← Chapters

ကံလို့ဆိုနိုင်လား?

Vol. 72 Ch. 1077

ကံလို့ဆိုနိုင်လား?

Vol. 72 Ch. 1077

နောက်အချိန်များတွင် Paul က အခန်းတံခါးပိတ်နေသည်။

သူနည်းလမ်းရှာရဦးမည်။

သို့သော် ဘယ်လောက်စဉ်းစားစဉ်းစား ဒီနိုင်ငံမှာအချည်းနှီးဖြစ်နေလိမ့်မည်။

မျက်စိကြည်ဂျင်ဆင်းအာနိသင်ကထက်လွန်းသောကြောင့်ပင်။

စီးပွားရေးနည်းဗျူဟာတွေနဲ့တိတ်တဆိတ်ဖြေရှင်းရင် ပြည်တွင်းအရာရှိတွေကကြည့်နေမှာမဟုတ်။

Carl Zeith တို့လိုကုမ္ပဏီတွေနဲ့ပေါင်းပြီး စျေးကွက်ကိုလက်ဝါးကြီးအုပ်ရင် ပြည်တွင်းအရာရှိတွေသေချာပေါက်သိသွားမည်။

သူ မသမာနည်းသုံးရင် တဖက်လူကိုသူကိုယ်တိုင်ဓားပေးပြီး ထိုးခိုင်းတာနဲ့အတူတူပင်။

မျက်စိကြည်ဂျင်ဆင်းကိုတန်ပြန်နိုင်မယ့်နည်းလမ်း Paul စဉ်းစားမရတော့။

နောက်ဆုံး သူ့နိုင်ငံစျေးကွက်ကိုသာတွေးမိသည်။

နိုင်ငံခြားစျေးကွက်မှာ သူ့ငွေအရင်းအနှီးနဲ့သတင်းပိတ်ဆို့မှုများကိုဖယ်ရှားနိုင်သည်။

သူတို့ Esolu က ကောင်စီကိုထောက်ပံ့ထားသောကြောင့် ပြန်အသုံးချချိန်တန်ပြီ။

ဒီနည်းကိုစဉ်းစားမိပြီး ချက်ချင်းတစ်ခုခုတွေးမိပြန်သည်။ တဖက်က မျက်စိကြည်ဂျင်ဆင်းကိုအနောက်နိုင်ငံတွေဆီရောင်းရင် မျက်စိကြည်ဂျင်ဆင်းအာနိသင်ကိုသိသွားတာနဲ့ ကြာကြာပိတ်ဆို့ထားနိုင်မှာမဟုတ်။

အထူးသဖြင့် အနီးမှုန်စျေးကွက်ပျောက်သွားခြင်းက သူတို့ကုမ္ပဏီ သိသိသာသာနေရာကျုံ့သွားသည်။

သူတို့ဒီလိုအခြေအနေဆိုးနေမှန်းသိရင် ထောက်ပံ့ပေးထားတဲ့လွှတ်တော်အဖွဲ့ဝင်တွေက သူတို့နဲ့လက်ရှိဆက်ဆံရေးကိုဆက်ထိန်းထားဦးမလားပြောဖို့ခက်သည်။

Paul ကတွေးကြည့်လေလေ စိတ်ရှုပ်လေလေဖြစ်လာသည်။ မျက်စိကြည်ဂျင်ဆင်းလိုလက်ခံရခက်တဲ့ပစ္စည်းမျိုးဘာကြောင့်ရှိနေလဲ သူနားမလည်နိုင်။

အဲဒီညက Paul အိပ်မပျော်ပေ။

နောက်တစ်နေ့နိုးလာသောအခါ သူမျက်နှာပိုပျက်သွားသည်။

သူ့ရှေ့မြင်ကွင်းက ပိုကြည်လာသောကြောင့်ပင်။

သူ့အမြင်အတော်ပြန်ကောင်းနေပြီပေါ့။

ဒါပေမဲ့ အခု သူအမြင်မကောင်းချင်။ ပိုဆိုးလာစေချင်သည်။

ဒီလိုမှ မျက်စိကြည်ဂျင်ဆင်းပြဿနာကိုဖြေရှင်းနိုင်မည်။

မကြာမီ Paul က Esolu တရုတ်တာဝန်ခံနှင့်တွေ့သည်။

သူကလောလောနှင့် အခြေအနေကိုတင်ပြသည်_

"မစ္စတာ Paul... အခြေအနေမကောင်းတော့ဘူး... သာမန်မျက်စိကြည်ဂျင်ဆင်းက အာနိသင်မထူးခြားပေမဲ့ အရည်အသွေးမြင့်ဂျင်ဆင်းက တစ်ညတည်းနဲ့အာနိသင်သိသိသာသာပြနေပြီ''

"အင်း!''

Paul က နွမ်းလျစွာခေါင်းညိမ့်လိုက်ပြီးမေးသည်_

"မျက်စိကြည်ဂျင်ဆင်းအခြေအနေဘယ်လိုလဲ?''

သူ့အမေးကြောင့် တရုတ်တာဝန်ခံမျက်နှာပျက်သွားကာ_

"မစ္စတာ Paul... မျက်စိကြည်ဂျင်ဆင်းအာနိသင်ကပြန့်နေပြီ... အရည်အသွေးမြင့်ဝယ်သွားတဲ့သူတွေက မနက်အစောကြီးလိုင်းပေါ်မှာတင်ထားကြပြီ... အခုထိတင်နေကြမလားပဲ''

"ဒီတော့ တခြားနည်းမရှိတော့ဘူးပေါ့''

Paul က သက်ပြင်းများဆက်ချသည်။

သူ့စိတ်တွေရှုပ်နေပြီ။

တစ်နေ့ ဒီလိုကူကယ်ရာမဲ့အခြေအနေမျိုးကြုံလာမည်ဟု လုံးဝမတွေးမိ။

ဒီပြည်တွင်းမျက်မှန်စျေးကွက်ကိုရဖို့ သူဆယ်နှစ်ကျော်လုပ်ခဲ့ရသည်။

ဒါပေမဲ့ တစ်ပြည်ထောင်ခါနီးမှ ဥက္ကာခဲကျ၊ငလျင်ကြီးလှုပ်ပြီး ပျက်စီးရတော့မည်။

မင်လဲ့က စက်ရုံ၊ပစ္စည်း၊ကိရိယာတွေဘာလို့အသာတကြည်ရောင်းလဲ အခုမှသူသဘောပေါက်တော့သည်။ အားလုံးက ထောင်ချောက်ပင်။

သူဘာမှမသိဘဲ ပျော်မြူးနေခဲ့သည်။

ရုတ်တရက် Paul ကမေးသည်_

"ငါတို့ မျက်စိကြည်ဂျင်ဆင်းကိုယ်စားလှယ်လုပ်လို့ရလား?''

“အန်!”

တရုတ်တာဝန်ခံကြောင်သွားသည်။

သူဌေးစိတ်ရှုပ်နေလို့ဒီလိုမေးမှန်း သူနားလည်သည်။

ဒါပေမဲ့ ချင်းလင်ကုမ္ပဏီလိုခန့်မှန်းမရတဲ့ကုမ္ပဏီမျိုးကို ဘယ်သူကဘာလုပ်နိုင်မှာလဲ?

ကံဆိုးသူမောင်ရှင်များမှာ ဆော့ကုမ္ပဏီများ၊ ကိုလာကုမ္ပဏီနှစ်ခုအပါအဝင် အားဖြည့်ဖျော်ရည်ကုမ္ပဏီများဖြစ်သည်။

ချင်းလင်ကုမ္ပဏီက ချင်းလင်ဆော့၊ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့ကိုလာသီးရည်မထုတ်ခင်အထိ ပြည်တွင်းစျေးကွက်ကိုချုပ်ကိုင်ခဲ့တာ နိုင်ငံခြားကုမ္ပဏီတွေမလား?

ဒါပေမဲ့ ချင်းလင်ကုမ္ပဏီကထုတ်ပြီးနောက်ပိုင်း အဲဒီကုမ္ပဏီတွေဘာဖြစ်ကုန်လဲ? အခုထိပြန်မလှန်နိုင်။

အခုကိုလာကုမ္ပဏီနှစ်ခုက အသည်းအသန်စျေးချနေကြပြီ။ သူတို့ရောင်းစျေးက နှစ်ပြားမှမတန်။

ကိုလာသီးရည်ရောင်းအားကြောင့် ကိုလာကုမ္ပဏီနှစ်ခု၏စတော့ရှယ်ယာစျေးကထပ်ကျပြန်သည်။

အခု သူတို့မျက်မှန်ကုမ္ပဏီအလှည့်။

ဒီလိုနဲ့ သမိုင်းတွင်ဦးမည်။

ဒါပေမဲ့ Paul ခိုင်းမှတော့ သူလွန်ဆန်လို့မရ။ သူကမျက်မှောင်ကြုတ်ကာဖုန်းကိုင်ပြီး ချင်းလင်ဆေးဝါးကိုဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်စုံစမ်းခိုင်းလိုက်သည်။

Esolu က ကုမ္ပဏီကြီးဖြစ်၍ ဒီလိုစုံစမ်းရေးအပိုင်းမှာအားကောင်းသည်။ မြန်မြန်ဆန်ဆန်ပင် ချင်းလင်ဆေးဝါးတာဝန်ခံချူယွဲ့၏ဖုန်းနံပါတ်ကိုရလာသည်။

အဓိကက ချင်းလင်ဆေးဝါးမှရေပူစမ်းဆေးမှုန့်လုပ်ငန်းကြီးလွန်းသောကြောင့် ချူယွဲ့ဖုန်းနံပါတ်ကလျှို့ဝှက်ချက်ကြီးမဟုတ်တော့။ စီးပွားရေးအသိုင်းအဝိုင်းမှာ အဆက်အသွယ်ရှိတတ်စမြဲပင်။

တရုတ်တာဝန်ခံကလည်း ချူယွဲ့ကိုဖုန်းတန်းဆက်သည်။

ဖုန်းဝင်ဝင်ချင်း သူကမေးသည်_

"မင်္ဂလာပါ ဒါရိုက်တာချူ... ကျွန်တော် ကျုံးဖေးပါ... Esolu ရဲ့တရုတ်တာဝန်ခံပါ... Esolu ရဲ့ဥက္ကဌကိုယ်စား ခင်ဗျားနဲ့လာတွေ့ပြီးတော့ မျက်စိကြည်ဂျင်ဆင်းဖြန့်ဝေခွင့်ကိုဆွေးနွေးလို့ရမလား?''

"အားနာပါတယ်... လောလောဆယ် မျက်စိကြည်ဂျင်ဆင်းကိုနိုင်ငံရပ်ခြားမှာမရောင်းသေးဘူးလို့ ရုံးချုပ်ကဆုံးဖြတ်ထားပါတယ်''

Esolu ကဖုန်းဆက်လာမည်ဟု ချူယွဲ့မထင်မိ။

ထို့သို့​ပြောပြီး သူကဖုန်းချလိုက်သည်။

နိုင်ငံခြားကုမ္ပဏီကလူတွေလည်း စိတ်ဝင်စားစရာ။ ပြည်တွင်းစျေးကွက်ကိုရထားတုန်းက ထောင်လွှားမောက်မာနေပြီး အခြေအနေလည်းမပေးရော မျက်နှာပြောင်ပြောင်နဲ့ရောက်လာကြသည်။

ချူယွဲ့ဖုန်းချသွားသောကြောင့် ကျုံးဖေးကသက်ပြင်းချလိုက်သည်။

သူထင်ထားတဲ့အတိုင်း။

ဒီတော့ အမှန်အတိုင်းလျှောက်တင်ရတော့မှာပေါ့_

"မစ္စတာ Paul... တဖက်က နိုင်ငံခြားကိုကိုယ်စားလှယ်မပေးဘူးတဲ့... ဖုန်းချသွားပြီ''

All Chapters