← Chapters

လျှို့ဝှက်လက်ဝါးကြီးအုပ်! ၂

Vol. 72 Ch. 1068

လျှို့ဝှက်လက်ဝါးကြီးအုပ်! ၂

Vol. 72 Ch. 1068

သူတို့မျက်စိကြည်ဂျင်ဆင်းတွေရရင် နိုင်ငံခြားမျက်မှန်ကုမ္ပဏီတွေဒုက္ခရောက်တော့မည်။

မျက်စိကြည်ဂျင်ဆင်းစိုက်နေစဉ်အတွင်း အနီးမှုန်မျက်မှန်နှင့်ဆိုင်သောအချက်အလက်များကိုလည်းစစ်ဆေးကြည့်သည်။

မျက်မှန်ကုမ္ပဏီများ၏အကြီးဆုံးလုပ်ငန်းက အနီးမှုန်မျက်မှန်များဖြစ်သည်။ မျက်မှန်စျေးကွက် ၇၅% ရှိသည်ဟုဆိုနိုင်ပြီး တခြားနေကာမျက်မှန်များ၊ ဆေးရည်များ၊ မျက်ကပ်မှန်များက ၂၅% ခန့်သာရှိသည်။

"ဥက္ကဌချင်''

ချူယွဲ့က စာဖိုင်ပိတ်ပြီးမေးသည်_

"ဘာညွှန်ကြားစရာရှိလဲ?''

ချင်လင်ကမှာသည်_

"အရင်ဆုံး မင်လဲ့မျက်မှန်အခြေအနေကိုစုံစမ်းပါ... ပြီးရင် သူတို့ကိုဆက်သွယ်လိုက်... သူတို့မှာမျက်မှန်အတွက်ပုံမှန်ဝယ်လက်တွေရှိတယ်... ငါတို့အများကြီးသက်သာတာပေါ့''

"ကောင်းပါပြီ ဥက္ကဌချင်''

ချူယွဲ့ကပြောသည်။

မကြာမီ ချင်လင်ကမျက်စိကြည်ဂျင်ဆင်းများနှင့် အပန််းဖြေစံအိမ်ပြန်ရောက်လာသည်။

ဒီမျက်စိကြည်ဂျင်ဆင်းတွေရဲ့အာနိသင်ကို သူအတည်ပြုချင်သည်။

ရုံးခန်းတံခါးပိတ်ပြီးနောက် အတွေးနှင့်ဂိမ်းထဲဝင်ပြီး မျက်စိကြည်ဂျင်ဆင်းအာနိသင်များကိုကြည့်လိုက်သည်။

(မျက်စိကြည်ဂျင်ဆင်း: အရည်အသွေး ၁)

(မျက်စိအတွက်အထူးအာနိသင်ရှိသောဂျင်ဆင်းဖြူအမျိုးအစားဖြစ်သည်။ နည်းနည်းချင်းဖြတ်ပြီး နေ့တိုင်းဝါးစားနိုင်သည်။ အနီးမှုန်ကုသမှု +၁!)

…

(မျက်စိကြည်ဂျင်ဆင်း: အရည်အသွေး ၁)

…

(မျက်စိကြည်ဂျင်ဆင်း: အရည်အသွေး ၁)

ထင်တဲ့အတိုင်း ဂျင်ဆင်း ၁၀ ခုလုံး အရည်အသွေး ၁ ရှိသည်။

ချင်လင်လည်းဂိမ်းထဲမှထွက်ပြီးနောက် ဝန်ကြီးလုဆီစာပို့ပြီး မျက်စိကြည်ဂျင်ဆင်းအကြောင်းပြောပြလိုက်သည်။

မကြာမီ စာဝင်သွားပြီး ဝန်ကြီးလုကဖုန်းဆက်လာသည်။

ချင်လင်ကချက်ချင်းဖုန်းကိုင်လိုက်ရာ ဝန်ကြီးလုအသံကြားရသည်_

"သူဌေးချင်... ငါဒီကိစ္စ ခေါင်းဆောင်ကိုပြောလိုက်ပြီ... သူအရမ်းဝမ်းသာနေတာ''

ဝန်ကြီးလုစကားကရိုးရိုးရှင်းရှင်းဆိုသော်လည်း ချင်လင်ကိုအသိပေးခြင်းပင်။

ဒီတော့ သူစိတ်ပူစရာမလိုဘဲစားပွဲမှောက်နိုင်ပြီ။

…

နိုင်ငံတကာတရားရုံးက ဟော်လန်မှာရှိပြီး နိုင်ငံတကာအမှုမျိုးစုံကိုအထူးဆုံးဖြတ်ပေးသည်။

ဘယ်နိုင်ငံမှာဖြစ်ဖြစ်၊ နိုင်ငံတကာအမှုဖြစ်ပြီး တဖက်ကဒေသခံဖြစ်နေရင် ဘက်လိုက်မှုကရှိစမြဲ။ အထူးသဖြင့် ဒီလိုစီးပွားရေးအမှုကြီးများပင်။

ထို့ကြောင့် ဒီလိုနိုင်ငံတကာတရားရုံးရှိလာသည်။

နိုင်ငံတကာတရားရုံးက နိုင်ငံအတော်များများကိုနည်းနည်းဘက်လိုက်ရင်တောင်၊ အထူးသဖြင့် အနောက်နိုင်ငံဖိအားတွေရှိရင်တောင် သူ့လုပ်ဆောင်ချက်ကအမှန်တကယ်ရှိသေးသည်။

ယွင်ဟွားက အလွန်ကြည့်ကောင်းသောမင်လဲ့ကုမ္ပဏီထုတ်မျက်မှန်ကိုတပ်ထားသည်။

သူဒီနေ့ စိတ်အခြေအနေမကောင်း။

Esolu က သက်သေတင်သွင်းပြီးသောကြောင့်ပင်။ အမှုအစမ်းစစ်ဆေးပြီး အတည်ပြုချက်များစောင့်နေစဉ်ဖြစ်သော်လည်း အခြေအနေအားလုံးက မင်လဲ့အတွက်မကောင်း။

နောက်ပြီး မူပိုင်ခွင့်တွင် တဖက်ကတမင်သက်သက်ထောင်ချောက်များထည့်ထားသည်။ သူတို့သတိလွတ်ခဲ့၏။

မင်လဲ့သူဌေးအနေနှင့် သူ့နည်းသူ့ဟန်အတိုင်း သူ့ကိုယ်ပိုင်မျက်မှန်ဘရန်းတည်ဆောက်ချင်ခဲ့သည်။

ထို့ကြောင့် Esolu လိုမျက်မှန်ကုမ္ပဏီများက စီးပွားရေးနည်းလမ်းအမျိုးမျိုးသုံးပြီး ဘယ်လောက်ခြိမ်းခြောက်ခြောက်၊ဘယ်လိုလာဘ်ထိုးထိုး၊ သူက ကုမ္ပဏီနှင့်ရှယ်ယာကိုမရောင်းခဲ့ပေ။

စျေးကွက်ထဲတွင် သူတို့ကိုအမြဲပစ်မှတ်ထားပြီးမကောင်းပြောခံရသည်။ လူတွေကလည်း မင်လဲ့အရည်အသွေးမကောင်းဟုထင်ကြသည်။

ဘာပဲဖြစ်ဖြစ် တရုတ်အနီးမှုန်သမားများက Esolu လိုဘရန်းများကိုနိုင်ငံခြားကမှန်းမသိကြ။ နာမည်ကြီးသည့်ဘရန်းများကိုသာသိကြသည်။

Esolu က သူ့ကိုဘာလို့ပစ်မှတ်ထားမှန်း ယွင်ဟွားလည်းသိသည်။

ပြည်တွင်းမျက်မှန်ကုမ္ပဏီများတွင်ရှေ့ပြေးနေသောကုမ္ပဏီဖြစ်သောကြောင့် သူ့ကိုဖယ်ရှားနိုင်ရင် စျေးကွက်ကိုသူတို့လုံးဝသိမ်းပိုက်နိုင်မည်။

အဲဒီနောက် ကုန်ကျစရိတ်သက်သာအောင်ပစ္စည်းခိုပြီး စျေးကိုတက်မည်။

ပစ္စည်းအရည်အသွေးကောင်းခြင်းက ပြိုင်ဘက်ရှိခြင်းကြောင့်ဖြစ်ပြီး ပြိုင်ဘက်ရှိမှသာ အရည်အသွေးပိုကောင်းသည်ကို သုံးစွဲသူများကရွေးချယ်ကြမည်။

စျေးကွက်ထဲပြိုင်ဘက်မရှိရင် သူတို့လုပ်ချင်တာလုပ်နိုင်ပြီ။

ယွင်ဟွားကခေါင်းမာသူဖြစ်၍ Esolu လိုကုမ္ပဏီများ၏ကတိများ၊ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်ရသော်လည်း မတုန်လှုပ်ခဲ့။

သို့ရာတွင် အခြေအနေကဒီနေ့ဒီလိုအထိဖြစ်လာသောကြောင့် သူလုံးဝဆုံးရှုံးရသည်။

တရားရုံးဆုံးဖြတ်ချက်အရ မင်လဲ့မျက်မှန်ကုမ္ပဏီက Esolu မျက်မှန်ကုမ္ပဏီ၏မူပိုင်ခွင့်ကိုချိုးဖောက်ခဲ့သည်။ မူပိုင်ခွင့်အတိုင်း မင်လဲ့ကမျက်မှန်ထုတ်လုပ်ရေးရပ်ဆိုင်းပြီး Esolu ၏နစ်နာမှုကိုအလျော်ပေးရမည်။

စီရင်ချက် မြန်မြန်ဆန်ဆန်ထွက်လာ၏။

ထို့ကြောင့် နောက်ပိုင်း မင်လဲ့ကထုတ်လုပ်မှုရပ်ဆိုင်းရရုံသာမက Esolu ကိုလည်းအလျော်ပေးရမည်။ ဒါမင်လဲ့အတွက်အထိနာသည့်အချက်ပင်။

ယွင်ဟွားကဖြစ်နိုင်ခြေကိုသိထားသော်လည်း သတင်းကြားပြီး စိတ်ပျက်လက်ပျက်ထိုင်ခုံပေါ်ထိုင်ချမိသည်။

ထိုအချိန်တွင် နိုင်ငံခြားသားတစ်ယောက်လျှောက်လာသည်။ Esolu ကိုယ်စားလှယ်ပင်။ သူကရောက်လာပြီး_

"မစ္စတာယွင်.. အားနာစရာပဲ... ကျုပ်တို့က ကိုယ့်မူပိုင်ခွင့်ကိုယ်ကာကွယ်ရုံပါ''

"ဒါပေမဲ့ ကျုပ်တို့သူဌေးက ဒီလောက်မြန်မြန်ကြီးမကျဆုံးစေချင်လို့ ဒီရက်ပိုင်း သူကိုယ်တိုင်လာပါလိမ့်ဦးမယ်... မစ္စတာယွင်နဲ့ကျုပ်တို့သူဌေးနဲ့စကားပြောကြည့်ရင်အဆင်ပြေမယ်ထင်ပါတယ်''

သည်လိုနှင့် နိုင်ငံခြားသားကခပ်ချေချေပြန်သွားသည်။

တကယ်တော့ မင်လဲ့နဲ့အပေးအယူလုပ်ဖို့သူတို့သူဌေးကိုယ်တိုင်လာစရာမလိုသော်လည်း မင်လဲ့ကမတူ။ ဒါနောက်ဆုံးအတားအဆီးဖြစ်သည်။

သူတို့သူဌေးက Cartier နှင့်တခြားမျက်မှန်ကုမ္ပဏီများကိုညှိထားပြီးဖြစ်သည်။ မင်လဲ့ကိုရရင် တခြားအတိုက်အခံဒေသခံဘရန်းမရှိတော့။

ပြီးရင် တခါတည်းစျေးတက်ပြီး အပြင်ကိုနည်းပညာမြှင့်ထားသည်ဟုသတင်းလွှင့်မည်။

တချိန်တည်းမှာ ပစ္စည်းတွေကိုလည်းပြင်နိုင်သည်။ အရည်အသွေး ၃ ရာဘာနှင့်လုပ်သောကိုင်းကို အရည်အသွေး ၁ နှိမ့်လိုက်ရင် စျေးချင်းအတူတူ ကုန်ကျစရိတ်အများကြီးသက်သာသွားမည်။

အဲဒီအချိန်ကျရင် ဒီနိုင်ငံကလူတွေရွေးစရာမရှိတော့။ တကယ်တော့ ဒီနိုင်ငံကဘာမှတောင်မတတ်နိုင်။

ဘာပဲဖြစ်ဖြစ် သူတို့ကုမ္ပဏီတွေက ကုမ္ပဏီချင်းတူဖို့နေနေသာသာ၊ တစ်နိုင်ငံတည်းကမဟုတ်၍ လက်ဝါးကြီးအုပ်သည်ဟုမဆိုနိုင်။ သို့သော် သူတို့ကအမှန်ပင် သန်း ၇၀၀ စျေးကွက်ကိုမျှစားနေကြသည်။

ယွင်ဟွားမျက်နှာ နည်းနည်းဖြူဖပ်ဖြူရော်ဖြစ်နေပြီ။

တဖက်ကလှောင်သံကို သူမကြားဘဲနေမလား? နောက်ပြီး ဒီကောင့်ရည်ရွယ်ချက်ကိုသူသိသည်။

သူတို့နဲ့ဆွေးနွေးရင် မင်လဲ့ကိုရယူထိန်းချုပ်ဖို့ထက်ပိုပြီးဘာမှမရှိနိုင်။

သို့ရာတွင် ထုတ်လုပ်ရေးရပ်ဆိုင်းရရင် အစားထိုးပစ္စည်းတွေပြန်ဖွံ့ဖြိုးအောင်လုပ်ဖို့ အချိန်ကုန်၊ငွေကုန်မည်မှန်းလည်း ယွင်ဟွားကောင်းကောင်းသိသည်။

အချိန်လွန်သည်နှင့်ပြဿနာပေါင်းစုံတက်လာနိုင်သည်။

အဓိကအကျဆုံးက အရင်းအနှီးပင်။ ဒီဖြစ်ရပ်နောက်ပိုင်း မင်လဲ့စတော့စျေးကျလာပြီး ရှယ်ယာရှင်များက သူတို့ရှယ်ယာကိုပြန်နုတ်သွားကြသည်။ မင်လဲ့ကအရင်းအနှီးလုံလုံလောက်လောက်မရှိဟုသူတို့ထင်သည်။

ယွင်ဟွားအကြပ်ရိုက်နေစဉ် ရုတ်တရက်ကုမ္ပဏီမှစာဝင်လာသည်။

'ဥက္ကဌယွင်... ချင်းလင်ဆေးဝါးဥက္ကဌချူယွဲ့က တွေ့ချင်လို့ ဖုန်းပြန်ဆက်ပါတဲ့!'

ဖုန်းနံပါတ်တစ်ခုပါသည်။

ယွင်ဟွားက နံပါတ်ကိုကြည့်ပြီးဇဝေဇဝါဖြစ်နေသည်။

ပြည်တွင်းမှာ ချင်းလင်ကုမ္ပဏီကိုလူတိုင်းသိသည်။ ပင်ဂွင်းလိုနာမည်အကြီးဆုံးကုမ္ပဏီတစ်ခုပင်။

ချင်းလင်ဆေးဝါးက ချင်းလင်ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး ချင်းလင်ရေပူစမ်းဆေးမှုန့်မှာ စျေးကွက်ထဲတွင်နာမည်အကြီးဆုံးထုတ်ကုန်တစ်ခုဖြစ်သည်။

ချင်းလင်ရေပူစမ်းဆေးမှုန့်ကြောင့် ​ပြည်တွင်းထိပ်ပြောင်အတော်များများပြန်ကောင်းလာသည်။

နေ့စဉ်သုံးပါက ဆံပင်အုံကောင်းလာမည်။ ထိပ်မပြောင်လည်းသုံးနိုင်သည်။

ချင်းလင်ဆေးဝါးက ရေပူစမ်းဆေးမှုန့်ကိုခေါင်းလျှော်ရည်အဖြစ်ထုတ်မည်ဟုတောင်ပြောနေကြသည်။ အဲဒီအချိန်ကျရင် စျေးကွက်မှာလုံးဝပွဲသိမ်းသွားမည်။

ချင်းလင်ကုမ္ပဏီထုတ်ကုန်တွေက ခေါင်းလျှော်ရည်ကုမ္ပဏီတွေလိုမဟုတ်။

ချင်းလင်ဆေးဝါးကဒါရိုက်တာချူဘာကြောင့်ဖုန်းဆက်မှန်း ယွင်ဟွားမသိသော်လည်း ချင်းလင်ဆေးဝါးမှာရံပုံငွေအများကြီးရှိကြောင်းသူသိသည်။

ချင်းလင်ဆေးဝါးက မင်လဲ့မှာရင်းနှီးမြှုပ်နှံရင်၊ အထိန်းအချုပ်ရှိတဲ့ရှယ်ယာဆိုရင်တောင် မင်လဲ့ကသုတေသနလုပ်ဖို့ ရံပုံငွေအလုံအလောက်ရနိုင်သည်။

အဓိကက ချင်းလင်ကုမ္ပဏီနဲ့ရင်းနှီးမှုရနိုင်သည်။

ချင်းလင်ကုမ္ပဏီက မင်လဲ့ကိုထိန်းချုပ်တော့ရော၊ သူတို့ထုတ်ကုန်တွေပိုကောင်းလာမှာပဲမလား?

ချင်းလင်ကုမ္ပဏီက ပြည်တွင်းမှာဒီလိုနာမည်ကောင်းရှိသည်ဟုအားလုံးနားလည်ထားကြသည်။

ယွင်ဟွားကတုံ့ဆိုင်းမနေရဲ။ ဖုန်းအမြန်ကိုင်ပြီး ချူယွဲ့ကိုဖုန်းဆက်သည်။ ဖုန်းဝင်သည်နှင့် သူက_

"ဒါရိုက်တာချူ... မင်္ဂလာပါ မင်္ဂလာပါ... ကျွန်တော် မင်လဲ့ကယွင်ဟွားပါ... ခင်ဗျားနာမည်ကြားဖူးတာကြာပါပြီ... တွေ့ရတာဝမ်းသာပါတယ်''

"ဒါရိုက်တာယွင်... ကျွန်တော်ကချူယွဲ့ပါ''

တဖက်ကချူယွဲ့အသံထွက်လာသည်_

"မင်လဲ့အန္တရာယ်များနေတာသိပါတယ်... ~အကြောင်းလည်းပြောလို့ရမှာပေါ့...''

ယွင်ဟွား အကြာကြီးဖုန်းပြောသည်။ ဖုန်းချပြီးနောက် သူမယုံနိုင်ဖြစ်နေ၏။

ချင်းလင်ကုမ္ပဏီမှာ တကယ်ဒီလိုဂျင်ဆင်းမျိုးရှိတယ်ပေါ့။

ဒါပေမဲ့ မှန်သည်ဖြစ်စေမှားသည်ဖြစ်စေ၊ ရုံချန်းကိုသူကိုယ်တိုင်တစ်ခေါက်သွားကြည့်ရဦးမည်။

All Chapters