← Chapters

အခန်း (၁၄၈၇)

Vol. 107 Ch. 1487

အခန်း (၁၄၈၇)

Vol. 107 Ch. 1487

ကောင်းကင်လျှို့ဝှက်လေဟာနယ်… လေလံပွဲအခန်း…

ဤအခိုက်အတန့်မှာ ထိုင်ခုံတစ်သိန်းစလုံးတွင် လူပြည့်နေသည်။

စင်မြင့်ပေါ်တွင် ချူးကျန်းကျားသည် အထွတ်အမြတ် အဆင့်တစ်ကောင်းကင်ပုတီးစေ့တစ်လုံးနှင့် ရွှေချပ်ဝတ်ကို ရောင်းချပြီးနောက် ခေါင်းမော့လိုက်သည်။

“ ဂုဏ်သရေရှိလူကြီးမင်းများနဲ့ အမျိုးသမီးများခင်ဗျာ… ကျုပ်မှာ ခင်ဗျားတို့ကို ပြောပြစရာ သတင်းတစ်ခု ရှိပါတယ် ”

ချူးကျန်းကျား၏ လေသံထဲမှာ ဖော်မပြနိုင်သော တည်ကြည်လေးနက်မှု ပါရှိ၏။

သူက စင်မြင့်အောက်မှ ပုဂ္ဂိုလ်များကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

“ လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေရဲ့ အပြင်ဘက်မှာ ဘာတွေ တည်ရှိလဲဆိုတာ ခင်ဗျားတို့အားလုံး သိထားပြီးကြပြီ ထင်ပါတယ် ”

လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေ၏ အပြင်ဘက်မှ တည်ရှိမှုများ… ။

အသင်္ချေစကြာဝဠာများထဲတွင် လူအနည်းစုသာ ယင်းကို သိထားကြသည်။

သို့သော်လည်း ထိုလူအနည်းစုက ယခု ဤနေရာမှာ စုဝေးနေကြသည်။

“ ရှေးခေတ်တုန်းက မိုးမြေပျက်စီးသွားတဲ့အချိန်မှာ ကြယ်စင်စုစကြာဝဠာရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေက မျိုးနွယ်ခြားကုန်းမြေတွေထဲက သက်ရှိတွေရဲ့ ကျူးကျော်ဝင်ရောက်မှုကို ခုခံတားဆီးခဲ့ကြတယ် ”

“ လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေက အသင်္ချေလောကတွေထဲက လက်ရွေးစင်တွေ သူတို့ကိုယ်သူတို့ တိုးတတ်အောင်လုပ်တဲ့ နေရာတစ်ခုပဲ မဟုတ်ဘူး… အဲ့ဒီနေရာက ကန်အန်းစကြာဝဠာဆီ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ တည်နေရာတစ်ခုလည်း ဟုတ်တယ် ”

အသံတစ်သံက ပေါ်ထွက်လာသည်။

“ ဟုတ်တယ်… အပြင်ဘက်က အဲ့ဒီမျိုးနွယ်ခြားတွေဆီမှာ လက်လေးဖက်နဲ့ မျက်လုံးသုံးလုံး ရှိကြတယ်… ပြောကြတာတော့ သူတို့က အထက်ဘုံကနေ နှင်ထုတ်ခံထားကြရတာတဲ့ ”

ဘုံ… ။

ယင်းက စကြာဝဠာတစ်ခု မဟုတ်ပေ။

ထိုစကားလုံးက အထွတ်အထိပ်ပုဂ္ဂိုလ်များ လက်ဆင့်ကမ်းခဲ့သော အသုံးအနှုန်း ဖြစ်သည်။

ဒဏ္ဍာရီအရ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းအားက နောက်ထပ် အဆင့်မတတ်နိုင်တော့လျှင် ထိုလူက အာကာသစကြာဝဠာ၏ အတားအဆီးများကို ချိုးဖြတ်ပြီး သူတို့တစ်ခါမှမရောက်ဖူးသော ဘုံဆီသို့ ဝင်ရောက်နိုင်လိမ့်မည်။

ထိုဘုံမှ မိုးမြေစွမ်းအားက ဤစကြာဝဠာထက် အဆပေါင်းများစွာ ပိုအားကောင်းပြီး ယင်းထံမှ မူလစွမ်းအားက ဤစကြာဝဠာထက် အများကြီး သာလွန်သည်။

“ အတိတ်မှာ အံ့ဖွယ်ကိုးပါးတောင်သခင်က သူ့ရဲ့ ကိုယ်ပိုင်တာအိုကို ဖျက်ဆီးပြီး ရှေးခေတ်ကြယ်စင်စုစကြာဝဠာတစ်ခုလုံးကို အထက်ဘုံရဲ့ မိုးမြေတစ်စိတ်တစ်ပိုင်းကို အတင်းအဓမ္မ ချိုးဖောက်ခဲ့တဲ့ တန်ကြေးအဖြစ် ပေးဆပ်ခဲ့တယ်… ရလဒ်အနေနဲ့ အဲ့ဒီအစိတ်အပိုင်းက လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေအဖြစ် ပြောင်းလဲသွားခဲ့တယ်… အံ့ဖွယ်ကိုးပါးတောင်သခင်က နောင်လာနောင်သားတွေ အထက်ဘုံဆီ စွန့်စားသွားလာနိုင်ဖို့ အခွင့်အရေးတစ်ခု ဖန်တီးပေးခဲ့တာ ”

“ တောင်သခင်က ကန်အန်းမျိုးနွယ်စုတွေ အခြေချနေထိုင်တဲ့ နေရာကို ငါတို့တွေ အထက်ဘုံဆီ တတ်လှမ်းနိုင်ဖို့ ခြေနင်းကျောက်တုံးအဖြစ် အသုံးပြုစေလိုတယ် ”

ဝမ်းနည်းသော အရိပ်အမြွက်ပါသည့် အသံက ထွက်ပေါ်လာသည်။

“ ကံမကောင်းတာက နှစ်တွေ ဒီလောက်အများကြီး ကုန်လွန်သွားတာတောင် ဓားနတ်ဘုရားလုယွဲ့နဲ့ တခြားလူအနည်းစုပဲ အဲ့ဒီဘုံဆီ တတ်လှမ်းနိုင်ခဲ့ကြတယ်… ကျန်တဲ့လူတွေကတော့… ”

အထက်ဘုံဆီ တတ်လှမ်းနိုင်ခဲ့ကြသော အစွမ်းထက်ပုဂ္ဂိုလ်များကို လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်ပေသည်။

ထို့ပြင် အထက်ဘုံဆီ ဝင်ရောက်သွားခဲ့ကြသော ပုဂ္ဂိုလ်များက ပြန်ရောက်မလာကြချေ။

ဤလောကတွင် အထက်ဘုံအကြောင်း ကောင်းမွန်စွာ နားလည်ထားသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်က အံ့ဖွယ်ကိုးပါးတောင်သခင် ဖြစ်သည်။

ထိုဘုံက မဟာတာအို၏ အစစ်အမှန်လောကဖြစ်ကြောင်း အံ့ဖွယ်ကိုးပါးတောင်သခင် တစ်ခါပြောခဲ့ဖူးသည်။

သို့တိုင် နှစ်သန်းပေါင်းများစွာ ကြာသွားပြီးနောက် နောက်ထပ် မည်သူမှ ထိုဘုံဆီ မဝင်ရောက်နိုင်ခဲ့ပေ။

“ ဒီတစ်ခေါက် လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေက လက်ရွေးစင်တွေက ကောင်းကင်မိစ္ဆာသားရဲတွေကို အမဲလိုက်ဖို့ အက်ကွဲကြောင်းအပြင်ဘက်ဆီ စွန့်စားသွားကြတော့မယ် ”

“ ကောင်းကင်မိစ္ဆာသားရဲတွေက မူလစွမ်းအားရဲ့ လှုံ့ဆော်မှုကနေ ဖွဲ့စည်းသွားကြတာ ဖြစ်တယ်… သူတို့တွေကို ပိုပြီးအမဲလိုက်လေ ပိုပြီးများပြားတဲ့ မူလစွမ်းအားတွေ ထွက်ပေါ်လာလေ ဖြစ်တယ် ”

“ သတ်ဖြတ်ခံရတဲ့ ကောင်းကင်မိစ္ဆာသားရဲအရေအတွက်က အရမ်းများပြားလာတဲ့အခါ ကန်အန်းမျိုးနွယ်စုက သေချာပေါက် လှုပ်ရှားလာလိမ့်မယ် ”

ချူးကျန်းကျားက လက်မြှောက်လိုက်သည်။ ထိုအခါ ရွှေအလင်းစီးကြောင်းများက စင်မြင့်ပေါ်မှာ ဝဲပျံသွားကြသည်။

“ အဲ့ဒါက လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေက လက်ရွေးစင်တွေ စွန့်စားသွားရောက်ကြမယ့် လေဟာနယ်တည်နေရာတွေ ”

“ စိတ်ဝင်စားတဲ့ လူတွေက အဲ့ဒီအမဲလိုက်ပွဲမှာ ပါဝင်ချင်တယ်ဆိုရင် အဲ့ဒီတည်နေရာတွေဆီ သွားနိုင်တယ် ”

ချူးကျန်းကျားက စင်မြင့်အောက်မှ လူများကို ဝေ့ဝိုက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

“ ဒါပေမဲ့ ခင်ဗျားတို့သိထားရမှာက အဲ့ဒီအမဲလိုက်ပွဲက အရမ်းအန္တရာယ်များတယ် ”

ကောင်းကင်မိစ္ဆာသားရဲများကို သတ်ဖြတ်မည့် အမဲလိုက်ပွဲမှာ ပါဝင်ခြင်း… ။

ထိုလေဟာနယ်တည်နေရာများဖြင့်ဆိုလျှင် တစ်စုံတစ်ယောက်က ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး အထက်ဘုံနှင့် နီးကပ်သော နယ်မြေဆီသို့ ခြေချနိုင်လိမ့်မည်။ သူတို့က ထိုနေရာမှာ ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်နိုင်ကြလိမ့်မည်။

ထိုလေဟာနယ်မှ ကောင်းကင်မိစ္ဆာသားရဲများသည် အထက်ဘုံအတွက် တမူထူးခြားကြသည်။ ၎င်းတို့က မူလစွမ်းအား၏ အကူအညီမှတဆင့် မွေးဖွားလာကြခြင်း ဖြစ်သည်။

ထိုလေဟာနယ်က အထက်ဘုံမှ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အံ့ဖွယ်ကိုးပါးတောင်သခင်၏ ကြိုးစားအားထုတ်မှုကြောင့် ကန်အန်းစကြာဝဠာမှ မူလစွမ်းအား၏ ထောက်ပံ့မှုကို ရရှိထားသည်။

ချူးကျန်းကျားက ရွှေအလင်းစီးကြောင်းများကို မျှဝေပေးပြီးနောက် ထွက်ခွာသွားသည်။

လူတိုင်းက အခန်းထဲမှာ ဝဲပျံနေကြသော ရွှေအလင်းစီးကြောင်းများကို ကြည့်လိုက်ကြသည်။ တချို့က တုံ့ဆိုင်းသွားကြပြီး ထွက်ခွာသွားကြသည်။ တချို့သည်တော့ ရွှေအလင်းစီးကြောင်းများကို ဖမ်းဆုပ်လိုက်ကြသည်။

နှစ်လကြာပြီးနောက် စကြာဝဠာအသီးသီးမှ ပုဂ္ဂိုလ်များသည် ဟင်းလင်းပြင်ဆီသို့ ခြေချလိုက်ကြသည်။

ထိုအုပ်စုထဲမှာ အထွတ်အထိပ် စကြာဝဠာအဆင့် ပုဂ္ဂိုလ်များနှင့် အုပ်ချုပ်သူအဆင့် ပုဂ္ဂိုလ်များ ပါဝင်ကြသည်။

တချို့က တစ်ယောက်တည်း ရောက်လာကြသည်။

တချို့သည်တော့ အုပ်စုလိုက်ရောက်လာကြသည်။

တချို့က တပ်ဖွဲ့များဖြင့် ရောက်လာကြသည်။

သို့သော်လည်း ရွှေအလင်းစီးကြောင်းများ ညွှန်ပြသော တည်နေရာဆီသို့ သူတို့ဦးတည်သွားကြတော့မည့်အချိန် ရုတ်တရက် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။

“ ဝီး ”

ကျယ်လောင်သော ပဲ့တင်ပြန်သံနှင့်အတူ ရွှေအလင်းစီးကြောင်းက စတင်ဝေဝါးလာပြီး တမူထူးခြားသော ကြယ်မြေပုံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

အသံတစ်သံက ကြယ်မြေပုံထဲမှ ပဲ့တင်ထပ်လာသည်။

“ အသင်္ချေလောကက အစွမ်းထက်ပုဂ္ဂိုလ်တွေထဲမှာ ကန်အန်းမျိုးနွယ်စုက သူလျှိုတွေရှိနေတာကို ငါသိတယ် ”

“ ဒါကြောင့် ဒီအမဲလိုက်မှုက ချုံခိုတိုက်ခိုက်မှုကို တန်ပြန်ဖို့ အစမ်းလေ့ကျင့်တာ ဖြစ်တယ် ”

“ အရင်ဆုံး သတ်မှတ်ထားတဲ့ ဦးတည်ရာဆီသွားပြီး စောင့်ဆိုင်းပါ… တကယ်လို့ တစ်လအတွင်း ကန်အန်းမျိုးနွယ်စုစစ်တပ် ရောက်မလာဘူးဆိုရင် တည်နေရာအသစ်တစ်ခု ထွက်ပေါ်လာလိမ့်မယ် ”

“ တကယ်လို့ ကန်အန်းမျိုးနွယ်စုစစ်တပ် ရောက်လာတယ်ဆိုရင် မင်းတို့အတွက် ပထမဆုံးတာဝန်က ကန်အန်းမျိုးနွယ်ဝင်တွေကို ဝိုင်းဝန်းသုတ်သင်ရှင်းလင်းဖို့ ဖြစ်တယ် ”

“ အဲ့ဒါ ဆရာဟန်ပဲ ”

ကြယ်စင်စုစကြာဝဠာမှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက တီးတိုးရေရွတ်လိုက်သည်။

“ ဒီဟာက ကန်အန်းမျိုးနွယ်စုရဲ့ ထိုးဖောက်ဝင်ရောက်မှုကို တားဆီးဖို့ပဲ ”

ရွှေသရဖူဆောင်းထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောသည်။ သူစကားပြောလိုက်သည့်အခါ အမုန်းတရားက သူ၏ မျက်ဝန်းထဲမှာ ထွက်ပေါ်လာသည်။

“ ကန်အန်းမျိုးနွယ်စုကြောင့်မဟုတ်ရင် ငါ့ရဲ့ ဖီးနစ်ဂိုဏ်းက ဘယ်လိုလုပ် ကျဆုံးသွားမှာလဲ ”

ဆရာဟန်၏ စကားသံကို ကြားလိုက်ရသောအခါ လူတိုင်း၏ တုံ့ပြန်ပုံများက ကွဲပြာခြားနားသွားကြသည်။

သို့သော်လည်း ယခု ဤအမဲလိုက်တာဝန်က ကန်အန်းမျိုးနွယ်စုကို ဆန့်ကျင်တွန်းလှန်မည့် အစီအစဉ်ဖြစ်ကြောင်း သူတို့အားလုံး နားလည်သွားကြသည်။

ထို့ပြင် အကယ်၍ တစ်စုံတစ်ယောက်က သတ်မှတ်ထားသော တည်နေရာဆီသို့ ရောက်ရှိရန် ကျရှုံးသွားမည်ဆိုလျှင် သူတို့က ကန်အန်းမျိုးနွယ်စု၏ အတွင်းသူလျှိုများအဖြစ် ချက်ချင်း သတ်မှတ်ခံကြရလိမ့်မည်။

အရေးကြီးဆုံးပြဿနာက ယခု သူတို့မှာ ကန်အန်းမျိုးနွယ်စုနှင့် ဆက်သွယ်ရန် အချိန်အလုံအလောက် မရှိတော့ခြင်း ဖြစ်သည်။

“ ဒီတစ်ခေါက်တော့ ကျုပ်တို့တွေ ကန်အန်းမျိုးနွယ်စုကို အကြီးကြီး အထိနာအောင် လုပ်နိုင်တော့မယ် ”

အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက စကားပြောရင်း လက်သီးဆုပ်လိုက်သည့်အခါ အလွန်အားကောင်းသော သွေးအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။

ထိုအခိုက်အတန့်မှာ လက်ရွေးစင်ကျင့်ကြံသူ သုံးသောင်းစလုံးက လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေထဲမှာ စုဝေးနေကြသည်။

သူတို့က အပြန်အလှန် ဆက်သွယ်ခြင်းနှင့် တိုက်ပွဲနည်းစနစ်များကို ခေါင်းဆောင်၏ အမိန့်အတိုင်း တစ်သွေမတိမ်း လိုက်လုပ်နိုင်ရန်အလို့ငှာ အံ့ဖွယ်ကိုးပါးမြို့တော်ထဲမှာ လေ့ကျင့်ရန် ပြင်ဆင်နေကြသည်။

သူတို့ချည်းသာ လေ့ကျင့်နေကြခြင်း မဟုတ်ပေ။ အင်အားစုအသီးသီးမှ တခြားကျင့်ကြံသူများသည်လည်း လေ့ကျင့်ရေးအတွက် ဤနေရာမှာ စုဝေးရှိနေကြသည်။

ထိပ်တန်းပုဂ္ဂိုလ်များ၏ အကူအညီမပါဘဲ ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်ခြင်းက သူတို့အတွက် အလွန်အန္တရာယ်များသည်။

ဤစုပေါင်းလေ့ကျင့်ခြင်းက သူတို့၏ ကိုယ်ပိုင်တိုက်ပွဲစွမ်းအားကို မြှင့်တင်ပေးနိုင်ရုံသာမက အင်အားစုအသီးသီးကြားမှ ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း တိုးမြှင့်ပေးနိုင်သည်။

လက်ရှိ လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေမှ အခြေအနေအရ ယင်းက အင်အားစုအသီးသီးကြားမှ ယှဉ်ပြိုင်ပွဲ မဟုတ်တော့ပေ။ ယင်းအစား ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်သတ်ဖြတ်ပြီး အရင်းအမြစ်များရှာဖွေမည့် ကစားပွဲတစ်ခုဖြစ်လာသည်။

တိုက်ပွဲဟူသည် အခြေခံအားဖြင့် အကျိုးအမြတ်များနှင့် အရင်းအမြစ်များ ရှာဖွေခြင်းကို ရည်ရွယ်သည်။ အချင်းချင်း ပြိုင်ဆိုင်ခြင်းက ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်သုတ်သင်ခြင်းကဲ့သို့ အကျိုးအမြတ်များမရရှိလေရာ မည်သို့ကြောင့် သူတို့က အချိန်ကုန်ခံ၍ အချင်းချင်း ယှဉ်ပြိုင်နေမည်နည်း။

စုပေါင်းလေ့ကျင့်ခြင်း ပြီးဆုံးသွားပြီးနောက် လက်ရွေးစင်ကျင့်ကြံသူသုံးသောင်းက တိတ်တဆိတ် ထွက်ခွာသွားကြသည်။

ဟင်းလင်းပြင်ထဲမှ မီးခိုးရောင်အက်ကွဲကြောင်းတစ်ခု၏ အရှေ့မှာ လူတိုင်းက သူတို့၏ လက်ထဲတွင် ကျောက်စိမ်းတုံကင်တစ်ခုကို ဆုပ်ကိုင်ထားကြသည်။

“ ဒီကျောက်စိမ်းတုံကင်က သရုပ်အမှတ်အသားတုံကင် ဖြစ်တယ်… ဒီတုံကင်ကို ဆက်သွယ်ဖို့နဲ့ တည်နေရာဖော်ပြဖို့ အသုံးပြုနိုင်တယ် ”

ဟွမ်ကျစ်ဟူက သူ၏ လက်ထဲမှ ကျောက်စိမ်းတုံကင်ကို ကိုင်မြှောက်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“ လူတိုင်း သိထားပြီးကြပြီး ဖြစ်မှာပါ… လေဟာနယ်အက်ကွဲကြောင်းရဲ့ အပြင်ဘက်ကို ရောက်သွားတဲ့အခါ တကယ်လို့ တစ်ယောက်ယောက်က ခြေတစ်လှမ်း မှားယွင်းသွားမယ်ဆိုရင် မိုင်သန်းပေါင်းများစွာအကွာအဝေးကို ရောက်ရှိသွားလိမ့်မယ် ”

ယခု သူတို့ရပ်နေသော လေဟာနယ်သည်လည်း ထိုအတိုင်း ဖြစ်သည်။ သို့သော်လည်း သူတို့က လက်ရွေးစင်ကျင့်ကြံသူများဖြစ်လေရာ သူတို့၏ အဆင့်မြင့် ကျင့်ကြံခြင်းစွမ်းအားဖြင့် လေဟာနယ်စွမ်းအားကို ဖိနှိပ်နိုင်ကြသည်။

သို့သော်လည်း အက်ကွဲကြောင်း၏ အပြင်ဘက်သို့ ရောက်ရှိသွားမည်ဆိုလျှင် ယင်းက ခြားနားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် သူတို့ထဲမှ မည်သူမှ အက်ကွဲကြောင်း၏ အပြင်ဘက်သို့ တစ်ခါမှ ခြေမချဖူးသောကြောင့် ဖြစ်သည်။

“ သွားကြစို့ ”

ဟွမ်ကျစ်ဟူက တိုးညင်းစွာ ပြောပြီး သူ၏ လက်ထဲမှ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူ၏ အနောက်တွင် ရှန့်လင်းရွှမ်းနှင့် တခြားလူများက တုံ့ဆိုင်းမနေဘဲ အနောက်မှ အမြန်လိုက်သွားကြသည်။

ကုန်းစွန်းမင်က ဘေးဘီကို တည်ကြည်လေးနက်သော အမူအရာဖြင့် တစ်ချက်ကြည့်လိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။

ဟင်းလင်းပြင်ထဲမှ အက်ကွဲကြောင်းထဲတွင် ပုံရိပ်တစ်ခုက အမြန်ပျံသန်းထွက်လာသည်။ တစ်ခဏကြာပြီးနောက် ထိုဧရိယာက ဟာလာဟင်းလင်းဖြစ်သွားသည်။

“ ဟွန့်… ကောင်းကင်မိစ္ဆာသားရဲတွေကို သတ်ဖို့လား… ငါ့သူတော်စင်ကလန်ရဲ့ ဝိုင်းရံတိုက်ခိုက်မှုကြောင့် ဒင်းတို့အားလုံး မျိုးတုံးကုန်မှာပဲ ငါစိုးရိမ်တယ် ”

အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက်က အေးတိအေးစက် ပြုံးလိုက်ပြီး သူ၏ ဘေးပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။

ထို့နောက် သူက လက်ထဲမှ ကျောက်စိမ်းတုံကင်ကို ဖျစ်ညှစ်လိုက်သည့်အခါ ဝိညာဉ်အလင်းက ပေါ်လျှိုးလာသည်။

ကောင်းကင်ယံတွင် ဝိညာဉ်အလင်းက ကြယ်မြေပုံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ ဟင်… ဒီတည်နေရာက လွဲမှားနေတယ် ”

တာအိုပညာရှင်၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။

ကျောက်စိမ်းတုံကင်မှာ ဖော်ပြထားသော တည်နေရာက ယခင် သူသိထားသော နေရာနှင့် လုံးဝ ကွဲပြားနေသည်။

သူက အံ့ဖွယ်ကိုးပါးမြို့တော်၏ တပည့်တစ်ယောက်ထံမှ ယခင်တည်နေရာကို စုံစမ်းရန်အလို့ငှာ တန်ဖိုးကြီးကြီး ပေးချေခဲ့ရသည်။ ထို့ပြင် ယင်းကို သူ၏ ကလန်ထံသို့ ပေးပို့ပြီးပြီ ဖြစ်၏။

သို့သော်လည်း ယခု သူမြင်လိုက်ရသော တည်နေရာက ယခင် သူသိရှိထားသောနေရာနှင့် လုံးဝ ခြားနားနေသည်။

“ ဒါပေါ့… တည်နေရာက လွဲမှားနေတယ် ”

အသံတစ်သံက သူ၏ အနောက်မှ ပဲ့တင်ထပ်လာသည်။

ယင်းကို ကြားလိုက်သောအခါ တာအိုပညာရှင်၏ မျက်နှာက လူသေကောင်ပမာ ချက်ချင်း ဖြူဖျော့သွားသည်။

သူက ဖြည်းညင်းစွာ အနောက်လှည့်လိုက်လေရာ ဟင်းလင်းပြင်ပေါ်တွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေသော ဟန်မူယဲ့ကို မြင်သွားသည်။

“ ဆရာဟန်… ”

ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်သည်။

တာအိုပညာရှင်၏ ခန္ဓာကိုယ်က ဖြည်းညင်းစွာ ပြိုကွဲသွားပြီး ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။

ကန်အန်းမျိုးနွယ်စုမှ စေလွှတ်ထားသော ထိုအတွင်းသူလျှိုများကို ဘာမှစစ်ဆေးမေးမြန်းနေရန် မလိုအပ်ပေ။ သူတို့က ထွေးထွေးထူးထူး ဘာမှမသိထားကြပေ။ သူတို့က အရေးကြီးအချိန်မှသာ ကလန်နှင့် ဆက်သွယ်နိုင်ကြသည်။

ဟန်မူယဲ့က ထိုအချက်ကို အခွင့်ကောင်းယူ၍ အသုံးချခဲ့ခြင်း ဖြစ်သည်။

ဤအတွင်းသူလျှိုကို ဖယ်ရှားပြီးနောက် ဟန်မူယဲ့က အက်ကွဲကြောင်းဆီသို့ ရွေ့လျားသွားသည်။

အက်ကွဲကြောင်းအတွင်းသို့ သူခြေချလိုက်သည့်အခိုက် သူ၏ ခန္ဓာကိုယ်ပေါ်မှ အချုပ်အနှောင်အားလုံးက ဖြည်းဖြည်းချင်း လွင့်ပြယ်သွားကြောင်း ဟန်မူယဲ့ ခံစားမိသွားသည်။

အပေါ်သို့ မော့ကြည့်လိုက်သည့်အခါ လင်းထိန်နေသော ကောင်းကင်ဘုံနှင့် အရေအတွက်အကန့်အသတ်မဲ့သော ကြယ်များကို သူမြင်တွေ့သွားသည်။

အခါ ပြိုင်ဘက်မကင်းနိုင်တော့ပေ။

All Chapters