ဦးနှောက်အား အပ်များဖြင့် ထိုးစိုက်နေသကဲ့သို့ မခံမရပ်နိုင်သော နာကျင်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

ချူးယုချင်လည်း အလျင်အမြန် ကိုယ့်ကိုယ်ကိုထိန်းလိုက်ပြီး နာကျင်မှုကို သက်သာစေရန် ပြန်လည်သန်စွမ်းစေ‌သောစွမ်းအားကို အသုံးပြုရန် ကြိုးစားလိုက်သည်။

သို့သော် ထိုစွမ်းအားသည် အာနိသင်မရှိခဲ့ပဲ ချူးယုချင်လည်း နာကျင်မှုဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။ ထိုမြင်ကွင်းကိုမြင်သောအခါ အစေခံမလေးများ အလျင်အမြန် ပြေးလာကြသည်။

“သခင်မ။ သခင်မ။ အဆင်ပြေရဲ့လား။”

“ကျွန်မ မင်းကြီးကို သွားခေါ်လိုက်ပါ့မယ်။ မင်းကြီး ဝေးဝေး မရောက်သေးလောက်ဘူး။”

အစေခံမလေး၏ စကားကို ကြားပြီးနောက် ချူးယုချင်က အလျင်အမြန်ပင်

“ငါ ဘာမှမဖြစ်ပါဘူး။ နည်းနည်း ပင်ပန်းနေရုံပါ။ မင်းကြီးမှာ မရေမတွက်နိုင်တဲ့ ကိစ္စတွေ ရှိတယ်။ ငါ့အတွက်နဲ့ မင်းကြီးကို အနှောင့်အယှက် မပေးကြနဲ့။”

ချူးယုချင်က တားမြစ်လိုက်သဖြင့် အစေခံမလေးများလည်း ထိုကိစ္စကို ဆက်မပြောတော့ပေ။

ချူးယုချင်က

“ငါ့ကို ကုတင်ပေါ် ပို့ပေး”

အစေခံမလေးများလည်း ချူးယုချင်ကို

ကုတင်ဆီသို့ ချက်ချင်း ပို့ဆောင်ပေးကြ၏။ သူမ လှဲချလိုက်သောအခါ သူမ၏ မျက်နှာသည် သွေးမရှိတော့ဘဲ ဖြူဖျော့သွားသည်။ ဦးနှောက်ထဲမှ နာကျင်မှုက ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး တစ်စုံတစ်ခု သူမ၏ စိတ်ထဲသို့ ဝင်ရောက်လာနေသကဲ့သို့ ခံစားနေရသည်။

ခဏအကြာတွင် သူမ၏ မျက်စိရှေ့တွင် မြင်ကွင်းများ လျှပ်တပြက် ပေါ်လာသည်ကို မြင်ရ၏။ သူမနှင့် တစ်ထပ်တည်းတူသော တစ်စုံတစ်ယောက်က သူမ၏ ရှေ့တွင် ပေါ်လာသကဲ့သို့ ထင်ရ၏။

ထို့နောက် အသံတစ်ခုက သူမ၏ နားထဲသို့ ရောက်ရှိလာသည်။

“မင်းအခု ချက်ချင်း ထျန်းချန်ကမ္ဘာကို သွားပြီး အဲ့ဒီ သစ္စာမရှိတဲ့ကောင်ရဲ့ ကျဆုံးခန်းကို ငါ့အတွက် ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ရမယ်။”

ထိုအသံကို ကြားလိုက်ရသောအခါ ချူးယုချင်၏ မှတ်ဉာဏ်များ ပို၍ ပို၍ ကြည်လင်လာ၏။

ဒါက...

မကြာမီပင် ရင်းနှီးသော မှတ်ဉာဏ်များ သူမ၏ ဦးနှောက်ထဲသို့ အလုံးအရင်းနှင့် ပြန်လည်စီးဝင်လာပြီး သူမ၏ မျက်လုံးများလည်း ပြန်လည်ကြည်လင်လာသည်။

သို့သော် နောက်တစ်ခဏတွင် ချူးယုချင်သည် ကုတင်ပေါ်တွင် ကြောင်ငေးစွာ၍ ထထိုင်‌နေပြီး

“ရှန်ဝူမိဖုရားခေါင်...”

ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။

ချူးယုချင်၏ ကိုယ်ပွား မှတ်ဉာဏ်များ ပြန်လည်ရရှိသွားခဲ့သည်။

သူမကို ရှန်ဝူမိဖုရားခေါင်က ဖန်တီးခဲ့စဉ်က သူမ၌ ကိုယ်ပိုင်အသိစိတ် အတိုင်းအတာတစ်ခုအထိ ရှိနှင့်ပြီး ဖြစ်သော်လည်း အတိုင်းအတာတစ်ခုအထိ သူမသည် ပင်မခန္ဓာ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။

ထို့ပြင် သူမ ထျန်းချန်ကမ္ဘာသို့ လာရောက်ခဲ့စဉ်က သူမ၏ ရည်ရွယ်ချက်ကို အလွန် ရှင်းလင်းစွာ သိရှိခဲ့သောကြောင့် ဝိညာဉ်ပုလဲ ပို့ဆောင်ပေးရသည့် တာဝန်ရှိသော အစေခံ ချူးယွဲ့ထံသို့ တမင်တကာ ချဉ်းကပ်ခဲ့ပြီး ချူးယွဲ့၏ သွေးသောက်ညီမ ဖြစ်လာခဲ့သည်။

သို့သော် မကြာမီပင် သူမ၏ မှတ်ဉာဏ်လည်း အကြောင်းအရင်း မသိရပဲ ပိတ်ဆို့ခြင်း ခံလိုက်ရ၏။ သူမသည် လုချန်း၏ ဘေးတွင် ချူးယုချင်အဖြစ် အမြဲတမ်း အမှုထမ်းခဲ့ပြီး နောက်ဆုံးတွင် သူနှင့် အတူအိပ်ကာ သူ့အတွက် ကလေးနှစ်ယောက် မွေးဖွားပေးခဲ့သည်။

ဒါက...

ယခု အခိုက်အတန့်တွင် ချူးယုချင်၏ စိတ်နှလုံးထဲ အလွန်အမင်း ရှုပ်ထွေးနေခဲ့သည်။ ယခင်ဘဝမှ မှတ်ဉာဏ်များနှင့် ဤကမ္ဘာမှ မှတ်ဉာဏ်များ ပေါင်းစပ်သွားသဖြင့် လုချန်းကို မည်သို့ ရင်ဆိုင်ရမည်မှန်း သူမ မသိတော့ပေ။

လုချန်း၏ ကျဆုံးခန်းကို မြင်တွေ့ရန်အတွက် သူမ၏ ပင်မခန္ဓာမှ သူမကို ဖန်တီးခဲ့ခြင်း ဖြစ်သော်လည်း မှတ်ဉာဏ် ပျောက်ဆုံးမှုကြောင့် သူ့ကို ချစ်မိသွားခဲ့သည်။ လုချန်းသည် အတိုင်းအတာတစ်ခုအထိ ပင်မခန္ဓာ၏ ရန်သူဟု မှတ်ယူနိုင်ပြီး ကိုယ်ပွားတစ်ယောက်ဖြစ်သော သူမက ပင်မခန္ဓာ၏ ရန်သူကို ချစ်မိသွားခဲ့သည်။

ဟုတ်ပါသည်။ အဓိကအချက်ကတာ့ လုချန်းသည် ပင်မခန္ဓာမှ စီစဉ်ထားသော ဘဝလမ်းကြောင်းအတိုင်း ကြီးပြင်းလာခဲ့ရခြင်း ဖြစ်သည်။ ယခု သူ့ထံ၌ ကလေးများစွာ ရှိနေသဖြင့် သူ၏ ကံကြမ္မာနှင့် သွေးမျိုးရိုး စွမ်းအားတို့လည်း ခွဲဝေခြင်း ခံလိုက်ရပြီ ဖြစ်သည်။ သူ၏ အနာဂတ်တွင် တိုးတက်ဖို့ အလွန် ခက်ခဲလာလိမ့်မည်။

သူမနှင့် လုချန်းတို့ မကြာခဏဆိုသလို တပ်မက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည်ကို တွေးမိသောအခါ ချူးယုချင်၏ စိတ်နှလုံးထဲ၌ ဖော်ပြ၍မရသော မသက်မသာမှုများဖြင့် ပြည့်နှက်နေ၏။ အကယ်၍ ပင်မခန္ဓာက လုချန်းအား အမျိုးသမီးများအပေါ်တွင်သာ နစ်မွန်းနေရန် ကံကြမ္မာ သတ်မှတ်ခဲ့ပါက သူမ သူ့ကို မည်သို့ ကယ်တင်နိုင်မည်နည်း။

All Chapters