အခန်း (၁၃၉၅)
Vol. 107 Ch. 1495
ထိုအကြောင်းအရင်းကြောင့် ဤဘုံမှ ကပ်ဘေးစွမ်းအားက သူ့ကို မထိခိုက်စေနိုင်ပေ။ ယင်းအစား ကပ်ဘေးစွမ်းအားက သူ၏ ခန္ဓာကိုယ်ကို ကြားခံနယ်အဖြစ်သာ အသုံးပြုနိုင်သည်။
ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ကပ်ဘေးစွမ်းအားက ဖော်မပြနိုင်အောင် တစ်ဟုန်ထိုး တိုးပွားလာသည်။
“ ငါ ဒီကို ရောက်နေပြီဆိုမှတော့ တစ်ချက်လောက် သွားကြည့်သင့်လား ”
အပြုံးတစ်ခုက ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ယဇ်ပလ္လင်အောက်မှ ကျင့်ကြံသူများနှင့် အလင်းထောင့်တိုင်ထဲမှာ ပိတ်မိနေကြသေးသော ကျင့်ကြံသူများကို ကြည့်လိုက်သည်။
“ လူကြီးမင်းတို့ခင်ဗျား အခုလို ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါး ဖွင့်လှစ်တာက အရမ်းရှားပါးတဲ့ ဖြစ်စဉ်တစ်ခုပါ… ခင်ဗျားတို့ထဲမှာ ဘယ်သူကများ ကျုပ်နဲ့အတူ အသူရာကောင်းကင်ဘုံဆီ အလည်သွားချင်ပါသလဲ ”
ဟန်မူယဲ့၏ စကားက လူတိုင်းကို အံ့ဩမင်သက်သွားစေသည်။
ယင်းက အစောနက သူတို့လိုချင်တောင့်တခဲ့သောအရာ ဖြစ်သည်။ သို့သော်လည်း ယခု သူတို့က ထိုအကြောင်းကို မစဉ်းစားဝံ့ကြတော့ချေ။
ကပ်ဘေးဒုက္ခ ကျဆင်းလာမည်ကို သူတို့ကြောက်ရွံ့ကြသလို ကောင်းကင်ဂိတ်စောင့်များ ထွက်ပေါ်လာမည်ကိုလည်း သူတို့ကြောက်ရွံ့ကြသည်။ အထူးသဖြင့် အသူရာကောင်းကင်ဘုံထဲမှ အစွမ်းထက်ပုဂ္ဂိုလ်များကို သူတို့ကြောက်ရွံ့ကြသည်။
ထိုလူများကို သူတို့ရင်ဆိုင်နိုင်မည်လော။
သို့သော်လည်း ဤနေရာမှာ ရပ်တန့်ခြင်းက သူတို့လိုချင်သောအရာ ဟုတ်ပါသလော။
ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးကို စိုက်ကြည့်လိုက်သည်။
ထို့နောက် သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးဆီသို့ တန်းမတ်စွာ ဝင်သွားသည်။
တခြားလူများသည်တော့ ဤအခိုက်အတန့်မှာ အသိစိတ်ဗလာဖြစ်သွားကြသည်။ သူတို့က မည်သို့ဆုံးဖြတ်သင့်ကြောင်း မသိကြတော့ချေ။
ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးထဲသို့ ဝင်ရောက်သွားပြီးနောက် မည်သည့်အရာအား သူတို့ရင်ဆိုင်ရလိမ့်မည်ကို မည်သူမှ မသိကြချေ။
“ ဟား ဟား… အဲ့ဒီကောင်လေးက သတ္တိရှိတယ် ”
ဒုစရိုက်နဂါးက သဘောကျစွာ ရယ်လိုက်ပြီး ပြောသည်။
အဝေးတွင် ဖီးနစ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး စကားပြောလိုက်သည့်အခါ တောက်ပသော နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ သူက အံ့ဖွယ်ကိုးပါးတောင်သခင်နဲ့ တကယ်ဆင်တယ်… ”
“ ဝှစ် ”
ထိုစဉ် ပုံရိပ်တစ်ခုက အပေါ်သို့ ပျံတတ်သွားပြီး ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါး၏ အပြင်ဘက်မှာ ခြေချလိုက်သည်။
ထိုပုံရိပ်က သုံးပေရှည်လျားသော ဓားကို ကိုင်ဆောင်ထားသည့် ဟွမ်ကျစ်ဟူမှလွဲ၍ တခြားလူမဟုတ်ပေ။
သူ၏ အနောက်တွင် လောကတစ်သောင်းကုန်းမြေမှ လက်ရွေးစင်ကျင့်ကြံသူ တစ်ယောက်ပြီးတစ်ယောက်က လိုက်ပါလာကြသည်။
ထိုမြင်ကွင်းက ဆုံးဖြတ်ချက်ချရန် တုံ့ဆိုင်းနေကြသော စကြာဝဠာအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များကို စိတ်ရှုပ်ထွေးသွားစေသည်။
ဖြစ်နိုင်သည်မှာ သွေးဆူလွယ်သော လူငယ်မျိုးဆက်သစ်များသည်သာ ထိုသို့ရဲစွမ်းသတ္တိကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်။
“ အဲ့ဒါ အသူရာကောင်းကင်ဘုံလား ”
ဟန်မူယဲ့သည် ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးထဲသို့ ဝင်ရောက်သွားပြီးနောက် ရှေးဦးအပျက်အစီးမြေတစ်ခုမှာ ပြန်ထွက်ပေါ်လာသည်။
ထွန်းလင်းတောက်ပသော သူရိန်နေမီးလျှံက သူ၏ ဦးခေါင်းထက်မှာ ရောင်ဝါလင်းထိန်နေပြီး တောင်တန်းအသွယ်သွယ်က အဆုံးအစမဲ့စွာ သွယ်တန်းနေသည်။ မြေပြင်ပေါ်မှ သဲကန္တာရများက သူ၏ မွေးရပ်ဇာတိဘုံမှ သဲကန္တာရများနှင့် ဘာမှမခြားနားပေ။
ဤဘုံ၏ မိုးမြေကြားထဲမှ အင်မော်တယ်ချီသည်ပင် အတော်လေး ဆင်တူကြသည်။
သို့သော်လည်း စစ်မှန်သော ခြားနားချက်က မူလဇစ်မြစ် ဖြစ်သည်။
သူက လက်ဆန့်ထုတ်လိုက်ပြီး သူ၏ လက်ဖဝါးကို ငုံ့ကြည့်လိုက်သည်။
ကပ်ဘေးစွမ်းအားက ဤနေရာမှာ သိသိသာသာ ဖိနှိပ်ခံနေရသည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ အင်မော်တယ်တာအိုအစွမ်းသည်လည်း အဆတစ်ရာ သို့မဟုတ် အဆတစ်ထောင်ခန့် ဖိနှိပ်ခံထားရသည်။
ထိုဖိနှိပ်မှုက မဟာတာအိုစွမ်းအားကြောင့် မဟုတ်ပေ။ ယင်းအစား ဤလောက၏ မူလစွမ်းအားက လွန်စွာ အုတ်မြစ်ခိုင်မာသောကြောင့် စွမ်းအင်အားလုံးက ပိုပြီးကျစ်လစ်သိပ်သည်းသွားသည်။
အသူရာကောင်းကင်ယဇ်ပလ္လင်ထံမှ သူရရှိခဲ့သော မှတ်ဉာဏ်များက အမှန်ဖြစ်သည်။ အထက်ဘုံက ပိုပြီးတည်ငြိမ်သော အစစ်အမှန်လောက ဖြစ်သည်။
ဤဘုံမှ မူလစွမ်းအားက အလွန်ကျစ်လစ်သိပ်သည်းသောကြောင့် သက်ရှိများ၏ မန္တန်စွမ်းအားနှင့် ရုပ်ခွန်အားက သိသိသာသာ အားနည်းသွားသည်။
သို့တိုင် အံ့ဖွယ်ကိုးပါးတောင်သခင်နှင့် ဓားနတ်ဘုရားလုယွဲ့က အသူရာကောင်းကင်ဘုံမှ တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ပြီး ယင်းကို လောကတစ်သောင်းကုန်းမြေအဖြစ် ပြောင်းလဲပစ်ခဲ့ကြသည်။
ယခု ဟန်မူယဲ့ကိုယ်တိုင် အသူရာကောင်းကင်ဘုံသို့ ရောက်ရှိလာသည့်အခါ ထိုကိစ္စက သူစိတ်ကူးထားသည်ထက် အဆပေါင်းများစွာ ပိုပြီးခက်ခဲကြောင်း နားလည်သွားသည်။
သူက လက်ဆန့်ထုတ်လိုက်ပြီး မြေပေါ်မှ သဲများကို ဖမ်းဆုပ်လိုက်ကာ ဖြည်းဖြည်းချင်း ဖျစ်ညှစ်လိုက်သည်။
သူ၏ လက်ရှိ အထွတ်အထိပ်ခွန်အားဖြင့်ဆိုလျှင် သူ၏ လက်သီးတစ်ချက်က မိုင်တစ်ထောင်ကျယ်ဝန်းသော ဧရိယာကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်သည်မဟုတ်ပါလော။
“ မွေးစားအဖေ ”
ဟွမ်ကျစ်ဟူ၏ အသံက သူ့အနောက်မှ ရွှေရောင်အလင်းဂိတ်တံခါးထဲမှ ပျံ့လွင့်လာသည်။ ထို့နောက် ဟွမ်ကျစ်ဟူက အပြင်သို့ ထွက်လျှောက်လာသည်။
ဤလောကအသစ်ထဲသို့ ခြေချလိုက်သည့်အခိုက် သူ၏ အမူအရာက ပြောင်းလဲသွားသည်။
သူ၏ ခန္ဓာကိုယ်က တုန်ယင်လာသည်။
“ မင်းရဲ့ မူလစွမ်းအားက မပြည့်စုံသေးဘူး… ဒါကြောင့် ဒီလောကရဲ့ မဟာတာအိုစွမ်းအားကို မင်းမတောင့်ခံနိုင်ဘူး ”
ဟန်မူယဲ့က ဟွမ်ကျစ်ဟူကို ကြည့်လိုက်ပြီး ပြောသည်။ ထို့နောက် သူ၏ အကြည့်က ဟွမ်ကျစ်ဟူ၏ အနောက်မှ ပုံရိပ်များထံသို့ ကျရောက်သွားသည်။
သူလက်ဝှေ့ယမ်းလိုက်သည့်အခါ စစ်ပွဲရုပ်သေးရုပ်တစ်ခုပြီးတစ်ခုက လေထဲမှာ ထွက်ပေါ်လာကြသည်။
ဤဘုံတွင် သိုလှောင်အိတ်ထဲမှ ရတနာများကို အပြင်ထုတ်ခြင်းသည် သာမန်အင်မော်တယ်ဘုရင်တစ်ပါး လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။
အသူရာကောင်းကင်ဘုံထဲတွင် သိုလှောင်အိတ်တစ်ခုအား ဖွင့်လှစ်ရန် ပြီးပြည့်စုံသော မူလဇစ်မြစ်နှင့် လေဟာနယ်စည်းမျဉ်းများကို တတ်ကျွမ်းထားရန် လိုအပ်ပေသည်။
“ စစ်ချပ်ဝတ်ကို ဝတ်ဆင်ပြီး စစ်ပွဲရုပ်သေးရုပ်ရဲ့ စွမ်းအားနဲ့ ကိုယ့်ကိုယ်ကိုယ် အားဖြည့်ကြပါ… ပြီးသွားရင် ဒီဘုံရဲ့ ပြီးပြည့်စုံတဲ့ မူလစွမ်းအားကို ဆင်ခြင်နားလည်နိုင်အောင် ကြိုးစားကြပါ ”
“ အဲ့ဒါ မင်းတို့အတွက် အခွင့်အရေးပဲ ”
“ ငါတို့ပြန်တဲ့အခါ ဒီဘုံက ပစ္စည်းတွေကို မင်းတို့တတ်စွမ်းသလောက် သယ်သွားနိုင်အောင် ကြိုးစားပါ ”
ဟန်မူယဲ့က ထိုလက်ရွေးစင်ကျင့်ကြံသူများကို ကြည့်လျက် ပြုံးလိုက်ပြီး ပြောသည်။
“ ဒီက သဲတွေကို လက်တစ်ဆုပ်စာ ပြန်သယ်သွားနိုင်မယ်ဆိုရင်တောင် အဲ့ဒါက ပြီးပြည့်စုံတဲ့ မူလရတနာတစ်ခုဖြစ်လာလိမ့်မယ် ”
ယင်းက အမှန်ဖြစ်သည်။ သူချဲ့ကားပြောနေခြင်း မဟုတ်ပေ။
လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေသည်လည်း ပြီးပြည့်စုံသော မူလဇစ်မြစ်ကုန်းမြေတစ်ခု ဖြစ်သည်။ ထို့ကြောင့် ယင်းကို အဆက်မပြတ် ခွဲထုတ်နိုင်ပြီး ပြန်လည်ပေါင်းစည်းနိုင်ခြင်း ဖြစ်၏။
ဤနေရာမှ သဲများကို လက်နက်သန့်စင်ခြင်းအတွက် အသုံးပြုနိုင်သည်။ ထူးခြားချက်တစ်ခုအနေဖြင့် ထိုသဲများဖြင့် သန့်စင်ထားသော ရတနာများက အက်ကွဲပျက်စီးသွားလျှင်ပင် အနာဂတ်မှာ ပြန်ကောင်းမွန်လာလိမ့်မည်။
ထုံးစံအားဖြင့် အကယ်၍ သူတို့က အသူရာကောင်းကင်ဘုံထဲမှ တခြားပစ္စည်းများကို အဆင့်နိမ့်ဘုံများဆီသို့ သယ်ယူသွားမည်ဆိုလျှင် ယင်းတို့က အထွတ်အမြတ်ရတနာများအဖြစ် သတ်မှတ်ခံကြရလိမ့်မည်။
စစ်ချပ်ဝတ် ဝတ်ဆင်ထားကြသော လက်ရွေးစင်ကျင့်ကြံသူများသည် စစ်ပွဲရုပ်သေးရုပ်များကို ထိန်းချုပ်လျက် အရပ်မျက်နှာအသီးသီးဆီသို့ ပျံသန်းသွားကြသည်။
ဟွမ်ကျစ်ဟူက ဟန်မူယဲ့၏ ညွှန်ကြားချက်အတိုင်း လိုက်နာပြီး တိုက်ပွဲဝင်္ကပါဖွဲ့စည်းရန် သူတို့ကို ဆက်လက် ဦးဆောင်လိုက်သည်။
ဤဘုံတွင် တိုက်ပွဲဝင်္ကပါ၏ စွမ်းအားသည်လည်း ဖိနှိပ်ခံထားရသည်။ သို့ဖြစ်၍ ယင်းက အဆင့်နိမ့်ဘုံမှာကဲ့သို့ အံ့ဖွယ်ကောင်းသော တိုက်ပွဲစွမ်းအားကို မထုတ်လွှတ်နိုင်တော့ပေ။
သို့သော် ဓားကျင့်ကြံခြင်းက အံ့ဖွယ်ကောင်းသော တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်နိုင်ဆဲပင်။
ဓားကျင့်ကြံခြင်းတစ်ခုတည်း မဟုတ်ပေ။ တခြားအစွမ်းများနှင့် နည်းစနစ်များသည်လည်း အများကြီး ဖိနှိပ်မခံထားရချေ။
“ ဒီအသူရာကောင်းကင်ဘုံမှာ တစ်စုံတစ်ယောက်က ပြင်ပစွမ်းအားတွေကို မှီခိုလို့မရတဲ့ပုံပဲ… ကြည့်ရတာ ကိုယ်ပိုင်အရည်အချင်းကိုပဲ ထုတ်ဖော်နိုင်လိမ့်မယ် ”
ထိုသို့နားလည်သွားသည့်အခါ ဓားကျင့်ကြံသူများက ဝမ်းသာပျော်ရွှင်သွားကြသည်။
ဟန်မူယဲ့သည်လည်း အစမ်းကြိုးစားကြည့်လိုက်လေရာ ဓားတာအိုအစွမ်းကို ရှစ်ဆယ်ရာခိုင်နှုန်းခန့် သူထုတ်လွှတ်နိုင်သေးကြောင်း ရှာတွေ့သွားသည်။
ထိုစဉ် ပိုမိုများပြားသော ပုံရိပ်များက သူတို့အနောက်မှ အလင်းဂိတ်တံခါးထဲမှ ထွက်ပေါ်လာကြသည်။ ဤတစ်ကြိမ်တွင် စကြာဝဠာအသီးသီးမှ အထွတ်အထိပ်ပုဂ္ဂိုလ်များက ရောက်ရှိလာကြသည်။
အသူရာကောင်းကင်ဘုံထဲသို့ ရောက်ရှိလာပြီးနောက် ထိုအစွမ်းထက်ပုဂ္ဂိုလ်များ၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။
ကောင်းကင်နှင့် မြေပြင်ကြားမှ စည်းမျဉ်းစွမ်းအားများနှင့် မဟာတာအို၏ အုတ်မြစ်ခိုင်မြဲမှုက သူတို့ကို စိတ်မသက်မသာ ခံစားရစေသည်။
သို့သော်လည်း ထိုစွမ်းအားကို အာရုံခံမိပြီးနောက် သူတို့က ဖော်မပြနိုင်အောင် ဝမ်းသာပျော်ရွှင်သွားကြသည်။
ဤဘုံမှ မူလစွမ်းအားက အကန့်အသတ်သို့ ရောက်ရှိနှင့်ပြီးသော သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို ပြင်းထန်စွာ ဖိနှိပ်လိုက်သည်။ တစ်ချိန်တည်းမှာ ထိုဖိနှိပ်မှုက သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို ဖြည်းဖြည်းချင်း အခြေခိုင်မာလာစေသည်။
သို့ဖြစ်၍ သူတို့၏ ဘဝသက်တမ်းနှင့် ကျင့်ကြံခြင်းစွမ်းအားက ပိုပြီးကျစ်လစ်သိပ်သည်းလာသည်။
အကယ်၍ သူတို့က ဤဘုံ၏ အထွတ်အထိပ်သို့ရောက်ရှိအောင် ကျင့်ကြံနိုင်မည်ဆိုလျှင် သူတို့က မသေမျိုးများဖြစ်လာကြပြီး စစ်မှန်သော ထာဝရရှင်သန်ခြင်းကို ပိုင်ဆိုင်သွားကြလိမ့်မည်။
မည်သို့ဖြစ်ပါစေ ဤဘုံမှ သဲတစ်မှုန် သို့မဟုတ် မြေတစ်ခဲကို အဆင့်နိမ့်ဘုံမှာ ထားရှိမည်ဆိုလျှင် ယင်းက အချိန်ကာလ၏ ယိုယွင်းတိုက်စားမခံရဘဲ ထာဝရ တည်ရှိနိုင်လိမ့်မည်။ သို့ဖြစ်လေရာ အကယ်၍ သူတို့သာ ဤဘုံ၏ ထိပ်ဆုံးထိ ကျင့်ကြံနိုင်မည်ဆိုလျှင် ထာဝရ ရှင်သန်နိုင်သွားကြလိမ့်မည် မဟုတ်ပါလော။
“ ဝူး ”
နှဲမှုတ်သံက အဝေးမှ ပဲ့တင်ထပ်လာသည်။
နှဲမှုတ်သံက ကောင်းကင်နှင့် မြေပြင်ကြားမှာ ဆက်တိုက် ပဲ့တင်ထပ်သွားပြီး မိုင်ထောင်သောင်းချီ အကွာအဝေးသို့ ပျံ့လွင့်သွားသည်။
ကောင်းကင်ပေါ်တွင် ပုံရိပ်အများအပြားက အသူရာကောင်းကင်ဘုံထဲသို့ ဝင်ရောက်လာကြသော ဟန်မူယဲ့နှင့် တခြားလူများထံသို့ ဦးတည်လာနေကြသည်။
“ ကောင်းကင်မိစ္ဆာသားရဲတွေ ”
“ ကောင်းကင်မိစ္ဆာသားရဲတွေက ထိန်းကျောင်းခံထားရတယ် ”
“ အနိမ့်ဆုံးကောင်တွေက အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲတွေ… ပြီးတော့ အဆင့်တစ်ထက် သာလွန်တဲ့ ကောင်းကင်မိစ္ဆာသားရဲတွေတောင် ပါသေးတယ် ”
ကောင်းကင်မိစ္ဆာသားရဲအုပ်စုများက ဆက်တိုက် ပျံသန်းလာနေကြောင်း မြင်လိုက်ရသောအခါ လူတိုင်းက မျက်နှာတည်ကြည်သွားကြသည်။
သူတို့၏ မန္တန်စွမ်းအားများ ဖိနှိပ်ခံထားရစဉ် ထိုမျှများပြားသော ကောင်းကင်မိစ္ဆာသားရဲများနှင့် ရင်ဆိုင်ရခြင်းက လွယ်ကူသောကိစ္စ မဟုတ်ပေ။
“ ဒုန်း ”
“ ဒုန်း ”
စစ်ပွဲဗုံသံက အဝေးမှ ထွက်ပေါ်လာသည်။
ဟန်မူယဲ့က မျက်လုံးမှေးကျဉ်းလိုက်ပြီး တိုးညင်းစွာ အော်ပြောလိုက်သည်။
“ ခုခံကာကွယ်ကြ ”
ဟွမ်ကျစ်ဟူက တုံ့ဆိုင်းမနေဘဲ လက်မြှောက်လိုက်ပြီး ဓားအလင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူတို့၏ အရှေ့တွင် ဓားအလင်းက အလင်းအကာအကွယ်အလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သူ၏ အနောက်တွင် လောကတစ်သောင်းကုန်းမြေမှ လက်ရွေးစင်ကျင့်ကြံသူများက သူတို့၏ သွေးစွမ်းအားနှင့် ချီစွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။ နောက်အခိုက်အတန့်မှာ သူတို့က သူတို့၏ စွမ်းအားကို ဓားအလင်းအကာအကွယ်ဆီသို့ ပို့လွှတ်လိုက်ကြသည်။
ယခုမှ ရောက်ရှိလာကြသော အစွမ်းထက်ပုဂ္ဂိုလ်များက မိန်းမောနေကြဆဲပင်။ သူတို့ခေါင်းမော့လိုက်သည့်အခါ အံ့ဩမှုက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
မီးခိုးရောင်ဒူးလေးမြားများက မိုးရေစက်များသဖွယ် ကောင်းကင်ပေါ်မှ ကျဆင်းလာကြသည်။
ဒူးလေးမြားများက လေခွင်းသံနှင့်အတူ ပျံသန်းလာကြပြီး ဝမ်းနည်းကြွေကွဲသော ညည်းညူသံကို ထုတ်လွှတ်လိုက်ကြသည်။
ထိုသို့အဆင့်နိမ့်သော ဒူးလေးမြားက အစွမ်းထက်ပုဂ္ဂိုလ်များအပေါ် သက်ရောက်မှုရှိမည်လော။
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ရွှေရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။
ထိုရွှေရောင်အလင်းက သူ၏ ဦးခေါင်းထက်တွင် ပေတစ်ထောင်ရှည်လျားသော တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အချင်းပေတစ်သောင်းကျယ်ဝန်းသော ဧရိယာကို ကာကွယ်ပေးလိုက်သည်။
ထိုဒူးလေးမြားများက အစွမ်းထက် အင်မော်တယ်ဘုရင်တစ်ပါး၏ အကာအကွယ်ကို ထိုးဖောက်နိုင်မည်လော။
“ ရွှီး ”
နောက်အခိုက်အတန့်မှာ ဒူးလေးမြားများက ရပ်တန့်ခြင်းမရှိဘဲ ရွှေရောင်တိမ်တိုက်ကို တိုက်ရိုက် ထိုးဖောက်သွားကြပြီး အောက်သို့ ဆက်လက် ကျဆင်းသွားကြသည်။
ထိုမြင်ကွင်းက တာအိုပညာရှင်၏ အမူအရာကို သိသာစွာ ပျက်ယွင်းသွားစေသည်။
တခြားအစွမ်းထက်ပညာရှင်များသည်လည်း အမြန်အနောက်ဆုတ်သွားကြပြီး အကာအကွယ်မန္တန်များကို ထုတ်ဖော်လိုက်ကြသည်။ သူတို့၏ ဝင်္ကပါလက်နက်များနှင့် ရတနာများက နတ်ဘုရားအလင်း ထွန်းလင်းတောက်ပလာသည်။
“ ထန် ”
သုံးပေရှည်လျားသော ဓားက ဒူးလေးမြားကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။
“ ချွင် ”
ရွှေကျီးကန်းနတ်ဘုရားမီးတောက်က ဒူးလေးမြားတစ်စင်း၏ ထိုးဖောက်ခံလိုက်ရသည်။
“ ခရက် ”
ဓားအလင်းအကာအကွယ်အလွှာက ဒူးလေးမြားများကြောင့် အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
ဤအခိုက်အတန့်မှာ လူတိုင်းက ကောင်းကင်ပေါ်မှ ကျဆင်းလာနေကြသော ဒူးလေးမြားများကို ခုခံကာကွယ်ရန် ရုန်းကန်လိုက်ကြသည်။
“ ဒီဘုံရဲ့ မူလစွမ်းအားသိပ်သည်းမှုကြောင့် သာမန်ဒူးလေးမြားတွေတောင် ငါတို့လက်ထဲက အင်မော်တယ်လက်နက်တွေကို ဖျက်ဆီးပစ်နိုင်တယ် ”
တစ်ယောက်ယောက်က အော်ပြောသည်။
“ ကျုပ်တို့ရဲ့ လက်နက်တွေနဲ့ ရတနာတွေကို ဒီဘုံက မူလစွမ်းအားနဲ့ သန့်စင်ပြီး မူလဇစ်မြစ် ပြီးပြည့်စုံတဲ့အဆင့်ထိ အဆင့်မြှင့်တင်နိုင်မှပဲ အသူရာကောင်းကင်ဘုံက တိုက်ခိုက်မှုတွေကို ခုခံကာကွယ်နိုင်လိမ့်မယ် ”
ဟန်မူယဲ့က ပြောသည်။
ရတနာများ၊ လက်နက်များနှင့် သူတို့ဂုဏ်ယူဝင့်ကြွားခဲ့ကြသော စစ်ပွဲရုပ်သေးရုပ်များက ဤဘုံတွင် အသုံးမဝင်ကြတော့ချေ။
ထိုရတနာများကို သန့်စင်ပြီး ဤဘုံမှ မူလစွမ်းအားနှင့် ပေါင်းစပ်မှသာလျှင် ယင်းတို့ကို အဆင့်မြှင့်တင်နိုင်လိမ့်မည်။
မှန်ပေသည်။ အကယ်၍ ထိုလက်နက်များသာ မူလဇစ်မြစ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပြီး ယင်းတို့ကို အဆင့်နိမ့်ဘုံများဆီသို့ ပြန်သယ်ဆောင်သွားမည်ဆိုလျှင် ယင်းတို့က မဟာတာအို၏ အထွတ်အထိပ်လက်နက်များ ဖြစ်လာကြလိမ့်မည်။
နတ်ဘုရားအလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ယခု သူ့လက်ထဲမှာ ရှိနေသော စစ်ပွဲရုပ်သေးရုပ်များနှင့် နတ်ဘုရားလက်နက်များ၏ အရေအတွက်က သန်းနှင့်ချီသည်။
အကယ်၍ ယင်းတို့အားလုံးကိုသာ အထွတ်အထိပ် မဟာတာအိုလက်နက်များအဖြစ် အဆင့်မြှင့်တင်လိုက်မည်ဆိုလျှင် မည်မျှအံ့ဖွယ်ကောင်းလိမ့်မည်နည်း။
သူလက်မြှောက်လိုက်သည့်အခါ ရွှေရောင်ဆေးမီးဖိုတစ်လုံးက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။
ယင်းက ခရမ်းနေမင်းမီးပြင်းဖို ဖြစ်သည်။
“ နတ်ဘုရားမီးတောက်နဲ့ အရင်စမယ် ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်ပြီး သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
“ ဗုန်း ”
အဆုံးမဲ့သော နတ်ဘုရားမီးတောက်က ကောင်းကင်နှင့် မြေပြင်ကြားထဲမှာ ထွက်ပေါ်လာသည်။