← Chapters

အခန်း (၁၄၈၆)

Vol. 107 Ch. 1486

အခန်း (၁၄၈၆)

Vol. 107 Ch. 1486

ဟင်းလင်းပြင်ထဲတွင် အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲက ဓားအလင်းကြောင့် တွန်းထုတ်ခံလိုက်ရပြီး လေဟာနယ်အက်ကွဲကြောင်းထဲသို့ ကြောက်လန့်တကြား ပြန်ဝင်သွားသည်။

ဟန်မူယဲ့သည် ဓားရှည်ကို ကိုင်ထားလျက် လေးနက်စွာ တွေးတောစဉ်းစားလိုက်သည်။ ထို့နောက် သူက လူတိုင်း၏ အမြင်မှ ပျောက်ကွယ်သွားသည်။

သူက အံ့ဖွယ်ကိုးပါးမြို့တော်ထဲသို့ ပြန်သွားသည်။

မြို့တော်ထဲမှ ပင်မခန်းဆောင်ထဲတွင် ရှုကျီက သူ့အား စောင့်ကြိုနေသည်။

ရှုကျီက သူ၏ လက်ထဲတွင် ရွှေသတ္ထုတုံးတစ်တုံးကို ကိုင်ထားသည်။

“ အလင်းကိုးကွင်း‌ကောင်းကင်နယ်မြေက တိမ်ကျောက်စိမ်းရွှေမိုင်တွင်းကို တူးဖော်လိုက်ပြီ… အဲ့ဒီက ကျုပ်ရဲ့ အဆက်အသွယ်တွေ ပြောတာတော့ တိမ်ကျောက်စိမ်းရွှေရဲ့ ပမာဏက အရမ်းပဲ များပြားတယ်… အဲ့ဒါက ကျင့်ကြံခြင်းစကြာဝဠာအများစုကို အရင်ထက် အဆပေါင်းများစွာ အင်အားတိုးမြှင့်ပေးနိုင်တယ် ”

ရှုကျီက ပြုံးလိုက်ပြီး သူ၏ လက်ထဲမှ ရွှေသတ္ထုတုံးကို ဟန်မူယဲ့ထံ ပေးကမ်းလိုက်သည်။

ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး ယင်းကို ယူဆောင်လိုက်သည်။ တိမ်ကျောက်စိမ်းရွှေက အလွန်အမင်း လေးလံပြီး ယင်းထဲမှာ နက်နဲသိမ်မွေ့သော စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည်။

သူ၏ အမြင်တွင် ကျင့်ကြံခြင်းစကြာဝဠာတစ်ခု အင်အားတိုးမြှင့်လာခြင်းက ကောင်းမွန်သောအရာ ဖြစ်သည်။

ထိုရတနာက ကျင့်ကြံခြင်းစကြာဝဠာထဲမှ ထိပ်တန်းလက်ရွေးစင်များ၏ တိုက်ပွဲစွမ်းအားကို မြှင့်တင်ပေးနိုင်သည်။

အတိတ်တွင် ရတနာအများအပြားက ကောင်းကင်ရေခဲတူကြောင့် ချိပ်ပိတ်ခံခဲ့ကြရသည်။

သို့သော်လည်း အချိန်တစ်ခုမတိုင်မီ ယင်းတို့ကို အလျင်စလို မဖွင့်လှစ်သင့်ပေ။

အလင်းကိုးကွင်းကောင်းကင်နယ်မြေမှ တိမ်ကျောက်စိမ်းရွှေမိုင်တွင်းသည် စကြာဝဠာအများအပြားကို နှစ်တစ်သန်းအထိ အရင်းအမြစ်ထောက်ပံ့ပေးရန် လုံလောက်သည်။

ရွှေရောင်မီးတောက် ပေါ်လျှိုးလာသည်။

ဟန်မူယဲ့၏ လက်ထဲမှ ရွှေသတ္ထုတုံးက ဖြည်းညင်းစွာ အရည်ပျော်သွားပြီး ဝိညာဉ်သတ္ထုများက အပြင်သို့ ထွက်ကျလာကြသည်။

နောက်အခိုက်အတန့်မှာ ရွှေရောင်ချပ်ဝတ်တစ်စုံ ထွက်ပေါ်လာသည်။

ချပ်ဝတ်က အလွန်ပါးလွှာပြီး ချပ်ဝတ်၏ မျက်နှာပြင်ပေါ်တွင် ဝိညာဉ်အနှစ်သာရက စီးဆင်းနေသည်။

ယင်းက စကြာဝဠာတစ်ပိုင်းအဆင့် ချပ်ဝတ်ဖြစ်သည်။ ထို့ပြင် ထူးခြားချက်အနေဖြင့် အချိန်လေဟာနယ်အစွမ်းက ချပ်ဝတ်ပေါ်မှာ ကိန်းအောင်းနေသည်။ သို့ဖြစ်၍ ယင်းက ဟင်းလင်းပြင်ကို ဖြတ်သန်းရာတွင် အထူးအသုံးဝင်ပြီး သတ္ထုဒြပ်စင် တိုက်ပွဲစွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သည်။

မည်သို့ဖြစ်ပါစေ ယင်းက တိမ်ကျောက်စိမ်းရွှေဖြစ်သည်။

ပိုပြီးအရေးကြီးသည်မှာ ထိုစစ်ချပ်ဝတ်က တခြားစစ်ချပ်ဝတ်များ၏ အစွမ်းနှင့် ပေါင်းစပ်နိုင်သည်။

ပုံမှန်အားဖြင့် စစ်ချပ်ဝတ်တစ်ခုကို ပုဂ္ဂိုလ်တစ်ဦးတည်းကသာ ထိန်းချုပ်နိုင်သည်။ သို့သော်လည်း ဤစစ်ချပ်ဝတ်က တမူထူးခြားသည်။

ဤစစ်ချပ်ဝတ်၏ စွမ်းအားကို ထပ်မံ တိုးမြှင့်နိုင်သည်။

အုပ်ချုပ်သူအဆင့်သို့ ဟန်မူယဲ့ ရောက်ရှိသွားပြီးနောက် သူ၏ နားလည်သဘောပေါက်မှုက ယခင်ကထက် အဆပေါင်းများစွာ မြင့်တတ်သွားသည်။ သို့ဖြစ်၍ ယခု သူက ယင်းကို အလွယ်တကူ လုပ်ဆောင်နိုင်ပေသည်။

အတိတ်တွင် သူ၏ ပေါင်းစပ်ရုပ်သေးရုပ်များသည် ဤစစ်ချပ်ဝတ်ကဲ့သို့ ချို့ယွင်းချက်မရှိဘဲ စွမ်းအားမပေါင်းစည်းနိုင်ကြပေ။

“ ကျီး ”

နတ်ဘုရားအင်းသင်္ကေတများက ချပ်ဝတ်ပေါ်မှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။

ယင်းက ထိပ်တန်း အရည်အသွေးရှိသော ဝိညာဉ်သတ္ထုပစ္စည်းများ၏ အားသာချက်တစ်ခု ဖြစ်သည်။ ယင်းတို့ပေါ်မှာ နတ်ဘုရားအင်းသင်္ကေတများက အလိုအလျောက် ဖွဲ့စည်းသွားကြသည်။

နတ်ဘုရားအင်းသင်္ကေတများသည် မူလစည်းမျဉ်းများ၏ ဒြပ်ထည်ပုံစံများ ဖြစ်ကြသည်။

“ ဒီချပ်ဝတ်ပေါ်မှာ ရွှေရောင်အလင်းက စီးဆင်းနေပြီး နတ်ဘုရားအင်းသင်္ကေတတွေက တလက်လက် ထွန်းလင်းနေတယ်… ဒီလိုဆိုမှတော့ ဒီချပ်ဝတ်ကို ရွှေအလင်းချပ်ဝတ်လို့ နာမည်ပေးလိုက်မယ် ”

ဟန်မူယဲ့က ထိုသို့ပြောပြီးနောက် သူ၏ လက်ထဲမှ ရွှေအလင်းချပ်ဝတ်ကို သူ့အရှေ့မှ ရှုကျီထံသို့ ပစ်ပေးလိုက်သည်။

“ ဒီချပ်ဝတ်ရဲ့ အစွမ်းမြှင့်တင်ပေးမှုနဲ့ဆိုရင် ဆရာရှုကျီက စကြာဝဠာအဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်နိုင်သွားမယ်မလား ”

ရှုကျီ၏ ပင်ကိုယ်တိုက်ပွဲစွမ်းအားက မသန်မာပေ။ သို့သော်လည်း သူ့မှာ စကြာဝဠာတစ်ပိုင်းအဆင့် စစ်ပွဲရုပ်သေးရုပ် ရှိသည်။

ယခု ဤရွှေအလင်းချပ်ဝတ်ကို ထပ်လောင်း တပ်ဆင်လိုက်မည်ဆိုလျှင် သူ၏ တိုက်ပွဲစွမ်းအားက စကြာဝဠာနယ်ပယ်သို့ သေချာပေါက် ရောက်ရှိသွားလိမ့်မည်။

ထိုသို့စွမ်းအားက ကြယ်စင်စုစကြာဝဠာထဲမှာ ထိပ်တန်းအဆင့် ရှိသည်။

ထိုအခါ အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်ရှိသေးသော ရှုကျီက စစ်ပွဲရုပ်သေးရုပ်နှင့် ရွှေအလင်းချပ်ဝတ်၏ စွမ်းအားထောက်ပံ့ပေးမှုကြောင့် ဤလောက၏ အထွတ်အထိပ် တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်နိုင်သွားလိမ့်မည်။

ယင်းက လက်နက်သန့်စင်ခြင်း၏ စွမ်းအား ဖြစ်သည်။

အတိတ်မှာ ကြယ်စင်စုစကြာဝဠာသည် လက်နက်သန့်စင်ခြင်းပညာရပ်ကို အားကိုး၍ မရေမတွက်နိုင်သော စကြာဝဠာများကို ကျွန်ပြုနိုင်ခဲ့သည်။

ဤအဆင့်သို့ ဟန်မူယဲ့ ရောက်ရှိသွားသည့်အခါ မည်သည့်တာအိုကိုမဆို အဆုံးစွန်ထိ လျှောက်လှမ်းမည်ဆိုလျှင် တစ်စုံတစ်ယောက်က လောကတစ်သောင်း၌ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ကြောင်း သူနားလည်သွားသည်။

သို့သော် အမွေအနှစ်အများစုတွင် ဆိုးကျိုးများ ရှိသည်။

ဥပမာ ရှေးဦးအပျက်အစီးမြေတွင် သွေးမျိုးဆက်စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ သူတို့၏ မျိုးနွယ်ဝင်များနှင့် တခြားမျိုးနွယ်ဝင်များက ဖိနှိပ်ခံကြရလိမ့်မည်။

အင်မော်တယ်တာအိုဖြစ်စေ သို့မဟုတ် ဓားတာအိုဖြစ်စေ လူအနည်းစုသာလျှင် အထွတ်အထိပ်သို့ရောက်အောင် ကျင့်ကြံနိုင်ကြသည်။

ကြယ်စင်စုစကြာဝဠာတွင် လက်နက်သန့်စင်ခြင်းက ၎င်း၏ အဓိကတာအိုဖြစ်သည်။ သို့ဖြစ်၍ လက်နက်သန့်စင်ခြင်းက ကြယ်စင်စုစကြာဝဠာတစ်ခုလုံး၏ အင်အားကို တိုးမြှင့်ပေးနိုင်သည်။

ဆယ်နှစ်ကြာကြိုးစားပြီးသည့်နောက် ဟန်မူယဲ့က ရွှေအလင်းချပ်ဝတ်တစ်ရာကို သန့်စင်နိုင်သွားသည်။

ထိုချပ်ဝတ်တစ်ရာထဲမှ ဆယ်စုံကို ကောင်းကင်လျှို့ဝှက်ချက်မြို့တော်၏ လေလံပွဲထဲမှာ ထည့်သွင်းခဲ့သည်။

ယင်းက အထွတ်အထိပ်ပုဂ္ဂိုလ်များ၏ တိုက်ပွဲစွမ်းအားကိုပင် မြှင့်တင်ပေးနိုင်သော ရှားပါးရတနာ ဖြစ်သည်။

ထိုချပ်ဝတ်ဆယ်စုံအတွက် ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်သည်။ အင်အားစုအသီးသီးက မိုးထိမြင့်သော တန်ဖိုးကို အပြိုင်အဆိုင် ပေးကမ်းကြသည်။

ကျန်ရှိသော ချပ်ဝတ်များကိုတော့ ဟန်မူယဲ့က ဟွမ်ကျစ်ဟူ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ဟွမ်ကျစ်ဟူက ထူးချွန်သော လက်ရွေးစင်များကို ရွေးချယ်ပြီး ဤရွှေအလင်းချပ်ဝတ်ဖြင့် သူတို့၏ တိုက်ပွဲစွမ်းအားကို မြှင့်တင်ပေးလိမ့်မည်။

ဥပမာ ဆရာချင်းစုယန်၊ ဟွမ်ခြောက်နှင့် တခြားပုဂ္ဂိုလ်များက ဤရွှေအလင်းချပ်ဝတ်ကြောင့် သူတို့၏ မူလအကန့်အသတ်ထက် ကျော်လွန်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်သွားကြသည်။

ဤဆယ်စုနှစ်အတွင်းမှာ အစွမ်းထက်ပုဂ္ဂိုလ်အများအပြားက လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေထဲမှာ ထွက်ပေါ်လာကြသည်။

ကုန်းစွန်းမင်ကဲ့သို့ လက်ရွေးစင်ကျင့်ကြံသူများသည်ပင် သူတို့၏ ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားက ယခင်ကထက် သိသိသာသာ မြင့်တတ်သွားကြသည်။

အထူးသဖြင့် စကြာဝဠာအသီးသီးမှ ထိပ်တန်းပညာရှင်များ ဖြစ်ကြသည်။ သူတို့၏ ပါရမီနှင့် နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ကျင့်ကြံခြင်းအတွေ့အကြုံကြောင့် ဤလောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းမှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။

ဟန်မူယဲ့ တွေးထားသည့်အတိုင်းပင် တစ်စုံတစ်ယောက်က မည်သည့်ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းပါစေ ပါရမီမြင့်မားပြီး ကျင့်ကြံခြင်းအရင်းအမြစ်များကို အလုံအလောက် ရရှိနေမည်ဆိုလျှင် ထိပ်ဆုံးသို့ အလျှင်အမြန် တတ်လှမ်းနိုင်ကြလိမ့်မည်။

“ ဗုန်း ”

ကောင်းကင်ယံတွင် အက်ကွဲကြောင်းဒါဇင်ခန့်၏ အရှေ့မှာ ထိပ်တန်းပညာရှင်များက အတူတကွ အင်အားပူးပေါင်း၍ ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်ကို ဝိုင်းရံလိုက်ကြသည်။

၎င်းက ပထမအဆင့် ကောင်းကင်မိစ္ဆာသားရဲ ဖြစ်သည်။

“ မိစ္ဆာသားရဲရဲ့ ဘယ်ဘက်အတောင်ပံကို တားဆီးကြမယ် ”

“ ညာဘက်အတောင်ပံကို ချုပ်နှောင်ကြမယ် ”

“ ရေခဲနတ်စွမ်းအား… မြို့တော်ကို ချိပ်ပိတ်မယ် ”

အဝေးတွင် ဟွမ်ကျစ်ဟူက တည်ငြိမ်သော မျက်နှာထားဖြင့် အမိန့်ပေးနေသည်။

လောကတစ်သောင်းယှဉ်ပြိုင်ပွဲမှ လက်ရွေးစင်ကျင့်ကြံသူများသည် တုံ့ဆိုင်းမနေဘဲ ချက်ချင်း လှုပ်ရှားလိုက်ကြသည်။

ဤအခိုက်အတန့်မှာ လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေကို ဖျက်ဆီးရန် ရောက်ရှိလာသော ထိုကောင်းကင်မိစ္ဆာသားရဲက ကိုယ့်ကိုယ်ကိုယ် မခုခံကာကွယ်နိုင်တော့ချေ။ ထိပ်တန်းလက်ရွေးစင်ဒါဇင်ခန့်က ၎င်းကို ကောင်းကင်ပုတီးစေ့အဖြစ် တိုက်ရိုက် ပြောင်းလဲပစ်ရန် နေ့တစ်ဝက်ပင် အချိန်မယူခဲ့ရပေ။

ဤအမဲလိုက်မှုက သူတို့အဖွဲ့၏ ဆယ့်သုံးကြိမ်မြောက် ပူးပေါင်းအမဲလိုက်ခြင်း ဖြစ်သည်။

အစတွင် သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက ဖရိုဖရဲဖြစ်ခဲ့ပြီး အစီအစဉ်မကျခဲ့သော်လည်း ယခု သူတို့က ဟွမ်ကျစ်ဟူ၏ ညွှန်ကြားမှုအောက်မှာ အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်ကို ချွေးမထွက်ဘဲ လွယ်ကူစွာ သတ်ဖြတ်နိုင်သွားသည်။

ကုန်းစွန်းမင်ကဲ့သို့ ထိပ်တန်းခေါင်းဆောင်တစ်ယောက်ပင် ယခု ဟွမ်ကျစ်ဟူ၏ ညွှန်ကြားမှုများကို မေးခွန်းမထုတ်ဘဲ တစ်သွေမတိမ်း လိုက်နာခဲ့သည်။

ဟွမ်ကျစ်ဟူ၏ သရုပ်က ရှိန်လောက်စရာကောင်းသော်လည်း အဓိကအရေးကြီးသည်မှာ ဟွမ်ကျစ်ဟူ၏ တိုက်ပွဲစွမ်းအားနှင့် အံ့ဖွယ်ကောင်းသော စစ်ရေးနည်းဗျူဟာများ ဖြစ်သည်။

ဟန်မူယဲ့၏ တိုက်ရိုက်တပည့်ဖြစ်သည်နှင့်အညီ သူ၏ ဓားတာအိုက အလွန်အားကောင်းလေရာ ဆရာချင်းစုယန်သည်ပင် သူ့ပြိုင်ဘက်မဟုတ်ပေ။

အမဲလိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ကုန်းစွန်းမင်၏ လက်ထဲမှာ ကောင်းကင်ပုတီးစေ့အများအပြား ရှိသွားသည်။

“ မြို့အရှင်ကျစ်ဟူ… ဒီအဆင့်တစ် ကောင်းကင်ပုတီးစေ့က အရောင်နည်းနည်း မှိန်နေတယ် ”

ကုန်းစွန်းမင်က ကောင်းကင်ပုတီးစေ့ကို ပစ်ပေးလိုက်ပြီး ဟွမ်ကျစ်ဟူကို ကြည့်လိုက်သည်။

သူ၏ ဘေးပတ်ဝန်းကျင်ရှိ အင်အားစုအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

မှန်ပေသည်။

အတိတ်မှာ အဆင့်တစ် ကောင်းကင်ပုတီးစေ့တစ်လုံးက သူတို့အတွက် တန်ဖိုးအကြီးမားဆုံးပစ္စည်း ဖြစ်ခဲ့သည်။

သို့သော်လည်း ယခုတော့ သူတို့က အဆင့်တစ် ကောင်းကင်ပုတီးစေ့များကို စိတ်မကျေနပ်ကြတော့ချေ။

မည်သို့ဖြစ်ပါစေ သူတို့တစ်ယောက်စီက အဆင့်တစ် ကောင်းကင်ပုတီးစေ့များကို တစ်လုံးထက်ပိုပြီး ပိုင်ဆိုင်ထားကြသည်။

ထို့ပြင် ဤနှစ်များမှာ ရုပ်သေးရုပ်များနှင့် ချပ်ဝတ်များကြောင့် သူတို့၏ တိုက်ပွဲစွမ်းအားက ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။

သူတို့အားလုံးက လေလံပွဲမှတဆင့် စကြာဝဠာအသီးသီးထံမှ ဟန်မူယဲ့ရရှိလာသော ရတနာများကို ဝေစုရရှိခဲ့ကြသည်။

“ ရှင်တို့က အဆင့်တစ် ကောင်းကင်ပုတီးစေ့တွေကို အထင်သေးနေတာလား ”

ဟွမ်ကျစ်ဟူက သူတို့ကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းများကို မော့ကြည့်လိုက်သည်။

“ ဒါက လွယ်ပါတယ်… အက်ကွဲကြောင်းရဲ့ အပြင်ကို ထွက်ပြီး ရှင်တို့ဘာသာ သွားရှာကြည့်ပေါ့ ”

အက်ကွဲကြောင်းရဲ့ အပြင်လား… ။

လူတိုင်းက ခေါင်းမော့လိုက်ကြသည်။

အမှန်တကယ်ပင် ယင်းက သူတို့စဉ်းစားနေသောအရာ ဖြစ်သည်။

သို့သော်လည်း ယင်းကို ဟွမ်ကျစ်ဟူက ပွင့်လင်းစွာ ထုတ်ပြောလိုက်သည့်အခါ တခြားအဓိပ္ပာယ်သက်ရောက်သည်။

“ မိန်းကလေးကျစ်ဟူ… ဆရာဟန်က… ”

စကြာဝဠာအဆင့်ချပ်ဝတ်ကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

ယင်းက သူတို့အားလုံး စဉ်းစားနေသောအရာ ဖြစ်သည်။

သူတို့က အက်ကွဲကြောင်းအပြင်သို့ သွားရောက်ပြီး စွန့်စားချင်ကြသည်။ သို့သော်လည်း သူတို့၏ စွမ်းအားက မလုံလောက်ပေ။

ဆရာဟန်၏ အကူအညီမပါဘဲ ထိုသို့သူတို့မလုပ်ဆောင်ဝံ့ကြချေ။

“ ငါ့မွေးစားအဖေက နောက်သုံးလကြာရင် အက်ကွဲကြောင်းအပြင်ကို သွားလိမ့်မယ်… ဆန္ဒရှိတဲ့ ဘယ်သူမဆို လိုက်ခဲ့နိုင်တယ် ”

“ ဒါပေမဲ့ ဆုံးဖြတ်ချက်မချခင် လေးလေးနက်နက် စဉ်းစားဖို့ ကျွန်မ အကြံပေးချင်တယ်… ဘာလို့လဲဆိုတော့ အက်ကွဲကြောင်းအပြင်ဘက်မှာ ကျွန်မတို့က ပိုပြီးအင်အားကြီးမားတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ပဲ ”

ဟွမ်ကျစ်ဟူက စကားပြောပြီးနောက် နောက်ထပ် ဆက်မနေတော့ဘဲ လှည့်ထွက်သွားသည်။

ကောင်းကင်ယံတွင် ကုန်းစွန်းမင်နှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

အက်ကွဲကြောင်းအပြင်သို့ သွားရောက်မည်ဆိုလျှင် မမြင်နိုင်သော အန္တရာယ်များဖြင့် သေချာပေါက် ရင်ဆိုင်ရလိမ့်မည်။

သို့သော်လည်း ဤနေရာမှာ ဆက်နေမည်ဆိုလျှင် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက နောက်ထပ် တိုးတတ်လာလိမ့်မည် မဟုတ်ချေ။

“ ကျုပ်ကတော့ သွားမယ် ”

ဝတ်စုံဖြူနှင့် လူငယ်တစ်ယောက်က ပြုံးလိုက်သည်။

“ ဒါပေါ့ ကျုပ်တို့ သွားရမယ် ”

ကုန်းစွန်းမင်က ခေါင်းညိတ်လိုက်သည်။ သူစကားပြောလိုက်သည့်အခါ စိတ်ဓာတ်ပြတ်သားသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ဝင်းလက်သွားသည်။

“ ကျုပ်တို့က ကိုယ့်ကိုယ်ကိုယ် တိုးတတ်အောင်လုပ်ဖို့ ဒီကို ရောက်လာတာ မဟုတ်ဘူးလား… အခု ပိုပြီးကျယ်ပြောတဲ့ လောကကို ကျုပ်တို့မြင်နေရမှတော့ ဘာလို့ အဲ့ဒီကို မသွားရမှာလဲ ”

သူတို့က ဤလောက၏ လက်ရွေးစင်ကျင့်ကြံသူများဖြစ်လေရာ မည်သို့ကြောင့် မမြင်နိုင်သော အန္တရာယ်များကို ကြောက်နေမည်နည်း။

ကျင့်ကြံခြင်းလမ်းစဉ်က ထိုအတိုင်း ဖြစ်သည်။

တစ်စုံတစ်ယောက်က သတ္တိမရှိလျှင် နောက်ထပ် တိုးတတ်နိုင်လိမ့်မည် မဟုတ်ချေ။

အထွတ်အထိပ်ပုဂ္ဂိုလ်များအတွက်တော့ အကယ်၍ သူတို့က ဤဘဝမှာ နောက်ထပ် အဆင့်မတတ်နိုင်တော့လျှင်ပင် ယင်းက လုံလောက်ပေသည်။

သို့သော်လည်း ယခု သူတို့ဆီမှာ အရှေ့ဆက်လျှောက်နိုင်မည့် လမ်းရှိနေမှတော့ မည်သို့ကြောင့် သူတို့က တွန့်ဆုတ်နေလိမ့်မည်နည်း။

“ သွားကြစို့ ”

မီးခိုးရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအမျိုးသားက ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ထွက်ခွာသွားသည်။

သူက ထွက်သွားရန် စိတ်ဆုံးဖြတ်ပြီးမှတော့ သူ့ကိုယ်ပိုင်အင်အားစုအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရလိမ့်မည်။

တခြားလူများသည်လည်း တုံ့ဆိုင်းမနေကြပေ။ သူတို့က အသီးသီးထွက်ခွာသွားကြပြီး လုပ်ဆောင်စရာရှိသည်ကို စတင်လုပ်ဆောင်ကြသည်။

ဤလက်ရွေးစင်အမဲလိုက်အဖွဲ့ထဲမှာ ပါဝင်နိုင်သူများသည် ကျင့်ကြံခြင်းစွမ်းအားအရဖြစ်စေ သို့မဟုတ် စိတ်နေသဘောထားအရဖြစ်စေ အကောင်းဆုံးလူများထဲမှ အကောင်းဆုံး ဖြစ်ကြသည်။

သူတို့အားလုံးက ကျင့်ကြံခြင်းလမ်းစဉ်၏ အထွတ်အထိပ်သို့ လျှောက်လှမ်းရန် ပြင်းပြသော လိုအင်ဆန္ဒရှိကြသည်။

…..

All Chapters