အင်မော်တယ် သံတမန်ကြီးများ ရောက်ရှိလာကြပါပြီ
Vol. 4 Ch. 49
အန်လင်း၊ စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့သည် မြို့ထဲတွင် တစ်နေ့လုံး လည်ပတ်ရင်း အချိန်ကုန်ခဲ့ကြသည်။
အန်လင်း၏ ဦးဆောင်မှုဖြင့် သူတို့က အပျော်ကြီး ပျော်ခဲ့ကြကာ ပိုက်ဆံအိတ် ငါးအိတ်စာ ပမာဏလောက် ရှိသည့် ငွေကြေးများ ကုန်ဆုံးခဲ့သည်။
ဟမ် ... ပိုက်ဆံအိတ်တွေ ဘယ်ကရသလဲ သိချင်တယ်ပေါ့ ...
ရွှမ်ယွမ်ချန်က သူ၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည့်နှင့် ပြဿနာရှာရန် ကြံစည်နေသည့် ပြဿနာ ကောင်များအား ရှာဖွေနိုင်သည်။
ထို့နောက်တွင် တရားမျှတမှု ယူဆောင်ပြီးနောက် ထိုပြဿနာ ကောင်များ၏ ပိုင်ဆိုင် မှုများအား အဆင်သင့်ပင် ယူဆောင်လိုက်သည်။ အရမ်းကို ရိုးရှင်း လွန်းသည်။
ကျင့်ကြံခြင်းကမ္ဘာတွင် မကောင်းဆိုးဝါးများအား ရိုက်နှက်ကာ ရတနာများအား ခိုးယူသည့် အလေ့အကျင့်သည် ဓလေ့တစ်ခု ဖြစ်သည်။
သေမျိုးကမ္ဘာသို့ ရောက်ရှိလာသည့် နောက်တွင် ထိုကြီးကျယ်သည့် ဓလေ့ထုံးစံအား အဆင့် မြှင့်တင်ဖို့ရန် မလိုအပ်ပေဘူးလား။
အန်လင်းတို့သည် ခေတ်မီ အဝတ်အထည်များ ဝယ်ယူကာ အိုးပူလေးအား အငမ်းမရ စားသောက် ကြသည်။ ထို့နောက်တွင် အပန်းဖြေ လမ်းလျှောက် ကြသည်။ (အိုးပူလေးကို သိတယ်မလား ...)
ည ၁၀ နာရီ မထိုးသေးသည်ကြောင့် သူတို့သည် အနည်းငယ် မွှေနှောက်ပြီး ပြဿနာရှာရန် ဆုံးဖြတ် လိုက်ကြသည်။
အထပ်မြင့် အဆောက်အဦတစ်ခု၏ ထိပ်တွင် လူသုံးယောက်သည် မတ်တတ်ရပ်ကာ လေညင်းခံလျက် ရှိသည်။
ထိုနေရာသည် အလွန် စည်ပင်လွန်းလှသည်။ နီယွန်မီးရောင်စုံများသည် မျက်စိ ကျိန်းလောက်အောင် ထွန်းလင်းလျက် ရှိသည်။ သူတို့၏ အထက်တွင် လူသုံးယောက် ရပ်နေသည်အား မည်သူကမှ သတိပြုမိခြင်း မရှိချေ။
“လာလေ ... နင်အရင်စလိုက် ... ” အန်လင်းက မျက်နှာတွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် စုရှောင်လန်အား ပြောသည်။
စုရှောင်လန်က သွားဖြီးပြပြီးနောက် လက်တံဆိပ်တော်များ ဖန်တီးလိုက်သည်။
ရုတ်တရက်ဆိုသလိုပင် ပတ်ဝန်းကျင်တွင် စိတ်စွမ်းအင်များ တစ်ဟုန်ထိုး စီးဆင်းလာသည်။
တိုးညင်းသည့် အော်သံတစ်ခု ပေါ်ထွက်လာပြီးနောက်တွင် ထိုစိတ်စွမ်းအင်များသည် အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ချက်ချင်းဆိုသလိုပင် ဆယ်ပေခန့်ရှိမည့် မီးလျှံ ဇာမဏီ တစ်ကောင်သည် ကောင်းကင်တွင် ပေါ်ထွက်လာပြီးနောက် လေထဲတွင် ပေါက်ကွဲသွားသည်။
ဘုန်း.
မီးတောက်များ၏ ပေါက်ကွဲအားသည် ကျယ်လောင်စွာ ပေါ်ထွက် လာပြီးနောက် ကောင်းကင်တွင် အချင်းဝက် ပေသုံးဆယ်ရှိ အနီရောင် အလင်းတစ်ခု တောက်ပစွာ ထွန်းတောက် လာသည်။
မြေပြင်ရှိ လူပေါင်းများစွာအား တောက်ပသည့် မီးလျှံများနှင့် ဆူညံသံတို့မှ ဆွဲဆောင် သွားသည်။ ခေါင်းများ မော့လာကြပြီး ထိုထိတ်လန့်စရာ မြင်ကွင်းအား မြင်သွားကြသည်။
“ဘုရားရေ ... အိပ်မက် မက်နေတာများလား ... ဘာလို့ ကောင်းကင်ကြီးက မီးလောင် နေရတာလဲ ... ”
“ဒါက ရိုးရိုးတန်းတန်း မီးလောင်တာမျိုး မဟုတ်ဘူး ... ရဲရဲတောက်နေတဲ့ ငှက်တစ်ကောင်က ကောင်းကင်မှာ ပျံသန်းနေတာကိုပါ မြင်လိုက်သေးတယ် ... အဲဒါကြောင့် ဒီလိုမြင်ကွင်း ဖြစ်လာတာ ... ”
“သောက်ပေါစကားတွေ ပြောနေလိုက် ... Marvel က X-Man က ဒီမှာ တိုက်ပွဲ လာဖြစ်တယ်လို့များ ထင်နေတာလား ... ဘာ ... မီးလျှံဇာမဏီ ဟုတ်လား ... ”
“ဒါဆိုရင် ကောင်းကင်က မီးတောက်တွေက ဘာတွေတုန်း ... အရမ်းကို ပုံမှန် မဟုတ်ဘူးနော် ... ”
အလျင်အမြန် ဖြစ်ပျက်ခဲ့သည်ကြောင့် ကောင်းကင်တွင် ပျံသန်းနေသည့် မီးလျှံဇာမဏီအား မြင်လိုက်သူ သိပ်မများပေ။
သို့ပေမဲ့လည်း ကောင်းကင်ပေါ်တွင် မီးတောက်များ ပျံ့နှံ့သွားသည်ကိုမူ လူများစွာတို့ မျက်မြင် တွေ့ကြရခြင်း ဖြစ်သည်။ တချို့သည် ဖုန်းများအား ထုတ်ကာပင် ပုံများ ရိုက်ယူကြပြီး လူမှု ကွန်ရက်များ ပေါ်တွင် အလျင်စလို တင်ကြသည်။
သိပ်မကြာသည့် အချိန်တိုလေး အတွင်းမှာပင် ထိုသတင်းသည် လူတိုင်းဆီသို့ ပျံ့နှံ့ သွားတော့သည်။
လူများစွာသည် ထိုပုံများအား ပြုပြင်ထားသော ပုံများဟု ယုံကြည်ကြသော်လည်း ထိုအကြောင်းအား အခြားသူများထံ အလျင်အမြန်ပင် ဖြန့်ဝေကြတော့သည်။ ထိုပုံများသည် အလွန်တရာ လက်တွေ့ ဆန်လွန်းသည် မဟုတ်ပါလား။
သူတို့၏ ရည်မှန်းချက် အောင်မြင်ကြောင်း မြင်တွေ့လိုက်ရသဖြင့် ရွှမ်ယွမ်ချန်သည်လည်း မန္တန်တစ်ခုသုံးကာ ပတ်ဝန်းကျင်ရှိ စိတ်စွမ်းအင်များအား မတည်မငြိမ် ဖြစ်စေသည်။
သင့်တင့်သည် ကျင့်ကြံခြင်း အခြေခံရှိသော မည်သည့် ကျင့်ကြံသူမဆို ထိုစွမ်းအင် မတည်မငြိမ် ဖြစ်မှုများနောက် လိုက်ကာ သူတို့အား ရှာဖွေနိုင်ပေသည်။
တစ်နာရီခွဲခန့် ကြာပြီးသည့်နောက်တွင် အောက်ခြေတွင် လှုပ်ရှားမှု တချို့ ရှိလာသည်။
လူ ခုနစ်ယောက် ရှစ်ယောက်ခန့် ရောက်လာကြပြီး သူတို့၏ ပျမ်းမျှ ကျင့်ကြံခြင်း အခြေခံမှာ တာအိုခန္ဓာ အဆင့် ၅ ဖြစ်ကြသည်။ ကမ္ဘာပေါ်တွင် ထိုကျင့်ကြံခြင်း အဆင့်သည် အတော်အသင့် ကောင်းမွန်သည်ဟု သတ်မှတ်နိုင်ပေသည်။
အနက်ရောင် အဝတ်အထည်များ ဝတ်ဆင်ထားသော ဆံပင်ရှည်ရှည်နှင့် ပိန်ပါးပါး မိန်းမပျို တစ်ယောက်သည် ထိုသူများအကြားမှ ထွက်လာသည်။
သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ တာအိုခန္ဓာ အဆင့် ၇ သို့ ရောက်ရှိနေခြင်းကြောင့် မဆိုးလှဟု ဆိုရမည်။
သူမသည် ထိုအဖွဲ့၏ ခေါင်းဆောင် ဖြစ်ဟန်ရှိသည်။ အန်လင်းတို့ သုံးယောက်အား မြင်လိုက်သည့် အခါတွင် သူမသည် စိတ်ရှုပ်ထွေးသွားပုံ ရသော်လည်း အလွန်တည်ငြိမ်လျက် ရှိသည်။ “ကျွန်မက ဟောင်ရှန့်ရှန့်ပါ ... အမျိုးသား အထူးစစ်ဆင်ရေးဌာနမှ ဒုတိယအသင်းအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ပါတယ် ... လူကြီးမင်းတို့အနေနဲ့ အခုလိုမျိုး အင်မော်တယ် မန္တန်များကို အသုံးပြုရခြင်း အကြောင်း သိလို့ရမလား ... ”
“မင်းက ဟောင်ရှန့်ရှန့်လား ... ” ထမ်းဆောင်ရမည့် တာဝန်အတွက် အန်လင်း ဆက်သွယ်ရမည့် သူမှာ ဟောင်ရှန့်ရှန့် ဖြစ်သည်။ ထိုနာမည်အား ကြားလိုက်ရသည့် အခါ သိုလှောင် လက်စွပ်အတွင်းမှ တံဆိပ်တစ်ခုအား ချက်ချင်း ထုတ်ယူလိုက်သည်။ “ငါတို့က ကောင်းကင်ဘုံ ပိုင်နက်ကလာတဲ့ သံတမန်တွေပဲ ... ”
ရင်းနှီးနေသည့် တံဆိပ်အား မြင်လိုက်သည့် အခါတွင် ဟောင်ရှန့်ရှန့်သည် သံသယများ ပျောက်ကွယ် သွားတော့သည်။ “အိုး ... အင်မော်တယ် သံတမန်ကြီးတွေလား ... ကျွန်မတို့ရဲ့ ညံ့ဖျင်းလှတဲ့ ကြိုဆိုမှုအတွက် တောင်းပန်ပါတယ်ရှင် ... ” သူမက လေးစားစွာဖြင့် နှုတ်ဆက်စကား ဆိုကာ တောင်းပန်လာသည်။
ထိုသို့ပြောပြီးသည့်နောက်တွင် သူမနောက်ရှိ လူများသည်လည်း အရိုအသေပေးကာ နှုတ်ဆက် လာကြပြီး သူတို့၏ အပြုအမူများသည် ချိန်သား ကိုက်လျက် ရှိသည်။
အန်လင်းတို့ အဖွဲ့သည် မည်သည့်အတွက်ကြောင့် ပိုင်ရန် ဘုရားကျောင်းအစား ဒီနေရာတွင် ပေါ်လာရခြင်းအား ဟောင်ရှန့်ရှန့်သည် မေးလာမည့်ပုံ မပေါ်ပေ။ ထို့အစား သူမသည် ချက်ချင်း ဆိုသလိုပင် နေထိုင်ရန်နှင့် အခြားသော လိုအပ်ချက်များကို ပြင်ဆင်ပေးလေသည်။
ထိုအချက်ကြောင့် ရွှမ်ယွမ်ချန်တို့ အနေဖြင့် သူမအား မြင့်မားစွာ တွေးထင်မိကြသည်။
အင်မော်တယ် သံတမန်များသည် အင်မော်တယ် မန္တန်များအား ထုတ်ဖော်အသုံးပြုပြီး တည်နေရာအား ထုတ်ဖော်ခြင်းသည် သူတို့အနေဖြင့် မှားယွင်းသည့် နေရာသို့ ရောက်ရှိ လာကြောင်းကို ဖော်ပြနေသည်။
သူမသည် ထိုအကြောင်းအရာ အားလုံးကို စိတ်ထဲမှနေ သုံးသပ်လိုက်ခြင်း ဖြစ်သည်။
အထင်ကြီးစရာ ကောင်းသည်မှာ သူမသည် ထိုဖြစ်ရပ်နှင့် ပတ်သက်၍ သိချင်စိတ် ပြင်းနေသည့်ပုံ မပေါ်ဘဲနှင့် သူမလုပ်နိုင်သည့် အတိုင်းအတာအတွင်း အကောင်းဆုံး ကြိုးစား လုပ်ဆောင် ပေးနေခြင်း ဖြစ်သည်။ ထိုအချက်မှနေ သုံးသပ်ရမည်ဆိုလျှင် ထိုမိန်းမပျိုလေးသည် အလွန်ထက်မြက် သူဟု ဆိုရပေမည်။
ဟောင်ရှန်ရှန်သည် သူတို့အားလုံးကို ဘဏ်ကတ် တစ်ယောက်တစ်ကတ် ပေးသည်။
တစ်ကတ်စီတိုင်းတွင် ယွမ် တစ် ဘီလျံ ပါဝင်ပြီး သူတို့ အလိုရှိသလို အသုံးပြုနိုင်သည်။
ကတ်ထဲတွင် ပိုက်ဆံ မကျန်တော့လျှင် သူမအား အသိပေးနိုင်ပြီး ချက်ချင်းဆိုသလို ပိုက်ဆံ ထည့်ပေးမည် ဖြစ်သည်။
အင်မော်တယ် သံတမန်များသည် မကောင်းဆိုဝါးများအား ကူညီနှိမ်နှင်း ပေးရန် ရောက်ရှိ လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုလို အသေးအဖွဲ ကိစ္စများနှင့် ပတ်သက်၍ သူတို့၏ ဆောင်ရွက်ချက်များအား အကန့်အသတ် ဖြစ်စေရန် ခွင့်မပြုနိုင်ပေ။
ထိုသေမျိုးပစ္စည်းအား သေသေချာချာ ကြည့်ရှုပြီးနောက်တွင် ရွှမ်ယွမ်ချန်သည် စိတ်မဝင်စားသည့် ပုံဖြင့် သူ၏ သိုလှောင် လက်စွပ်အတွင်း ထည့်သွင်း ထားလိုက်သည်။
သူ့အပြုအမူနှင့် ဆန့်ကျင်စွာပင် စုရှောင်လန်၏ မျက်ဝန်းများသည် တလက်လက် တောက်ပ လာသည်။ သူမအနှင့် တစ်ရက်လုံး ပျော်ရွှင်စွာ သုံးဖြုန်းခဲ့သည်တောင်မှ ယွမ် ထောင်ဂဏန်းခန့်သာ ကုန်ဆုံးခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် တစ်ဘီလျံသည် အလွန်များပြားသည့် ပမာဏမှန်း သူမသိလိုက်သည်။
မည်သည့်မိန်းကလေးမျိုးမဆို သူတို့အလိုရှိသမျှ ပစ္စည်း အများအပြားကို ဝယ်ယူ နိုင်မည်ဆိုလျှင် ပျော်ရွှင်ကြစမြဲ မဟုတ်ပါလား။
အန်လင်းသည်လည်း ထိုကတ်အား ယူလိုက်ပြီးနောက် အလွန်ကျေနပ်လျက် ရှိနေသည်။
သူသည် သေချာပေါက်ကို ရှော့ပင်းကင်း တစ်ယောက် ဖြစ်လာတော့မည်။
ဟောင်ရှန့်ရှန့်သည် အန်လင်းတို့အား ချန်တု သရဖူပလာဇာသို့ ခေါ်ဆောင် သွားသည်။ ထိုသည်က ကျန်းမိသားစု ပိုင်ဆိုင်သော ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်တစ်ခု ဖြစ်သည်။ ကျန်းမိသားစုသည် အနောက်တောင် ဒေသတွင် အကြီးဆုံးမျိုးနွယ်လည်း ဖြစ်သည်။
ကျန်းမိသားစု၏ ခေါင်းဆောင် ကျန်းဟုန်ရီသည် အန်လင်းတို့အား ဟိုတယ် ဝင်ပေါက်တွင် စောင့်ကြို နေကြသည်။
အနောက်တောင်ဒေသရှိ အကြီးဆုံးမျိုးနွယ်၏ ခေါင်းဆောင် ဖြစ်သဖြင့် သူသည် လျှို့ဝှက်ချက် အချို့အား သိရှိထားသည်။ ထို့ကြောင့် သူသည် အန်လင်းတို့အား အလွန်အမင်း လေးစားကာ လျစ်လျူရှုဖို့ပင် မဝံ့ရဲပေ။
"လေးစားရသည့် အင်မော်တယ် သံတမန်ကြီးများ ခင်ဗျာ ... သေမျိုးကမ္ဘာတွင် ရှိနေစဉ် အတွင်း သံတမန်ကြီးများ လိုအပ်မည့် နေ့စဉ်သုံး အသုံးအဆောင်များ လျှပ်စစ်ပစ္စည်းများ အားလုံးကို VIP အခန်းမှာ ပြင်ဆင် ပေးထားပါတယ် ... လိုအပ်တာများ ရှိမယ်ဆိုရင် ကျန်းလေးကို ပြောပါခင်ဗျ ... ကျန်းလေးက သံတမန်ကြီးများ လိုအပ်သမျှကို အကောင်းဆုံး ဖြည့်ဆည်း ပေးနိုင်အောင် ကြိုးစားပါ့မယ် ... " ကျန်းဟုန်ရီသည် သူ၏ ဗိုက်ခေါက် ထူထူများဖြင့် ကိုယ်ကို အနည်းငယ်ကိုင်းကာ အရိုအသေပြုသည်။ မျက်နှာတွင်လည်း အပြုံးတစ်ပွင့် ချိတ်ဆွဲလျက်ဖြင့်ပင်။
အသက် လေးဆယ့်ငါးနှစ်ခန့် လူကြီးတစ်ယောက်သူ သူ့ကိုယ်သူ ကျန်းလေးဟု ရည်ညွှန်းနေသည့် အတွက် အန်လင်းမှာ အတော်လေး မသက်မသာ ဖြစ်ရသည်။
သို့ပေမဲ့လည်း ကျန်းဟုန်ရီ ဆိုသော နာမည်အား ကြားသည့်အခါတွင် အခြားနာမည် တစ်ခုသည် သူ့စိတ်ထဲ ရုတ်တရက် ပေါ်လာသည်။
"ကျန်းလေး ... ကျန်းဟုန်ပန်လို့ ခေါ်တဲ့လူကို မင်းသိလား ... " သူတို့နှစ်ဦးသည် ရုပ်ချင်း ဆင်နေသည်ကြောင့် အန်လင်းက မေးလိုက်ရခြင်း ဖြစ်သည်။
"ဟုတ်ကဲ့ ... သိပါတယ် ... သူက ကျွန်တော့်ရဲ့ ဝမ်းကွဲပါ ... "
ထိုသို့ ကြားလိုက်ရသည့် အခါတွင် အန်လင်းမျက်လုံးများ အရောင် လက်လာသည်။ "ဪ ... အဲလိုလား ... ဒီနေ့ ငါတို့က မင်းဝမ်းကွဲရဲ့ ကားကို မတော်တဆ စုတ်ဖြဲမိသွားတယ်ကွာ ... ငါတို့က အကြွေး တင်နေတာပေါ့ ... မင်းအနေနဲ့ သူ့ကို ကားအသစ်လေး ဘာလေး ဝယ်ပေးဖို့ စိတ်ကူး မရှိဘူးလားကွ ... "
ခရီးများစွာ သွားခဲ့ပြီး ဗဟုသုတ ပြည့်ဝသူ တစ်ဦး ဖြစ်သော်လည်း ကျန်းဟုန်ရီသည် အန်လင်း၏ စကားများကြောင့် ဆွံ့အ နေမိသည်။
သောက်ကျိုးနည်းမှပဲ ... ဒီအင်မော်တယ် သံတမန်ကြီးတွေက ကားတွေကိုပါ ခြေမွပစ်နိုင်တာလား ...
"ကျွန်တော့ရဲ့ ဝမ်းကွဲက အရင်ကတည်းက ကားအသစ် တစ်စီး လိုချင်နေတာပါ ... အခုလိုမျိုး ပျက်စီးသွားတာ သူ့အတွက် ကောင်းသွားတာပေါ့ ... အဲဒီ ကားစုတ်ကို ဖျက်ဆီးလိုက်လို့ သံတမန်ကြီးတို့ကို ကျွန်တော်က ကျေးဇူးတင်ရုံနဲ့တင် မလုံလောက်ပါဘူးခင်ဗျ ... ဘယ်လိုလုပ်ပြီး အကြွေးတင် နေတယ်လို့ သတ်မှတ်နိုင်မှာလဲ ... ဟီးဟီး"
ထိုစကားအား ကြားလိုက်ရသဖြင့် ကျန်းဟုန်ရီသည် ပိုက်ဆံယူရန် ဆန္ဒမရှိကြောင်း အန်လင်း သိလိုက်သည်။ ထို့ကြောင့် သူ့ရဲ့ ကတ်လေးအား ပြန်သိမ်း ထားလိုက်တော့သည်။
ထိုအချိန်မှာပင် ကျန်းဟုန်ရီသည် "အင်မော်တယ် သံတမန်ကြီးတွေက ကားတွေကို တစစီ စုတ်ဖြဲရတာ ကြိုက်နှစ်သက်တယ် ဆိုရင် မနက်ဖြန်မှာ ကျွန်တော် ကားအစီးတစ်ရာ ပြင်ထား ပေးပါ့မယ်ခင်ဗျ ... "
"မစိုးရိမ်ပါနဲ့ ... သံတမန်ကြီးတွေ စုတ်ဖြဲချင်တဲ့ ကားအမျိုးအစားကိုပဲ ပြောလိုက်ပါ ... ကျွန်တော့်မှာ ရှိပါတယ် ... " ကျန်းဟုန်ရီသည် သူ့ရင်ဘတ်အား ပုတ်ကာဖြင့် ကတိပေးနေသည်။
"ဖွီး ... ." စုရှောင်လန်မှာ မထိန်းချုပ်နိုင်တော့ဘဲ ရယ်တော့သည်။
အန်လင်းသည် ကိုးရိုးကားရား နိုင်စွာဖြင့်ပင် လက်ကို ဝှေ့ယမ်း ပြလိုက်ရသည်။ ပြဿနာ မဖန်တီးချင်တော့ဟု ဆိုလိုသည်။
အဓိကတရားခံဖြစ်သူ ရွှမ်ယွမ်ချန်မှာတော့ သူ၏ ချောမော တည်ကြည်သည့် မျက်နှာသည် အနည်းငယ် နီမြန်းနေပြီး ရှက်ရွံ့စွာဖြင့် ခေါင်းအား တစ်ဖက်သို့ လှည့်ထားလိုက်တော့သည် ... ။
***