မျက်စိကြည်ဂျင်ဆင်းကြောင့် ယွင်ဟွားအံ့ဩသွားပြီ! ၂
Vol. 72 Ch. 1070
"ဥက္ကဌယွင်... ချင်းလင်ဆေးဝါးကကြိုဆိုပါတယ်!''
ချူယွဲ့က ယွင်ဟွားကိုပြုံးပြီးနှုတ်ဆက်သည်။
"အားနာလွန်းနေပါပြီ ဒါရိုက်တာချူ... ခင်ဗျားနဲ့တွေ့ချင်နေတာ''
ယွင်ဟွားကအမြန်ပြောလိုက်သည်။
ဒီလိုတွေ့ဆုံမှုမျိုးမှာ အလာပသလာပတွေပြောရတတ်သေးသည်။
ထို့နောက် ယွင်ဟွားကမမေးဘဲမနေနိုင်တော့_
"ဒါရိုက်တာချူ... ဖုန်းထဲမှာခင်ဗျားပြောတဲ့မျက်စိကြည်ဂျင်ဆင်းက တကယ်အဲလောက်စွမ်းလား?''
ချူယွဲ့ကပြုံးပြီး ယွင်ဟွားတပ်ထားသောမျက်မှန်ကိုကြည့်ကာ_
"ဥက္ကဌယွင် စိတ်မပူပါနဲ့... ခင်ဗျားကအနီးမှုန်မလား?''
အနီးမှုန်မျက်မှန်က တခြားမျက်မှန်နှင့်မတူ။ မျက်မှန်ပါဝါတိုးလေလေ ပိုသိသာလေလေပင်။ မျက်မှန်ကတဆင့်ကြည့်ရင် မျက်မှောင်ကြုတ်ရသည်။ ပါဝါတိုးလေလေ ပိုကြုတ်ရလေလေပင်။
ဒါကြောင့် မျက်မှန်တပ်သူတွေ အထင်လွဲခံရတတ်သည်။
ပါဝါ ၇၀၀ ကျော်ရင် မျက်လုံးနှင့်မျက်မှန်ကအချိုးမကျတော့။ ပါဝါ ၁၀၀၀ ကျော်ရင် မျက်စိမှေးလုနီးနီးပင်။
ဒီလိုအခြေအနေမျိုးမှာ ကိုယ်ကစိတ်ထားကောင်းရင်တောင် မိန်းကလေးတစ်ယောက်ကိုစိုက်ကြည့်ပါက လူယုတ်မာဟုအထင်ခံရမည်။
ယွင်ဟွားကခေါင်းညိမ့်ပြီး_
"အင်း.. ကျွန်တော်က ပါဝါ ၅၀၀ ကျော်တယ်... ကျွန်တော်တပ်ထားတဲ့မျက်မှန်က ကျွန်တော်တို့ကုမ္ပဏီကထုတ်တာလေ''
ဒါ ပုံမှန်ပင်။
ကိုယ့်ကုမ္ပဏီကထုတ်တာကိုကိုယ်မှမသုံးချင်ရင် ဘယ်သူသုံးမလဲ?
ထို့ကြောင့် ကုမ္ပဏီသူဌေးအတော်များများက သူတို့ကုမ္ပဏီထုတ်ပစ္စည်းကို နေ့စဉ်လိုလိုသုံးကြသည်။
ဝူလင်းအော်တိုမိုဘိုင်းကုမ္ပဏီသူဌေးယွမ်လို သူကိုယ်တိုင်ထုတ်ဝူလင်းအော်တိုမိုဘိုင်းကိုသာမောင်းလေ့ရှိသည်။
သို့ရာတွင် ဝူလင်းစီးသောကြောင့် သူ့ကိုအထင်သေးသူအတော်များများနှင့်လည်းကြုံရသည်။
တခါက BMW 3 စီးရီးကားတစ်စီးနှင့်ပွတ်တိုက်မိပြီး ထိုကားမောင်းသူက သူဌေးယွမ်ကိုငမွဲကောင်ဟုတောင်ကြိမ်းမောင်းသွားသေးသည်။
နောက်ဆုံး ထိုကိစ္စကရေပန်းစားသတင်းဖြစ်ခဲ့သည်။ BMW 3 စီးရီးမောင်းတဲ့ကောင်သေမသေတော့ သူတို့မသိ။
ချူယွဲ့ကပြုံးပြီး_
"ဥက္ကဌယွင်... ခင်ဗျားကအနီးမှုန်ဆိုတော့ ဟုတ်ပြီ... အဲဒါမှ ဥက္ကယွင်ကိုယ်တိုင် ဒီမျက်စိကြည်ဂျင်ဆင်းရဲ့အာနိသင်ကိုခံစားရမှာ''
"ဒါခင်ဗျားအတွက်ပါ ဥက္ကဌယွင်... ကျန်တာကို ခင်ဗျားအတွေ့အကြုံရပြီးမှဆက်ပြောကြတာပေါ့... မှတ်ထားနော်.. တစ်နေ့သုံးကြိမ်စားရမှာ... ခင်ဗျားဘယ်လောက်စားစား အာနိသင်ကသုံးကြိမ်စာပဲရမယ်''
သူကပြောရင်းဆိုရင်း ယွင်ဟွားကိုမျက်စိကြည်ဂျင်ဆင်းပေးလိုက်သည်။
"ဒါချင်းလင်ဓာတ်ခွဲခန်းက အထူးပျိုးထောင်ထားတာ... ဥက္ကဌချင်ပေးလိုက်တဲ့ဟာပဲ... အာနိသင်ပိုကောင်းတယ်''
အာနိသင်ဘယ်လောက်ထက်လဲကတော့ ယွင်ဟွားသုံးကြည့်ပြီးမှအံ့ဩသွားလိမ့်မည်။
ယွင်ဟွားနည်းနည်းဇဝေဇဝါဖြစ်သွားသည်။ ချူယွဲ့နှင့်တွေ့ပြီးနောက် မျက်စိကြည်ဂျင်ဆင်းအာနိသင်ကိုသူဘယ်လိုအတည်ပြုရမလဲစဉ်းစားကြည့်သည်။
သူ့ကိုအနီးမှုန်ဟုတ်မဟုတ်မေးပြီး သူကိုယ်တိုင်စမ်းသပ်ဖို့မျက်စိကြည်ဂျင်ဆင်းတန်းပေးလိုက်မည်ဟုမထင်မိ။
တဲ့တိုးကြီးပါလား!
ဒါကလည်း တစ်ခုတော့သေချာသည်။ ဒီမျက်စိကြည်ဂျင်ဆင်းက အနီးမှုန်သမားအတွက်လုံးဝအာနိသင်ရှိရမည်။ မဟုတ်ရင် တဖက်ကဒီလောက်ယုံကြည်မှုရှိမှာမဟုတ်။
ထို့နောက် ချူယွဲ့က ချင်းလင်ဆေးဝါးမှလူများအား ယွင်ဟွားကိုရုံချန်းကျုံးမင်ဟိုတယ်မှာတည်းခိုဖို့စီစဉ်ပေးခိုင်းသည်။
ယွင်ဟွားကဟိုတယ်ရောက်ပြီးနောက် မျက်စိကြည်ဂျင်ဆင်းတန်းထုတ်ပြီး တပိုင်းဖြတ်ကာ ပါးစပ်ထဲထည့်လိုက်သည်။
အရသာနည်းနည်းခါးသော်လည်း မြိုချပြီးနောက် နည်းနည်းချိုသည်။
တိုတိုပြောရရင် ခါးပြီးမှချိုသည်။
ယွင်ဟွားမှာ ခရီးပမ်းနေပြီ။ အရည်အသွေး ၃ မျက်စိကြည်ဂျင်ဆင်းတပိုင်းစားပြီးနောက် သန့်စင်ခန်းထဲရေသွားချိုးလိုက်သည်။
သို့ရာတွင် သန့်စင်ခန်းထဲဝင်ဝင်ချင်း သူ့မျက်စိနွေးတေးတေးဖြစ်လာသည်ကိုခံစားမိသည်။
အရည်အသွေး ၃ မျက်စိကြည်ဂျင်ဆင်းကအာနိသင်ပြနေပြီ။
ယွင်ဟွားကမနေနိုင်ဘဲ မျက်မှန်ချွတ်ပြီးမျက်လုံးပွတ်ကြည့်သည်။ ထို့နောက် မျက်မှန်ပြန်တပ်၍ ရေပန်းဖွင့်ကာရေချိုးလိုက်သည်။
ယွင်ဟွားကရေချိုးပြီးနောက် ကုတင်ပေါ်တွင်အိပ်ပျော်သွား၏။
ခရီးတလျှောက်လုံး သူအရမ်းပမ်းနေပြီ။
နေဝင်သည်အထိ သူအိပ်ပစ်လိုက်၏။
သူနိုးလာသောအခါ မျက်လုံးပွတ်ကြည့်ပြီးကြောင်သွားသည်။ သူ့အနီးမှုန်ကအများကြီးပိုကောင်းလာသောကြောင့် သူအံ့ဩသွားသည်။ မျက်မှန်မပါဘဲ သူ့ရှေ့ကပစ္စည်းများကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။
သူစိတ်ထင်တာမဟုတ်။
သူမျက်မှန်ပြန်တပ်ကြည့်ရာ မျက်မှန်ပါဝါကအရမ်းမြင့်နေမှန်းသိလိုက်သည်။
သူကမျက်မှန်လုပ်ငန်းလုပ်နေသူဖြစ်၍ အရင်သူ့အနီးမှုန်ပါဝါ ၅၀၀ က အခု ၄၀၀ လောက်သာရှိတော့မှန်း တန်းသိသည်။
ဒီလိုအာနိသင်ရှိသောကြောင့် မယုံနိုင်လောက်အောင်ဖြစ်မိသည်။
ဒါရိုက်တာချူပေးတဲ့မျက်စိကြည်ဂျင်ဆင်းအာနိသင်က ဒီလောက်သိသာလား?
ထို့နောက် ယွင်ဟွားပိုပြီးမျှော်လင့်မိသည်။ ညနေပိုင်းတွင်ညစာစားပြီး နောက်ထပ်ဂျင်ဆင်းတပိုင်းဖြတ်ကာထပ်စားလိုက်သည်။
မကြာမီ မျက်စိမှာနွေးတေးတေးဖြစ်လာပြန်သည်။
ထို့ကြောင့် ပိုမျှော်လင့်မိလေသည်။
Esolu က မင်လဲ့မျက်မှန်စျေးကွက်ကိုလုဖို့ အကြံထုတ်ပြီးဂွင်ဆင်ခဲ့သည်။
အခု Esolu အောင်မြင်ခါနီးမှာ သူတို့ထုတ်လုပ်ရေးကယာယီရပ်ဆိုင်းခံရပြီး ထိုမူပိုင်ခွင့်ပစ္စည်းကိုသုံးခွင့်မရှိတော့။ ဒါပေမဲ့ Esolu နားထင်သွေးရောက်နေတုန်း ဒီစားပွဲမှောက်သွားမည်ဟုတွေးမိမှာမဟုတ်ချေ။
……
နောက်တစ်နေ့_
ယွင်ဟွား မနက်အစောကြီးနိုးလာပြန်သည်။
သူနိုးလာသောအခါ ထုံးစံအတိုင်း အိပ်ရာဘေးစားပွဲပေါ်မှမျက်မှန်ကိုလိုက်စမ်းပြီးတပ်လိုက်သည်။
သို့ရာတွင် မျက်မှန်တပ်ပြီးနောက် သူ့အမြင်ဝါးနေကြောင်းသိလိုက်သည်။
မျက်မှန်ပါဝါက သူ့မျက်စိထက်အများကြီးပိုနေပြီ။
ပြီးမှ မနေ့ကစားထားသောမျက်စိကြည်ဂျင်ဆင်းကိုသတိရသည်။ သူကအမြန်မျက်မှန်ချွတ်လိုက်ရာ စောစောကထက်ပိုကြည်သွားသည်။
သူ့မျက်စိက ပါဝါ ၃၀၀ လောက်ရှိမည်ဟု သူတန်းသိလိုက်သည်။
"ကိုယ်တိုင်သာမကြုံရရင် ဒီလောက်ထူးခြားတဲ့ပစ္စည်းမျိုးရှိတာ ဘယ်သူယုံမလဲ?''
ယွင်ဟွား စိတ်လှုပ်ရှားနေသည်။ သူက မျက်စိကြည်ဂျင်ဆင်းကိုနောက်တပိုင်းဖြတ်ပြီး ပါးစပ်ထဲထည့်လိုက်သည်။
နောက်နှစ်ရက်ဆက်တိုက် ဂျင်ဆင်းသုံးပိုင်းဖြတ်ပြီးစားသည်။
တတိယမြောက်နေ့အိပ်ရာနိုးလာသောအခါ ယွင်ဟွားအံ့အားသင့်သွားသည်။
သူ့မျက်စိက လုံးဝပြန်ကောင်းသွားသောကြောင့်ပင်။
မျက်မှန်မပါဘဲ လောကကြီးကိုရှင်းရှင်းလင်းလင်းမြင်နေရသောကြောင့် သူအကြာကြီးကြောင်နေမိသည်။