← Chapters

ငါးနှစ်တာ ခုန်ပျံကျော်လွှားခြင်း

Vol. 93 Ch. 919

ငါးနှစ်တာ ခုန်ပျံကျော်လွှားခြင်း

Vol. 93 Ch. 919

ဆောင်းဟေမာန်လွန်၍နွေဦးပေါက်ခဲ့ပေပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် အချိန်တနှစ်တာ ကုန်ဆုံးသွားခဲ့၏။

ဓားတစ်သောင်းတောင်သည်လည်း ဆောင်းကို နှုတ်ဆက်ကာ ရာသီသစ်ကို ကြိုဆိုနေပြီ ဖြစ်သည်။ တောင်အနှံ့အပြားတွင် ပန်းများ ဖူးပွင့်လျက်ရှိရာ ပန်းပင်လယ်ကြီးအဖြစ် မှတ်ထင်ရ၏။ လေညှင်းသည် ပန်းများကို မြူဆွယ်ကျီစယ်နေပြန်ရာ ပန်းဝတ်မှုန်များ လေသော့တိုင်း ကခုန်နေသယောင်ရှိသည်။

ဤနေရာသည်ကား ကုချိန်းလွှာ နေထိုင်သည့် ကျုလျန်တောင်ထိပ်ပင် ဖြစ်သည်။ မျက်စိတစ်မှိတ်သော အချိန်ကာလအတွက်း ကုချိန်းလွှာတယောက် အချုပ်အနှောင်မဲ့ဂိုဏ်းတွင် နေထိုင်ခဲ့သည်မှာ ငါးနှစ်တိုင်တိုင် ကုန်လွန်ခဲ့လေပြီ။

ဤဂိုဏ်း၏ သြဇာအာဏာသည်ကား တရိပ်ရိပ်ပင် တိုးပွားနေ၏။ ယခင်ကဆိုလျင် အချုပ်အနှောင်မဲ့ဂိုဏ်းသားများသည် ကောင်းကင်တောင်ထ်ိပ်တွင်သာ နေထိုင်ကြပြီး ဂိုဏ်းသားပေါင်း ရှစ်ထောင်နီးပါးသာ ရှိခဲ့၏။ ယခုတွင်တောင် အနီးအနားရှိ တောင်ထွတ်ဆယ့်ရှစ်ခုပါ ဂိုဏ်းနယ်နိမိတ်အတွင်း ပါဝင်လာခဲ့ပြီး ဂိုဏ်းဝင်ပေါင်း ခုနစ်သောင်းထိ တိုးပွားနေခဲ့ပေပြီ။ ဂိုဏ်း၏ သြဇာအာဏာသည်လည်း အချင်းအားဖြင့် ကီလိုမီတာ ထောင်ပေါင်းများအထိ သက်ရောက်နေခဲ့လေပြီ။

ဤနယ်မြေ၏ သဘာဝအရ လူသူခေါင်းပါးလွန်း၍သာ တော်ပေတော့သည်။ သို့မဟုတ်လျင် လူအတော်များများက အချုပ်အနှောင်မဲ့ဂိုဏ်းကို မျက်စေ့စပါးမွှေး စူးနေလောက်ဖွယ်ရာ ရှိ၏။

မြစ်ရင်းမြစ်မြက်ပင်၏ အစွမ်းကြောင့်အပြင် အချုပ်အနှောင်မဲ့ဂိုဏ်းဝင်များ၏ ဂရုတစိုက်ပြုပြင်ပေးမှုကြောင့် ဓားတသောင်းတောင်၏ မြေဆီသြဇာမှာလည်း များစွာ အဆီအနှစ်ပြည့်ဝနေခဲ့လေပြီ။ အနှီ တန်ဖိုးကြီးမြက်ပင်ကိုကား အချုပ်အနှောင်မဲ့ဂိုဏ်း၏ ဆေးဝါးဥယျာဉ်တွင် စိုက်ပျိုးထား၏။

ထိုမျှသာမကသေး စုချန်းသည် မိခင်နတ်ဘုရားမဂိုဏ်းမှ ယူဆောင်လာခဲ့သည့် လရောင်တောက်ပဆေးပင်အပြင် အခြားသောရှားပါးဆေးဝါးများနှင့် ဆေးဘက်ဝင်အပင်အများအပြားကိုလည်း အဆိုပါဆေးဝါးဥယျာဥ်မှာပင် စိုက်ပျိုးထားလေသည်။ ထို့နောက်တွင်တော့ မြစ်ရင်းမြစ်မြက်ပင်နှင့် လရောင်တောက်ပဆေးပင်တို့သည် အလွန်လိုက်ဖက်ညီသော အတွဲအစပ် ဖြစ်လာတော့သည်။

မြစ်ရင်းမြစ်မြက်ပင်၏ ဂုဏ်သတ္တိမှာ ကြီးထွားမှုလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ပေးနိုင်၏။ ဤမြက်ပင်၏ အစွမ်းနှင့်ဆိုလျင် နှစ်တစ်ရာကြာမှ အရွယ်ရောက်လာမည့် ဆေးဘက်ဝင်အပင်တပင်သည်ပင် ဆယ်စုနှစ် အနည်းငယ်အတွင်း အရွယ်ရောက်လာတော့သည်။ ကြီးထွားနှုန်းမှာကား မြစ်ရင်းမြစ်မြက်ပင်နှင့် ထိုဆေးဘက်ဝင်အပင် စိုက်ပျိုးထားသည့် အကွာအဝေးပေါ်တွင် မူတည်နေ၏။

လရောင်တောက်ပဆေးပင်ကိုကား နတ်ဘုရင်းအဆင့် ဆေးဝါးများ ဖော်စပ်ရာတွင် အသုံးပြုနိုင်သည့်အပြင် ၎င်း၏အနီးအနားတွင် စိုက်ပျိုးထားသော ကျန်ဆေးဘက်ဝင်အပင်များ၏ အရည်အသွေးကိုလည်း တိုးမြှင့်ပေးနိုင်ပေသည်။

ဤအကျိုးသက်ရောက်မှုနှစ်ရပ်ကြောင့် ဤဥယျာဉ်၌ စိုက်ပျိုးထားသော ဆေးဘက်ဝင်အပင်တိုင်းသည် လျင်မြန်စွာ ကြီးထွားလာပြီး ၎င်းတို့၏ အရည်အသွေးမှာလည်း သိသိသာသာပင် မြင့်မားလာ၏။

တကယ်တော့ အချုပ်အနှောင်မဲ့ဂိုဏ်း တည်ထောင်ခဲ့သည်မှာ မည်သည့်လောက်မျှ အချိန်မကြာသေး၍ ဂိုဏ်း၏ အခြေခံအုတ်မြစ်မှာ အတော်ပင် အားနည်းနေသေး၏။ သို့သော် ဤပြဿနာကို ဆေးပင်နှစ်မျိုးက တဖက်တလမ်းမှ ကူညီဖြေရှင်းပေးနိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

စုချန်းသည် ဆေးဝါးဖော်စပ်မှုအားလုံးကို နတ်ဘုရားဆေးပင်တောင်ထိပ်မှာပင် ဆောင်ရွက်တတ်၏။ ဂိုဏ်းချုပ်ဖြစ်သူကိုယ်တိုင်က ပညာရှင်အဆင့် ဆေးဝါးဖော်စပ်သူ ဖြစ်၍ ဤအပိုင်းတွင်တော့ အချုပ်အနှောင်မဲ့ဂိုဏ်းသည် အလွန်ပင် အခြေခိုင်ပေသည်။

ထိုအကြောင်းကြောင့် စုချန်းသည် နတ်ဆေးတောင်ထိပ်၏ စီမံခန့်ခွဲမှုကို ကိုယ်တိုင် ကြီးကြပ်လေသည်။

ထို့နောက်တွင်တော့ နေ့စဉ်နှင့်အမျှ ထုတ်လုပ်နေသော ဆေးဝါးအများအပြားသည် ဂိုဏ်းဝင်များထံသို့ ပျံ့နှံ့ရောက်ရှိသွားတော့၏။

မှန်ပါသည်။ ဂိုဏ်းသားတိုင်း အဆိုပါဆေးဝါးများကို လက်ခံရရှိနေသည်တော့ မဟုတ်ချေ။ ယင်းအစား ဂိုဏ်းအတွက် အကျိုးဆောင်ပေးမှသာ ဆုလာဘ်အဖြစ် ပေးအပ်ခြင်း ဖြစ်သည်။

လောက၏ ဓမ္မာတာသဘောအတိုင်း လူများလျင် ပါးစပ်ပေါက်များလေလေပင် ဖြစ်သည်။ တဖက်တွင်လည်း လူများခြင်းကြောင့် ရလာနိုင်သည့် အကျိုးကျေးဇူးများ ရှိနေ၏။ ထိုအထဲမှ တချက်မှာကား အလွန်များပြားသော လုပ်အားကို ရရှိနိုင်ခြင်းပင် ဖြစ်သည်။

အချုပ်အနှောင်မဲ့ဂိုဏ်းသည် အဓိက နည်းလမ်း သုံးသွယ်နှင့် ငွေရှာနေ၏။

ပထမနည်းလမ်းမှာ ဆေးဘက်ဝင်အပင်များစွာကို စိုက်ပျိုးခြင်းပင် ဖြစ်သည်။ ဂိုဏ်း၏ အဆင့်အတန်း အနိမ့်ဆုံးတပည့်များသည်ကား ဤစိုက်ပျိုးရေးလုပ်ငန်းများကို တာဝန်ယူလုပ်ကိုင်ရလေ့ရှိသည်။

ဒုတိယနည်းလမ်းမှာ ကုန်ချောများ ပြန်လည်ထုတ်လုပ်ပြီး ရောင်းချခြင်းပ ဖြစ်သည်။ အချိန်နှင့်အမျှ အချုပ်အနှောင်မဲ့ဂိုဏ်း၏ သြဇာအာဏာမှာ တိုးတက်လာလေရာ မြို့ကြီးများတွင် ဂိုဏ်း၏ အရောင်းဆိုင်များစွာကို ဖွင့်လှစ်နိုင်ခဲ့၏။ ထ်ိုဆိုင်များတွင် မူလကိရိယာများ၊ ဆေးဝါးများ၊ပိုးထည်များကို တင်သွင်းရောင်းချနိုင်သည့်အပြင် ငွေကြေးခဝါချခြင်းကဲ့သို့သော ဝန်ဆောင်မှုများကိုပါ လုပ်ကိုင်နိုင်ခဲ့၏။ ဤဌာနခွဲကြီးကိုတော့ လီရှုက ကြီးကြပ်ပြီး ဤလုပ်ငန်းမျိုးတွင် ဝါသနာပါသူတပည့်တချို့ကိုပါ ရွေးချယ်ခန့်အပ်ထားသေးသည်။ သတ်မှတ်ထားသည့်လုပ်ငန်းများကို ပြီးမြောက်အောင်မြင်သွားသူတပည့်များအဖို့ ဆုလာဘ်ကတော့ ဆေးဝါးများ၊ ကိရိယာများနှင့် ကျင့်ကြံခြင်းနည်းစနစ်များပင် ဖြစ်သည်။

တတိယနည်းလမ်းမှာ စစ်အင်အားကို ငှားရမ်းခြင်းဟု တနည်းတဖုံအားဖြင့် ဆိုနိုင်သည်။ ဤဌာနခွဲကိုတော့ အချုပ်အနှောင်မဲ့ဂိုဏ်း၏ စွမ်းရည်အသင့်အတင့်ရှိသည့် ဂိုဏ်းသားများက တာဝန်ယူလုပ်ကိုင်ကြ၏။ ယခုအချိန်တွင် အချုပ်အနှောင်မဲ့ဂိုဏ်း၌ အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်အရေအတွက်မှာ အတော်ပင် များပြားနေခဲ့လေပြီ။ အပြင်လောကတွင် အလင်းတုန်ခါခြင်းနယ်ပယ်ဟူသည်မှာ သာမညောင်ညအဆင့်မဟုတ်ချေ။

အဆိုပါ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များသည် ဂိုဏ်း၏ မတူညီသောစီးပွားရေးလုပ်ငန်းများတွင် ဖြန့်ခွဲလုပ်ကိုင်နေကြ၏။ ထို့ကြောင့် အချုပ်အနှောင်မဲ့ဂိုဏ်းတွင် အလင်းလှုပ်ရှားမှုနယ်ပယ်ချီစွမ်းအားပညာရှင် မည်မျှရှိသည်ကို စုချန်း၊ လီကုံးရှန်နှင့် ကျန်ဂိုဏ်းအုပ်ကြီးများမှအပ မည်သူမျှ တိတိကျကျ မသိချေ။ မည်သို့ဆိုစေ အဆိုပါ အလင်းတုန်ခါခြင်းနယ်ပယ်ချီစွမ်းအားပညာရှင်များ၏ အရေအတွက်က အတော်လေး များပြားသည်မှာတော့ အမှန်ပင်။

သို့သော် အချုပ်အနှောင်မဲ့ဂိုဏ်းသည် ဘယ်သောအခါမှ အင်အားကို ထုတ်မပြပဲ ကြောင်လက်သည်းဝှက်သကဲ့သို့သာ သိုသိုသိပ်သိပ် ရှိနေခဲ့၏။

တဖက်တွင်လည်း ဂိုဏ်း၏ သြဇာအာဏာ ကြီးထွားလာခြင်းကိုတော့ မည်သို့မျှ ရှောင်မရသည်ကတော့ အမှန်ပင် ဖြစ်သည်။

ရွှီး!!!

အလင်းရောင်တချက် ဝင်းလက်သွားပြီး ယဲ့ဖန်းဟန်၏ ဓားသည် သူ့ရှေ့ရှိ လူကို ထိုးဖောက်သွား၏။

“ဒါ...... ဘယ်လိုဖြစ်နိုင်မှာလဲ......”

မျက်လုံးပြူးသော အမျိုးသားသည် လည်ချောင်းကို ဆုပ်ကိုင်ရင်း တအံ့တသြ ရေရွတ်လိုက်၏။ တချိန်တည်းမှာပင် သူ့ပါးစပ်ထဲမှ သွေးများ ပွက်ခနဲ အန်ထုတ်လိုက်လေသည်။

“မင်း...... ဘယ်လိုလုပ်...... ငါ့ရဲ့...... အလွှာကိုးဆင့် မီးခိုးကွန်ရက်ကို...... ချေဖျက်နိုင်တာလဲ......”

“ဟဟ မင်းဟာက သာမာန်ပုံရိပ်ယောင်နည်းစနစ်လေးပါပဲကွာ လျှို့ဝှက်နဂါးတောင်ထိပ်ရဲ့ နှစ်ပတ်လည် အကဲဖြတ်မှုမှာ ကျုပ်တို့ အမြဲတမ်း ဒီလို စမ်းသပ်မှုမျိုးတွေကို ကျော်ဖြတ်နေရတာပဲလေ မင်းသာ ဒီစမ်းသပ်မှုတွေကို မကျော်ဖြတ်နိုင်ဘူးဆိုရင် တောင်ပေါ်က ဆင်းခွင့်ရမှာမဟုတ်ဘူး”

ယဲ့ဖန်းဟန် မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။

ယဲ့ဖန်းဟန်၏ စကားဆုံးသည့်အချိန်တွင် ထိုလူမှာ အသက်ပျေမဲ့ပြုံးပြုံးရင်းဈ

“အံ့သြစရာပါလား သခင်လေးယဲ့”

“သခင်လေးယဲ့ကတော့ တကယ်ကို ထူးချွန်ပါပေတယ် ဒီရာမဆိုတဲ့ကောင်ဟာ လှည့်ပတ်တတ်ပြီး ပုံရိပ်ယောင်နည်းစနစ်တွေကို သုံးတဲ့နေရာမှာ ထူးချွန်တယ် အပြေးလဲမြန်တယ် အခုတော့ ဒီကောင် သခင်လေးယဲ့ရဲ့ ဓားအောက်မှာ အသက်ပျောက်သွားရှာပြီ"

“မှန်တယ်ဟေ့ မှန်တယ် သခင်လေးရဲ့ဓားကွက်ကတော့ တကယ့်ကို ကြောက်စရာကောင်းလှပါပေတယ်"

ကုန်သည်အဖွဲ့ကား အထက်ပါအတိုင်း ယဲ့ဖန်းဟန်ကို ချီးကျူးပြောဆိုနေကြ၏။

ယဲ့ဖန်းဟန် ပျင်းရိငြီးငွေ့ဟန်ဖြင့် သမ်းဝေလိုက်သည်။

“ဒီလောက်လဲ ချီးကျူးနေစရာမလိုပါဘူးဗျာ ခင်ဗျားတို့က ကျွန်တော့်ကို ဒီအတွက် ငှားထားတာဆိုတော့ ခင်ဗျားတို့ကို ကာကွယ်ပေးဖို့ဆိုတာ ကျုပ်တာဝန်ပဲ အော် ဒါနဲ့ ဒီရာမဆိုတဲ့ကောင်ဟာ အလိုရှိရာဇဝတ်ကောင်စာရင်းမှာလဲ ပါနေတယ်မလား ဒီတော့ သူ့မှာလဲ တန်ကြေးတခုရှိမှာပဲ ကျုပ်က ဒီအလောင်းကို ခင်ဗျားတို့ သယ်လာတဲ့ မြူဆိုင်းစိုပြေပန်းတပွင့်နဲ့ လှဲချင်တယ် ခင်ဗျားတို့ ဘယ်လိုသဘောရသလဲ"

ကုန်သည်များက အတန်ကြာ တိုင်ပင်ဆွေးနွေးပြီး သဘောတူလိုက်ကြသည်။

ယဲ့ဖန်းဟန်၏ မျက်နှာတွင် နှစ်သိမ့်ကျေနပ်ဟန်အပြုံးတခု ပေါ်လာ၏။

အကြောင်းမှာ အချုပ်အနှောင်မဲ့ဂိုဏ်းတွင် အရင်းအမြစ်များ စုဆောင်းပေးခြင်းဖြင့် သက်ဆိုင်ရာ ဆုလာဘ်ကို ရရှိနိုင်သောကြောင့်ပင်။ မြူဆိုင်းစိုပြေပန်းသည် စာရင်းဝင်အရင်းအမြစ်များထဲမှ တခုဖြစ်ပြီး တစ်ပွင့်လျှင် ဂုဏ်ပြုမှတ်ငါးဆယ်ထိ တန်ဖိုးရှိနေ၏။

ထိုအခါ ယဲ့ဖန်းဟန်၏ ဂုဏ်ပြုမှတ်မှာ တစ်ထောင်နီးပါးဖြစ်သွားပေလိမ့်မည်။

အမှတ်တစ်ထောင်ပြည့်သည်နှင့် ကျင့်ကြံခြင်းလက်ဆင့်ကမ်းတောင်ထိပ်သို့ သွားရောက်ခွင့်ရပြီး သူ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သော ကျင့်ကြံခြင်းဆိုင်ရာဖက်စပ်ပုံစံတမျိုးကို ရွေးချယ်ခွင့်ရပေလိမ့်မည်။

ထို့နောက် ယဲ့ဖန်းဟန်သည် မြူဆိုင်းစိုပြေပန်းကို ဝမ်းမြောက်ဝမ်းသာ သိမ်းဆည်းပြီး ထွက်ခွာရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် လူတဦးသည် သူတို့ဘက်သို့ ပြေးလာနေသည်ကို သူ တွေ့လိုက်ရသည်။ ထိုလူမှာ လူအုပ်စုကြီးတစု၏ အလိုက်ခံနေရကြောင်း မြင်ရုံနှင့် သိသာနေ၏။

မူလကတော့ ယဲ့ဖန်းဟန် ထိုအဖြစ်အပျက်ကို ဂရုမစိုက်။ သို့သော် ရှေ့မှပြေးလာသူမှာ သူတို့ဂိုဏ်း၏ နည်းစနစ် တခုကို အသုံးပြုနေကြောင်း သူ သတိထားမိလိုက်၏။ ထိုအခါ သူက မေးလိုက်လေသည်။

“ဟေ့ မင်း ဓားတသောင်းတောင်ကလား"

ထိုလူကလည်း ယဲ့ဖန်းဟန်၏ မေးခွန်းကို ချက်ချင်းပင် ပြန်ဖြေလိုက်၏။

“မီးလျှံရဲ့အလင်း”

အချုပ်အနှောင်မဲ့ဂိုဏ်း၏ စကားဝှက်ကို ကြားလိုက်သည်နှင့် ထိုလူသည် သူ့တို့ဂိုဏ်း၏ မီးလျံဌာနခွဲမှ ဂိုဏ်းဝင်တဦးမှန်း ယဲ့ဖန်းဟန် ချက်ချင်းသဘောပေါက်လိုက်သည်။

ယဲ့ဖန်းဟန် မဲ့ပြုံးပြုံးလိုက်၏။

“မင်း ကံကောင်းတာပဲ”

သူသည် လက်တဖက်ကို ဝေ့ယှမ်းပြီး ဓားကွက်ကို စတင်ဖော်ထုတ်လိုက်သည်။ ဤဓားချက်သည် ရိုးရိုးရှင်းရှင်းဟု မြင်ရ၏။

ထိုအချိန်မှာပင် လူအုပ်ကြီး အလိုက်ခံနေရသည့်လူကလဲ သူ့နောက်သို့ လက်ဝါးရိုက်ချက်တချက် ထုတ်လွှတ်ပြီး ပြန်ပြောလိုက်၏။

“ကျုပ် ကံကောင်းတာ မဟုတ်ဘူးဗျ ဒါကိုက အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတာ”

ထိုအချိန်မှာပင် ထိုလူ၏ လက်ဝါးရိုက်ချက်ကြောင့် ပတ်ဝန်းကျင်ရှိလေထုမှာ ရုတ်တရက် ခဲသွားပုံရ၏။ တဆက်တည်းမှာပင် ယဲ့ဖန်းဟန်၏ဓားချက်က ရှေ့သို့ဆက်လက် တိုးဝင်သွားတော့သည်။

သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ကွက်ကြောင့် လူအုပ်ကြီးကို ဦးဆောင်လာသည့် ချီစွမ်းအားပညာရှင်နှစ်ယောက် နေရာမှာပင် အပိုင်းပိုင်း ပြတ်ကုန်ကြ၏။ သို့သော် ဓားချက်မှ ထွက်ပေါ်လာသော ချီစွမ်းအားမှာ ရပ်တန့်ခြင်းမရှိပဲ ရှေ့သို့ ဆက်လက် တိုးဝင်သွားပြီး နောက်ထပ်လူရှစ်ဦးကိုပါ အသက်ပါသွားစေသည်။ ကျန်ရှိသော လူများအားလုံး အဖြစ်အပျက်ကြောင့် ထိတ်လန့်ကုန်ကြ၏။

ထို့နောက်တွင်တော့ ထွက်ပြေးနေသူက ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်လေသည်။

“မင်းတို့ကို ပြောသားပဲ ကျုပ်တို့ဂိုဏ်းသားတွေ နေရာတိုင်းမှာ ရှိနေတတ်ပါတယ်လို့ ဒါကို မင်းတို့က မယုံဘူး အခုတော့ မယုံတဲ့ အကျိုးဆက်တွေ ခံစားရမယ်”

စကားဆုံးသည်နှင့် သူက လက်ဝါးရိုက်ချက် ဆယ့်ရှစ်ချက်တိတ်ိကို လျင်မြန်စွာ ဖော်ထုတ်လိုက်တော့သည်။ ဤတစ်ကြိမ် သူ့လက်ဝါးရိုက်ချက်မှာ ရန်သူများ၏ လှုပ်ရှားမှုကို မဟုတ်။ တိုက်စစ်သက်သက်ပင် ဖြစ်သည်။ လက်ဝါးရိုက်ချက်ကြောင့် လူအုပ်ကြီး အလဲလဲအကွဲကွဲ ဖြစ်ကုန်၏။

“ဒေါသရေလှိုင်းလက်ဝါးနဲ့ စူမာရုလေဟာနယ် မင်းကိုယ်တိုင်လဲ မဆိုးပါလားကွ”

ယဲ့ဖန်းဟန် အံ့အားသင့်သွား၏။ အကြောင်းမှာ အဆိုပါ မူလစွမ်းရည်နှစ်မျိုးအတွက် များပြားသော ဂုဏ်ပြုမှတ်များ လိုအပ်သောကြောင့်ပင်။

ထို့နောက် ယဲ့ဖန်းဟန်က ဆက်ပြောလိုက်၏။

“ဒါပေမဲ့ အခြေအနေအရတော့ မင်းရဲ့ အသက်ကို ငါကယ်လိုက်တဲ့ သဘောမှာရှိတယ်"

“ဟွန့် ငါဆိုတဲ့ ချန်းဟယ်က ဘယ်သူ့အကူအညီကိုမှ မလိုပါဘူးကွာ"

ယဲ့ဖန်းဟန် အံ့အားသင့်သွား၏။

“ဒါဆို မင်း မနှစ်က အကဲဖြတ်ပြိုင်ပွဲမှာ အမြန်နှုန်းနဲ့ ပတ်သက်ပြီး သတ္တမအဆင့် ရခဲ့တဲ့ ပျံသန်းနေသောကြိုးကြာ ချန်းဟယ်ပေါ့ ဟုတ်လား"

ချန်းဟယ် ပုခုံးတချက်တွန့်ရင်း ပြန်ဖြေလိုက်သည်။

“မင်း မှတ်မိသေးတာ အံ့သြစရာပဲ ဒါပေမဲ့ သတ္တမအဆင့်ဆိုတာက ဘာမှအထင်ကြီးလောက်စရာ မဟုတ်ပါဘူးကွာ”

ချန်းဟယ် ကိုယ့်ကိုယ်ကို အထင်မကြီးဟန်ဖြင့် ပြောလိုက်၏။

အနီးအနားတွင် နားထောင်နေသော ကုန်သည်များအားလုံး အံသြသင့်နေကြသည်မှာ အမှန်ပင်။

သိပ်မကြာမီ ယဲ့ဖန်းဟန်နှင့် ချန်းဟယ်တို့ ထွက်ခွာသွားခဲ့ကြ၏။

သူတို့အတွက်တော့ ဤကဲ့သို့သော ဖြစ်ပျက်မျိုးမှာ ဖြစ်ရိုးဖြစ်စဥ်ပင် မဟုတ်ပါလား။

ဤသို့နှင့် အချုပ်အနှောင်မဲ့ဂိုဏ်းသည် ၎င်းတို့၏ဂုဏ်သတင်းကို ဖုံးကွယ်ထားရန် အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့သော်ငြား ၎င်းတို့၏ သြဇာအာဏာမှာကား မည်သို့မှ ထိန်းချုပ်မရပဲ အချိန်ကြာသည်နှင့်အမျှ ပို၍သာ ပျံ့နှံ့လာ၏။

ထိုအခါ လူအများအပြားက ၎င်းတို့ကို သတိထားမိလာသည်မှာလည်း ရှောင်လွှဲမရသော လောကဓမ္မတာပေတည်း။

All Chapters