← Chapters

အခန်း(၁၄၉၆)

Vol. 107 Ch. 1496

အခန်း(၁၄၉၆)

Vol. 107 Ch. 1496

နတ်ဘုရားမီးတောက်များက ကောင်းကင်နှင့် မြေပြင်ကြားမှာ တစ်ဟုန်ထိုး မြှောက်တတ်လာကြသည်။

ထိုနတ်ဘုရားမီးတောက်များထဲတွင် တချို့က အလွန်ကြမ်းတမ်းပြီး အစွမ်းကြီးမားကြသည်။ ယင်းတို့ထဲမှ မည်သည့်မီးတောက်မဆို မိုးမြေကို ပြာချပစ်နိုင်ကြသည်။

အေးစက်စက်အရှိန်အဝါကို ထုတ်လွှတ်နေသော နတ်ဘုရားမီးတောက်များလည်း ရှိကြသည်။ ယင်းတို့ထွက်ပေါ်လာသည့်အခိုက် ကောင်းကင်နှင့် မြေပြင်ကြားမှ အရာအားလုံးက ချက်ချင်း အေးခဲသွားကြသည်။

တခြားနတ်ဘုရားမီးတောက်များက အရောင်မှေးမှိန်နေသော်လည်း ယင်းတို့ထံမှ ထုတ်လွှတ်နေသော ဝိညာဉ်စွမ်းအားက အလွန်အားကောင်းလေရာ အချင်းမိုင်တစ်ထောင်ကျယ်ဝန်းသော ဧရိယာကို ဖုံးလွှမ်းသွားသည်။

အဆုံးမဲ့သော နတ်ဘုရားမီးတောက်များက ခရမ်းနေမင်းမီးပြင်းဖိုထဲမှ ပေါ်ထွက်လာကြပြီး အဝေးမှ ကောင်းကင်နှင့် မြေပြင်ဆီသို့ ပျံသန်းသွားကြသည်။

မိုင်တစ်ရာအဝေးမှ ကောင်းကင်မိစ္ဆာသားရဲများ၏ ခန္ဓာကိုယ်က ထိုနတ်ဘုရားမီးတောက်များဖြင့် တိုက်ရိုက် ဖုံးလွှမ်းခံလိုက်ကြရသည်။

၎င်းတို့က မည်မျှလျှင်မြန်ပါစေ နတ်ဘုရားမီးတောက်များကို မရှောင်တိမ်းနိုင်ကြချေ။

“ ဗုန်း ”

နောက်အခိုက်အတန့်မှာ မီးတောက်များက ပေါက်ကွဲသွားကြသည်။

သို့သော်လည်း အစွမ်းထက် ကောင်းကင်မိစ္ဆာသားရဲများက ၎င်းတို့အရှေ့မှ မီးတောက်များကို ရိုက်ထုတ်လိုက်ကြသည်။ ထို့နောက် ၎င်းတို့က ဟန်မူယဲ့ထံသို့ ခုန်အုပ်လိုက်ကြသည်။

နက်နဲသိမ်မွေ့သော အလင်းရောင်က ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူမျှော်လင့်ထားသကဲ့သို့ပင် မူလဇစ်မြစ် ပြီးပြည့်စုံသော အဆင့်သို့ မရောက်ရှိသေးသော နတ်ဘုရားမီးတောက်များက အစွမ်းထက်သော ကောင်းကင်မိစ္ဆာသားရဲများကို မတားဆီးနိုင်ကြပေ။

သို့သော်လည်း ဟန်မူယဲ့က အလျင်မလိုပေ။

အနည်းဆုံးတော့ နတ်ဘုရားမီးတောက်အလွှာများက အရှေ့သို့ ချီတတ်လာနေကြသော ထိုကောင်းကင်မိစ္ဆာသားရဲများကို အနည်းငယ် နှေးကွေးသွားစေလိမ့်မည်။

ထို့နောက် နောက်အခိုက်အတန့်မှာ ပိုမိုများပြားသော မီးတောက်များ ထွက်ပေါ်လာကြပြီး ၎င်းတို့ကို ဖုံးလွှမ်းလိုက်ကြသည်။

အချင်းမိုင်တစ်ရာအတွင်းဝယ် ကောင်းကင်မိစ္ဆာသားရဲများ၏ အလျင်၏ သိသိသာသာ နှေးကွေးသွားသည်။

“ ဘန်း ”

အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်၏ ခန္ဓာကိုယ်က ဗလာနတ္ထိအဖြစ် ပေါက်ကွဲသွားပြီး လေထဲတွင် ကောင်းကင်ပုတီးစေ့တစ်လုံးသာ ကျန်နေခဲ့သည်။

ထိုကောင်းကင်မိစ္ဆာသားရဲကို သတ်ဖြတ်ခဲ့သော နတ်ဘုရားမီးတောက်က ကောင်းကင်ပုတီးစေ့ကို ဖုံးလွှမ်းလိုက်ပြီး ရွှေရောင်အလင်းဘောလုံးအဖြစ် ပြောင်းလဲသွားသည်။

ရွှေရောင်အလင်းက နတ်ဘုရားမီးတောက်နှင့်အတူ ရောယှက်သွားပြီး မီးတောက်၏ စွမ်းအားကို သိသိသာသာ တိုးမြှင့်ပေးလိုက်သည်။

အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က နတ်ဘုရားမီးတောက်ကြောင့် သေဆုံးသွားသည်နှင့် နတ်ဘုရားမီးတောက်များက ပိုပြီးရိုင်းစိုင်းကြမ်းကြုတ်လာကြသည်။ ထို့နောက် ၎င်းတို့က ကောင်းကင်မိစ္ဆာသားရဲ တစ်ကောင်ပြီးတစ်ကောင်ကို အရူးအမူး ဝါးမျိုလိုက်ကြသည်။

“ ဂရောင်း ”

အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က ဟန်မူယဲ့၏ အရှေ့သို့ ပျံသန်းလာပြီး ကျယ်လောင်စွာ ပါးစပ်ဟလိုက်သည်။

ဟန်မူယဲ့က သူ၏ လက်ထဲမှ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ထို့နောက် သူက ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်လေရာ မှေးမှိန်သော အလင်းစီးကြောင်းတစ်ခု ပေါ်လျှိုးလာသည်။ နောက်အခိုက်အတန့်မှာ အလွန်အစွမ်းကြီးမားသော အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲက အပိုင်းပိုင်းအစစ ကွဲထွက်သွားသည်။

ကောင်းကင်ပုတီးစေ့တစ်လုံး ထွက်ပေါ်လာသည့်အခါ နတ်ဘုရားမီးတောက်တစ်ခုက ယင်းကို ဝါးမျိုသွားသည်။

တောက်ပသော အလင်းရောင်က ထိုမီးတောက်ထဲမှ ပေါ်လျှိုးလာသည့်အခါ ယင်းက အဆင့်တတ်လှမ်းသွားသည်။

ဝိညာဉ်အလင်းက နတ်ဘုရားမီးတောက်ဘောလုံးထဲဝယ် ထွန်းလင်းလာပြီး စတင်လှည့်ပတ်သွားသည်။

အချိန်တစ်ခဏကြာပြီးနောက် နတ်ဘုရားမီးတောက်ဘောလုံးက ဧရာမရွှေညိုငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။

၎င်းမှာ ဧရာမအတောင်ပံများနှင့် အမြှီးရှည်တစ်ချောင်းရှိပြီး ၎င်းက ရွှေကျီးကန်းနှင့် ဖီးနစ်၏ အသွင်လက္ခဏာများကို ပိုင်ဆိုင်ထားသည်။

အရေးကြီးဆုံးမှာ ထိုငှက်က နတ်ဘုရားမီးတောက်မှ အသွင်ပြောင်းလဲသွားခြင်းဖြစ်လေရာ စစ်မှန်သော မဟာဝိညာဉ်အနှစ်သာရကို ပိုင်ဆိုင်ထားသည်။

မဟာဝိညာဉ်အနှစ်သာရ… ။

မီးတောက်က အသက်ကို မွေးဖွားပေးခြင်း… ။

သဏ္ဍာန်မဲ့သန့်စင်ခြင်း… ။

ယင်းက လက်နက်သန့်စင်ခြင်းပညာရပ်၏ တားမြစ်နယ်မြေ မဟုတ်ပါလော။

မီးတောက်က သက်ရှိတစ်ကောင်အဖြစ် ပြောင်းလဲသွားကြောင်း မြင်လိုက်ရသောအခါ ဟန်မူယဲ့က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

ဘာကို နတ်ဘုရားတားမြစ်နယ်မြေလဲ… ။

အဲ့ဒါက အသူရာကောင်းကင်ဘုံက လူတွေ ကန့်သတ်ထားတဲ့ လက်နက်သန့်စင်ခြင်းပညာရပ်ရဲ့ အတားအဆီးတစ်ခုပဲ… ။

နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် ဟန်မူယဲ့က အရှေ့သို့ ပျံသန်းသွားသည်။

ရွှေညိုငှက်က အနီရောင်မီးတောက်ချပ်ဝတ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းလိုက်သည်။ ထို့နောက် ဟန်မူယဲ့က အရှေ့သို့ လက်သီးထိုးလိုက်သည်။

“ ဗုန်း ”

တခြားအထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က အပိုင်းပိုင်းအစစ ပေါက်ကွဲသွားသည်။ ရလဒ်အနေဖြင့် ၎င်း၏ ကောင်းကင်ပုတီးစေ့က နတ်ဘုရားမီးတောက်တစ်ခု၏ ဝါးမျိုခြင်းခံလိုက်ရသည်။

ထိုနတ်ဘုရားမီးတောက်က လေထဲမှာ စတင်လှည့်ပတ်သွားပြီး ရောင်စုံနတ်ငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။

နတ်ဘုရားမီးတောက်အားလုံးက အထွတ်အမြတ် အဆင့်တစ်ကောင်းကင်ပုတီးစေ့ကို ဝါးမျိုရန် မလိုအပ်ပေ။

ထိုကောင်းကင်ပုတီးစေ့များက ကြားခံနယ်တစ်ခုသာ ဖြစ်၏။ ၎င်းတို့အသွင်ပြောင်းလဲသွားခြင်းမှာ အသူရာကောင်းကင်ဘုံ၏ မူလစွမ်းအားကြောင့် ဖြစ်သည်။

ထိုကောင်းကင်ပုတီးစေ့များက ၎င်းတို့လိုအပ်နေသော မူလစွမ်းအားကို အားဖြည့်ပေးလိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့က အသိစိတ်ရှိသော နတ်ငှက်များအဖြစ် ဆင့်ကဲပြောင်းလဲသွားကြသည်။

လျှပ်တစ်ပြက်အတွင်းမှာ မရေမတွက်နိုင်သော နတ်ငှက်များက ကောင်းကင်နှင့် မြေပြင်ကြားထဲမှာ ထွက်ပေါ်လာကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကောင်းကင်မိစ္ဆာသားရဲအမြောက်အများက သေဆုံးသွားကြသည်။

မူလစွမ်းအားဖြင့် အားဖြည့်ပေးခြင်းခံလိုက်ရသော ထိုနတ်ဘုရားမီးတောက်များက ကောင်းကင်မိစ္ဆာသားရဲများကို အေးအေးလူလူ အမဲလိုက်နိုင်သွားကြသည်။

အထွတ်အမြတ် အဆင့်တစ်ကောင်းကင်မိစ္ဆာသားရဲများသည်ပင် ထိုနတ်ဘုရားမီးတောက်များဖြင့် ရင်ဆိုင်ရသည့်အခါ ကြောက်လန့်တကြား အနောက်ဆုတ်သွားကြသည်။

မည်သို့ဖြစ်ပါစေ ထိုကောင်းကင်မိစ္ဆာသားရဲများက အသူရာကောင်းကင်ဘုံ၏ မူလဇစ်မြစ်ကြောင့် ဖိနှိပ်ခံထားကြရသည်။ ၎င်းတို့က မန္တန်စွမ်းအားနှင့် စည်းမျဉ်းချိုးဖြတ်စွမ်းအားများကို အပြည့်အဝ မထုတ်ဖော်နိုင်ကြလေရာ ၎င်းတို့၏ တိုက်ပွဲစွမ်းအားက အဆင့်နိမ့်ဘုံမှာကဲ့သို့ ကြောက်စရာမကောင်းတော့ချေ။

သို့မဟုတ်လျှင် မည်သို့ကြောင့် ၎င်းတို့က ယခုကဲ့သို့ ကျွန်ပြုခံထားကြရမည်နည်း။

နတ်ဘုရားမီးတောက်များက ကောင်းကင်မိစ္ဆာသားရဲအုပ်စုများကို ဝါးမျိုလိုက်ပြီး ဆက်တိုက် ဆင့်ကဲပြောင်းလဲသွားကြသည်။

သူတို့၏ အနောက်တွင် ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးထဲသို့ ဝင်ရောက်လာကြသော အထွတ်အထိပ်ပုဂ္ဂိုလ်အားလုံးက အံ့ဩသွားကြသည်။

ဆရာဟန် ဖော်ပြလိုက်သော စွမ်းအားက သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။

အဲ့ဒါက ဆရာဟန်ရဲ့ အစစ်အမှန် ခွန်အားလား… ။

“ သေချင်နေတာပဲ ”

ဒေါသတကြီး အော်သံက အဝေးမှ ပျံ့လွင့်လာသည်။

“ နတ်မီးတောက်သက်ရှိတွေ… ပစ္စည်းကောင်းပဲ ”

လောဘရမ္မက် ကိန်းအောင်းနေသော အသံက ပဲ့တင်ထပ်လာသည်။

မိုင်တစ်ရာအဝေးတွင် အနက်ရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားကြသော တပ်ဖွဲ့တစ်ခုက တိုက်ပွဲဝင်္ကပါကို ဖွဲ့စည်းထားကြသည်။ သူတို့က ဒူးလေးကို ကိုင်ဆောင်ထားလျက် ဟန်မူယဲ့တို့အုပ်စုထံသို့ ချိန်ရွယ်ထားကြသည်။

ထိုဒူးလေးပေါ်တွင် သုံးပေရှည်လျားသော အနက်ရောင်မြားများ ရှိသည်။ သူတို့အားလုံးက မြားပစ်ရန် အသင့်ပြင်ထားကြသည်။

“ ဝှစ် ဝှစ် ဝှစ် ”

နောက်အခိုက်အတန့်မှာ ဒူးလေးမြားများက မိုးရေစက်များသဖွယ် ကောင်းကင်ပေါ်မှ ကျဆင်းလာကြသည်။

မြားတစ်ချောင်းစီက နတ်ဘုရားအလင်းစီးကြောင်းကို သယ်ဆောင်လျက် ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားကြပြီး ဟန်မူယဲ့၏ အရှေ့မှာ ထွက်ပေါ်လာကြသည်။

သို့သော်လည်း ထိုဒူးလေးမြားများက ဟန်မူယဲ့၏ အရှေ့မှ နတ်ဘုရားမီးတောက်အလွှာ၏ တားဆီးခံလိုက်ကြရသည်။

မူလစွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ ထိုနတ်ဘုရားမီးတောက်များက အလွန်အားကောင်းကြသည်။

ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး မြားတစ်စင်းကို ဖမ်းဆုပ်လိုက်သည်။

“ ဒီမြားတွေမှာ လက်နက်သန့်စင်ခြင်းပညာရပ်နဲ့ပတ်သက်ပြီး ဘာအနှစ်သာရမှ မရှိဘူး… အဲ့ဒါက ပိုပြီးအုတ်မြစ်ခိုင်မာတဲ့ မူလစွမ်းအားကို ပိုင်ဆိုင်ထားရုံပါပဲ ”

သူက ဒူးလေးမြားကို စစ်ဆေးလိုက်ပြီး ပြောသည်။

“ မြားပေါ်က ဝိညာဉ်အင်းသင်္ကေတတွေနဲ့ နတ်ဘုရားအင်းသင်္ကေတတွေက မူလစွမ်းအားရဲ့ အားဖြည့်ပေးမှုကြောင့် အဆပေါင်းများစွာ ပိုပြီးသန်မာလာတယ်… ဒါကြောင့် အဲ့ဒီမြားတွေက လေကို ဖောက်ထွင်းနိုင်တဲ့ အစွမ်းကို ပိုင်ဆိုင်ကြတယ် ”

“ လက်နက်သန့်စင်ခြင်းအရည်အသွေးက မထူးချွန်ဘူး… ဒါပေမဲ့ နတ်ဘုရားအင်းသင်္ကေတတွေအပေါ် အသုံးပြုပုံက တမူထူးခြားတယ် ”

ဟန်မူယဲ့က ဒူးလေးမြားကို ဖမ်းဆုပ်လိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

ထိုဒူးလေးမြားမှတဆင့် သူက အသူရာကောင်းကင်ဘုံ၏ ကျင့်ကြံခြင်းလမ်းစဉ်ကို အနည်းနှင့်အများ မှန်းဆနိုင်သွားသည်။

လက်တွေ့ကျခြင်း… ။

အရံနည်းစနစ်အားလုံးက တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းလမ်းစဉ်ကို ပိုမိုလွယ်ကူစေရန်သာ ရည်ရွယ်သည်။

မန္တန်စွမ်းအားနှင့် နတ်ဘုရားစွမ်းအားများက တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်ကျင့်ကြံခြင်းစွမ်းအားကို မနှိုင်းယှဉ်နိုင်ပေ။

ဤဘုံမှ တိုက်ပွဲများက ရုပ်ပိုင်းဆိုင်ရာယှဉ်ပြိုင်ခြင်းကို အဓိကအလေးထားသည်။

သို့သော်လည်း ဤအသူရာကောင်းကင်ဘုံ၏ မူလဇစ်မြစ်က အလွန်ခိုင်မြဲလေရာ ထိုသို့ရုပ်ပိုင်းဆိုင်ရာယှဉ်ပြိုင်ခြင်းက အဆင့်နိမ့်ဘုံများမှာထက် အဆပေါင်းများစွာ ပိုပြီးအန္တရာယ်များသည်။

“ စိတ်ဝင်စားစရာပဲ… ဓားကျင့်ကြံသူတွေက အသူရာကောင်းကင်ဘုံထဲမှာ ပေါကြွယ်ဝတဲ့ အမွေအနှစ်တွေကို ပိုင်ဆိုင်ထားကြပြီး အသန်မာဆုံး အင်အားစု ဖြစ်တယ် ”

အဘယ့်ကြောင့်ဆိုသော် အနီးကပ်တိုက်ခိုက်ခြင်းက အသူရာကောင်းကင်ဘုံ၏ အဓိကယှဉ်ပြိုင်မှုဖြစ်လေရာ အဆင့်လွန် တိုက်ပွဲစွမ်းအားရှိကြသော ဓားကျင့်ကြံသူများက ဤနေရာတွင် အရေအတွက်များပြားသော အမွေအနှစ်များကို ပိုင်ဆိုင်ထားကြသည်။

ထိုမြားတစ်ချောင်းမှတဆင့် ဟန်မူယဲ့က ဓားကျင့်ကြံသူများအကြောင်းကို ယေဘုယျအားဖြင့် မြင်တွေ့သွားသည်။

ရန်သူများကို ဓားပျံတစ်လက်ဖြင့် အမြစ်ဖြတ်သုတ်သင်ခြင်းဖြစ်စေ သို့မဟုတ် ဓားတစ်လက်ကို ကိုင်ဆွဲ၍ အနီးကပ်တိုက်ခိုက်ခြင်းဖြစ်စေ ယင်းတို့အားလုံးက လျှင်မြန်မှုနှင့် တိကျမှုကို အဓိကအလေးထားသည်။

ပြီးပြည့်စုံသော မူလစွမ်းအား၏ ပံ့ပိုးမှုအရ ဤဘုံမှ ဓားနည်းစနစ်များသည် နက်နဲသိမ်မွေ့ကြသည်။

“ သန်မာတဲ့လူတွေ အရမ်းများတာပဲ ”

မြားကို ဖျစ်ညှစ်လိုက်သည့်အခါ တည်ငြိမ်သော အမူအရာက ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

အခြေခံအုတ်မြစ်ခိုင်မာသော ဘုံသည် ထုံးစံအားဖြင့် အစွမ်းထက်ပုဂ္ဂိုလ်အများအပြားကို မွေးထုတ်ပေးနိုင်သည်။

ထိုမြား၏ မှတ်ဉာဏ်များမှတဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ၏ တိုက်ပွဲများကို သူမြင်တွေ့သွားသည်။ ထိုလူများ၏ တိုက်ခိုက်ရေးနည်းစနစ်များက အင်မော်တယ်ဘုရင်အဆင့်မှ ပညာရှင်များထက် အားမနည်းကြချေ။

“ ဗုန်း ”

အဝေးတွင် ဆယ်ပေရှည်လျားသော လှံတစ်စင်း ပျံသန်းထွက်လာသည်။ လှံ၏ အနောက်တွင် ဝတ်စုံနက် ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးက အေးတိအေးစက်မျက်နှာထားဖြင့် လိုက်ပါလာသည်။

သူ့ခန္ဓာကိုယ်၏ ဘေးပတ်ဝန်းကျင်မှ အရှိန်အဝါက တည်ငြိမ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက အင်မော်တယ်အရှင်သခင်အဆင့်မှာသာ ဖြစ်သော်လည်း သူ၏ တိုက်ပွဲစွမ်းအားက မူလဇစ်မြစ် ပြီးပြည့်စုံမှုကြောင့် အတော်လေး သန်မာသည်။

ဖြစ်နိုင်သည်မှာ အသူရာကောင်းကင်ဘုံ၏ ပြီးပြည့်စုံသော မူလဇစ်မြစ်ကြောင့် အဆင့်နိမ့်ဘုံများ၏ ကျင့်ကြံခြင်းအဆင့်များနှင့် တိုက်ပွဲစွမ်းအား တွက်ချက်ပုံက ဤနေရာမှာ အရေးမပါတော့ဟန် ရ၏။

“ သတ် ”

သက်လတ်ပိုင်းအမျိုးသားက ကြုံးဝါးလိုက်လေရာ သူ၏ အရှေ့မှ လှံက စကြာသဖွယ် လှည့်ပတ်သွားသည်။ လှံထိပ်ဖျားပေါ်တွင် အပြာရောင်အလင်း ထွက်ပေါ်လာပြီး ပေတစ်ရာပတ်လည်မှ အရာအားလုံးကို အေးခဲသွားစေသည်။

ထိုအပြာရောင်အလင်းအောက်မှာ ရွှေကျီးကန်းနတ်ဘုရားမီးတောက်များက တိုက်ရိုက် ဆုတ်ဖြဲခံလိုက်ကြရသည်။

ယင်းက အသူရာကောင်းကင်ဘုံထဲဝယ် နတ်ဘုရားစွမ်းအင်များကို ထိန်းချုပ်သော နည်းစနစ်တစ်ခု ဖြစ်သည်။ ဤဘုံမှ ကျင့်ကြံသူများသည် သူတို့၏ ကိုယ်ပိုင်စွမ်းအားကို အသုံးပြု၍ လက်နက်များကို စွမ်းအားမြှင့်တင်နိုင်ကြသည်။ ယင်းက တာအိုဆန္ဒနှင့် ဆင်တူပြီး မရပ်တန့်နိုင်သော ထက်ရှမှုကို ပိုင်ဆိုင်ထားသည်။

ထိုထက်ရှမှုက အင်မော်တယ်ဘုရင်တစ်ပါးကိုပင် အပြင်းအထန် ဒဏ်ရာရစေရန် စွမ်းဆောင်နိုင်သည်။

နတ်ဘုရားစွမ်းအင်နည်းစနစ်များကို တတ်ကျွမ်းသော်လည်း အနီးကပ်တိုက်ခိုက်မှုတွင် အားနည်းသော ကျင့်ကြံသူများအတွက်တော့ ဤအသူရာကောင်းကင်ဘုံက သူတို့အတွက် အန္တရာယ်ဇုန် ဖြစ်သည်။

အဆင့်နိမ့်ဘုံမှ ကျင့်ကြံသူအများစုအတွက်တော့ အနီးကပ်တိုက်ပွဲများနှင့် စစ်မှန်သော တိုက်ပွဲနည်းစနစ်များက သူတို့နှင့် ကင်းကွာနေခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်၏။

သူတို့က အနီးကပ်တိုက်ခိုက်ခြင်းထက် မန္တန်စွမ်းအားကို အသုံးပြု၍ မိုင်တစ်ထောင်အဝေးမှ ရန်သူများကို သုတ်သင်ခြင်းတွင် ပိုပြီးထူးချွန်ကြသည်။

“ ထန် ”

လှံရှည်က ဟန်မူယဲ့ ထုတ်လွှတ်လိုက်သော ဓားအလင်းဖြင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

လှံထိပ်ဖျားက အနည်းငယ် တုန်ယင်သွားပြီး လှံ၏ ကိုယ်ထည်က အနောက်သို့ ကန်ထုတ်ခံလိုက်ရသည်။

အံ့ဩမှုက သက်လတ်ပိုင်းအမျိုးသား၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

အဆင့်နိမ့်ဘုံမှ ထိုကျင့်ကြံသူက အနီးကပ်တိုက်ခိုက်ခြင်းတွင် ကျွမ်းကျင်သည်လော။

သက်လတ်ပိုင်းအမျိုးသားက လေထဲတွင် ရပ်လိုက်သည်။ သူ၏ လက်ထဲမှာ ဒုတိယမြောက် လှံတစ်ချောင်း ထွက်ပေါ်လာသည်နှင့် သူက လှံကို ဟန်မူယဲ့ထံသို့ ထပ်မံ ထိုးစိုက်လိုက်သည်။

ဟန်မူယဲ့က သူ၏ ဓားကို တစ်ချက်ဝှေ့လိုက်သည်။

လှံထိပ်ဖျားနှင့် ဓားသွားက နောက်တစ်ကြိမ် တွေ့ဆုံသွားသည်။

ဟန်မူယဲ့၏ လက်ထဲမှ ဓားက အစစ်အမှန်ဝိညာဉ်ဓားဖြစ်ပြီး သူ၏ ရုပ်ခန္ဓာကိုယ်ကဲ့သို့ ပြီးပြည့်စုံသော မူလဇစ်မြစ် ရှိသည်။

ဤဓားမဟုတ်လျှင် သူ၏ တခြားလက်နက်များက အသူရာကောင်းကင်ဘုံမှ လက်နက်တစ်ခုကို ထိပ်တိုက် ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။

အကယ်၍ တခြားလက်နက်များဖြင့် သူတိုက်ခိုက်မည်ဆိုလျှင် ယင်းတို့က သက်လတ်ပိုင်းအမျိုးသား၏ လက်ထဲမှ လှံကြောင့် ပျက်စီးသွားလိမ့်မည်။

ဟန်မူယဲ့၏ ဓားက ရပ်တန့်မနေပေ။ သူက ထပ်ခါထပ်ခါ ထိုးသွင်းလိုက်သည်။ ဓားအလင်းနှင့် ဝိညာဉ်စွမ်းအားက လေထဲမှာ ဆက်တိုက် ပျံ့နှံ့သွားသည်။

သို့သော် သူက စွမ်းအားအကုန် အသုံးမပြုထားပေ။

သူက ကိုယ်ပိုင်စွမ်းအားကို ထိန်းချုပ်ထားပြီး ဤဘုံ၏ တိုက်ခိုက်ရေးပုံစံနှင့် ကျင့်သားရရန် လေ့ကျင့်လိုက်သည်။

သို့တိုင် ဟန်မူယဲ့နှင့် တိုက်ခိုက်နေသော သက်လတ်ပိုင်းအမျိုးသားက အကြီးအကျယ် တုန်လှုပ်ချောက်ချားနေသည်။

ဟန်မူယဲ့၏ ဓားနည်းစနစ်က သူ၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေသည်။

ဤအခိုက်အတန့်မှာ တိုက်ပွဲမှ သူမဆုတ်ခွာနိုင်တော့ကြောင်း ရှာတွေ့သွားသည်။

“ ဗုန်း ”

နောက်ဆုံးတွင် ပေါက်ကွဲမှုတစ်ခုက သူတို့၏ အနောက်မှ ထွက်ပေါ်လာသည်။

ဟွမ်ကျစ်ဟူနှင့် တခြားလူများသည် ပြန့်ကျဲနေကြသော ကောင်းကင်မိစ္ဆာသားရဲအားလုံးကို သုတ်သင်ရှင်းလင်းနိုင်သွားကြသည်။ တစ်ချိန်တည်းမှာ သူတို့က သူတို့၏ မူလစွမ်းအားကို အားပြန်ဖြည့်လိုက်ကြသည်။

အင်အားစုအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များသည်လည်း ဟန်မူယဲ့၏ ရည်ရွယ်ချက်ကို နားလည်ကြသည်။ ထို့ကြောင့် သူတို့က တိုက်ခိုက်ရန် အခွင့်အရေးရှာလိုက်ကြပြီး ဤဘုံမှ မူလစွမ်းအားနှင့် တိုက်ပွဲနည်းစနစ်များကို လေ့လာသင်ယူကြသည်။

“ ချလွင် ”

သက်လတ်ပိုင်းအမျိုးသား၏ လက်ထဲမှ လှံက အဝေးသို့ လွင့်စင်သွားသည်။ ထို့နောက် ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး လှံကို ဖမ်းဆုပ်လိုက်သည်။

သူ၏ လက်ထဲမှ လှံက အဝေးသို့ လွင့်စင်သွားကြောင်း မြင်သောအခါ သက်လတ်ပိုင်းအမျိုးသား၏ အမူအရာက သုန်မှုန်သွားသည်။ ထို့နောက် သူက အံကြိတ်လိုက်ပြီး အနောက်လှည့်၍ ထွက်ပြေးသည်။

ဟန်မူယဲ့နှင့် သူ့ကြားမှ စွမ်းအားကွာခြားမှုကို သူနားလည်သွားပြီ ဖြစ်၏။ အကွက်ရေတစ်ရာကျော် ပညာဖလှယ်ပြီးနောက် တစ်ဖက်လူက သူ့အား လေ့ကျင့်ရေးအရုပ်သဖွယ် အသုံးပြုနေကြောင်း သူနားလည်သဘောပေါက်သွားသည်။

ဟန်မူယဲ့က နောက်ထပ် မတိုက်ခိုက်ပေ။ သူက လှံရှည်ကို ဆုပ်ကိုင်လျက် ထိုထဲမှ မှတ်ဉာဏ်များကို တိတ်တဆိတ် စစ်ဆေးကြည့်လိုက်သည်။

သက်လတ်ပိုင်းအမျိုးသားက အနောက်ဆုတ်သွားသည့်အခါ အနက်ရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားကြသော စစ်တပ်သည်လည်း စတင်အနောက်ဆုတ်သွားသည်။

ထိုသို့ဖြင့် တိုက်ပွဲက နှစ်နာရီကြာပြီးနောက် ပြီးဆုံးသွားသည်။

င်ရသည့်

All Chapters