← Chapters

မျက်စိကြည်ဂျင်ဆင်းကြောင့် ယွင်ဟွားအံ့ဩသွားပြီ! ၃

Vol. 72 Ch. 1071

မျက်စိကြည်ဂျင်ဆင်းကြောင့် ယွင်ဟွားအံ့ဩသွားပြီ! ၃

Vol. 72 Ch. 1071

ပြန်ကောင်းတဲ့အမြန်နှုန်းက လန့်လောက်စရာ။

အခုဆေးရုံမှာကြော်ငြာနေတဲ့လေဆာနဲ့ခွဲစိတ်မှုတောင် ပြန်ကောင်းဖို့နှစ်ရက်သုံးရက်ကြာမည်။ မျက်စိစမ်းသပ်ချိန်ပါထည့်ရင် ပိုကြာဦးမည်။

ယွင်ဟွားကမနက်စာမြန်မြန်စားပြီး ချူယွဲ့ကိုဖုန်းဆက်လိုက်သည်။

ဖုန်းဝင်သွားသောအခါ သူကလောလောနှင့်_

"ဒါရိုက်တာချူ.. ခင်ဗျားရဲ့ချင်းလင်ဆေးဝါးက မင်လဲ့ရှယ်ယာကိုယူဖို့စိတ်ဝင်စားလား? မင်လဲ့ကိုမျက်စိကြည်ဂျင်ဆင်းဖြန့်ဝေခွင့်ပေးရင်ရပြီ''

ချင်းလင်ဆေးဝါးက သူ့ကိုဘာကြောင့်ရှာမှန်းသူသိသည်။ မင်လဲ့မှဖောက်သည်အချက်အလက်များ၊ အရောင်းအဆက်အသွယ်များ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် တစ်နိုင်ငံလုံးအနှံ့သယ်ယူပို့ဆောင်ရေးရှိသောကြောင့်ပင်။

မျက်စိကြည်ဂျင်ဆင်းကို မင်လဲ့ဖောက်သည်များထံဖြန့်ဝေပြီး အမြင်ပြန်ကောင်းလာရင် ပြည်တွင်းကအနီးမှုန်များကြားပေါက်သွားလိမ့်မည်။

ဤနည်းဖြင့် အမြန်ဆုံးအရှိန်၊အနိမ့်ဆုံးစျေးနှင့် နိုင်ငံခြားမျက်မှန်ကုမ္ပဏီများကိုအရှိုက်ထိုးနိုင်မည်။

မျက်စိကြည်ဂျင်ဆင်းအာနိသင်ကိုသိပြီးနောက် ရင်းနှီးမြှုပ်နှံဖို့မပြောတော့၊ ရှယ်ယာယူဖို့တန်းပြောလိုက်သည်။

ချင်းလင်ဆေးဝါးက စားပွဲလှန်တော့မည်မှန်းသူသိသည်။ ရှေ့လျှောက် ပြည်တွင်းမှာအနီးမှုန်မျက်မှန်စျေးကွက်ရှိတော့မည်မဟုတ်။ အရင်ကမင်လဲ့၏အကြီးဆုံးလုပ်ငန်းက အနီးမှုန်မျက်မှန်ဖြစ်သည်။

ချင်းလင်ဆေးဝါးက မင်လဲ့ရှယ်ယာကိုမယူရင် သူတို့ပျက်စီးဖို့သာထိုင်စောင့်နေရတော့မည်။

အထူးသဖြင့် ချင်းလင်ဆေးဝါးကိုမင်လဲ့ရှယ်ယာပေးခြင်းက ချင်းလင်ကိုကုမ္ပဏီအပ်ခြင်းနှင့်အတူတူပင်။ သူ့ရှယ်ယာသေးရင် ချင်းလင်ကုမ္ပဏီမှာစီနီယာမန်နေဂျာလိုဖြစ်သွားသည်ဟုဆိုရမည်။

ဒါပေမဲ့ အတော်များများက သူ့လိုဆုံးဖြတ်ချက်ချကြလိမ့်မည်။

စျေးကွက်တန်ဖိုးဘီလီယံဆယ်ချီရှိသောကုမ္ပဏီ၏သူဌေးဖြစ်ပြီး အလားအလာအကန့်အသတ်ရှိနေခြင်းနှင့် ပင်ဂွင်းလိုအုပ်စုတစ်ခု၏စီနီယာမန်နေဂျာဖြစ်ပြီး ပင်ဂွင်းအုပ်စုခွဲ၏ရှယ်ယာတချို့ပိုင်ထားခြင်းမှာ ဘယ်ဟာကိုရွေးရမလဲလူတိုင်းသိလိမ့်မည်။

နောက်ပြီး မျက်စိကြည်ဂျင်ဆင်းဖြန့်ဝေခွင့်ရရင် မင်လဲ့ရဲ့စျေးကွက်တန်ဖိုးက လက်ရှိတန်ဖိုးထက်ကျော်လွန်သွားမည်ဟုသူယုံသည်။ အထူးသဖြင့် ချင်းလင်ကုမ္ပဏီအဖွဲ့ထဲဝင်လိုက်ရင် သူ့အနေအထားက လုံးဝပြောင်းသွားမည်။

"ဥက္ကဌယွင်.. အသေးစိတ်ကိုကုမ္ပဏီမှာပြောကြတာပေါ့!''

ယွင်ဟွားစကားကြောင့် ချူယွဲ့ကပြုံးပြီးဖုန်းချလိုက်သည်။

တဖက်နဲ့ဘယ်လိုညှိနှိုင်းရမလဲ သူစဉ်းစားနေတုန်းရှိသေး။ ဘာပဲဖြစ်ဖြစ် သူ့မူလရည်ရွယ်ချက်ကမင်လဲ့ကိုယူဖို့ဖြစ်သော်လည်း ဥက္ကဌယွင်ကိုယ်တိုင်က ဒီကိစ္စပြောလာမည်ဟုမထင်မိပေ။

ယွင်ဟွားလည်း ချင်းလင်ဆေးဝါးကိုအမြန်ဆုံးရောက်လာပြီး ချူယွဲ့နှင့်တွေ့သည်။ နှစ်ယောက်သားအများကြီးဆွေးနွေးပြီး နောက်ဆုံးစာချုပ်တချို့ချုပ်ကြသည်။ ပူးပေါင်းရေးအတွက်အရေးအကြီးဆုံးအချက်နှစ်ချက်ကိုလည်းအတည်ပြုကြသည်။

တစ်: ချင်းလင်ဆေးဝါးက မင်လဲ့ကိုထိန်းချုပ်မည်။

နှစ်: ချင်းလင်ဆေးဝါးက မင်လဲ့ကိုမျက်စိကြည်ဂျင်ဆင်းဖြန့်ဝေခွင့်ပေးမည်။

တနည်းပြောရရင် မင်လဲ့ကချင်းလင်ဆေးဝါးမှမျက်စိကြည်ဂျင်ဆင်းကိုရောင်းချင်ရင် ချင်းလင်ဆေးဝါးကိုအော်ဒါတင်ရမည်။ ချင်းလင်ဆေးဝါးကမင်လဲ့ကိုထိန်းချုပ်ထားသောကြောင့် အမြတ်အများစုက ချင်းလင်ဆေးဝါးထဲရောက်မည်။

မမျှမတပူးပေါင်းမှုပင်။

ဒါပေမဲ့ တစ်ခါတလေ ပူးပေါင်းခြင်းက မျှတဖို့မဟုတ်။ နှစ်ဦးနှစ်ဖက်အပေးအယူလုပ်ဖို့ဖြစ်သည်။

ယွင်ဟွားအဖို့အပေးအယူကောင်းဖြစ်သောကြောင့် စာချုပ်ချုပ်ပြီးနောက် မင်လဲ့ကုမ္ပဏီကိုအမြန်ဆုံးပြန်သွားသည်။

မင်လဲ့က ချင်းလင်ဆေးဝါးနှင့်ပူးပေါင်းလုပ်ရန် အမြန်ဆုံးအစီအစဉ်ဆွဲသည်။

ယွင်ဟွားကုမ္ပဏီပြန်ရောက်ရောက်ချင်း အစည်းအဝေးလုပ်ပြီး ကုမ္ပဏီစတိုးဆိုင်များမှအရောင်းအားလုံးရပ်ဆိုင်းရန်ညွှန်ကြားသည်။ မျက်မှန်အားလုံးပြန်သိမ်းပြီး ဆိုင်တံဆိပ်များ၊ကြော်ငြာအားလုံးဖြုတ်သည်။

ဆိုင်းဘုတ်အသစ်၊ကြော်ငြာအသစ်ကတော့...

နောက်ပြီး ကုမ္ပဏီ၏အနီးမှုန်မျက်မှန်ထုတ်လုပ်ရေးရပ်ဆိုင်းပြီး ထုတ်လုပ်ရေးလိုင်းများကိုစျေးပေါပေါနှင့်ရောင်းပစ်သည်။

ယွင်ဟွား၏ညွှန်ကြားချက်များကြောင့် မင်လဲ့ကလူများမှာဇဝေဇဝါနှင့်သို့လောသို့လောဖြစ်နေကြသည်။

သို့ရာတွင် မင်လဲ့ကုမ္ပဏီတစ်ခုလုံးကလိုက်လုပ်ကြ၏။ တချို့က ရင်တမမဖြစ်နေကြသည်။

ဒီလုပ်ရပ်တွေက အနီးမှုန်မျက်မှန်လုပ်ငန်းကိုလက်လျှော့နေသည်နှင့်အတူတူပင်။

မျက်မှန်ရောင်းတဲ့ကုမ္ပဏီက ဒီလုပ်ငန်းကိုလက်လျှော့နေတာလား?

ထိုအချိန်တွင် လက်ထောက်တစ်ယောက်ကအပြေးရောက်လာပြီး ယွင်ဟွားအား_

"ဥက္ကဌယွင်... Esolu ကလူတွေရောက်နေပြီ... သူတို့ဥက္ကဌ Paul ကိုယ်တိုင်လာတာ... သူတို့ဘာလို့ဒီရောက်နေလဲ ဥက္ကဌယွင်သိပါလိမ့်မယ်တဲ့''

"Paul!''

ထိုနာမည်ကြားပြီး ယွင်ဟွားမျက်နှာပျက်သွားသည်။ ဒီလူက မင်လဲ့ကိုလမ်းဆုံးရောက်အောင်ပို့တဲ့သူ။

ဒါမှမဟုတ် ပြည်တွင်းမျက်မှန်စျေးကွက်ကိုအကြမ်းပတမ်းဝင်ရောက်လာသူပင်။ အကြံအစည်အမျိုးမျိုးနှင့် ပြည်တွင်းမျက်မှန်စျေးကွက်ကိုတိုက်ခိုက်ယူခဲ့သည်။

ပြီးတော့ သူတို့မင်လဲ့က ရန်သူရဲ့နောက်ဆုံးပစ်မှတ်ဖြစ်သည်။

"သူတို့ကိုဧည့်ခန်းထဲခေါ်လိုက်''

ယွင်ဟွားကမျက်မှောင်ကြုတ်ပြီးပြောသည်။

လက်ထောက်ကခေါင်းညိမ့်ပြီး ခပ်သုတ်သုတ်ထွက်သွားသည်။

မကြာမီ_

ယွင်ဟွားနှင့် Paul က တန်းဆုံကြသည်။ သူကဝတ်စုံပြည့်နှင့် မျက်မှန်တပ်ထား၏။ အရင်သုံးလေးလကထိပ်ပြောင်နေပြီး အခုတော့ဆံပင်များထူထဲနေပြီ။ ချင်းလင်ကုမ္ပဏီကရေပူစမ်းဆေးမှုန့်သုံးထားပုံပင်။

Paul က ရည်ရွယ်ချက်ကြီးသူဖြစ်သည်။ ကမ္ဘာမှာ အနီးမှုန် ၂.၆ ဘီလီယံရှိပြီး ဒီနိုင်ငံမှာ သန်း ၇၀၀ ရှိ၍ လေးပုံတစ်ပုံကျော်သည်။

ဒီတော့ ဒီစျေးကွက်ကိုရရင် တစ်ပြည်ထောင်ပြီးဒီပြည်မှာအုပ်စိုးနိုင်သည်။

Karl Zeith နှင့် Hendry လိုကုမ္ပဏီများက ဒီပြည်မှာမြင့်မြတ်သူများပင်။ ဒီပြည်မှာသုံးတဲ့တန်ဖိုးနဲ့ပစ္စည်းက သူ့အလိုကျဖြစ်မည်။

ဒီကစကားနဲ့ပြောရရင် အကြီးအကျယ်ခေါင်းပုံဖြတ်နိုင်မည်။ သူတို့လုပ်ချင်သလိုလုပ်၊ ခေါင်းပုံဖြတ်ခံရသူက လုံးဝတုံ့ပြန်မှာမဟုတ်။

ဒါကြောင့် သူကိုယ်တိုင်မင်လဲ့ကိုလာခဲ့ခြင်းပင်။

ဘုရင်တွေက သူတို့တိုင်းပြည်ကိုတပြေးညီဖြစ်စေချင်ရင် နောက်ဆုံးရန်သူကို သူတို့ကိုယ်တိုင်ကြွပြီးတွေ့တတ်သည်။ နောက်ဆုံးမှာ ရန်သူကို သူတို့ခြေရင်းပြားပြားဝပ်စေပြီး နိုင်ငံပေါင်းစည်းခြင်းဂုဏ်သိက္ခာအဖြစ်အုတ်မြစ်ချမည်။

အခု ဒီမင်လဲ့က သူတို့ရဲ့နောက်ဆုံးရန်သူ။

"မစ္စတာယွင်.. ကျုပ်ဒီနေ့ဘာလို့ရောက်လာလဲ မင်းသိပါလိမ့်မယ်''

ယွင်ဟွားကိုတွေ့ပြီး Paul ကအချိန်ဖြုန်းမနေဘဲလိုရင်းတန်းပြောလိုက်သည်_

"မင်းအမှုရှုံးမှတော့ ရွေးချယ်စရာမရှိတော့ဘူး... မင်လဲ့ကိုရောင်းပြီး ငွေရေးကြေးရေးပူစရာမလိုတဲ့သူဌေးလုပ်မလား? ဒါမှမဟုတ်.. လုံးဝပျက်စီးတဲ့အထိနေပြီးဒေဝါလီခံမလား?''

သူကခြိမ်းခြောက်သံနှင့်_

"မစ္စတာယွင်ကဉာဏ်ကောင်းတော့ ဘာရွေးရမလဲသိမယ်ထင်ပါတယ်!''

All Chapters