မျက်စိကြည်ဂျင်ဆင်းကြောင့် ယွင်ဟွားအံ့ဩသွားပြီ!
Vol. 72 Ch. 1069
ယွင်ဟွားကဖုန်းချပြီးနောက် အချိန်မဆိုင်းဘဲချက်ချင်းလေယာဉ်လက်မှတ်ဖြတ်ခိုင်းလိုက်သည်။
ဒါရိုက်တာချူပြောတာအရေးကြီးသောကြောင့် သူလုံးဝမပေါ့လျော့ရဲ။
…
ချင်းလင်အပန်းဖြေစံအိမ်_
အပန်းဖြေစံအိမ်ခေါင်မိုးထပ်ပေါ် ချင်လင်ရောက်နေသည်။ သူကတယ်လီစကုပ်ကိုင်ပြီး ချင်းလင်စံအိမ်အနောက်ဘက်တောင်တန်းကိုကြည့်နေသည်။
တောင်ခြေတွင် ဆောက်လုပ်ရေးနေရာအဖြစ်ကာထားသည်။ ရုံချန်းဆောက်လုပ်ရေးနေရာပင်။
ရုံချန်းပထမကလည်း ချင်းလင်စံအိမ်ဖွံ့ဖြိုးရေးအတွက်စာချုပ်ချုပ်ထား၍ တောင်တန်းခရီးသွားတိုးတက်ဖွံ့ဖြိုးစေရေးစတင်နေပြီဖြစ်သည်။
တောင်ခြေတွင် ရုံချန်းပထမဝန်ထမ်းများက အခြေခံအုတ်မြစ်ချနေကြပြီ။
ကေဘယ်ကားဖွင့်ရန် တောင်ခြေကေဘယ်ကားရုံကအရေးအကြီးဆုံးဖြစ်သည်။ ထို့ကြောင့် ရုံချန်းပထမကအရင်ဆုံး ကေဘယ်ကားရုံဆောက်သည်။
အစက တောင်ပေါ်ဖွံ့ဖြိုးရေးကို ခေါင်းဆောင်ထန်တို့ဥက္ကာခဲရှာဖွေရေးပြီးသည်အထိစောင့်ရန်ပြင်ထားသည်။
သို့သော် စဉ်းစားကြည့်မှ ဒီပရောဂျက်ဖွံ့ဖြိုးရေးက ခေါင်းဆောင်ထန်တို့ဥက္ကာခဲရှာဖွေရေးအရှိန်ကိုလုံးဝလိုက်မီမည်မဟုတ်။
ရုံချန်းဆောက်လုပ်ရေးက ခေါင်းဆောင်ထန်တို့အတွက်အကာအကွယ်တောင်ရနိုင်သည်။
ထို့ကြောင့် တော်ဝင်ပညာရှင်လီ၊ခေါင်းဆောင်ထန်တို့နှင့်ဆွေးနွေးပြီးနောက် သူတို့လည်း ရုံချန်းပထမဆောက်လုပ်ရေးကိုဝင်ခွင့်ပေးခဲ့သည်။
ချင်လင်ကခဏကြည့်ပြီး အောက်ထပ်ဆင်းကာအတွင်းဘက်ဝင်လာသည်။
ရုံးခန်းထဲတွင် သူ့ဂိမ်းဇာတ်ကောင်အားနေ့စဉ်တာဝန်များလုပ်ခိုင်းပြီး သတ္တုတွင်းဆက်မတူးတော့။
အဆင့်တက်ပြီးနောက် နွေဦးသတ္တုတွင်းပွင့်ပြီး ရေကန်သတ္တုတွင်းကလည်းအလွှာများစွာပွင့်ခဲ့သည်။ ဒီအဆင့်မှာပွင့်ဖို့အလွှာနည်းနည်းသာကျန်တော့မည်။
လူပုလေးအာနီကတိပေးထားတဲ့လယ်ယာသုံးသတ္တုကိရိယာနှစ်ခုထဲကတစ်ခုသာ ပေါက်ပြားဖြစ်ခဲ့ရင် ပေါက်ပြားနဲ့သတ္တုတွင်းတူးမည်။ ကျိန်စာအာနိသင်ရရင် ကျိန်စာပေါက်ပြားအဖြစ်အဆင့်မြှင့်မည်။
အဲဒီအချိန်ကျရင် ကျိန်စာပေါက်ပြားနဲ့ဘုရားကျောင်းမှာဆုတောင်းပြီး ကျိန်စာကိုကောင်းချီးအဖြစ်ပြောင်းကာ ကောင်းချီးပေါက်ပြားရနိုင်သည်။
ကောင်းချီးပေါက်ပြားနဲ့တူးရင် ကောင်းတာတွေပိုရပြီး အံ့ဩစရာတွေတောင်ဖြစ်နိုင်သည်။
ထို့ကြောင့် သတ္တုတွင်းတူးဖို့အလျင်မလိုတော့။
နေ့စဉ်တာဝန်များပြီးလျှင် အဆင့် ၃ မြေကွက်တွင်စိုက်ထားသောမျက်စိကြည်ဂျင်ဆင်းများရပြီဖြစ်ကြောင်းအသိပေးစာရသည်။
ချူယွဲ့က မင်လဲ့မျက်မှန်ကုမ္ပဏီသူဌေးယွင်ဟွားကိုဆက်သွယ်ထားပြီးဖြစ်သည်။
ယွင်ဟွားကိုမျက်စိကြည်ဂျင်ဆင်းအာနိသင်အကြောင်းယုံအောင်လုပ်ဖို့၊သိမ်းသွင်းဖို့အကောင်းဆုံးနည်းက မျက်စိကြည်ဂျင်ဆင်းကိုသူကိုယ်တိုင်စမ်းသပ်စေခြင်းပင်။
အရည်အသွေး ၁ မျက်စိကြည်ဂျင်ဆင်းအာနိသင်ကပျော့၍ အာနိသင်တန်းမပြနိုင်။
ထို့ကြောင့် ချင်လင်က အဆင့် ၃ မြေတွင်မျက်စိကြည်ဂျင်ဆင်းစိုက်ထားသည်။
ဂိမ်းမျိုးစေ့က အရည်အသွေး ၂ မျိုးစေ့ဖြစ်၍ စိုက်ထားသောမျက်စိကြည်ဂျင်ဆင်းက အနိမ့်ဆုံးအရည်အသွေး ၂ ရမည်။ အရည်အသွေး ၃ ရနိုင်ခြေတောင်ရှိသည်။
မာတီမီဒီယာဌာနမှမျက်မှန်ပါဝါ ၁၀၀၀ နှင့်မိန်းကလေးက ပထမနေ့တွင် အရည်အသွေး ၃ မျက်စိကြည်ဂျင်ဆင်းစားခဲ့သည်။ ဒုတိယနေ့တွင်အမြင်အတော်ကြည်လာပြီး ရက်ပိုင်းနှင့်ပုံမှန်အတိုင်းပြန်ကောင်းခဲ့သည်။
ဒါအရည်အသွေး ၃ ၏အာနိသင်ပင်။
လူပုလေးက မျက်စိကြည်ဂျင်ဆင်းစိုက်နေသည်ကိုချင်လင်တွေ့သည်။ သူကအတွေးနှင့်ဂိမ်းထဲဝင်ပြီး သိုလှောင်ခန်းထဲသွားလိုက်သည်။
မျက်စိကြည်ဂျင်ဆင်းထားသောနေရာအရောက်တွင် နှစ်ပုံပုံထားသည်ကိုတွေ့ရသည်။ တစ်ပုံမှာအရေအတွက်နည်းနည်းသာရှိပြီး အရည်အသွေး ၃ ဖြစ်သည်။
ချင်လင်ကနည်းနည်းကောက်ယူပြီး မှတ်ချက်ကြည့်လိုက်သည်:
(မျက်စိကြည်ဂျင်ဆင်း: အရည်အသွေး ၃)
(မျက်စိအတွက်အထူးအာနိသင်ရှိသောမျက်စိကြည်ဂျင်ဆင်းဖြစ်သည်။ နည်းနည်းချင်းဖြတ်ပြီး နေ့တိုင်းဝါးစားနိုင်သည်။
အနီးမှုန်သက်သာစေခြင်း +၃!)
ချင်လင်ကဂိမ်းထဲမှထွက်ပြီးနောက် ချူယွဲ့ကိုဖုန်းဆက်ကာ အရည်အသွေး ၃ မျက်စိကြည်ဂျင်ဆင်းပေးပြီး အာနိသင်ပိုထက်ကြောင်းပါမှာလိုက်သည်။
အစက ချူယွဲ့သိပ်မတွေးမိ။ မျက်စိကြည်ဂျင်ဆင်းအပေါ်သူ့အမြင်က စိုက်ခင်းမှအရည်အသွေး ၁ သာရှိသည်။
ဒီဂျင်ဆင်းက ပါဝါ ၇၀၀ နှင့်လူတစ်ယောက်ကို လေးငါးလအတွင်းအမြင်ပြန်ကောင်းစေသည်။
သူ့စိတ်ထဲမှာ ဥက္ကဌချင်ရဲ့မျက်စိကြည်ဂျင်ဆင်းကအာနိသင်ပိုထက်ရင်တောင် လေးငါးလကနေ တစ်လအတွင်းပြန်ကောင်းလာမည်တော့မထင်?
သို့သော်လည်း ကုမ္ပဏီပြန်ရောက်သောအခါ ချင်လင်ပေးသောအရည်အသွေး ၃ မျက်စိကြည်ဂျင်ဆင်းကိုအနီးမှုန်နှစ်ယောက်အားပေးပြီး နောက်တစ်နေ့တွင် သူတို့ပြန်အစီရင်ခံသောသတင်းကြောင့် သူလုံးဝကြောင်သွားသည်။
အာနိသင်က ဘုရားတစရာမလား?
…
ယွင်ဟွားက ချူယွဲ့နှင့်အချင်းချင်းဆက်သွယ်ပြီးနောက် ကုမ္ပဏီကိစ္စများဖြေရှင်းရန်ရောက်နေသောဟော်လန်မှ တရုတ်ပြည်ကုမ္ပဏီဆီပြန်လာသည်။ ကုမ္ပဏီမှာကြာကြာမနေဘဲ မင်မြို့တော်ကိုဆက်ကူးလာသည်။ နောက်ဆုံး ရထားစီးပြီးရုံချန်းရောက်လာ၏။
ရုံချန်းဘူတာအပြင်ရောက်သောအခါ သူမျက်တွင်းနည်းနည်းကျနေပြီ။
သူပင်ပန်းနေရင်တောင် ဒါရိုက်တာချူပြောတဲ့မျက်စိကြည်ဂျင်ဆင်းဟုတ်မဟုတ်အတည်ပြုရန် ချင်းလင်ဆေးဝါးကိုအမြန်ဆုံးရောက်ချင်သည်။
ဒါအမှန်ဆိုရင် အနီးမှုန်မျက်မှန်လုပ်ငန်းကိုအမြစ်ကလှန်နိုင်သည်။
နောက်ပြီး ချင်းလင်ကုမ္ပဏီထုတ်ကုန်ကအတုမဖြစ်နိုင်။
ဒါကြောင့်လည်း သူမျှော်လင့်ချက်ရှိလာသည်။
ယွင်ဟွားက ရုံချန်းကိုပထမဆုံးရောက်ဖူးခြင်းပင်။
ဒီနေရာအကြောင်း အရင်ကအများကြီးကြားဖူးသည်။
ချင်းလင်စံအိမ်ကြောင့် ရုံချန်းလိုနေရာသေးသေးလေးက ပြည်တွင်းမှာနာမည်ကြီးမြို့တစ်မြို့ဖြစ်လာသည်။
'ရုံချန်း'လို့နာမည်ကြီးလာတာ မကြာသေး။
ရုံချန်းရောက်မှ ရုံချန်းဘယ်လောက်စည်ပင်ဝပြောလဲသိတော့သည်။
ဒါတွေအားလုံးက ချင်းလင်ကုမ္ပဏီလွှမ်းမိုးမှုကြောင့်ပင်။
ယွင်ဟွား ဘူတာမှထွက်ထွက်ချင်း ချင်းလင်ဆေးဝါးကလာကြိုသည်ကိုတွေ့ရသည်။
"မင်္ဂလာပါ... ကျွန်တော်ယွင်ဟွားပါ!''
သူကချက်ချင်းလျှောက်သွားသည်။
"မင်္ဂလာပါ ဥက္ကဌယွင်... ရုံချန်းကကြိုဆိုပါတယ်''
ချင်းလင်ဆေးဝါးက ယွင်ဟွားဖြစ်ကြောင်းအတည်ပြုပြီးနောက် ကားထဲရိိုရိုသေသေခေါ်လာပြီး ချူယွဲ့နှင့်တွေ့ရန်ချင်းလင်ဆေးဝါးကုမ္ပဏီသို့ခေါ်လာခဲ့သည်။