အထူးမြေပြင်နှင့်ဂမ္ဘီရနွယ်!
Vol. 72 Ch. 1079
သူ့ကံကပြိုင်ဘက်မရှိဟုသာဆိုရတော့မည်။
ငွေပေါက်ပြားရခါစ၊ ကျိန်စာပေါက်ပြားအကြောင်းတွေးရုံရှိသေး၊ စတူးတူးချင်း ကျိန်စာအရည်အသွေးရမယ်လို့ဘယ်ထင်မလဲ?
ဂိမ်းထဲတွင် ဂိမ်းဇာတ်ကောင်ကိုင်ထားသောငွေပေါက်ပြားက အမဲရောင်ပြောင်းသွားသည်။
သူကဂိမ်းဇာတ်ကောင်ကိုဆက်တူးစေရာ အသိပေးစာရသည်:
(သင့်လယ်ယာသုံးပစ္စည်း ကျိန်စာပြောင်းသွားပါပြီ... နောက်တူးဖော်ရတာမှန်သမျှအပေါ် သက်ရောက်မှုရှိမည်!)
…
(စိန်တူးရသော်လည်း ကံမကောင်းစွာနှင့်ပြောင်းသွားပါပြီ!)
…
(ရွှေတူးရသော်လည်း ကံမကောင်းစွာနှင့်ပြောင်းသွားပါပြီ!)
ချင်လင်ကဆက်တူးသော်လည်း အသိပေးစာတသီကြီးရပြီးနောက် ရပ်လိုက်ပြီး ဂိမ်းဇာတ်ကောင်အားစိုက်ပျိုးရေးခြံပြန်ခိုင်းသည်။
ထို့နောက် အတွေးနှင့်ဂိမ်းထဲဝင်ပြီး ပေါက်ပြား၊ စိန်နှင့်ရွှေမှတ်ချက်ကိုကြည့်လိုက်သည်:
(ကျိန်စာပေါက်ပြား: ဆန်းကြယ်)
(ကျိန်စာပေါက်ပြားဖြစ်သည်။ တူးလျှင် ဆိုးဆိုးဝါးဝါးပြောင်းလဲသွားမည်။ ဘုရားကျောင်းသွားပြီး ကျိန်စာကိုကောင်းချီးပြောင်းရန်လိုသည်!)
(ပြောင်းလဲသွားသောစိန်!)
(တွန်းအားတစ်ခုကြောင့်ပြောင်းလဲသွားသောစိန်ဖြစ်သည်။ ပြောင်းလဲပြီး တန်ဖိုးမရှိတော့။)
(ပြောင်းလဲသွားသောရွှေ!)
(တွန်းအားတစ်ခုကြောင့်ပြောင်းလဲသွားသောရွှေဖြစ်သည်။ ပြောင်းလဲပြီး တန်ဖိုးမရှိတော့။)
ထင်တဲ့အတိုင်း ကျိန်စာပစ္စည်းပဲ။
နောက်ပြီး ကျိန်စာပေါက်ပြားနဲ့တူးရသမျှအားလုံး ကျိန်စာမိပြီးတန်ဖိုးမရှိတော့။
ချင်လင်ကမှတ်ချက်ဖတ်ပြီး အတွေးနှင့်ဂိမ်းအပြင်ပြန်ထွက်လိုက်သည်။ ဂိမ်းဖန်သားပြင်ကိုပြန်ကြည့်ကာ ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်ဘုရားကျောင်းဆီသွားစေသည်။
ကျိန်စာပစ္စည်းရမှတော့ ကောင်းချီးဖြစ်အောင်တန်းပြောင်းရမှာပေါ့။
ကျိန်စာကိုကောင်းချီးပြောင်းရန် ဘုရားကျောင်းသွားပြီးဆုတောင်းရမည်။
ဘုရားကျောင်းမှာဆုတောင်းဖို့ကလည်း ဘုန်းတော်ကြီး Carter နှင့်သုံးလေးကြိမ်စကားပြောဖူးရန်လိုပြီး သူမျက်နှာပေးဖို့လိုသည်။
ချင်လင်က ဇာတ်ကွက်တာဝန်လိုက်ရှာရင်း သူ့ဂိမ်းဇာတ်ကောင်အား မြို့ထဲရှိ NPC များနှင့်မကြာခဏစကားပြောခိုင်းခဲ့ဖူးသည်။ Carter ဘုရားကျောင်းကိုလည်း အကြိမ်ကြိမ်သွားဖူးသည်။
နောက်ပြီး ဇာတ်ကွက်တွေ့လိုတွေ့ငြား၊လိုအပ်ချက်ပြည့်လိုပြည့်ငြား သတ္တုမြို့တော် NPC များကို သီးနှံများပုံမှန်ပို့ပေးခဲ့သည်။
အင်အားကုန်ပြီး ဘာဇာတ်ကွက်မှမတွေ့ခဲ့သော်လည်း NPC များကိုပစ္စည်းပို့ရင် မျက်နှာသာရလိမ့်မည်။
Carter ကိုမကြာခဏပစ္စည်းပို့ဖူးသောကြောင့် သူ့အပေါ်အကောင်းမြင်သည်။
ဒီတော့ ဒီနေ့သူ့ကံအတော်ကောင်းနေသည်။ အားလုံးချောချောမွေ့မွေ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ၏။
အတော်များများက တချိန်ချိန်မှာဒီလိုခံစားဖူးလိမ့်မည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား Carter ဆီသွားစေပြီး တစ်ချက်နှိပ်လိုက်သောအခါ စာထွက်လာသည်:
(အိုးမိုင်ဂေါ့... မင်းပေါက်ပြားကဘယ်လိုဖြစ်တာလဲ? မကောင်းတဲ့စွမ်းအင်တွေရနေတယ်... ဘုရားရှေ့မှာဆုတောင်းပေးရမလား?)
ချင်လင်က ဆုတောင်းမည်ကိုရွေးလိုက်သည်။
ထို့နောက် ဂိမ်းထဲတွင် ဂိမ်းဇာတ်ကောင်က ဘုန်းတော်ကြီး Carter ကိုပေါက်ပြားပေးလိုက်သည်။
Carter က ကျိန်စာပေါက်ပြားကိုရုပ်တုရှေ့ယူသွားပြီး ရွတ်ဖတ်သည်။
ဘာတွေဆိုနေမှန်းမသိသော်လည်း Carter ခေါင်းပေါ်တွင် ကွင်းလေးတစ်ကွင်းပေါ်နေသည်။ ဂိမ်းဇာတ်ကောင်ကိုသွားပြီးနှိပ်ကြည့်စေရာ Carter ဆုတောင်းနေကြောင်းစာပေါ်လာသည်!
ဆုတောင်းချိန်လိုသည်ပေါ့။
ထို့ကြောင့် ချင်လင်က ဂိမ်းဇာတ်ကောင်အားဘုရားကျောင်းထဲဆက်စောင့်ခိုင်းထားပြီး သူကအာရုံပြန်ရုတ်ကာ ဖုန်းနှင့်သတင်းဖတ်လိုက်သည်။
သတင်းဖွင့်ဖွင့်ချင်း 'အန်း'ပုဂ္ဂိုလ်ကြီးပေါ်လာပြန်၏။ သတင်းကအလွန်ရေပန်းစားနေပြီး မှတ်ချက်အများကြီးတက်နေသည်။
သို့ရာတွင် ဗီဒီယိုသုံးလေးပုဒ်ကြည့်ပြီးနောက် သူနှင့်ဆိုင်သောဗီဒီယိုနှစ်ပုဒ်ကစိတ်ဝင်စားစရာကောင်းနေသည်။
တစ်ပုဒ်က ရေပန်းစားနေပြီ။ ဝတ္ထုအသစ်တစ်ပုဒ်ဖြစ်ပြီး မိတ်ဆက်ရေးထားပုံမှာ:
ငါကဝန်ကြီး။ လုပ်ကြံခံရပြီး လူဝင်စားတော့ ကျွန်ဖြစ်သွားပြီ။
နောက်တစ်ပုဒ်က ဆယ်လီတစ်ယောက်အကြောင်းပင်။
'အန်း'ပုဂ္ဂိုလ်ကြီးဖြစ်ရပ်ကြောင့် ဆယ်လီဝမ်နာမည်ကျသွားသည်ထင်သည်။ ထို့ကြောင့် တချို့ပြည်သူများက လွန်ခဲ့သောလေးငါးနှစ်ကအဖြစ်အပျက်များကိုကြည့်ပြီး ဒီဆယ်လီဝမ်နာမည်မကြီးအောင်တားကြသည်။
ကြည့်ရတာ ဒီဆယ်လီဝမ် ခေါင်းစီးသတင်းမှာပါသည်နှင့် ကြီးကြီးမားမားဖြစ်ပုံရသည်။ ရှေ့ပြေးနိမိတ်လိုလိုပင်။
ဂိမ်းထဲတွင်အသိပေးစာတက်လာသောကြောင့် ချင်လင်ကပေါက်ပြားကိုဝမ်းသာအားရကြည့်လိုက်သည်:
Carter ဆုတောင်းပြီးပါပြီ။ ပေါက်ပြားပြန်ယူပါ။
(လုံးဝမယုံနိုင်စရာပဲ... ဘုန်းတော်ကြီးက မကောင်းတဲ့စွမ်းအင်ကိုဖယ်ရှားပေးတဲ့အပြင် အထူးကောင်းချီးရထားတဲ့ပေါက်ပြားလည်းဖြစ်သွားပြီ... တကယ်မယုံနိုင်စရာ!)
(ဂုဏ်ယူပါတယ်... အသစ်စက်စက်ကောင်းချီးပေါက်ပြားရလိုက်ပါပြီ!)
ချင်လင်က စာဖတ်ပြီးပြုံးလိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်အား ဘုရားကျောင်းမှထွက်ပြီး စိုက်ပျိုးရေးခြံအမြန်ပြန်စေသည်။
အတွေးနှင့်သူကဂိမ်းထဲဝင်ပြီး ကောင်းချီးပေါက်ပြားအရည်အသွေးကိုကြည့်လိုက်သည်:
(ကောင်းချီးပေါက်ပြား: ဆန်းကြယ်)
(အထူးပေါက်ပြားဖြစ်သည်။ အထူးကောင်းချီးရထားသည်။ တူးလျှင်ခရီးတွင်ရုံသာမက ထူးခြားသောပစ္စည်းများလည်းတူးဖော်ရရှိနိုင်သည်!)
ချင်လင်ကမှတ်ချက်ဖတ်ပြီး ဂိမ်းထဲမှပြန်ထွက်လာသည်။
ရေကန်သတ္တုတွင်းမှာမတူးရသေးသောအလွှာများကျန်သေးသည်။
ကောင်းချီးပေါက်ပြားသုံးရင်အတော်ပဲမလား?
သူကဂိမ်းဖန်သားပြင်ပြန်ကြည့်ပြီး ဂိမ်းဇာတ်ကောင်အားရေကန်သတ္တုတွင်းသွားစေသည်။ ၄၁ လွှာဝင်ပြီး ဆက်တူး၏။
ဒီတစ်ခါ ထူးခြားမှုကိုချင်လင်သတိထားမိသည်။ တစ်ချက်တည်းနှင့်မြေ ၄ ကွက်တူးနိုင်သည့်အပြင် ၄၁ လွှာတူးအပြီးတွင် ရွှေ၊ငွေ၊စိန်ပမာဏက သိသိသာသာတိုးလာသည်။