← Chapters

လယ်ယာသုံးသတ္တုကိရိယာ! ၃

Vol. 72 Ch. 1066

လယ်ယာသုံးသတ္တုကိရိယာ! ၃

Vol. 72 Ch. 1066

အချိန်တိုင်းလိုလို ကုမ္ပဏီကအကြောင်းတစ်ခုခုနှင့် စျေးကွက်ကိုလွှမ်းမိုးထားသည်။ သူတို့ကမဆင်မခြင်အကြောင်းရင်းပြောင်းလိုက်ရင် ဒုက္ခမရောက်ဘဲနေမလား။

ခေါင်းကိုင်မိခင်ကိုပဲကြည့်။ သူ့သားက မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာတော့ မတတ်သာဘဲ အသက်ကြီးမှပြန်လာရသည်။

ချင်းလင်စံအိမ်ကသူများကုမ္ပဏီထက်ပိုထူးခြားသောကြောင့် ဒီအတိုင်းထားတာအကောင်းဆုံးပင်။

လင်းလန်ဇီက စံအိမ်မှာအလုပ်နိုင်ဆုံး၊အသင့်တော်ဆုံးဖြစ်သည်။

အတည်ပြုပြီးနောက် ချင်လင်လည်းကျောက်မိုချင်းကိုအတွင်းဘက်လိုက်ပို့သည်။

ကြက်တူရွေးနှစ်ကောင်က တစ်ကောင်ပြီးတစ်ကောင် စားပွဲပေါ်ပျံလာ၏။ ပန်းကန်ထဲမှာစတော်ဘယ်ရီကျန်သေးသည်။

ရှောင်ဝူကရှေ့တိုးပြီး စတော််ဘယ်ရီတစ်လုံးကိုကိုင်၍ထိုးဆိတ်သည်။

ရှောင်ပေါင်က ခေါင်းကိုငဲ့ကာငဲ့ကာနှင့် သတိထားပြီးနောက်ကလိုက်လာသည်။ ရှောင်ဝူကတစ်လုံးယူပြီးဘေးကိုချပေးတော့မှ ဝမ်းသာအားရထိုးဆိတ်စား၏။

ဒီကောင်ကြည့်ရတာ မယားကြောက်လုံးလုံးဖြစ်သွားပြီ။

ချင်လင်နှင့်ကျောက်မိုချင်းက အပန်းဖြေစံအိမ်အတွင်းဘက်ပြန်ရောက်ပြီးနောက် ဝန်ကြီးလုဆီမှဖုန်းဝင်လာသည်။

သူကဇဝေဇဝါနှင့်ဖုန်းကိုင်ပြီး နှုတ်ဆက်လိုက်သည်_

"ဝန်ကြီးလု!''

ဝန်ကြီးလုအသံလည်းကြားရသည်။ သူကနည်းနည်းစိတ်လောနေသံနှင့်_

"သူဌေးချင်... တော်ဝင်ပညာရှင်ဟောင်ဆီကကြားတာ... မင်းမှာမျက်စိမှုန်ကုနိုင်တဲ့ဂျင်ဆင်းတစ်မျိုးရှိတယ်ဆို... အဲဒီဂျင်ဆင်းပျိုးထောင်တာ ဘယ်လိုနေလဲသိချင်လို့?''

"ဝန်ကြီးလု... ရုတ်တရက်မေးလာတာ ဘာဖြစ်လို့လဲ?''

ဝန်ကြီးလုပြောတာ မျက်စိကြည်ဂျင်ဆင်းမှန်း ချင်လင်သိသည်။

မျက်စိကြည်ဂျင်ဆင်းကိုပျိုးထောင်ရန် ချူယွဲ့၏ချင်းလင်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကိုလွှဲထားသည်။ အခုအချိန်တန်လောက်ပြီ။

ဝန်ကြီးလုဘာလို့ရုတ်တရက်ကြီးမေးလဲ သူနားမလည်။

"တခြားခေါင်းဆောင်တွေကိုယ်စားမေးပေးတာပါ... ငါအချက်အလက်တချို့ပို့လိုက်ရင် မင်းသဘောပေါက်ပါလိမ့်မယ်''

ဝန်ကြီးလုကထိုသို့ပြောပြီးဖုန်းချသွားသည်။

ခဏအကြာ ဝန်ကြီးလုလွှဲလိုက်သောစာ ချင်လင်ရသည်။ ထိုအထဲတွင် link နှစ်ခုပါသည်။

သူက link တစ်ခုကိုဖွင့်ကြည့်ရာ သတင်းတစ်ပုဒ်တွေ့ရသည်။ နိုင်ငံခြား Esolu မျက်မှန်ကုမ္ပဏီက ပြည်တွင်းမင်လဲ့မျက်မှန်ကုမ္ပဏီကို မူပိုင်ခွင့်ချိုးဖောက်မှုနှင့်တရားစွဲထားသည်။ နိုင်ငံတကာမူပိုင်ခွင့်ချိုးဖောက်မှုအစစ်ဆေးခံရပြီး အတည်ပြုသောအဆင့်ရောက်နေပြီ။ မင်လဲ့မျက်မှန်ကုမ္ပဏီမှာ ထုတ်လုပ်မှုရပ်ဆိုင်းရသောအခြေအနေကိုရင်ဆိုင်ရလိမ့်မည်!

“???”

ချင်လင်ဇဝေဇဝါဖြစ်သွားသည်။ ဝန်ကြီးလုက မူပိုင်ခွင့်ချိုးဖောက်တဲ့အမှုကိုကြည့်ခိုင်းနေတာလား?

သူက နောက် link တစ်ခုကိုဖွင့်ကြည့်ပြီးသဘောပေါက်သွားသည်။

သန်း ၇၀၀ နီးပါးသောတရုတ်ပြည်သူများမှာ အနီးမှုန်ကြသော်လည်း ပြည်တွင်းအနီးမှုန်မျက်မှန်စျေးကွက်ကို အနောက်နိုင်ငံများကချုပ်ကိုင်ထားသည်။ စာရင်းအရ တရုတ်အနီးမှုန်မျက်မှန်စျေးကွက်မှာ ၂၀၂၂ တွင် ဘီလီယံ ၁၅၀ ကျော်ရှိနိုင်သည်။

သို့ရာတွင် ပြည်သူသန်း ၇၀၀ နှင့်ဘီလီယံ ၁၅၀ ကျော်အားလုံးနီးပါးကို ဥရောပကုမ္ပဏီနှစ်ခုက လက်ဝါးကြီးအုပ်ထားသည်။ တစ်ခုက Esolu ဖြစ်ပြီး နောက်တစ်ခုက Cartier ဖြစ်သည်။

Haichang နှင့် Hengli လိုနာမည်ကြီးမျက်မှန်ဘရန်းများကလည်း အနောက်နိုင်ငံထုတ်ကုန်များဖြစ်သည်။

ထိုမျက်မှန်ကုမ္ပဏီများက ပြည်တွင်းစျေးကွက်ရှယ်ယာ ၈၅% ကိုသိမ်းပိုက်ထားသည်။

အထူးသဖြင့် Esolu က နည်းအမျိုးမျိုးသုံးပြီး ဝမ်ရှင်း၊ရှစ်လဲ့၊ထျန်းဟုန်၊ယရွေ့စသောပြည်တွင်းမျက်မှန်ဘရန်းများကိုအရယူခဲ့သည်။

မျက်မှန်စျေးကွက် ၅၅% ကို Esolu ကသိမ်းပိုက်ထားပြီး ပြည်တွင်းဝင်ငွေဘီလီယံ ၇၀ ရှိသည်။ ပြည်တွင်းမင်လဲ့ဘရန်းကမူ ၃ ဘီလီယံကျော်ကျော်သာရှိသည်။

နောက်ပြီး ပြည်တွင်းဘရန်းများတွင်မင်လဲ့သာဦးဆောင်နေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုရောင်းချခြင်း၊အရယူခြင်းလည်းမရှိပေ။

သို့ရာတွင် ဘရန်းနှစ်ခုကြားကွာခြားချက်က အလွန်ကြီးသည်။ နောက်ပြီး မူပိုင်ခွင့် ၉၅၀၀ ကျော်တွင် မင်လဲ့က ၈၇ သာရှိသည်။

သူတို့က မူပိုင်ခွင့်ကိုအသုံးချပြီး ပြည်တွင်းမျက်မှန်စျေးကွက်ကိုလက်ဝါးကြီးအုပ်ခြင်းသာ။

အထူးသဖြင့် အနောက်နိုင်ငံများကရည်ရွယ်ချက်ချင်းတူကြသော်လည်း ကုမ္ပဏီတစ်ခုတည်းကလက်ဝါးကြီးအုပ်ထားခြင်းမဟုတ်၍ နိုင်ငံတကာမူပိုင်ခွင့်ဥပဒေနှင့်ငြိမည်လည်းမဟုတ်ပေ။

ဒါက ပစ်မှတ်ထားခြင်းတမျိုးပင်။ သို့ရာတွင် နည်းပညာကွာဟချက်နှင့် ကုမ္ပဏီရှယ်ယာများရောင်းချရာတွင် ထိခိုက်နစ်နာခြင်းမရှိအောင်ဦးစားပေးရသောကြောင့် ဘာမှမတတ်နိုင်။

မင်လဲ့ပျက်စီးသွားရင် သူတို့ကစျေးကွက်ကိုလုံးဝလက်ဝါးကြီးအုပ်မည်။ ကုမ္ပဏီချင်းမတူရင်တောင် အနောက်တိုင်းကုမ္ပဏီတွေပေါင်းလိုက်တာနှင့် အရည်အသွေးနိမ့်ပစ္စည်းတွေသုံးပြီးစျေးတက်မည်။

ဘယ်သူကဘာတတ်နိုင်မလဲ?

ဝန်ကြီးလုကဘာလို့ခေါင်းဆောင်တွေကိုယ်စား မျက်စိကြည်ဂျင်ဆင်းကိုမေးလဲ ချင်လင်သဘောပေါက်ပြီ။

သူများနိုင်ငံမှာ မျက်မှန်ကိုလက်ဝါးကြီးအုပ်ထားသော်လည်း သူတို့နိုင်ငံမှာဘရန်းနာမည်မရှိပေ။

ဒါက အဓိကအချက်ပင်။

သူတို့ကခေါင်းလာရိပ်ချင်ရင် ကိုယ်ကစားပွဲပြန်မှောက်လိုက်ရုံပေါ့။

All Chapters