ယောက်ျားရော ဟုတ်ရဲ့လား
Vol. 63 Ch. 944
ထိုယုတ်မာသောအသံကို ကြားလိုက်ရသောအခါ ဘယ်လူယုတ်မာက သူမ၏အိပ်ဆောင်အတွင်းသို့ နောက်တစ်ကြိမ် တိုက်ရိုက်ဝင်ရောက်လာသည်ကို မုယန်စီ ကောင်းစွာသိလိုက်၏။
ထိုအချိန်တွင် မုယန်စီ ကြက်သေသေသွားခဲ့သည်။ အကြောင်းမှာ သူမ လုပ်နေသမျှအားလုံးကို ထိုလူ မြင်တွေ့သွားလောက်ပြီဖြစ်ကြောင်း နားလည်လိုက်သောကြောင့် ဖြစ်သည်။
ထိုလူသည် သူ၏တည်ရှိမှုကို ဖုံးကွယ်ရာတွင် အလွန်ကျွမ်းကျင်ပြီး သူ၏အခန်းသို့ အကြိမ်များစွာ ရောက်လာသည့်တိုင် သူမ နည်းနည်းမှ မသိခဲ့နိုင်ခဲ့ပေ။
ယခင်ကတော့ လုချန်း၏တည်ရှိမှုကို သူမ အာရုံခံနိုင်ခဲ့ပြီး သူနှင့်အချိန်များစွာ အတူတူကုန်ဆုံးခဲ့ဖူးသည်။ သို့သော် တဖြည်းဖြည်းနှင့် သူ့ကိုထောက်လှမ်းနိုင်သည့် စွမ်းရည်များ ဆုံးရှုံးသွားခဲ့သည်။
လူတို့သည် ပြင်ပမှ နှိုးဆော်မှုများကို တုံ့ပြန်လေ့ရှိပြီး အများစုမှာ အန္တရာယ်ကို တုံ့ပြန်ခြင်းဖြစ်သည်။ အချို့သောအရာများ သို့မဟုတ် အချို့သောလူများသည် ခြိမ်းခြောက်မှု မဟုတ်ဟု ခံစားရသောအခါ ထိုအရာများအပေါ် သူတို့၏ အာရုံခံနိုင်စွမ်း လျော့ကျသွားတတ်သည်။
လုချန်းက သူမကို နေ့စဉ်နှင့်အမျှ ညှဉ်းပန်းနှိပ်စက်ခဲ့ရာ ယခုအချိန်တွင်တော့ သူလာ၍ သူမကို လုံးလုံးလျားလျား ဝါးမြိုသွားစေရန်သာ မုယန်စိ ဆန္ဒရှိနေတော့သည်။ ထို့ကြောင့် သူမ သူ့အပေါ် လုံးဝသတိထားခြင်း မရှိတော့ပေ။
လူယုတ်မာ လုချန်း တွေ့ရှိသွားနိုင်သည့် သူမလုပ်ခဲ့သော အရာများကို စဉ်းစားမိသောအခါ မုယန်စီ၏ စိတ်နှလုံးထဲ ကြီးမားသော ရှက်စိတ်ဖြင့် ပြည့်နှက်သွားပြီးနောက် ချက်ချင်းပင် ဒေါသထွက်လာသည်။
လူယုတ်မာက သူမက ကိုယ့်ကိုယ်ကို ဖျော်ဖြေမည်ကို သိထားရမည်ဖြစ်ပြီး တစ်နေ့တွင် သူမ၏အရှက်ရမှုကို မြင်တွေ့ရန်နှင့် သူမကို အရှက်ခွဲနိုင်မည့် အခွင့်အရေးကို ရယူရန်အတွက် သူမကို တမင် လှည့်စားထားခြင်းဖြစ်ရမည်။
မုယန်စီက လှည့်၍ လုချန်းကို စူးစိုက်ကြည့်ကာ
“ရှင်ဒီမှာ ဘာလာလုပ်တာလဲ”
ဟု အော်လိုက်သည်။
လုချန်းက သူမကို မလိုချင်ပဲ ညှဉ်းပန်းနှိပ်စက်ရုံသာ နှိပ်စက်နေမည်ဆိုလျှင် သူ ဧကရာဇ်တစ်ယောက် ဖြစ်နေသည့်တိုင် သူမအနေနှင့် သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရန် မလိုအပ်ဟု ယူဆသည်။
သူမ၏အမြင်တွင် အောက်ကမ္ဘာမှ ဧကရာဇ်တစ်ပါးက လုံးဝအရေးမပါပေ။ ထိုသို့သော ကမ္ဘာများမှ ဧကရာဇ်များကို မဆိုထားနှင့် အဆင့်မြင့် ကမ္ဘာမှ ဧကရာဇ်မင်းကြီးအချို့ကိုပင် သူမ မြင်ဖူးခဲ့သည်။
လုချန်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် မဟုတ်ပါက သူ့ထံသို့ သူမ ရောက်လာခဲ့မည် ပင် မဟုတ်ပေ။ ယခုမူ သူက သူမအား ထိုသို့ဆက်ဆံနေသည်။
မုယန်စီ၏ မျက်နှာ ရှက်စိတ် ဒေါသစိတ်တို့ကြောင့် ရှုံ့မဲ့သွားသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်
“မင်း ခုနကလုပ်နေတာတွေကို ကိုယ်သိသွားလို့ စိတ်ဆိုးနေတာတော့ မဟုတ်ပါဘူးနော်။”
“စိတ်ချပါ။ ကိုယ်မင်းကို မရယ်ပါဘူး။ ဒီလိုကိစ္စတွေက ပုံမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် မင်းက ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ပဲလေ။ တပ်မက်မှုတွေရှိတာ မဆန်းပါဘူး”။
“ရှင်...”
မုယန်စီ ရန်တွေ့ရန် ပြင်လိုက်သော်လည်း တုံ့ဆိုင်းသွားသည်။
သူမသည် လုချန်း၏လက်ထဲတွင် အမှန်တကယ် မိသွားခဲ့ပြီဖြစ်သည်။
သူသည် အစောကတည်းက ဤနေရာသို့ ရောက်နေခဲ့ပြီး အခန်းထဲတွင် ပုန်းကာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ရမည်။ သူမပြီးသွားမှသာ ထွက်လာပြီး လှောင်ပြောင်ခြင်း ဖြစ်သည်။
လူယုတ်မာ......
ထို့နောက် မုယန်စီက
“ရှင် ကျွန်မကို မထိချင်မှတော့ ကျွန်မလည်း အချိန်မဖြုန်းတော့ဘူး။ ကျွန်မ အခုချက်ချင်း ရန်ခရိုင်ကနေ ထွက်သွားမယ်။”
စကားပြောနေစဉ်တွင် မုယန်စီအိပ်ရာပေါ်မှ ထလိုက်သော်လည်း သူမ မတ်တပ်ထလိုက်သည်နှင့် တစ်ပြိုင်နက် လုချန်းက အလင်းအရိပ်ကို အသုံးပြု၍ အိပ်ရာဘေးသို့ ရောက်လာပြီး သူမကို ဖိချလိုက်သည်။
မုယန်စီလည်း ရုန်းကန်ခြင်းမပြုပဲ အိပ်ရာပေါ်တွင် လဲလျောင်းနေရင်း သူမ၏ လှပသောမျက်လုံးများဖြင့် လုချန်းကို စိုက်ကြည့်နေသည်။
လုချန်းက သူမကို အချိန်ခဏယူ၍ ကြည့်ရှုလိုက်သည်။
သူမ၏ တောက်ပသော မျက်လုံးများပေါ်၌ ရှည်လျား နူးညံ့သော မျက်ခုံးကွေးများ ရှိနေသည်။ သူမ၏လည်တိုင်သည် ငန်းတစ်ကောင်ကဲ့သို့ ကျော့ရှင်းစွာ ရှည်လျားပြီး လက်တစ်ဖက်တည်းဖြင့် ပွေ့ဖက်ထားနိုင် သော သေးသွယ်သည့် ခါးရှိသည်။
ထို့ပြင်သူမဝတ်ဆင်ထားသော ပွင့်လင်းမြင်သာရှိသည့် အနီရောင် ပိုးသားဝတ်စုံသည် သူမ၏ လှပသောကိုယ်လုံးကိုယ်ပေါက်ကို ဖော်ပြနေရာ သူမကို မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိစေသည်။
လုချန်းက မုယန်စီကို ကုတင်ပေါ်သို့ တွန်းချလိုက်ပြီးနောက် နောက်တစ်ဆင့်သို့ ချက်ချင်းမတက်ပဲ ခေါင်းကို မော့ကာ လေကို ရှူရှိုက်လိုက်ပြီး
“ဟင်။ ဒါ ဘာအနံ့လဲ”
ထိုစကားကို ကြားသောအခါ မုယန်စီ၏ လှပသောမျက်လုံးများက လုချန်းကို သေလောက်အောင် စိုက်ကြည့်လိုက်သည်။ သူက သူမကို ဆက်လက်၍ အရှက်ခွဲနေသောကြောင့် ဖြစ်၏။
မုယန်စီ၏ သူ့ကို အရှင်လတ်လတ် စားတော့မည့်အလား စိုက်ကြည့်နေသော အကြည့်ကိုမြင်သောအခါ လုချန်းက အနည်းငယ်ပြုံးလိုက်ပြီး
“ကိုယ်မကြာသေးခင်က အရမ်းအလုပ်များနေလို့ မင်းကိုနည်းနည်း လစ်လျူရှုထားမိတယ်။ စိတ်မဆိုးပါနဲ့။”
မုယန်စီက အေးစက်စွာဖြင့်
“အလုပ်များတယ်ဆိုတာ ရှင် ကျွန်မကို ဒီမှာ ပစ်ထားပြီးတော့ တခြားမိန်းမတွေနဲ့ ပျော်ပါးနေတယ်လို့ ပြောချင်တာလား။”
လုချန်းက
“မင်း ကိုယ့်ကို အထင်လွဲနေပြီ။ ကိုယ် တခြားမိန်းမတွေဆီ သွားတာက သူတို့ရဲ့ စွမ်းအားကို တိုးတက်အောင် ကူညီပေးဖို့ အဓိကသွားတာပါ။”
“မင်းက စွမ်းအားကြီးပြီးသားပဲ။ မင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းရည် လုံလုံလောက်လောက် ပိုင်ဆိုင်ထားတော့ လောလောဆယ် မင်းရဲ့စွမ်းအားကို မြှင့်တင်ပေးဖို့ ကိုယ့်အကူအညီ မလိုသေးဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ တခြား ဇနီးတွေက မတူဘူး။ သူတို့က အားနည်းတယ်။ မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ ပျောက်ကွယ်သွားပြီး မြူခိုးဒေသက ရန်သူတွေ ဒီကမ္ဘာကို ရောက်လာတဲ့အခါ ကိုယ်သာ သူတို့ဘေးမှာ မရှိရင် သူတို့ကိုယ်သူတို့ ဘယ်လိုကာကွယ်ကြမလဲ။”
လုချန်း၏ ဆင်ခြေများကို မကြားချင်တော့သော မုယန်စီက တဲ့တိုးပင်
“အပိုတွေ လာမပြောနဲ့။ ကျွန်မ ပြောပြီးပြီ။ ရှင် ကျွန်မကို မထိချင်ဘူးဆိုရင် ကျွန်မ သွားတော့မယ်။”
လုချန်းက ပြုံးလျက်
“ထိမှာပေါ့။ ဘာလို့ မထိရမှာလဲ။”
“ဒီနေ့ ကိုယ်ဒီကိုလာတာ တခြားဘာအတွက် ဖြစ်ရမှာလဲ။”
လုချန်း၏အဖြေကို ကြားသောအခါ မုယန်စီ ခဏခန့် ကြောင်ငေးသွားသည်။
ဤလူက ယနေ့ သူမကို အမှန်တကယ် ပိုင်ဆိုင်ရန် ရည်ရွယ်နေပြီလား။
လုချန်း သူမကို နောက်တစ်ကြိမ် လှည့်စားနေသည်ဟု မုယန်စီ ခံစားမိသည်။ အကြောင်းမှာ သူသည် သူမကို သူ၏အမျိုးသမီး ဖြစ်စေမည်ဟု ယခင်က အကြိမ်များစွာ ပြောခဲ့သော်လည်း အကြိမ်တိုင်းတွင် သူမ၏ အဝတ်အစားများ စုတ်ပြတ်သွားပြီးနောက် ထိုလူယုတ်မာ ထွက်ပြေးသွားတတ်သောကြောင့် ဖြစ်သည်။
သတိပြန်ဝင်လာပြီးနောက် အကြောင်းတစ်ခုခုကြောင့် သူမ၏အပြုအမူ ရှက်ဖွယ်ကောင်းသည်ဟူသော ခံစားချက်ကို မုယန်စီ မဖယ်ရှားနိုင်ခဲ့ပေ။ သူမသည် အထက်ကမ္ဘာရှိ အဆင့်မြင့်ဂိုဏ်းတစ်ခုမှ နတ်ဘုရားမတစ်ပါးဖြစ်သော်လည်း ယခုတော့ အောက်ဘုံမှ ဧကရာဇ်တစ်ပါးကို တက်ကြွစွာ မြှူဆွယ်နေရသည့် ဘဝသို့ ရောက်နေသည်။
ဒါက ရှက်ဖွယ်ကောင်းလှသော အပြုအမူ မဟုတ်ပါလား။
မုယန်စီ၏ စိတ်များ ခဏမျှ ဗလာဖြစ်သွားပြီးနောက် သူမ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။ လုချန်းက သူမကို အမြဲတမ်း မထိပဲနေခဲ့သည်မှာ အံ့ဩစရာမရှိပေ။ ဤလူက သူမ၏ အတွင်းစိတ်ဆန္ဒများကို နှိုးဆွပြီး သူ့ကိုချစ်ကြောင်း တက်ကြွစွာ ပြသစေရန် ကြိုးစားနေတာ သေချာသည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် သူမကို သူ၏အမျိုးသမီး အစေခံတစ်ဦးအဖြစ် ဇာတ်သွင်းနေခြင်း မဟုတ်ပါလား။
ဤလူယုတ်မာက သူမကို သူ၏အမျိုးသမီး အစေခံ ဖြစ်စေလိုသည်။ ထိုအတွေးက မုယန်စီကို ဒေါသထွက်စေပြီး လုချန်း၏ ချယ်လှယ်မှုကို သူမ ဆက်လက်မခံစားလိုတော့ပေ။
မုယန်စီ အတွေးထဲနစ်မြောနေစဉ် လုချန်းက ကိုင်းညွှတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းများကို ပုံမှန်အတိုင်း နမ်းရှိုက်လိုက်သည်။ သူမ၏ စိတ်ထဲတွင် အနည်းငယ် ခုခံလိုစိတ်ရှိသော်လည်း သူမ၏ခန္ဓာကိုယ်က မည်သည့်ဆန့်ကျင်မှုကိုမှ မပြုနိုင်ပဲ လုချန်းကို တုံ့ပြန်လာသည်။
လုချန်းက သူမကို နမ်းရှိုက်နေစဉ် သူ၏လက်များသည် သူမ၏ ပိုးသား အဝတ်များပေါ်တွင် ပွတ်သပ်နေသဖြင့် မကြာမီပင် မုယန်စီ နောက်တစ်ကြိမ် စိတ်လှုပ်ရှားလာသည်။
လွန်ခဲ့သောတစ်လအတွင်း မုယန်စီကို သူ၏အမျိုးသမီးအဖြစ် လုချန်း မသိမ်းပိုက်ခဲ့ပေ။ ဒါက တစ်စိတ်တစ်ပိုင်းအားဖြင့် သားသမီးများစွာနှင့် ကောင်းချီးများစွာ စနစ် ပြောင်းလဲသွားသောကြောင့်ဖြစ်သည်။ ယခု ဆုလာဘ်များအတွက် ရင်သွေးကမ္ဘာများ မွေးဖွားရန် လိုအပ်လာသောကြောင့် ကလေးမွေးဖွားလိုသော ဆန္ဒများ သူ့ထံ၌ လျော့ကျသွားခဲ့သည်။
သို့သော်အဓိက အကြောင်းရင်းကတော့ သူ မုယန်စီကို တမင်တကာ စိတ်လှုပ်ရှားအောင် ပြုလုပ်နေခြင်း ဖြစ်သည်။ သူမ ယခင်က ထွက်ပြေးခဲ့သည်။ ထို့ကြောင့် နောက်တစ်ကြိမ် ထွက်ပြေးဖို့ မကြိုးစားရဲစေရန်အတွက် မုယန်စီအပေါ် သူ၏အပြစ်ပေးခြင်း ဖြစ်သည်။
ထို့ပြင် ထိုချဉ်းကပ်မှုက မုယန်စီ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို နှိုးဆွပေးခဲ့သည်။ ယခုအခါ သူက သူမကို ထိလိုက်တိုင်း သူမ ဝါဂွမ်းကဲ့သို့ နူးညံ့သွားပြီး လုံးဝလက်နက်ချအရှုံးပေးနေသည်။
ထိုအခိုက်အတန့်တွင် လုချန်း၏အနမ်းများအောက်၌ မုယန်စီ၏အသိစိတ်များ လျင်မြန်စွာ မှေးမှိန်သွားသည်။ လုချန်းက သူမ၏လည်တိုင်ကို နမ်းရှိုက်သောအခါ သူမသည် “ချစ်သူ…” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
ထိုအခြေအနေရှိ မုယန်စီကို မြင်သောအခါ လုချန်း၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
သူက မုယန်စီကို ထိမည်ဟု ဆိုခဲ့သော်လည်း သူ၏ “ထိသည်” ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်သည် သူမကို တိုက်ရိုက် သူ၏အမျိုးသမီးအဖြစ် ပြောင်းလဲခြင်းကို မဆိုလိုသေးပေ။ သူမကို ဆက်လက်၍ စိတ်လှုပ်ရှားအောင် ပြုလုပ်လိုသေးသည်။
ယခု ရင်သွေးကမ္ဘာများ ဖန်တီးရန်အတွက် ကြီးမားသောကံများ လိုအပ်နေပြီး သူ၏ဇနီးများထဲ၌ မုယန်စီအပါအဝင် မည်သူမှ ရင်သွေးကမ္ဘာများ မွေးဖွားရန်အတွက် လိုအပ်ချက်များ မပြည့်မီပေ။ ထို့ကြောင့် သူသည် မုယန်စီကို သူ၏အမျိုးသမီးဖြစ်စေရန် အလျင်စလိုလုပ်ရန် မလိုအပ်ပေ။
ဤအမျိုးသမီးကို လုံးလုံးလျားလျား ကျရှုံးစေပြီး အဆုံးတွင် သူ့ကို ဘယ်တော့မှ မစွန့်ခွာနိုင်စေရန်သာ လုချန်း လိုလားသည်။
ယခင်က သားသမီးများရရှိရန် စိတ်အားထက်သန်မှုကြောင့် သူ အလွန်အမင်း အလျင်စလိုလုပ်ခဲ့သည်။ ယခု သားသမီးများ မလိုအပ်တော့သောကြောင့် အရာအားလုံးကို အေးအေးဆေးဆေး လုပ်ဆောင်နိုင်သည်။
သူတို့ အချိန်မည်မျှကြာအောင် နမ်းရှိုက်နေခဲ့သည် မသိ မုယန်စီ၏ လက်များ လျှောက်သွားစပြုလာသည်။ သို့သော် လုချန်း၏အမျိုးသမီး အပြည့်အဝ မဖြစ်သေးသဖြင့် လုံခြုံသည်ဟု မုယန်စီ မခံစားခဲ့ရပေ။
သူမ၏ အသိစိတ်များ ဝေဝါးနေသော်လည်း လက်ရှိတွင် သူမ လုံခြုံမှုမရှိဟု ခံစားနေရ၏။ ယခင်လို လုချန်း ရုတ်တရက် ထွက်ပြေးသွားမည်ကို သူမ အမြဲစိုးရိမ်နေခဲ့ရသည်။
မုယန်စီ၏လက်များ လျှောက်သွားနေသည်ကို သတိပြုမိသောအခါ လုချန်းက သူမ၏ လက်မောင်းကို တစ်ချက်တည်းဖြင့် ဖမ်းဆုပ်ကာ သူမ၏လက်ကို ခေါင်းပေါ်သို့ မြှောက်တင်ပြီး ထိန်းမနိုင်သိမ်းမရ မဖြစ်စေရန် တားဆီးလိုက်သည်။
ထိုအချိန်တွင် မုယန်စီ၏ ခန္ဓာကိုယ် ဆက်လက်လူးလွန့်နေပြီး သူမအပေါ်ထားရှိသော လုချန်း၏ အတွေးများကို နှိုးဆွရန် ကြိုးစားနေသည်။ သို့သော် ထိုအချိန်တွင် အစေခံတစ်ဦး၏အသံ အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
“မင်းကြီး။ မြူခိုးဒေသကနေ စာတစ်စောင် ရောက်လာပါတယ်။”
ထိုအသံကို ကြားသောအခါ လုချန်း ချက်ချင်းထရပ်လိုက်သည်။ မုယန်စီလည်း လုံးဝစွန့်ပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ သူမ၏ရင်ခွင်ထဲမှ ယောက်ျား၏ တည်ရှိမှုကို မခံစားရတော့သည့်အတွက် လျင်မြန်စွာ သတိပြန်ဝင်လာသည်။
သူမ အောင်မြင်လုနီးပါး ဖြစ်နေချိန်တွင် တစ်စုံတစ်ယောက်က ဝင်နှောင့်ယှက်ခဲ့သောကြောင့် သူမ ပို၍ပင် စိတ်မကောင်းဖြစ်သွားသည်။
ထို့နောက် လုချန်းက မုယန်စီအား
“သခင်မလေး။ ကျွန်တော် အခု အစိုးရကိစ္စတချို့ကို ဆောင်ရွက်ရမယ်။ ဒီမှာ အနားယူပါ။ အချိန်ရတဲ့အခါ ကျွန်တော် လာရှာပါ့မယ်။”
သူ၏စကားဆုံးသည်နှင့် လုချန်း၏ပုံရိပ် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
လုချန်း ထွက်သွားသည်ကို မြင်သောအခါ မုယန်စီ သတိပြန်ဝင်လာပြီး သူမ၏မျက်နှာ ချက်ချင်း နီရဲသွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ရှင်က လူယုတ်မာပဲ။ ရှင်က ယောက်ျားရော ဟုတ်ရဲ့လား။”
ဤအခြေအနေအထိ ရောက်နေသည့်တိုင် လုချန်းက ထွက်ပြေးသွားခဲ့သည်။
ထိုအချိန်တွင် ဒေါသနှင့် တပ်မက်မှုတို့သည် ထပ်တူကျနေသဖြင့် မုယန်စီအား မိမိကိုယ်ကို ထိန်းချုပ်ရန် ပို၍ပင် ခက်ခဲစေသည်။
……
လုချန်းသည် အလင်းအရိပ်ဖြင့် နန်းတွင်းစာကြည့်ခန်းသို့ တိုက်ရိုက်ရောက်ရှိသွား၏။ ထိုနေရာတွင် မြူခိုးဒေသမှ ရောက်လာသော တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များ အသင့်စောင့်ဆိုင်းနေခဲ့သည်။
လုချန်း ရောက်ရှိလာသောအခါ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များက ဦးစွာ ဂါရဝပြုပြီးနောက် ကျိဟုန်ဝမ် ကိုယ်တိုင်ရေးသားသော စာကို ပေးအပ်လိုက်သည်။
ထိုစာထဲတွင် ကျိဟုန်ဝမ်က မြူခိုးဒေသ၏ လက်ရှိအခြေအနေများကို ဖော်ပြထားသည်။
မြူခိုးဒေသတွင် ဒေသတွင်း ပဋိပက္ခများ စတင်နေပြီဖြစ်ကြောင်း သိလိုက်ရသောအခါ လုချန်းစိတ်ထဲ ပျော်သွားသည်။ ဒေသတွင်း ပဋိပက္ခက သူ့အတွက် အကျိုးရှိ၏။
၎င်းသည် မြူခိုးဒေသမှ အင်အားစုများ၏ အင်အားကို လျော့ပါးစေမည်ဖြစ်ပြီး နောက်ပိုင်းတွင် ထိုကျူးကျော်လာသော ရန်သူများကို ထျန်းချန်ကမ္ဘာမှ ကိုင်တွယ်ဖြေရှင်းရန် ပိုမိုလွယ်ကူစေမည် ဖြစ်သည်။
ထိုအချိန်တွင် တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ တပည့်နှင့်အတူ နန်းတွင်းစာကြည့်ခန်းသို့ ဝင်ရောက်လာသော ချင်ယူရှန်က
“မင်းကြီး။ မြူခိုးဒေသက အင်အားစုအများအပြားဟာ သူတို့ရဲ့တပည့်တွေကို ကျွန်တော်တို့ကမ္ဘာထဲကို စေလွှတ်ထားပါတယ်။ မကြာသေးခင်က မြူခိုးဒေသက ကျူးကျော်သူတွေဟာ နေရာအနှံ့မှာ ရှနိုင်ငံတော်ရဲ့ အရပ်သားတွေကို အကြောင်းမယ်မယ်ရရ မရှိပဲ အလွယ်တကူ သတ်ဖြတ်နေကြပါတယ်။ အရေးယူ ဆောင်ရွက်ဖို့ အချိန်တန်ပါပြီလား။”
မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများသည် မွေးရာပါ မာနကြီးကြပြီး အောက်ကမ္ဘာမှ အရပ်သားများကို နိမ့်ကျသော သတ္တဝါများအဖြစ် သတ်မှတ်ကြသည်။ အကယ်၍ ထိုအရပ်သားများက သူတို့ မနှစ်မြို့ဖွယ်ရာ တစ်စုံတစ်ခု ပြောဆိုမိပါက ရက်ရက်စက်စက် တိုက်ရိုက်သတ်ဖြတ်ပစ်တတ်ကြသည်။
မြူခိုးဒေသအနီးရှိ အရပ်သားများသည် မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများ စိတ်အနှောင့်အယှက် ဖြစ်စေမည့်နေ့ကို စိုးရိမ်ကြောက်ရွံ့နေရကာ အမြဲတမ်း ထိတ်လန့်တကြား နေထိုင်နေကြရသည်။
ချင်ယူရှန်၏စကားကို ကြားသောအခါ လုချန်း ခဏခန့် စဉ်းစားပြီးနောက်
“ဒီကိစ္စကို နန်းတွင်းညီလာခံမှာ ကျွန်တော် ဆွေးနွေးမယ်။”
ချင်ယူရှန်က
“ကျွန်တော် နားလည်ပါပြီ”