← Chapters

အခန်း (၁၄၈၉)

Vol. 107 Ch. 1489

အခန်း (၁၄၈၉)

Vol. 107 Ch. 1489

ကန်အန်းမျိုးနွယ်စုကို အမဲလိုက်သတ်ဖြတ်နိုင်မည့် ဤသို့အခွင့်အလမ်းက အလွန်ရှားပါးသည်။

ယနေ့တိုက်ပွဲက ကန်အန်းမျိုးနွယ်စုကို သေချာပေါက် ကြီးကြီးမားမား အထိနာစေလိမ့်မည်။

“ ဗုန်း ”

အထွတ်အမြတ် နတ်ဘုရားစွမ်းအားများက ပေါ်လျှိုးလာပြီး အချင်းမိုင်တစ်သောင်းကျယ်ဝန်းသော မိုးမြေကို ဖုံးလွှမ်းသွားသည်။ အလွန်အားကောင်းသော စွမ်းအင်လှိုင်းများကြောင့် ဟင်းလင်းပြင်က ပရမ်းပတာ လှုပ်ခတ်သွားသည်။

ယင်းက အထွတ်အထိပ်ပုဂ္ဂိုလ်များ၏ စစ်မှန်သော တိုက်ပွဲဖြစ်လေရာ ဟင်းလင်းပြင်က လုံးဝ မတောင့်ခံနိုင်ပေ။

ယင်းက စကြာဝဠာ၏ ဖိနှိပ်ခံထားရသော အစွမ်းထက်ပုဂ္ဂိုလ်များ၏ တိုက်ခိုက်မှု ဖြစ်သည်။

သူတို့ လှုပ်ရှားမှုပြုလုပ်လိုက်သည့်အခါတိုင်း ကြယ်များက ပေါက်ကွဲသွားကြသည်။

သူတို့လက်ဝှေ့ယမ်းလိုက်သည့်အခါ ကြယ်စင်စုတစ်ခုလုံး တုန်ခါသွားသည်။

“ ဟား ဟား… လွန်ခဲ့တဲ့ နှစ်သန်းပေါင်းသုံးဆယ်တုန်းက ကန်အန်းမျိုးနွယ်စုက ငါ့ရဲ့ မီးတောက်စကြာဝဠာဆီ ကျူးကျော်ဝင်ရောက်လာပြီး ငါ့ရဲ့ လခြမ်းကွေးဂိုဏ်းက တပည့်သုံးသန်းကို သတ်ဖြတ်သွားခဲ့တယ်… အခု မင်းတို့က အတိတ်တုန်းကလို အစွမ်းထက်နေတုန်းပဲလားဆိုတာ ငါစမ်းကြည့်ချင်တယ် ”

“ မျက်လုံးသုံးလုံးနဲ့ လင်းနို့ကောင်… ငါ့လက်သီးကို မြည်းကြည့်လိုက်စမ်း ”

ဟင်းလင်းပြင်ထဲတွင် ကြုံးဝါးသံအမျိုးမျိုး ပဲ့တင်ထပ်လာပြီး ဟင်းလင်းပြင်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ လူတိုင်းက စိတ်လှုပ်ရှားမှုကြောင့် သွေးပွက်ပွက်ဆူလာကြသည်။

မရေမတွက်နိုင်သော လက်ရွေးစင်ကျင့်ကြံသူများက အရှေ့သို့ ချီတတ်လာကြပြီး ကန်အန်းမျိုးနွယ်ဝင်များကို အပိုင်းပိုင်းအစစ သတ်ဖြတ်လိုက်ကြသည်။

အဝေးတွင် ဟန်မူယဲ့သည် ဟင်းလင်းပြင်ထဲမှ ရက်စက်ကြမ်းကြုတ်သော ထိုတိုက်ပွဲကို မထူးမခြားနား အမူအရာဖြင့် စောင့်ကြည့်နေသည်။

ယင်းက ကြယ်စင်စုအဆင့် တိုက်ပွဲ ဖြစ်သည်။

ဤလောက၏ အသန်မာဆုံးပုဂ္ဂိုလ်များက တိုက်ခိုက်လိုက်သည့်အခါ ကြယ်စင်စုက တုန်ခါသွားပြီး မရေမတွက်နိုင်သော ကြယ်များက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားကြသည်။

ထိုသို့စွမ်းအားက စကြာဝဠာတစ်ခုကို နှစ်သန်းပေါင်းများစွာကြာ ပြန်မကောင်းမွန်နိုင်စေရန် ကန့်သတ်ထားနိုင်သည်။

သို့သော်လည်း ယင်းက စကြာဝဠာ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တစ်ခု မဟုတ်ပေဘူးလော။

ဟန်မူယဲ့က လက်မြှောက်လိုက်သည်။

ကပ်ဘေးစွမ်းအားက သူ၏ လက်ဖဝါးပေါ်တွင် ရွှေရောင်မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

အကယ်၍ ထိုတိုက်ပွဲသာ ယခုထက် အဆတစ်ထောင် ပိုပြီးအားကောင်းလာမည်ဆိုလျှင် ယင်းက နောက်ထပ် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မည်လော။

“ ခင်ဗျားရဲ့ ကန်အန်းမျိုးနွယ်ဝင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရတာကို ခင်ဗျားမြင်နေတာတောင် ဘာမှမခံစားရဘူးလား… တကယ်ပဲ ခင်ဗျားရဲ့ မျိုးနွယ်စုက စိတ်ခံစားချက်မရှိတာလား ”

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး အဝေးမှ ပုံရိပ်တစ်ခုကို ကြည့်လိုက်သည်။

သူနှင့် ပေတစ်ထောင်အကွာအဝေးတွင် မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က မတ်တတ်ရပ်နေသည်။

သူ၏ နဖူးပေါ်မှာ ဒေါင်လိုက်အက်ကွဲကြောင်းတစ်ခု ရှိနေသည်မှလွဲလျှင် ထိုအဖိုးအိုက သာမန်ကျင့်ကြံသူတစ်ယောက်နှင့် မကွာခြားပေ။

“ ဒါက သေခြင်းရှင်ခြင်းပါပဲ… အဲ့ဒါကို ငါမြင်ပြီးပြီ ”

ထိုအဖိုးအိုက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ ကျုပ်သံသယဖြစ်မိတယ်… ခင်ဗျားအနိုင်ရမယ်လို့ ဘယ်အရာက ခင်ဗျားကို ယုံကြည်မှုပေးနေတာလဲ ”

ဟန်မူယဲ့က ဖြည်းညင်းစွာ လက်မြှောက်လိုက်သည်။ သူ၏ လက်ဖဝါးပေါ်တွင် ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။

“ သဘောမတူဘူးလား ”

“ ဒါဆိုရင် တိုက်ကြမယ် ”

ဓားအလင်းတစ်ခုက ဟန်မူယဲ့၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာသည်။

ဓားအလင်း ထွက်ပေါ်လာသည့်အခိုက် ကန်အန်းမျိုးနွယ်စုအကြီးအကဲ၏ မျက်လုံးက ရုတ်တရက် ပြူးကျယ်သွားသည်။

“ ဓားတာအိုအုပ်ချုပ်သူ ”

သူ၏ ခန္ဓာကိုယ်က လက်လေးဖက်နှင့် အတောင်ပံ(၁၂)ခုပါသော ကန်အန်းမျိုးနွယ်သဏ္ဍာန် အသွင်ပြောင်းလဲသွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် အုပ်ချုပ်သူတစ်ပါးက မည်သည့်အရာကို ဆိုလိုသနည်း။

၎င်းက မိုးမြေကို လွှမ်းမိုးဖိနှိပ်နိုင်သော အစွမ်းထက်တည်ရှိမှု ဖြစ်သည်။ မည်သူမှ ၎င်းကို မဆန့်ကျင်နိုင်ကြချေ။

ထိုသို့ပုဂ္ဂိုလ်ကို အဆင့်တူသော တည်ရှိမှုများမှလွဲလျှင် တခြားလူများက မခုခံနိုင်ကြချေ။

ကံမကောင်းစွာပင် ဟန်မူယဲ့၏ ဓားတာအိုပုံရိပ်ကို သူမြင်လိုက်သည့်အခိုက် ထွက်ပြေးရန် အလွန်နောက်ကျသွားချေ၏။

ကောင်းကင်ကို ညွှန်ပြနေသော ဓားရှည်က အားမာန်ပါပါ လွှဲယမ်းသွားသည်။

ထိုအခါ ဓားအလင်းက အချင်းမိုင်သုံးသောင်းအတွင်း လှည့်ပတ်သွားသည်။ ဓားအလင်း၏ ဖိအားအောက်မှာ မိုးမြေက တုန်ယင်သွားပြီး ဟင်းလင်းပြင်က အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။

ထိုဓားအလင်းက ရှေးခေတ်ကာလမှ ဆင်းသက်လာသည့်အလား အချိန်မြစ်ကို ဖြတ်သန်းသွားပြီး ရုတ်တရက် ပျောက်ကွယ်သွားသည်။

နောက်အခိုက်အတန့်မှာ ကန်အန်းမျိုးနွယ်စုအကြီးအကဲ၏ ဖြန့်ထုတ်ထားသော အတောင်ပံများက တုန်ယင်သွားသည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ခေါင်းငုံ့လိုက်ပြီး သူ၏ ရင်ဘက်ပေါ်သို့ ကြည့်လိုက်သည်။

သူ၏ ရင်ဘက်ပေါ်တွင် ဓားအမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။

“ ဒီ… ဒီဟာက အုပ်ချုပ်သူအစွမ်း… ”

အဖိုးအို၏ စကားမဆုံးခင်မှာ သူ၏ ကန်အန်းခန္ဓာကိုယ်က တိုက်ရိုက် ပေါက်ကွဲသွားသည်။

ခြေလှမ်းဝက် အုပ်ချုပ်သူအဆင့် အစွမ်းထက်တည်ရှိမှုတစ်ခုက ဓားတစ်ချက်ဖြင့် ထိုသို့သေဆုံးသွားသည်။

အာကာသဟင်းလင်းပြင်ထဲတွင် မိုင်သုံးသောင်းရှည်လျားသော ဓားအမှတ်အသားက ဖြည်းညင်းစွာ ပြန်ကောင်းမွန်သွားသည်။

အောက်ဘက်တွင် မရေမတွက်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များက ခေါင်းမော့လိုက်ကြပြီး ကောင်းကင်ပေါ်မှ ဓားအလင်းကို ကြည့်လိုက်ကြသည်။

“ ဆရာဟန် လှုပ်ရှားလိုက်ပြီ ”

မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။ ကောင်းကင်ပေါ်မှ ဓားအလင်းကို မြင်သွားသည့်အခါ သူ၏ မျက်လုံးက တလက်လက် တောက်ပသွားသည်။

“ အုပ်ချုပ်သူ ”

ဝတ်စုံပြာနှင့် တာအိုပညာရှင်တစ်ယောက်က ခေါင်းငုံ့၍ အရိုအသေပေးလိုက်သည်။

ဒီတော့… အဲ့ဒါက ဆရာဟန်ရဲ့ အစစ်အမှန်စွမ်းအားကို…

ဟွမ်ကျစ်ဟူက ဘေးသို့ လှည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာက ဘာမှမပြောင်းလဲသွားသော်လည်း သူက လက်ထဲမှ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ဒီတော့… မွေးစားအဖေနဲ့ ငါ့ကြားက စွမ်းအားကွာခြားမှုက အရမ်းကြီးမားနေတုန်းပဲပေါ့…

“ အဲ့ဒါ ဆရာဟန်ရဲ့ ဓားချက်ပဲ ”

ကုန်းစွန်းမင်က မထူးမခြားနား ပြောသည်။

ကုန်းစွန်းမိသားစုမှ အကြီးအကဲသုံး၏ အမူအရာက ပြောင်းလဲသွားသည်။ သူက အံ့ဩတကြီး ရေရွတ်လိုက်သည်။

“ သေစမ်း… အဲ့ဒီဓားချက်က ဘယ်လောက် ရက်စက်ကြမ်းတမ်းလိုက်လဲ ”

ထိုဓားချက်ထဲမှာ ကိန်းအောင်းနေသော ရက်စက်ကြမ်းတမ်းမှုက လူတိုင်း၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေသည်။

ထိုဓားချက်၏ စွမ်းအားက တိုင်းတာမရအောင် အကန့်အသတ်မဲ့သည့်အပြင် ယင်း၏ ရက်စက်ကြမ်းတမ်းမှုကလည်း အစွန်းရောက်သည်။

ထိုသို့ဓားချက်ဖြင့် ရင်ဆိုင်ရသည့်အခါ မည်သူက မကြောက်ဘဲ နေမည်နည်း။

မည်သူက ကန်အန်းမျိုးနွယ်စုအကြီးအကဲကဲ့သို့ ဓားတစ်ချက်တည်းဖြင့် အသက်ဆုံးရှုံးချင်မည်နည်း။

ဟန်မူယဲ့က ဓားအလင်းကို ဖြည်းညင်းစွာ ပြန်ရုပ်သိမ်းလိုက်ပြီး အောက်ဘက်မှ လေဟာနယ်ကို တိတ်တဆိတ် စစ်ဆေးကြည့်လိုက်သည်။

ကန်အန်းမျိုးနွယ်ဝင်ထောင်သောင်းချီက စိတ်ဓာတ်ပြိုလဲသွားကြပြီး ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။

ဤတိုက်ပွဲတွင် ၎င်းတို့ဘက်မှ ခြေလှမ်းဝက် အုပ်ချုပ်သူအဆင့် အကြီးအကဲတစ်ယောက်အပါအဝင် ကန်အန်းဘုရင် ဒါဇင်ပေါင်းများစွာနှင့် အတောင်ပံရှစ်ခု၊ အတောင်ပံဆယ်ခုနှင့် အတောင်ပံဆယ့်နှစ်ခု ကန်အန်းမျိုးနွယ်ဝင်များက ဤဟင်းလင်းပြင်ထဲမှာ သေကြေပျက်စီးသွားခဲ့ကြသည်။

ကန်အန်းမျိုးနွယ်ဝင်များသည် အလွန်ကြွယ်ဝချမ်းသာကြသည်။ ထိုသေဆုံးသွားကြသော ကန်အန်းမျိုးနွယ်ဝင်များ၏ အလောင်းများပေါ်မှာ တန်ဖိုးကြီးရတနာအများအပြား ရှိသည်။

ဤတိုက်ပွဲမှာ သူတို့က ရန်သူကို အနိုင်ရခဲ့ရုံသာမက တန်ဖိုးကြီးမားသော အရင်းအမြစ်များကိုလည်း ပိုင်ဆိုင်သွားကြသည်။

ဤအခိုက်အတန့်မှာ ဟွမ်ကျစ်ဟူ၏ ဓားအလင်းက ပျောက်ကွယ်သွားပြီး သူ၏ အကြည့်က အောက်ဘက်မှ ကြယ်များပေါ်သို့ ကျရောက်သွားသည်။

ဤတိုက်ပွဲမှာ ကန်အန်းမျိုးနွယ်ဝင်အများအပြား ကျဆုံးသွားကြလေရာ လေဟာနယ်ထဲမှာ ပြန့်ကျဲနေသော မူလစွမ်းအားက သူ့အောက်မှ ဧရာမကြယ်ထံသို့ အဆက်မပြတ် တိုးဝင်သွားနေသည်။ သို့ဖြစ်လေရာ ထိုဧရာမကြယ်က ဘေးပတ်ဝန်းကျင်မှ တခြားကြယ်များနှင့် သိသိသာသာ ကွာခြားသွားသည်။

ထိုကြယ်ပေါ်မှာ ဝိညာဉ်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြောင်း ဟွမ်ကျစ်ဟူ အာရုံခံမိသည်။

“ နောင်နှစ်ပေါင်းများစွာကြာပြီးရင် အဲ့ဒီကြယ်က စကြာဝဠာတစ်ခုရဲ့ မူလဇစ်မြစ်ဖြစ်လာလိမ့်မယ် ”

ဟွမ်ကျစ်ဟူ၏ အနောက်မှာ ရပ်နေသော ဆရာချင်းစုယန်က တိုးညင်းစွာ ပြောသည်။

မိုးမြေ၏ မူလဇစ်မြစ်၊ စကြာဝဠာ၏ အမွေအနှစ်နှင့် သက်ရှိအားလုံး၏ မူလအစက အစွမ်းထက်ပုဂ္ဂိုလ်များ စူးစမ်းလေ့လာချင်ကြသော မေးခွန်းများ ဖြစ်ကြသည်။

ဤအခိုက်အတန့်မှာ ထိုကြယ်က ဆရာချင်းစုယန်နှင့် ဟွမ်ကျစ်ဟူကို နက်နဲသိမ်မွေ့သော ဉာဏ်အလင်းအား ပေးလိုက်သည်။

ယင်းက ဓားတာအိုနှင့် ဆင်တူသည်။

အစွန်းတစ်ဖက်က သေခြင်းဖြစ်ပြီး အခြားအစွန်းတစ်ဖက်က ရှင်သန်ခြင်း ဖြစ်သည်။

“ ဟား ဟား… စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ… ဒီလိုသတ်ဖြတ်ပွဲမျိုး ငါမခံစားခဲ့ရတာ နှစ်တစ်သန်းရှိသွားပြီ ”

မုတ်ဆိတ်ဖြူအကြီးအကဲက ဟင်းလင်းပြင်ထဲမှာ ပြန့်ကျဲနေသော ကန်အန်းမျိုးနွယ်ဝင်အလောင်းများကို ကြည့်လိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

လောကတစ်သောင်းကုန်းမြေတွင် အစွမ်းထက်ဆုံး အင်အားစုဖြစ်သော ကြယ်စင်စုစကြာဝဠာသည်ပင် ကန်အန်းမျိုးနွယ်စုကို ထပ်တိုက် မရင်ဆိုင်ဝံ့လေရာ တခြားစကြာဝဠာများကိုတော့ ထည့်ပြောနေစရာ မလိုပေ။

ဤကဲ့သို့ ကန်အန်းမျိုးနွယ်စုမှ လက်ရွေးစင်အများကြီးကို သုတ်သင်ရှင်းလင်းပစ်နိုင်သော အဖြစ်အပျက်မျိုးက အလွန်ရှားပါးသည်။

ဤတိုက်ပွဲက ကန်အန်းမျိုးနွယ်စုကို အင်အားမယုတ်လျော့စေလျှင်ပင် ၎င်းတို့ကို သေချာပေါက် အထိနာစေလိမ့်မည်။

“ လွန်ခဲ့တဲ့ နှစ်သုံးသန်းတုန်းက ငါ့ရဲ့ ဆန္ဒကို ဒီနေ့ ဖြည့်ဆည်းနိုင်ခဲ့ပြီ… ငါ့မှာ ဘာနောင်တမှ မရှိတော့ဘူး ”

အနက်ရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားက သူ၏ လက်ထဲမှ ဓားမော့ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

ကန်အန်းမျိုးနွယ်စုက ကြယ်စင်စုစကြာဝဠာတစ်ခုတည်းကို ကျူးကျော်ဝင်ရောက်ခဲ့ခြင်း မဟုတ်ပေ။ ၎င်းတို့က မရေမတွက်နိုင်သော ကမ္ဘာများကိုလည်း ဖျက်ဆီးပစ်ခဲ့ကြသည်။

အဓိကအရေးကြီးသည့်အချက်မှာ ကန်အန်းမျိုးနွယ်ဝင်များက အကြင်နာမဲ့ပြီး ရက်စက်ကြမ်းကြုတ်ကြသည်။ ၎င်းတို့က ကမ္ဘာများကို ကျူးကျော်ဝင်ရောက်ပြီးသည်နှင့် ထိုကမ္ဘာမှ အမွေအနှစ်များကို ဖျက်ဆီးပစ်ကြလိမ့်မည်။

မကြာမီ အစောနက ဆူညံပွက်လောရိုက်ခဲ့သော တိုက်ပွဲက ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။

ကောင်းကင်နှင့် မြေပြင်ကြားမှ တည်ကြည်လေးနက်သော လေထုကို မည်သူမဆို ခံစားနိုင်ကြပေသည်။

လူအနည်းစု၏ ခန္ဓာကိုယ်ထဲတွင် မတူညီသော စွမ်းအားများက တစ်ဟုန်ထိုး မြှောက်တတ်လာကြသည်။

ယင်းက အစွမ်းတိုးမြှင့်မှု ဖြစ်သည်။ သူတို့က စိတ်ကျေနပ်ဖွယ်ကောင်းသော သတ်ဖြတ်ပွဲကို လုပ်ဆောင်ပြီးနောက် ဉာဏ်အလင်းရရှိသွားကြသည်။ လုံလောက်သော ကျင့်ကြံခြင်းစွမ်းအား၊ ပါရမီနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒမရှိလျှင် ထိုသို့အစွမ်းတိုးမြှင့်မှုကို သူတို့တွေ့ကြုံရလိမ့်မည် မဟုတ်ချေ။

ဤနေရာသို့ ရောက်ရှိလာကြသော လူများသည် လက်ရွေးစင်ကျင့်ကြံသူများနှင့် စကြာဝဠာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သို့ဖြစ်လေရာ တစ်ခဏ ဉာဏ်အလင်းရခြင်းသည်ပင် သူတို့အတွက် အလွန်တန်ဖိုးကြီးမားသောအရာ ဖြစ်သည်။

ထိုသေးငယ်သော အစွမ်းတိုးမြှင့်မှုက သူတို့၏ မူလအကန့်အသတ်ကို ကျော်လွန်သွားစေလိမ့်မည်။

“ ဝီး ”

အလင်းလွှာများက အပေါ်သို့ မြှောက်တတ်သွားကြသည်။

ယင်းက သူတို့၏ သရုပ်တုံကင်များမှ ထုတ်လွှတ်လိုက်သော ဝိညာဉ်အလင်းများ ဖြစ်ကြသည်။

“ နောက်ထပ် တည်နေရာအသစ် ထွက်ပေါ်လာပြီ ”

တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

တည်နေရာအသစ်… ။

ထိုအလင်းလွှာများပေါ်တွင် ဤနေရာနှင့် သိပ်မဝေးသော အမှတ်တစ်ခု ရှိသည်။

ထိုအမှတ်ကို မြင်သွားသောအခါ လူတိုင်းက ပြုံးလိုက်ကြသည်။

ယနေ့ အမဲလိုက်ပွဲက သူတို့ကို မကြောက်ရွံ့စေပေ။ ယင်းအစား သူတို့၏ တိုက်ပွဲဆန္ဒကို လှုံ့ဆော်ပေးသည်။

ကန်အန်းမျိုးနွယ်ဝင်များကို အမဲလိုက်ခြင်းက မည်သို့ကြောင့် ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်ခြင်းကဲ့သို့ ကောင်းမွန်လိမ့်မည်နည်း။

အစွမ်းထက်ပုဂ္ဂိုလ်အများအပြားက ဤနေရာသို့ ရောက်လာကြသည်မှာ ကန်အန်းမျိုးနွယ်စုကြောင့် မဟုတ်ပေ။ ယင်းအစား ကောင်းကင်မိစ္ဆာသားရဲများကြောင့် ဖြစ်သည်။

“ ဟား ဟား… ဆရာဟန်က ကျုပ်တို့ကို ဆင့်ခေါ်နေမှတော့ ဒီအမဲလိုက်ပွဲက သေချာပေါက် အကျိုးအမြတ်အများကြီး ပေးလိမ့်မယ် ”

အကြီးအကဲတစ်ယောက်က ရယ်လိုက်ပြီး ကြယ်မြေပုံမှ အမှတ်ဆီသို့ ဦးတည်သွားသည်။

ထို့နောက် ပုံရိပ်တစ်ခုပြီးတစ်ခုက နောက်ထပ် တုံ့ဆိုင်းမနေဘဲ သတ်မှတ်ထားသော တည်နေရာဆီသို့ ပျံသန်းသွားကြသည်။

တစ်ခဏကြာပြီးနောက် ဟင်းလင်းပြင်က တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဟန်မူယဲ့၏ ပုံရိပ်က ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။

နက်နဲသိမ်မွေ့သော နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည့်အခါ သူက ကန်အန်းမျိုးနွယ်စု ဆုတ်ခွာသွားခဲ့သော ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ ထို့နောက် သူက အလင်းအမှတ်မှ ဖော်ပြနေသော တည်နေရာဆီသို့ ပျံသန်းသွားသည်။

ကန်အန်းမျိုးနွယ်စုက ထိုတည်နေရာကို သတိမပြုမိနိုင်ပေ။

ဤတစ်ကြိမ်တွင် ကန်အန်းမျိုးနွယ်စုက အကြီးအကျယ် အထိနာသွားလေရာ ကောင်းကင်မိစ္ဆာသားရဲများကို အစွမ်းထက်ပုဂ္ဂိုလ်များ အမဲလိုက်သည့်အခါ ၎င်းတို့က သေချာပေါက် ထွက်ပေါ်လာကြလိမ့်မည်။

“ ဒီတစ်ခေါက် ဘယ်သူက ပိုသန်မာလဲ ကြည့်ကြတာပေါ့ ”

ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည့်အခါ ဝိညာဉ်အလင်းက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ဟင်းလင်းပြင်ထဲမှာ ပျောက်ကွယ်သွားသည်။

…..

အဆုံးမဲ့ဟင်းလင်းပြင်… ။

ပုံရိပ်ယောင်စိတ်ခံစားမှုက မိုးမြေထဲသို့ စိမ့်ဝင်နေသည်။

ထိုနေရာမှ ကောင်းကင်နှင့် မြေပြင်ကြားတွင် ဧရာမယဇ်ပလ္လင်တစ်ခု ထောင်မတ်နေသည်။

ယဇ်ပလ္လင်က စိမ်းပြာရောင်ဖြစ်ပြီး အလျားနှင့် အကျယ်အဝန်းက မိုင်ပေါင်းဘီလီယံနှင့်ချီသည်။ သို့ဖြစ်၍ ထိုယဇ်ပလ္လင်ကို အကန့်အသတ်မဲ့စွာ ကျယ်ပြောသည်ဟုဆိုလျှင် ချဲ့ကားလွန်းရာမရောက်ပေ။

ယဇ်ပလ္လင်၏ အပေါ်တွင် နတ်ဘုရားအင်းသင်္ကေတများက အချင်းချင်း ယှက်ထွေနေကြပြီး ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထိုနတ်ဘုရားအင်းသင်္ကေတများပေါ်မှ မျဉ်းကြောင်းများပေါ်တွင် ရွှေရောင်သွေးက စီးဆင်းနေသည်။

ထိုသွေးစီးကြောင်းများ၏ မူလဇစ်မြစ်က ပေတစ်သိန်းရှည်လျားသော မိုးထိကျောက်တိုင်များ ဖြစ်ကြသည်။ ယင်းတို့က မိုးကောင်းကင်ကို ထောက်ပံ့ထားသည့်အလား အလွန်ကြီးမားကြသည်။

ပေတစ်သိန်းရှည်လျားသော ထိုမိုးထိကျောက်တိုင်များ၏ မျက်နှာပြင်ပေါ်တွင် ဝိညာဉ်အလင်းက ရစ်ခွေစီးဆင်းနေပြီး နက်နဲသိမ်မွေ့သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

မိုးထိကျောက်တိုင်တစ်ခုစီ၏ အပေါ်တွင် ဧရာမပုံရိပ်အမျိုးမျိုးက ကျောက်တိုင်ကို ဖက်တွယ်နေကြသည်။

တချို့က နတ်သားရဲများ၏ ဧရာမခန္ဓာကိုယ်များဖြစ်ကြပြီး တချို့က လူသားမျိုးနွယ်ကဲ့သို့ ပိန်ပါးသေးသွယ်ကြသည်။

၎င်းတို့အားလုံးက မျိုးနွယ်ခြားများ ဖြစ်ကြသည်။

တူညီသည့်အချက်တစ်ခုမှာ ၎င်းတို့အားလုံး၏ ခန္ဓာကိုယ်က အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသော်လည်း ၎င်းတို့၏ စိတ်ဝိညာဉ်က အလွန်အမင်း အားနည်းနေသည်။

“ ဖီးနစ်… စိတ်ချထားစမ်းပါ… ကိုယ်မင်းကို ဒီကနေ ကယ်ထုတ်ဖို့ နည်းလမ်းတစ်ခု ရှာကြံပါ့မယ် ”

မိုးထိကျောက်တိုင်တစ်ခုပေါ်တွင် ဒုစရိုက်နဂါးက အံတင်းတင်းကြိတ်လျက် ပြောသည်။ သူ၏ ခန္ဓာကိုယ်သည်တော့ ရွှေရောင်သံကြိုးများဖြင့် ချည်နှောင်ခံထားရသည်။

အခြားကျောက်တိုင်တစ်ခုပေါ်တွင် မီးတောက်မီးလျှံများဖြင့် ဖုံးလွှမ်းခံထားရသော ခန္ဓာကိုယ်တစ်ခု ရှိသည်။ ထိုခန္ဓာကိုယ်ကို ၎င်းကြည့်လိုက်သည့်အခါ ဒုစရိုက်နဂါးက မျက်လုံးဝင်းလက်သွားသည်။

“ အားယို… မင်း ဒီနေရာမှာ ရှိနေတယ်ဆိုတာသာ ကိုယ်သိခဲ့မယ်ဆိုရင် ဒီကို စောစောလာပါတယ် ”

ဒုစရိုက်နဂါး၏ အသံထဲမှာ သိမ်မွေ့ညင်သာမှုဖြင့် ပြည့်နှက်နေသည်။

All Chapters