← Chapters

သွားပြီ! လုံးဝသွားပြီ!

Vol. 72 Ch. 1075

သွားပြီ! လုံးဝသွားပြီ!

Vol. 72 Ch. 1075

ချင်းလင်ဆေးဝါးကရုတ်တရက် မျက်စိကြည်ဂျင်ဆင်းကိုမိတ်ဆက်လာသောကြောင့် အတော်များများစိတ်ဝင်စားနေကြသည်။

ဘာပဲဖြစ်​ဖြစ် ပြည်တွင်းအနီးမှုန်စျေးကွက်ကသန်း ၇၀၀ ကျော်သည်။ ဒီစျေးကွက်ကြီးက အမြတ်ကြီးသောကြောင့် ဘယ်သူမှစီးပွားမပျက်ချင်။

ချင်လင်က မျက်စိကြည်ဂျင်ဆင်းကြော်ငြာကိုအာရုံစိုက်နေသည်။

သို့ရာတွင် မျက်စိကြည်ဂျင်ဆင်းကိုပထမဆုံးပစ်မှတ်ထားလာသူက မျက်မှန်ကုမ္ပဏီမဟုတ်ဘဲ ဆေးရုံတစ်ရုံဖြစ်နေမည်ဟု သူမထင်မိပေ။

ထိုဆေးရုံကလည်း ပြည်တွင်းမှာအလွန်နာမည်ကြီးသည်။ အနီးမှုန်ခွဲစိတ်ကုသသောဆေးရုံဖြစ်ပြီး အဓိကမျက်စိခွဲစိတ်မှု ၄ မျိုးစလုံးအတွက်ကောင်းသည်ဟုသိထားကြသည်။

မျက်မှန်နှင့်ဆရာဝန်က ဒေါသသံနှင့်_

"လူနာကအနီးမှုန်.. မျက်မှန်တပ်ရတာတောင် နေသာထိုင်သာရှိတာမဟုတ်ဘူး... အဲဒီအာနိသင်တွေကိုချဲ့ကားပြောပြီး အနီးမှုန်လူနာတွေဒုက္ခရောက်အောင်မလုပ်ပါနဲ့... အရမ်းတာဝန်မဲ့တဲ့လုပ်ရပ်ပဲ''

ဆေးရုံဖော်ပြချက်တွင် ချင်းလင်ဆေးဝါးကိုသော်လည်းကောင်း၊မျက်စိကြည်ဂျင်ဆင်းကိုသော်လည်းကောင်း ထည့်ပြောမထားသော်လည်း စကားလုံးတိုင်းကသူတို့ကိုဦးတည်နေသည်။

သို့သော် ချင်လင်က ဆေးရုံမှတ်ချက်ကိုသိပ်အာရုံမထား။ သတင်းဖတ်ပြီး ခေါင်းထဲကထုတ်ပစ်လိုက်သည်။

ဟာသပဲ။

မျက်စိကြည်ဂျင်ဆင်းအာနိသင်က ဆေးရုံစကားကြောင့်ပြောင်းလဲသွားမှာမဟုတ်။

ရှင်းရှင်းပြောရရင် ကျိုင်းကောင်က ကားကိုတားနေသလိုပင်။

ဆေးရုံမှတ်ချက်ကိုမြင်တာ ချင်လင်တစ်ယောက်တည်းမဟုတ်ပေ။ လိုင်းပေါ်ကအတော်များများမြင်ကြသည်။

ဘာပဲဖြစ်ဖြစ် ချင်းလင်ဆေးဝါးနဲ့မျက်စိကြည်ဂျင်ဆင်းကပေါက်နေသောကြောင့် ရုတ်တရက်မျက်စိကြည်ဂျင်ဆင်းအကြောင်းပြောသူထွက်လာရင် အားလုံးအာရုံစိုက်ခံရမည်။ နာမည်မကြီးဘဲမနေ။

ချန်တပေါင်က ဗီဒီယိုကြည့်နေသည်။ သူကမျက်မှန်ထူကြီးတပ်ပြီး ဆေးရုံဆရာဝန်အား မသတီသံနှင့်_

"ခွဲစိတ်တဲ့ဆရာဝန်ကိုယ်တိုင်က မျက်မှန်နဲ့... ဟာသတွေလုပ်နေတာလား?''

နောက်ခဏတွင် Wechat မှစာဝင်လာသည်:

'လူကြီးမင်းချန်.. ကျွန်တော်တို့မှာမျက်စိကြည်ဂျင်ဆင်းမရှိသေးပေမဲ့ ကြိုတင်စာရင်းလက်ခံပါတယ်... စာရင်းလာသွင်းနိုင်ပါတယ်ဗျ... သက်ဆိုင်ရာအကြောင်းအရာတွေရှင်းပြပေးပါမယ်''

မင်လဲ့မျက်မှန်ဆိုင်မှ ချင်းလင်မင်လဲ့ဆိုင်ဖြစ်သွားပြီး စာပို့လာခြင်းပင်။

ဒီလိုအချိန်မှ မျက်စိကြည်ဂျင်ဆင်းကြော်ငြာကဝင်လာသည်။ အွန်လိုင်းအော်ဒါလက်မခံဘဲ ချင်းလင်မင်လဲ့ဆိုင်မှာစာရင်းသွင်းထားသူများသာဝယ်နိုင်မည်တဲ့။

အကြောင်းရင်းက ရှင်းသည် - ဖောက်သည်အချက်အလက်ပင်။

မျက်စိကြည်ဂျင်ဆင်းအာနိသင်ကိုသိပြီးရင် Esolu၊ Carl Zeith၊ Hendi နဲ့ Haichang လိုကုမ္ပဏီတွေရဲ့ဖောက်သည်တွေဘယ်လိုဖြစ်သွားမလဲ?

ချင်းလင်မင်လဲ့ဆိုင်ကို အပြေးအလွှားစာရင်းလာသွင်းကြလိမ့်မည်။

ဒီကုမ္ပဏီတွေရဲ့ဖောက်သည်အချက်အလက်ကိုအလွယ်တကူရနိုင်ရုံသာမက ဝယ်လိုအားမြင့်စျေးကွက်ပုံစံလည်းဖြစ်သွားမည်။

ထူးခြားတဲ့အာနိသင်နဲ့စျေးကွက်ဝယ်လိုအားမြင့်ရင် ဘယ်လိုဖြစ်မလဲ?

ချင်းလင်ဆေးဝါးအတွက်အကျိုးအမြတ်ကြီးပြီး Esolu လိုကုမ္ပဏီတွေကဒုက္ခရောက်မှာပေါ့။

စာမြင်ပြီး ချန်တပေါင်မျက်နှာဝင်းလက်သွားကာ အပြေးထွက်လာသည်။

သူ့အနီးမှုန်ကဆိုးသည်။ အရင်က သူမသိခဲ့။ စောင်ခြုံထဲဝတ္ထုတွေခိုးဖတ်၊ဂိမ်းတွေဆော့ပြီး တဖြည်းဖြည်းအနီးမှုန်လာသည်။

အနီးမှုန်ပြီဆိုတာနှင့် ပြန်ကောင်းဖို့မဖြစ်နိုင်။ အချိန်လွန်သည်နှင့်အမျှ မျက်မှန်ပါဝါတက်လာမည်။

ထို့ကြောင့် အခုမျက်မှန်ထူကြီးတပ်ထားရသည်။

အနီးမှုန်ကိုလေဆာနဲ့ခွဲစိတ်ဖို့လည်းစဉ်းစားဖူးသည်။

ဒါပေမဲ့ အနီးမှုန်ကုတဲ့ဆရာကိုယ်တိုင်ကမျက်မှန်နဲ့ဆိုတော့ သူလည်းအရူးမဟုတ်။

ကံကောင်းချင်တော့ သူကမင်လဲ့ဖောက်သည်ဖြစ်၍ မင်လဲ့ဆိုင်မှာမျက်စိကြည်ဂျင်ဆင်းပထမအသုတ်ဝယ်နိုင်တော့မည်။

မင်လဲ့မျက်မှန်တွေက စျေးသက်သာသည်။

ပစ္စည်း၊အရည်အသွေးက Esolu၊ Henry တို့လောက်မကောင်းတာမဟုတ်ဘဲ နာမည်မကြီးရုံသာ။

မင်လဲ့မျက်မှန်ကစျေးပေါ၍ ချန်တပေါင်ရွေးခြင်းမဟုတ်။ လက်ရှိပြည်တွင်းမျက်မှန်အ​ခြေအနေကိုသူနားလည်သည်။

ပြည်တွင်းမျက်မှန်စျေးကွက်ကို နိုင်ငံခြားကုမ္ပဏီတွေလက်ဝါးကြီးအုပ်ထားမှန်းသူသိသည်။

ဒါကြောင့် ပြည်တွင်းမျက်မှန်စျေးကွက်ကိုသူအားပေးခြင်းပင်။

သူ့အလုပ်က တစ်နှစ်ကိုအနည်းဆုံးယွမ် ၃၀၀၀၀၀ ဝင်သည်။

တဖက်တွင် မင်လဲ့မျက်မှန်ကိုအားပေးခဲ့တာ ဒီတစ်ခါအကျိုးအမြတ်ရတော့မည်။ အခုမျက်စိကြည်ဂျင်ဆင်းပထမအသုတ်ကိုဝယ်ခွင့်ရပြီ။

ဒါသူ့အတွက်လုံးဝသတင်းကောင်းပင်။

ချင်းလင်ကုမ္ပဏီနာမည်ကြောင့် မျက်စိကြည်ဂျင်ဆင်းကသေချာပေါက်အာနိသင်ရှိမည်။

မြန်မြန်ဆန်ဆန်ပင် ချန်တပေါင်ကအနီးဆုံးမင်လဲ့ဆိုင်ရောက်သွားသည်။

ဆိုင်နာမည်က ချင်းလင်မင်လဲ့ဖြစ်သွား၏။

ဆိုင်ဝန်ထမ်းကလည်း 'ချင်းလင်'စာလုံးပါသောယူနီဖောင်းပြောင်းဝတ်ထားသည်။

မင်လဲ့ရုံးချုပ်က ယူနီဖောင်းဒီဇိုင်း၊ပုံစံနှင့်အရောင်ကို အချိန်နှင့်တပြေးညီပို့ပေးသည်။ ဆိုင်မှာအပ်ရသောကြောင့် နည်းနည်းအကြမ်းထည်ဆန်နေသည်။ နောက်ပိုင်းအချိန်ရမှသာ ရုံးကထုတ်မည်။

သို့ရာတွင် ချင်းလင်နာမည်ကြောင့် အဝတ်အစားကအကြမ်းထည်ဖြစ်သော်လည်း အဆင့်အတန်းရှိပုံပေါက်နေသည်။

အနည်းဆုံးတော့ ချန်တပေါင်ကကြည့်ပြီး ဒီလိုမြင်မိသည်။

ဆိုင်ဝန်ထမ်းတစ်ဦးက ချန်တပေါင်ကိုဆိုင်ထဲခေါ်လာသည်_

"လူကြီးမင်းချန် ကြွပါ... အချက်အလက်အတည်ပြုဖို့ ID ကတ်လိုပါတယ်... ဒါချင်းလင်ဆေးဝါးကုမ္ပဏီရဲ့ဖြည့်ရမယ့်ပုံစံပါ''

ချန်တပေါင်ကခေါင်းညိမ့်ပြီး ID ကတ်ထုတ်သည်။ မျက်စိကြည်ဂျင်ဆင်းပထမအသုတ်ဝယ်မည့်သူဖြစ်၍ ပိုအလေးထားသလို၊ဂုဏ်ရှိသလိုခံစားရသည်။

ဆိုင်မှာလူစည်နေပြီ။

အတော်များများက ချန်တပေါင်လို ID ကတ်ထုတ်ပြီးအတည်ပြုနေကြသည်။

ထိုလူများက သူ့လိုမင်လဲ့ဖောက်သည်များ ဒါမှမဟုတ် စာရင်းသွင်းရန်လောနေသူများပင်။

အခုမှစရုံရှိသေး လူများနေပြီ။ ခဏနေ လူတန်းဖြစ်တော့မည်။

ဒါကလည်း ချင်းလင်ဆေးဝါးကုမ္ပဏီရဲ့မျက်စိကြည်ဂျင်ဆင်းကို အာနိသင်တောင်မသိရသေးခင် ဘယ်လောက်စိတ်ဝင်စားကြကြောင်းသက်သေပြနေခြင်းပင်။

All Chapters