← Chapters

အခန်း (၁၄၈၈)

Vol. 107 Ch. 1488

အခန်း (၁၄၈၈)

Vol. 107 Ch. 1488

အက်ကွဲကြောင်း၏ အတွင်းနှင့်အပြင်ဘက်မှ ခြားနားမှုသည် လောကချည်းသာ မဟုတ်ပေ။ စည်းမျဉ်းချိုးဖြတ်စွမ်းအားများနှင့် မူလစွမ်းအားကြားမှ ကွာခြားမှုသည်လည်း အလွန်သိသာထင်ရှားသည်။

ဟန်မူယဲ့ လက်မြှောက်လိုက်သည့်အခါ အစိမ်းရောင်ဖျော့ဖျော့ စွမ်းအားက သူ၏ လက်ချောင်းထိပ်များပေါ်မှာ စုဝေးသွားသည်။

စကြာဝဠာကပ်ဘေး… ။

စကြာဝဠာကပ်ဘေးစွမ်းအား၏ အမျှင်တန်းက သူ၏ လက်ချောင်းထိပ်များပေါ်မှာ ပျံဝဲနေပြီး ရက်စက်ကြမ်းတမ်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ဤအခိုက်အတန့်မှာ အက်ကွဲကြောင်းထဲတွင် ထိုစကြာဝဠာကပ်ဘေးစွမ်းအားက ဇစ်မြစ်မရှိတော့သည့်အလား အလွန်အားနည်းသွားပြီး ယခင်ကဲ့သို့ ရက်စက်ကြမ်းတမ်းမှု မရှိတော့ပေ။

ဤနေရာက စကြာဝဠာကပ်ဘေးသည်ပင် မထိုးဖောက်နိုင်သော အဆင့်မြင့်လောကတစ်ခု ဖြစ်သည်။

ဖြစ်နိုင်သည်မှာ စကြာဝဠာကပ်ဘေးက ဤလောကကို မလှုပ်ခါနိုင်ပေ။

သို့မဟုတ် ဖြစ်နိုင်သည်မှာ ဤဟင်းလင်းပြင်က ဒဏ္ဍာရီများထဲမှာ ဖော်ပြထားသကဲ့သို့ အထက်ဘုံနှင့် ချိတ်ဆက်နေသည်လော။

ဟန်မူယဲ့က စကြာဝဠာကပ်ဘေးစွမ်းအားကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားကို အာရုံခံလိုက်သည်။

စကြာဝဠာကပ်ဘေးစွမ်းအားတစ်ခုတည်း ဖိနှိပ်ခံထားရသည်မှလွဲလျှင် တခြားစွမ်းအားများက ယခင်ကထက် အများကြီး ပိုပြီးအားကောင်းလာကြသည်။

စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

အထွတ်အထိပ်ပုဂ္ဂိုလ်များက သူတို့နေထိုင်ရာ စကြာဝဠာထဲမှ ထွက်ခွာရန် အလွန်စိတ်အားထက်သန်နေကြသည်မှာ မထူးဆန်းတော့ပေ။

စကြာဝဠာကပ်ဘေးမရှိလျှင် သူတို့က အများကြီး ပိုသန်မာလာကြလိမ့်မည်။

သို့ဖြစ်လေရာ မည်သူက အချုပ်အနှောင်မှ မလွတ်မြောက်ချင်ဘဲ နေမည်နည်း။

ထိုသို့တွေးမိသောအခါ သူ၏ အသိစိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။

ဖြစ်နိုင်သည်မှာ ကောင်းကင်စက်ဝန်းစစ်မြေပြင်က ဤနေရာကဲ့သို့ လေဟာနယ်အက်ကွဲကြောင်းတစ်ခုထဲမှာ တည်ရှိနေခြင်းလော။

ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ထိုအတွေးအားလုံးကို ဖိနှိပ်လိုက်သည်။ ထို့နောက် သူက သူ၏ အရှေ့မှ အလင်းလွှာကို အာရုံစိုက်လိုက်သည်။

အလင်းလွှာပေါ်တွင် အစက်အပြောက်အများကြီး ရှိသည်။ ထိုအစက်အပြောက်တစ်ခုစီက သူဝေမျှပေးခဲ့သော ကျောက်စိမ်းတုံကင်တစ်ခုကို ကိုယ်စားပြုသည်။

သူတို့ထဲမှာ စကြာဝဠာအသီးသီးမှ ထိပ်တန်းပုဂ္ဂိုလ်များနှင့် လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေမှ လက်ရွေးစင်များ ပါဝင်ကြသည်။

သန်းနှင့်ချီသော အစွမ်းထက်ပုဂ္ဂိုလ်များက ဟင်းလင်းပြင်ကို ဖြတ်သန်း၍ သူသတ်မှတ်ထားသော တည်နေရာဆီသို့ တိတ်တဆိတ် ရွေ့လျားသွားနေကြသည်။

“ တကယ်လို့ ကန်အန်းမျိုးနွယ်စုရဲ့ စစ်တပ်က စုဝေးနေတယ်ဆိုရင်… ကိစ္စတွေက ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတော့မယ် ”

ဟန်မူယဲ့က သူ့ဘာသာ တီးတိုးရေရွတ်လိုက်ပြီး သူ့အရှေ့မှ ဟင်းလင်းပြင်ဆီသို့ ပျံသန်းသွားသည်။

သူ၏ အနောက်မှ အက်ကွဲကြောင်းက ဖြည်းညင်းစွာ ပိတ်သွားသည်။

လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေတွင် အထွတ်အထိပ်ပုဂ္ဂိုလ်များ မရှိကြတော့သည့်အခါ လူတိုင်းက တိုက်ပွဲဝင်္ကပါများ အသင့်ပြင်ဆင်ထား၍ စောင့်ဆိုင်းနေကြသည်။

အစွမ်းထက် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က အက်ကွဲကြောင်းအပြင်သို့ ပျံသန်းထွက်လာသည့်အခါတိုင်း စစ်တပ်တစ်တပ်က ၎င်းကို ချက်ချင်း ခုခံတားဆီးကြလိမ့်မည်။

…..

ကြယ်တာရာလေဟာနယ်… ။

ပြန့်ကျဲနေသော ကြယ်များကြားတွင် ပုံရိပ်များက ပုန်းလျှိုးကွယ်လျှိုးနေကြသည်။

အရင်ဦးစွာ ရောက်ရှိနေကြသော အစွမ်းထက်ပုဂ္ဂိုလ်များသည် အစတွင် တုံ့ဆိုင်းနေကြသည်။ သူတို့က ထောင်ချောက်ထဲသို့ ကျရောက်သွားမည်ကို စိုးရိမ်နေကြသည်။

သို့သော်လည်း အင်အားစုအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များနှင့် လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေမှ လက်ရွေးစင်များ ရောက်ရှိလာသည့်အခါ လူတိုင်း၏ သံသယများက လွင့်ပြယ်သွားသည်။

အထူးသဖြင့် သူတို့ကိုယ်ပိုင် အင်အားစုများမှ ဂျူနီယာများကို မြင်လိုက်ရသောအခါ ယခင် သူတို့၏ သံသယများက ချက်ချင်း ပျောက်ကွယ်သွားသည်။

ယခင် သာမန်လက်ရွေးစင်များသည် ယခု အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်သွားကြပြီး အစွမ်းထက် အရှိန်အဝါက သူတို့၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာနေသည်။

သူတို့က အဆင့်နှစ် ကောင်းကင်ပုတီးစေ့များနှင့် အဆင့်သုံး ကောင်းကင်ပုတီးစေ့များကို ပေါများစွာ ပိုင်ဆိုင်ထားကြပြီး သူတို့ထံမှ ကာကွယ်ရေးအဆောင်ရတနာများက အနည်းဆုံး ကမ္ဘာဦးအဆင့်မှာ ဖြစ်ကြသည်။ တချို့ဆိုလျှင် စကြာဝဠာတစ်ပိုင်းအဆင့် အကာအကွယ်ရတနာများကို ပိုင်ဆိုင်ထားကြသည်။

ကောင်းကင်လျှို့ဝှက်ချက်မြို့တွင် သူတို့လဲလှယ်ခဲ့သော ရတနာများက အမှန်တကယ်ပင် ထိုလက်ရွေးစင်များ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

ထိုလက်ရွေးစင်ကျင့်ကြံသူသုံးသောင်းထဲမှ မည်သူမဆို ဤလောက၏ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သူတို့ပိုင်ဆိုင်ထားသော အရင်းအမြစ်များက ဤလောက၏ ထိပ်တန်းအဆင့်မှာ ရှိကြသည်။

ယခု သူတို့လုပ်ဆောင်ရမည်မှာ ထိုအရင်းအမြစ်များကို ချေဖျက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆက်လက် ထုဆစ်ပုံသွင်းရန် ဖြစ်သည်။ ထိုနည်းဖြင့် သူတို့က အထွတ်အထိပ်သို့ တတ်လှမ်းနိုင်ကြလိမ့်မည်။

သူတို့က စစ်မှန်သော အမွေဆက်ခံသူများ ဖြစ်ကြသည်။

ယင်းက လက်ရွေးစင်ကျင့်ကြံသူသုံးသောင်းကို မြင်တွေ့ပြီးနောက် လူတိုင်း တွေးမိသွားသောအရာ ဖြစ်သည်။

“ အရှေ့က ဦးဆောင်လာတဲ့ ကောင်မလေးက ဘယ်သူလဲ… သူ့ကြည့်ရတာ မဆိုးဘူး… မင်း သူ့အပေါ် ခံစားချက်ရှိလား ”

မုတ်ဆိတ်ဖြူအဖိုးအိုက သူ့ဘေးမှ ဂျူနီယာကို ကြည့်လိုက်ပြီး ပေါ့ပါးစွာ ရယ်လိုက်သည်။

“ မင်း သဘောကျတယ်ဆိုရင် မင်းကိုယ်စား ငါတင်တောင်းပေးမယ် ”

စကြာဝဠာ၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်အနေနှင့် ထိုအဖိုးအိုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည်။

“ ဘိုးဘေး… အဲ့ဒီကိစ္စကို မေ့လိုက်ပါ… သူက မိန်းကလေးကျစ်ဟူလေ ”

အကြီးအကဲ၏ စကားကို ကြားသောအခါ ဝတ်စုံနက်နှင့် လူငယ်က ခေါင်းယမ်းလိုက်သည်။ စိတ်ရှုပ်ထွေးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ရှင်းလင်းစွာပင် သူက တစ်ဖက်လူထက် နိမ့်ကျကြောင်း ကိုယ့်ကိုယ်ကိုယ် ခံစားမိနေခြင်း ဖြစ်သည်။

“ မိန်းကလေးကျစ်ဟူလား ”

အကြီးအကဲက မျက်ခုံးပင့်တင်လိုက်သည်။

သူ၏ ဂျူနီယာက ဤစကြာဝဠာ၏ ထိပ်တန်းလက်ရွေးစင်များထဲမှ တစ်ယောက်ဖြစ်သည်။ ဤလေ့ကျင့်မှုပြီးဆုံးသွားလျှင် သူက သေချာပေါက် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိမ့်မည်။ သူသည်ပင် ထိုသို့ပါရမီရှင်ကို အထူးဂရုစိုက်ရလိမ့်မည်။ သို့ဖြစ်လေရာ ထိုမိန်းကလေး၏ နောက်ခံက မည်မျှကြီးမားသောကြောင့် သူ၏ လက်ရွေးစင်ဂျူနီယာက သူ့ကိုယ်သူ နိမ့်ကျသည်ဟု ခံစားမိရသနည်း။

“ မိန်းကလေးကျစ်ဟူက အံ့ဖွယ်ကိုးပါးမြို့အရှင် ဆရာဟန်ရဲ့ မွေးစားသမီးဖြစ်ပြီး ကောင်းကင်နင်းခြေအင်မော်တယ်ဘုရင်ရဲ့ သမီးအရင်းပါ ”

လူငယ်က သူ့ဘိုးဘေး၏ အမူအရာကို သတိထားမိသောအခါ နူးညံ့စွာ ပြောသည်။

“ သူအမိန့်ပေးနေတဲ့ ဓားကျင့်ကြံသူတစ်သောင်းက လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေထဲမှာ အစွမ်းထက်ဆုံး အင်အားစုဖြစ်ပါတယ်… သူတို့ကို ဘယ်သူမှ အနိုင်မယူနိုင်ပါဘူး ”

လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေ၏ နံပါတ်တစ်အင်အားစု… ။

ဆရာဟန်၏ မွေးစားသမီး… ။

အကြီးအကဲ၏ မျက်နှာက တောင့်တင်းသွားသည်။

ထိုမိန်းကလေး၏ နောက်ခံက ထိုမျှအင်အားကြီးမားလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

ဤအခိုက်အတန့်မှာ သူတစ်ယောက်တည်း ထိုသို့စဉ်းစားနေခြင်း မဟုတ်ပေ။ တခြားအစွမ်းထက်ပုဂ္ဂိုလ်များသည်လည်း သူ့နည်းတူပင်။

“ ငါ့ရဲ့ ကုန်းစွန်းမိသားစုက ကြယ်စင်စုစကြာဝဠာရဲ့ ထိပ်ဆုံးမိသားစုသုံးခုထဲမှာ အင်အားအကြီးမားဆုံးပဲ… ပြီးတော့ မင်း ကုန်းစွန်းမင်က အဲ့ဒီကောင်မလေးကို လိုက်ပိုးပန်းဖို့ အရည်အချင်းမရှိဘူးလို့ ပြောရဲတယ်လား ”

ကျောက်စိမ်းသရဖူဆောင်းထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ကုန်းစွန်းမင်ကို စူးစိုက်ကြည့်လိုက်သည်။

ကုန်းစွန်းမင်က ခေါင်းငုံ့လိုက်သည်။

“ ဦးလေးသုံး… ကျုပ် ကုန်းစွန်းမင်မှာလည်း မာနရှိပါတယ်… ဒါပေမဲ့ အဲ့ဒီမိန်းကလေးက… ”

ဝမ်းနည်းမှုက ကုန်းစွန်းမင်၏ အသံထဲမှာ ကိန်းအောင်းနေသည်။

“ ဦးလေးသုံး မကြာခင် နားလည်လာပါလိမ့်မယ် ”

သက်လတ်ပိုင်းအမျိုးသားက စိတ်ဆိုးစွာ ပြောသည်။

“ ငကြောက်… ဘာမှ သတ္တိမရှိဘူး ”

“ ဆရာဟန်နဲ့ ငါတွေ့ဆုံတဲ့အထိ စောင့်ဦး… မင်းကိုယ်စား ငါစကားကမ်းလှမ်းပေးမယ်… ဆရာဟန်သဘောတူမလား ကြည့်ရအောင် ”

သက်လတ်ပိုင်းအမျိုးသားက သူ၏ အင်္ကျီလက်ကို လှုပ်ခါလိုက်ပြီး ထွက်သွားသည်။

သူတို့၏ နောက်ခံက ကြယ်စင်စုစကြာဝဠာမှ နံပါတ်တစ်မိသားစုဖြစ်ပြီး သူ၏ ဂျူနီယာက သက်တူရွယ်တူ လက်ရွေးစင်များထဲမှာ ထိပ်ဆုံးနေရာတွင် ရှိသည်။

ထိုသို့လူက မိန်းကလေးတစ်ယောက်ထက် နိမ့်ကျသည်ဟု ခံစားမိသည်လော။

ယင်းက သူ့ကို စိတ်ရှုပ်ထွေးစေသည်။

သက်လတ်ပိုင်းအမျိုးသားက တွေးတောလိုက်သည်။ ဆရာဟန်၏ မွေးစားသမီးက မည်သို့ထူးခြားနေသနည်း။

“ သူတို့ရောက်လာကြပြီ ”

တိုးညင်းသော အသံက ဟင်းလင်းပြင်ထဲမှ ပေါ်လျှိုးလာသည်။

ထို့နောက် မျက်လုံးအားလုံးက သူတို့၏ အရှေ့မှ ထွန်းလင်းတောက်ပသော ဧရာမကြယ်တစ်လုံးပေါ်သို့ ကျရောက်သွားသည်။

မရေမတွက်နိုင်သော အလင်းတန်းများက ထိုကြယ်ဆီသို့ ပျံသန်းသွားနေကြသည်။

ကြယ်၏ အပြင်ဘက်ကောင်းကင်က တိုက်ရိုက် အက်ကွဲသွားသည်။

“ တိုက်ပွဲဝင်္ကပါ ခင်းကျင်းမယ် ”

ဟွမ်ကျစ်ဟူက အော်ပြောလိုက်သည်။

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် လက်ရွေးစင်ကျင့်ကြံသူသုံးသောင်းစလုံးက ချက်ချင်း စုဝေးလိုက်ကြပြီး တိုက်ပွဲဝင်္ကပါကို ဖွဲ့စည်းလိုက်ကြသည်။

တိုက်ပွဲဝင်္ကပါ၏ အပေါ်တွင် နဂါးပုံရိပ်များနှင့် ကျားပုံရိပ်များ ထွက်ပေါ်လာကြပြီး ကျယ်လောင်စွာ မာန်ဖီဟိန်းဟောက်လိုက်ကြသည်။

ထိုသို့အင်အားက အလွန်လွှမ်းမိုးဖိနှိပ်ပြီး လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။

ဖိနှိပ်ချုပ်ချယ်မှုမရှိသော ဤလောကတွင် ထိုသို့ပုံရိပ်များ ထွက်ပေါ်လာခြင်းက ကြီးမားသော တိုက်ပွဲစွမ်းအားကို ဖော်ညွှန်းလိုက်ခြင်းနှင့် မခြားပေ။

“ ကောင်းကင်နန်းတော်ဆယ့်နှစ်ခုဝင်္ကပါ ”

“ အရပ်ဆယ်မျက်နှာ ဖိနှိပ်မယ် ”

ဟွမ်ကျစ်ဟူ၏ အသံ ပဲ့တင်ထပ်သွားသည့်အခါ တိုက်ပွဲဝင်္ကပါက သေးငယ်သော အစိတ်အပိုင်းများအဖြစ် ကွဲထွက်သွားပြီး ဧရာမကြယ်အောက်မှ နေရာဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။

ထိုအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်မှ အစွမ်းထက်ပုဂ္ဂိုလ်များက နှုတ်ဆိတ်သွားကြသည်။

ထိုသို့တိုက်ပွဲဝင်္ကပါက သူတို့ခုခံနိုင်သော အစွမ်းထက် ကျော်လွန်နေသည်။ ယင်းထံမှ ကွဲထွက်သွားသော အစိတ်အပိုင်းသေးသေးလေးကိုပင် သူတို့မတွန်းလှန်နိုင်ပေ။

“ အဲ့ဒီကောင်မလေးက ဒီလိုအံ့ဖွယ်ကောင်းတဲ့ ဝင်္ကပါကို ဖွဲ့စည်းနိုင်ရုံတင်မကဘူး သူ့လက်အောက်က လူတွေကိုလည်း ရိုသေကျိုးနွံအောင် အမိန့်ပေးနိုင်တယ်… တကယ်ပဲ ထူးခြားပါပေတယ် ”

“ ဝင်္ကပါဖွဲ့စည်းတဲ့ အချိန်က တိကျပြီး ဆုံးဖြတ်ချက် ပြတ်သားတယ်… တကယ် အံ့ဖွယ်ပဲ ”

“ ငါ့ရဲ့ စကြာဝဠာမှာ ဘာလို့ အဲ့ဒီလိုအံ့ဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် မရှိရတာလဲ ”

“ ဟွန့်… တကယ်လို့ ငါ့ရဲ့ ဖုယုတာအိုဂိုဏ်းမှာသာ အဲ့ဒီလိုကောင်မလေးတစ်ယောက် ရှိမယ်ဆိုရင် စကြာဝဠာသုံးခုကို အသာအယာလေး ငါသိမ်းပိုက်နိုင်နေလောက်ပြီ ”

သန်းပေါင်းများစွာသော အစွမ်းထက် ပုဂ္ဂိုလ်များ၏ စောင့်ကြည့်မှုအောက်မှာ လက်ရွေးစင်ကျင့်ကြံသူသုံးသောင်းက အရှေ့သို့ ချီတတ်လာကြသည်။

တိုက်ပွဲဝင်္ကပါက ဧရာမကြယ်ပေါ်သို့ ဖိကျလာသည့်အခါ သဘာဝလွန်စွမ်းအားများက ဒီရေအဖြစ် ပြောင်းလဲသွားပြီး အောက်သို့ ဆင်းသက်သွားသည်။

ကြယ်ပေါ်မှာ ပုန်းအောင်းနေကြသော မျိုးနွယ်ခြားပုံရိပ်များက ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။ သို့သော်လည်း ၎င်းတို့က ချက်ချင်း ဖိနှိပ်ခံလိုက်ကြရပြီး ၎င်းတို့၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။

လက်လေးဖက်၊ လက်ခြောက်ဖက်၊ လက်ရှစ်ဖက်နှင့် လက်ဆယ်ဖက် ကန်အန်းမျိုးနွယ်ဝင်အားလုံး သေကြေပျက်စီးသွားကြသည်။

အတောင်ပံ(၁၂)ခုပါသော ကန်အန်းဘုရင်များသည်ပင် မျက်နှာတည်ကြည်သွားကြပြီး ကြယ်များမှ ထွက်ပြေးသွားကြသည်။

“ ဓားတွေ စုဝေးမယ် ”

ဟွမ်ကျစ်ဟူ၏ အသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

ထို့နောက် ကောင်းကင်ယံတွင် ပေတစ်သောင်းရှည်လျားသော ဓားတစ်လက်က ဒြပ်ထည်ဖွဲ့စည်းသွားသည်။

ဟွမ်ကျစ်ဟူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်ကာ ပေတစ်သောင်းရှည်လျားသော ဓားကို ထိန်းချုပ်လိုက်သည်။

“ အဲ့ဒီကောင်မလေးရဲ့ ကျင့်ကြံခြင်းစွမ်းအားက…”

“ ဟူး… သူက ဒီလောက်အစွမ်းထက်တဲ့ ဓားဆန္ဒကိုတောင် ထိန်းချုပ်နိုင်တာလား ”

“ ဒါ… ဒါ… ဒါက လုံးဝ အံ့ဩစရာပဲ… တိုက်ပွဲဝင်္ကပါရဲ့ အစွမ်းမြှင့်တင်ပေးမှု မရှိရင်တောင် အဲ့ဒီကောင်မလေးရဲ့ ကျင့်ကြံခြင်းစွမ်းအားက အထွတ်အထိပ် အင်မော်တယ်ဘုရင် ဒါမှမဟုတ် အုပ်ချုပ်သူအဆင့်နဲ့တောင် နှိုင်းယှဉ်နိုင်တယ် ”

ဤအခိုက်အတန့်မှာ ထိုအစွမ်းထက်ပုဂ္ဂိုလ်များက လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေမှ လက်ရွေးစင်များကို ကောင်းမွန်စွာ နားလည်သဘောပေါက်သွားကြသည်။ အထူးသဖြင့် ဟွမ်ကျစ်ဟူကဲ့သို့ ထိပ်တန်းလက်ရွေးစင်များက သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ကျင့်ကြံခြင်းလောကတွင် အရေးကြီးဆုံးမှာ ကိုယ်ပိုင်ခွန်အား ဖြစ်သည်။

ခွန်အားက ဤလောကတွင် အရာရာဖြစ်သည်။

သန်မာသည့် ပုဂ္ဂိုလ်များသာလျှင် ရိုသေလေးစားခြင်းခံရလိမ့်မည်။

ဤအခိုက်အတန့်မှာ လူတိုင်းက ဟွမ်ကျစ်ဟူနှင့် တိုက်ပွဲဝင်္ကပါကို အမြင်အသစ်တစ်မျိုးဖြင့် ရှုမြင်လိုက်ကြသည်။

“ ဝီး ”

ကြယ်များကြားထဲတွင် အလင်းလွှာက မြှောက်တတ်လာပြီး ဟွမ်ကျစ်ဟူ ဆင့်ခေါ်လိုက်သော ဧရာမဓားကို ခုခံရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ပေတစ်သောင်းရှည်လျားသော ဓားမှ စွမ်းအားက အလွန်လွှမ်းမိုးဖိနှိပ်ပြီး ၎င်းကို မေးခွန်းထုတ်ရန် မလိုပေ။

ဓားအလင်းရောင် ဝင်းလက်သွားသည့်အခါ ကျယ်လောင်သော မိုးခြိမ်းသံက ကောင်းကင်ဘုံကိုးခုထိ ပဲ့တင်ထပ်သွားသည်။

ပေတစ်သောင်းရှည်လျားသော ဓားက ဟင်းလင်းပြင်ကို ချိုးဖောက်သွားပြီး ကြယ်များပေါ်မှ ခုခံကာကွယ်မှုအားလုံးကို ပိုင်းဖြတ်လိုက်သည်။ ဓားအလင်းရောင်၏ အကြွင်းမဲ့စွမ်းအားအောက်မှာ အလင်းအကာအကွယ်အလွှာက အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။

ဓားအလင်း ဖြတ်သန်းသွားသည့်အခါ မရေမတွက်နိုင်သော မျိုးနွယ်ခြားပုံရိပ်များက အော်ဟစ်ညည်းတွားလိုက်ကြပြီး ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားကြသည်။

ကြယ်များပေါ်တွင် ပြန့်ကျဲနေသော မူလစွမ်းအားက စတင်တုံ့ပြန်လိုက်သည်။

ဟွမ်ကျစ်ဟူ၏ ဓားချက်က ကြယ်များကို ထိခိုက်ပျက်စီးသွားစေခြင်း မရှိပေ။ ယင်းက ကြယ်များပေါ်မှာ ပုန်းအောင်းနေကြသော ကန်အန်းမျိုးနွယ်ဝင်များကိုသာ သုတ်သင်ရှင်းလင်းပစ်လိုက်သည်။

“ ဓားကို စိတ်တိုင်းကျထိန်းချုပ်နိုင်တယ်… ဒီကောင်မလေးရဲ့ ဓားတာအိုက အံ့မခန်းပဲ ”

“ ပြီးတော့ ရန်သူတွေပေါ်မှာ သနားကြင်နာမှုမရှိဘဲ သတ်ပစ်တယ်… ဒီလိုစိတ်ဓာတ်ပြတ်သားတဲ့ လူမျိုးကို မိုးမြေကတောင် လှည့်စားနိုင်မှာ မဟုတ်ဘူး ”

ထိုအစွမ်းထက်ပုဂ္ဂိုလ်များက ဓားကိုင်ထားသော ဟွမ်ကျစ်ဟူကို မော့ကြည့်လိုက်ကြပြီး ချီးမွမ်းလိုက်ကြသည်။

သူတို့၏ ကျင့်ကြံခြင်းအဆင့်အရ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုဓားကို ထိန်းချုပ်ရန် မည်မျှခက်ခဲကြောင်း သူတို့နားလည်ကြသည်။

အရေးကြီးဆုံးအချက်မှာ ထိုဓားချက်က ကြယ်များကို နည်းနည်းလေးမှ မထိခိုက်စေဘဲ ကန်အန်းမျိုးနွယ်ဝင်များကိုသာ သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။

ယင်းကို ကြည့်ခြင်းအားဖြင့် ထိုဓားကို ထိန်းချုပ်ထားသော လူ၏ ဓားတာအိုက မည်သည့်အဆင့်ထိ ရောက်ရှိနေကြောင်း သူတို့စိတ်ကူးကြည့်နိုင်ပေသည်။

“ ဗုန်း ”

အဝေးတွင် မရေမတွက်နိုင်သော ကန်အန်းမျိုးနွယ်ဝင်များက ဟင်းလင်းပြင်ထဲမှ တစ်ဟုန်ထိုး ပျံသန်းထွက်လာကြသည်။

ယင်းက ချုံခိုတိုက်ခိုက်မှုတစ်ခုသာ ဖြစ်သော်လည်း ကန်အန်းမျိုးနွယ်စုသည် အရံအစီအစဉ်မရှိဘဲ ဤနေရာသို့ ရောက်လာလိမ့်မည် မဟုတ်ချေ။

ယခု ပြေးထွက်လာကြသော ပုံရိပ်များသည် ကန်အန်းမျိုးနွယ်စု၏ အဓိကအင်အားစု ဖြစ်သည်။

အတောင်ပံ(၁၂)ခုပါသော ကန်အန်းလက်ရွေးစင်များက စီတန်းလိုက်ကြပြီး တိုက်ပွဲမြေပြင်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

“ ဟား ဟား… နောက်ဆုံးတော့ ကျုပ်တို့အဖိုးကြီးတွေ လှုပ်ရှားရမယ့်အချိန် ရောက်ပြီ ”

မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က ကျယ်လောင်စွာ ရယ်လိုက်သည်။ အရှေ့သို့ ခြေတစ်လှမ်း သူလှမ်းလိုက်သည့်အခါ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

တခြားလူများသည်လည်း တုံ့ဆိုင်းမနေဘဲ တိုက်ပွဲမြေပြင်ဆီသို့ ဦးတည်သွားကြသည်။

All Chapters