စက်ရုံအရင်ရောင်း!
Vol. 72 Ch. 1072
ထိုသို့ပြောပြီး Paul က သူ့ဘေးဆိုဖာခုံပေါ်တွင်ယုံကြည်မှုအပြည့်နှင့်ထိုင်ချလိုက်သည်။
သူကအနိုင်ပိုင်းမည့်သူ။
ဒေဝါလီခံရတော့မယ်ဆိုရင် ဘာလုပ်ရမလဲလူတိုင်းသိသည်။
Paul ထောင်လွှားနေပုံကို ယွင်ဟွားလုံးဝကြည့်မရ။
အရင်က သူ့မှာတကယ်ရွေးချယ်စရာမရှိပေမဲ့ အခုတော့မတူ။
Paul ကပြည်တွင်းမျက်မှန်စျေးကွက်ကိုသူရတော့မည်ထင်နေသည်။ သို့သော် သူဘာနဲ့ထိပ်တိုက်တွေ့ရတော့မလဲသူမသိချေ။
မျက်စိကြည်ဂျင်ဆင်းအကြောင်းပြောလိုက်ရင် သူဘယ်လိုဖြစ်သွားမလဲယွင်ဟွားသိချင်သည်။
သို့သော်လည်း သူကမြိုသိပ်ထားပြီး မျက်လုံးလှန်ကြည့်ကာ Paul အား အသံတိုးတိုးနှင့်_
"မစ္စတာ Paul.. ဒီတစ်ခါ ကျွန်တော်ရှုံးတာလက်ခံပါတယ်... ကျွန်တော်ဘယ်လိုအခြေအနေနဲ့ရင်ဆိုင်နေရလဲသိတယ်''
"အဲဒီတော့ မစ္စတာ Paul ပြောတဲ့အတိုင်း ဒေဝါလီခံရမလား သူဌေးလုပ်ရမလား.. ဘယ်ဟာကိုရွေးသင့်လဲ ကျွန်တော်သိတယ်''
"ကျွန်တော်တို့စက်ရုံ ကိရိယာနဲ့ပစ္စည်းတွေအကုန် မစ္စတာ Paul တို့ Esolu ကုမ္ပဏီကိုပဲရောင်းချင်ပါတယ်''
"ဟား ဟား ဟား မစ္စတာယွင်''
Paul က ရယ်ပြီး_
"မင်း အကောင်းဆုံးကိုရွေးချယ်လိုက်တာပဲ''
ဒါ သူထင်ထားတဲ့အတိုင်း ကွက်တိ!
မင်လဲ့ကိုမထုတ်ချင်တဲ့အကြောင်းရင်းက စျေးကွက်ထဲမှာသူတို့စျေးကွက်ရှိနေသေးသောကြောင့်ပင်။ မျှော်လင့်ချက်ရှိသေးရင် ယုံကြည်ချက်နည်းနည်းရှိသေးသည်။
အခုသူတို့ထုတ်လုပ်ရေးရပ်ဆိုင်းရပြီး မူပိုင်ခွင့်ဆိုင်ရာပစ္စည်းများသုံးခွင့်မရှိသောကြောင့် သူတို့မရောင်းချင်လည်းရောင်းရတော့မည်။
Paul က အားရပါးရပြုံးလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူ့အစီအစဉ်အထမြောက်တော့မည်။
ဘုရင်တစ်ပါးအပျော်ဆုံးအချိန်က သူတိုင်းပြည်ကိုစုစည်းနိုင်သည့်အချိန်ဖြစ်မည်။
Karl Zeith လိုဘရန်းများက မျက်မှန်စျေးကွက်ကြီးကိုပိုင်ဆိုင်ထားဆဲဖြစ်သော်လည်း တဖက်ကသူနှင့်သီးသန့်ပူးပေါင်းရေးသဘောတူညီချက်လက်မှတ်ထိုးထားသည်။
သူ့မှာ စျေးနှုန်းနှင့်စည်းမျည်းများချမှတ်နိုင်စွမ်းရှိသည်။
ဒီလောက်ဆိုရပြီ။
"မစ္စတာ Paul... အရင်ဆုံး စာချုပ်ချုပ်ကြမလား?''
ယွင်ဟွားကလောလောနှင့်မေးသည်။
"ဟား ဟား.. မစ္စတာယွင်သဘောအတိုင်းပါပဲ''
Paul က ဘာမှမရိပ်မိ။
ဒါမှမဟုတ် သူဘာမှသံသယရှိစရာမလို။
မျက်မှန်ကုမ္ပဏီတစ်ခုက သူတို့စက်ရုံ၊ကိရိယာ၊ပစ္စည်းတွေရောင်းတာ သူတို့ဘာမှလုပ်စရာမလိုပေ။
"ခဏစောင့်ပါ မစ္စတာ Paul''
ယွင်ဟွားက Paul ကိုပြောပြီးနောက် Paul ၏ကျေနပ်နေသောအကြည့်အောက်တွင် ဧည့်ခန်းထဲမှထွက်လာသည်။
ဧည့်ခန်းထဲမှထွက်ထွက်ချင်း သူ့ရှေ့နေကိုတိတ်တဆိတ်ဖုန်းဆက်သည်။
မကြာမီ ရှေ့နေကသူ့ရုံးရောက်လာ၏။
ရှေ့နေကို စာချုပ်အကြမ်းဆွဲခိုင်းသည်။ စာချုပ်အကြောင်း ကုမ္ပဏီကဘယ်သူ့ကိုမှမသိမပေး။
သတင်းကြားကြားချင်းရှယ်ယာပြန်ထုတ်သွားကြသောရှယ်ယာရှင်များမှလွဲ၍ ကျန်သောရှယ်ယာရှင်နှစ်ယောက်မှာကုမ္ပဏီစီမံရေးတာဝန်ခံဖြစ်၍ ရှယ်ယာသိပ်မကျန်တော့။
အခု ချင်းလင်ဆေးဝါးနှင့်စာချုပ်ချုပ်ထား၍ သူတို့ရှယ်ယာထပ်ပြီးထိန်းချုပ်ခံရသောကြောင့် ရှေ့လျှောက်ရှယ်ယာပိုသေးသွားမည်။
စာချုပ်ဆွဲပြီးနောက် ယွင်ဟွားကဧည့်ခန်းထဲပြန်သွားသည်။
Paul က စိတ်ကြည်နေသောကြောင့် သူ့ဘေးမှနိုင်ငံခြားသားနှစ်ယောက်နှင့်စကားပြောနေသည်။ ယွင်ဟွားဝင်လာသောအခါ သူကပြုံးပြီး_
"မစ္စတာယွင်... မင်းစာချုပ်ပြင်တာမြန်လှချည်လား''
သူအလျင်လိုနေပုံကြောင့် တဖက်စကားမှာ အနည်းနဲ့အများလှောင်သံပါနေသည်။
ဘာပဲဖြစ်ဖြစ် အရင်ကအသိမ်းမခံချင်ပေမဲ့ အခုတော့လောရကောင်းမှန်းသိနေပြီပေါ့။
"အသုံးလည်းမဝင်တော့ဘူးမလား?''
ယွင်ဟွားကရှက်ဟန်ဆောင်ပြီး ဆက်လျှောက်လာသည်။ သူ့လက်ထဲမှစာချုပ်ကို Paul ဆီလှမ်းပေးပြီး_
"မစ္စတာ Paul... ဒီစက်ရုံ ကိရိယာ ပစ္စည်းတွေလွှဲပြောင်းကြောင်းစာချုပ်ကိုတစ်ချက်ကြည့်လိုက်ပါဦး''
Paul ကပြုံးပြုံးနှင့်စာချုပ်ကိုကြည့်လိုက်သောလည်း စာချုပ်ပေါ်မှစျေးနှုန်းမြင်ပြီး မျက်နှာမဲသွားကာ_
"မစ္စတာယွင်.. နောက်နေတာလား? မင်းရဲ့ကိရိယာတွေကိုအသစ်စျေးနဲ့ရောင်းရအောင် အသစ်စက်စက်မှမဟုတ်တာ... ပစ္စည်းတွေရဲ့တန်ဖိုးကလည်း အများကြီးတက်နေတယ်''
ယွင်ဟွားကရယ်လိုက်ပြီး_
"မစ္စတာ Paul... ဒါကျွန်တော်ဝယ်ထားတဲ့စျေးအတိုင်း တန်ဖိုးချထားတာ... ကျွန်တော် အ တာဖြစ်ချင်ဖြစ်မယ်... အရင်ကအလိမ်ခံရလို့စျေးကြီးမိထားတာ... ကျွန်တော်သာဉာဏ်ကောင်းရင် ဒီလိုစိတ်ပျက်စရာအခြေအနေမျိုးရောက်လာမှာမဟုတ်ဘူး''
"အခုဒီစျေးနဲ့ရောင်းချင်တယ်... မစ္စတာ Paul မဝယ်ချင်ရင်တော့ တခြားရင်းနှီးမြှုပ်နှံသူတွေရှာပြီး ပစ္စည်းအသစ်ကိုသုတေသနလုပ်ရမှာပေါ့''
"အလွန်ဆုံး ဖယ်ထားတဲ့ပစ္စည်းတွေသုံးပြီး မျက်မှန်စျေးလျှော့ပေးရုံပဲ... ဘာပိုက်ဆံမှမရရင်တောင် ၁ နှစ် ၂ နှစ်ထိန်းထားနိုင်သေးတာပေါ့''
ယွင်ဟွားကပြောရင်း စိတ်ထဲကလိကလိဖြစ်နေသည်။
သူကငွေညှစ်နေခြင်းပင်။
အကြောင်းမှာ Paul ကသူ့ကိုယ်သူမျက်မှန်စျေးကွက်ဘုရင်ဟုပြောတာ သူကြားဖူးသည်။ ဒီနေ့ သူနဲ့ပတ်သက်ရမှ Paul အကြောင်းပိုသိလာသည်။
သူတို့မင်လဲ့မရှိရင် တဖက်ကအတားအဆီးမရှိတော့။
"မစ္စတာယွင်.. ကောင်းလိုက်တဲ့အစီအစဉ်ပါလား!''
Paul မျက်နှာပုပ်သိုးသွားသည်။
ယွင်ဟွားရည်ရွယ်ချက်ကို သူသိပြီ။
ဒါကြောင့် သူစိတ်တိုသွားသည်။
နောက်ထပ် ၂ နှစ် သူအချိန်မဖြုန်းချင်။
ဘုရင်တွေအမုန်းဆုံးက ပုန်ကန်သူတွေ၊သူတို့နိုင်ငံကိုသစ္စာဖောက်သူတွေပင်။
တဖက်ရည်ရွယ်ချက်က ရှင်းသည်။ သူ့စျေးကိုမကြိုက်ရင် သူသစ္စာဖောက်လုပ်မည်။
ဒီတော့ သူတန်ဖိုးကိုလက်ခံရမှာပေါ့။
ဒါပေမဲ့ ဒါကလည်း တဖက်ကဒီစျေးကွက်မှယတိပြတ်နှုတ်ထွက်မည်ဖြစ်ကြောင်း သက်သေပြခြင်းဖြစ်သည်။ မဟုတ်ရင် သူတို့စက်ရုံ၊ကိရိယာနဲ့ပစ္စည်းတွေရောင်းမှာမဟုတ်။
အနည်းဆုံးတော့ ဒါသတင်းကောင်းပင်။ သူတို့ကိုတားနိုင်မည့်သူမရှိတော့။
နောက်ပြီး ဒီပိုက်ဆံကသိုးဝယ်ခြင်းဖြစ်သည်။ နောက်ပိုင်းစျေးတင်လိုက်ရင် မကြာခင်ဒီပိုက်ဆံပြန်ရမည်။
"မစ္စတာယွင်... မင်းရဲ့စျေးကိုလက်ခံတယ်''
နောက်ဆုံး Paul ကမျက်နှာပျက်ပျက်နှင့်ခေါင်းညိမ့်ပြီး_
"ဒါပေမဲ့ မင်လဲ့ရဲ့ဆိုင်တွေ ဖောက်သည်အချက်အလက်တွေ ဝန်ထမ်းတွေရချင်သေးတယ်!''