အခန်း (၁၄၉၈)
Vol. 107 Ch. 1498
“ အသူရာကောင်းကင်ဘုံက မြေကြီးကို အခြေခံအုတ်မြစ်ထားပြီး အသူရာကောင်းကင်ဘုံက ရွှေနဲ့ ဖန်တီးထုဆစ်ထားတယ်… ဒါကြောင့် ဒီဓားမော့က အသူရာကောင်းကင်ဘုံကို အာရုံခံနိုင်ပြီး မိုးမြေကြားက အတားအဆီးတွေကို ချိုးဖြတ်ပစ်နိုင်တယ် ”
ဟန်မူယဲ့၏ မျက်လုံးထဲမှာ နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။
သူ၏ အတွေးက မှန်ကန်သည်။
ယင်းက အံ့ဖွယ်ကိုးပါးတောင်သခင် သူ့အတွက် ချန်ထားခဲ့သော ရတနာခုနစ်ပါးထဲမှ တစ်ပါးဖြစ်သည်။
ယင်း၏ နာမည်က ဟုန်မင်းဓားမော့ ဖြစ်သည်။
ဤဓားမော့၏ အဓိကထူးခြားချက်မှာ ယင်းက အသူရာကောင်းကင်ဘုံဆီသို့ သူ့အား တိုက်ရိုက် ဝင်ရောက်နိုင်ရန် ကူညီပေးနိုင်သည်။
ယခု ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်သခင်၏ အထွတ်အမြတ် ရတနာ(၅)ပါးကို ပိုင်ဆိုင်သွားပြီ ဖြစ်သည်။
ခရမ်းနေမင်းမီးပြင်းဖိုထဲမှာ မျှော်လင့်ချက်မီးတောက်ပါဝင်ပြီး ယင်းက လက်နက်သန့်စင်ခြင်းပညာရပ်အတွက် ထိပ်တန်းရတနာတစ်ခု ဖြစ်သည်။
ကောင်းကင်ရေခဲတူက လောကအသီးသီးထဲမှ အရင်းအမြစ်အမျိုးမျိုးကို ချိပ်ပိတ်ထားပြီး ကြွယ်ဝချမ်းသာမှုကို ကိုယ်စားပြုသည်။
ကောင်းကင်တုန်လှုပ်လေးက အလွန်အားကောင်းသော လေဟာနယ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး သိုးကျောင်းသားကြယ်မျိုးနွယ်စုကို ထိန်းချုပ်နိုင်သည်။
နတ်ဘုရားသတ်ဖြတ်ခြင်းလှံက သွေးမျိုးဆက်ဖိနှိပ်ခြင်းအတွက် အထူးအသုံးဝင်ပြီး ယင်းထဲမှာ အစွမ်းထက်နတ်သားရဲများ၏ ဝိညာဉ်များ ကိန်းအောင်းနေသည်။
ယခု ဤဟုန်မင်းဓားမော့က ဘုံများကြားမှ လေဟာနယ်အတားအဆီးများကို ချိုးဖြတ်နိုင်ပြီး မူလဇစ်မြစ် ပြီးပြည့်စုံပြီးသော ရတနာတစ်ခု ဖြစ်သည်။
ဤဓားမော့ကို လောကတစ်သောင်းကုန်းမြေ၏ အနှစ်သာရဖြင့် သန့်စင်ထားခြင်းဖြစ်ပြီး ယင်းက အသူရာကောင်းကင်ယဇ်ပလ္လင်ကို ခေါ်ထုတ်နိုင်သည်။
ဤဓားမော့ရှိနေမှသာလျှင် တစ်စုံတစ်ယောက်က အသူရာကောင်းကင်ယဇ်ပလ္လင်နှင့် လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေကို ပြန်လည်ဖွဲ့စည်းနိုင်လိမ့်မည်။
“ ဝှီး ”
အသံတစ်သံက ဓားမော့ထဲမှ ပဲ့တင်ထပ်လာသည်။ ထို့နောက် ဝေဝါးသော ပုံရိပ်တစ်ခုက ဟန်မူယဲ့၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာသည်။
ထိုလူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ကို ပြုံးပြနေသည်။
“ ငါ့ရဲ့ မူလခန္ဓာကိုယ်လို့ မပြောရဘူး… ဟုန်မင်းဓားမော့ကိုတောင် ဒီလောက်မြန်မြန် ရှာဖွေနိုင်တယ်… ကြည့်ရတာ မူလခန္ဓာကိုယ်ရဲ့ လုပ်နိုင်စွမ်းကို ငါလျှော့တွက်ခဲ့မိပုံပဲ ”
ထိုလူက အံ့ဖွယ်ကိုးပါးတောင်သခင် ဖြစ်သည်။
တစ်နည်းဆိုရသော် ထိုလူက ဟန်မူယဲ့၏ ဝိညာဉ်ကိုယ်ပွား ဖြစ်သည်။
ဟန်မူယဲ့က တစ်ဖက်လူကို ကြည့်လိုက်သည်။
“ ရတနာခုနစ်ပါးစလုံး ပြန်စုဝေးသွားတဲ့အခါကျရင် ဝိညာဉ်ကိုယ်ပွားက နိုးထလာလိမ့်မယ် ဟုတ်တယ်မလား ”
“ ရတနာခုနစ်ပါးကို သန့်စင်နေတဲ့အချိန် ဝိညာဉ်ကိုယ်ပွားရဲ့ ရုပ်ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ခွဲထွက်သွားတာ ဖြစ်ရမယ် ”
ဟန်မူယဲ့က သိမ်မွေ့စွာ ပြောသည်။
တစ်ဖက်လူက စကားပြန်မပြောပေ။
သူက ပုံရိပ်တစ်ခုမျှသာ ဖြစ်၏။ သူက ဟန်မူယဲ့ကို အာရုံခံနိုင်သော်လည်း ဟန်မူယဲ့နှင့် မဆက်သွယ်နိုင်ပေ။
ရတနာခုနစ်ပါးစလုံးကို ပြန်စုဝေးခြင်းက ဝိညာဉ်ကိုယ်ပွားကို နိုးထစေလိမ့်မည်ဟု ဟန်မူယဲ့ ပြောရခြင်းမှာ အသူရာကောင်းကင်ဘုံဆီသို့ သူရောက်ဖူးသောကြောင့် ဖြစ်၏။
အသူရာကောင်းကင်ဘုံ၏ စွမ်းအားက ဝိညာဉ်ကိုယ်ပွား တောင့်ခံနိုင်သောအရာ မဟုတ်ပေ။
ဝိညာဉ်ကိုယ်ပွားက ဓားနတ်ဘုရားလုယွဲ့နှင့် အတူတကွ ပူးပေါင်း၍ အသူရာကောင်းကင်ဘုံမှ တစ်စိတ်တစ်ပိုင်းကို အက်ကွဲစေပြီး လောကတစ်သောင်းကုန်းမြေအဖြစ် ဖန်တီးခဲ့သည်။ ထုံးစံအားဖြင့် ထိုသို့ကြီးမားသောကိစ္စက အသူရာကောင်းကင်ဘုံထဲမှ အစွမ်းထက်ပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်သွားလိမ့်မည်။
အသူရာကောင်းကင်ဘုံအတွက်တော့ ကောင်းကင်ဘုံသို့ လမ်းကြောင်းနှင့် ယဇ်ပလ္လင်က အသေးအမွှားကိစ္စများသာ ဖြစ်သည်။ ယင်းတို့က အဆင့်နိမ့်ဘုံတစ်ခု၏ အသက်ရှင်ရန် ရုန်းကန်မှုမျှသာ ဖြစ်၏။
သို့သော်လည်း အသူရာကောင်းကင်ဘုံ၏ တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ခြင်းက သူတို့ကို ရန်စသော အပြုအမူဖြစ်သည်။
ထိုအချက်ကို အံ့ဖွယ်ကိုးပါးတောင်သခင်နှင့် ဓားနတ်ဘုရားလုယွဲ့က ကောင်းမွန်စွာ သိထားကြသည်။
ထို့ကြောင့် သူတို့နှစ်ယောက်က တူညီသော ရွေးချယ်မှုကို ပြုလုပ်ခဲ့ကြသည်။
ဓားနတ်ဘုရားလုယွဲ့က မရေမတွက်နိုင်သော ကိုယ်ပွားများကို ခွဲထုတ်လိုက်ပြီး သူ၏ မူလခန္ဓာကိုယ်ဖြင့် ထွက်ပြေးသွားသည်။
အံ့ဖွယ်ကိုးပါးတောင်သခင်က သူ့ကိုယ်သူ ရတနာခုနစ်ပါးအဖြစ် ခွဲထုတ်လိုက်ပြီး ယင်းတို့ထဲမှာ အိပ်မောကျသွားသည်။
ထိုနည်းဖြင့်ဆိုလျှင် အသူရာကောင်းကင်ဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်များ ဆင်းသက်လာသည့်အခါ သူတို့နှစ်ယောက်က ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားပြီး သေဆုံးသွားကြပြီဟု သူတို့ယူဆသွားကြလိမ့်မည်။
အကယ်၍ ထိုအစွမ်းထက်ပုဂ္ဂိုလ်များက အသေးစိတ် စစ်ဆေးမည်ဆိုလျှင် သဲလွန်စတချို့ကို ရှာတွေ့နိုင်လိမ့်မည်။
သို့သော်လည်း အသူရာကောင်းကင်ဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်များအတွက်တော့ အံ့ဖွယ်ကိုးပါးတောင်သခင်နှင့် ဓားနတ်ဘုရားလုယွဲ့၏ လုပ်ဆောင်မှုက သူတို့၏ ဒေါသကို ပြေလျော့စေခဲ့သည်။ ထို့ကြောင့် သူတို့က အဆင့်နိမ့်ဘုံများကို နောက်ထပ် ပြဿနာမရှာကြတော့ချေ။
ဤဟုန်မင်းဓားမော့ကို ဆုပ်ကိုင်ထားစဉ် နတ်ဘုရားအလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပလာသည်။
သူက တစ်ခဏကြာ တွေးတောစဉ်းစားပြီးနောက် ဟုန်မင်းဓားမော့ကို သိမ်းဆည်းလိုက်ပြီး အက်ကွဲကြောင်းထဲမှ ကန်အန်းစကြာဝဠာဆီသို့ ဝင်ရောက်သွားသည်။
…..
နှစ်တစ်ရာဟူသော အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားသည်။
ဟန်မူယဲ့နှင့် သူ၏ မိတ်ဆွေများက ကန်အန်းစကြာဝဠာထဲမှာ အနှစ်တစ်ရာနေထိုင်ခဲ့ကြပြီး ကျင့်ကြံခြင်းကမ္ဘာအများအပြားကို ဖျက်ဆီးပစ်ခဲ့ကြသည်။ ထို့ပြင် သူတို့က ကန်အန်းစကြာဝဠာထဲမှ အရင်းအမြစ်များကိုလည်း လုယက်သိမ်းပိုက်ခဲ့ကြသည်။
တိုက်ပွဲများ ပိုမိုများပြားလာသည့်အခါ ဖျက်ဆီးခံလိုက်ရသော ကြယ်များက သန်းထောင်ချီလာသည်။
ထိုအစွမ်းထက်ပုဂ္ဂိုလ်များက ကန်အန်းစကြာဝဠာ၏ ပေါကြွယ်ဝသော မူလစွမ်းအားကို အသုံးပြု၍ သူတို့၏ ကျင့်ကြံခြင်းကို ပိုပြီးအခြေခိုင်မာလာစေရန် တည်ဆောက်ကြသည်။
ဟွမ်ကျစ်ဟူနှင့် သူ၏ ရဲဘော်ရဲဘက်များသည်တော့ သူတို့က ကြယ်တာရာနယ်မြေတစ်ခုကို ဖွင့်လှစ်လိုက်ကြပြီး လေဟာနယ်ကူးပြောင်းခြင်းဝင်္ကပါများကို ဆက်တိုက် ဆောက်လုပ်လိုက်ကြသည်။
ထိုလေဟာနယ်ကူးပြောင်းခြင်းဝင်္ကပါများက အံ့ဖွယ်ကိုးပါးမြို့တော်နှင့် တိုက်ရိုက် ချိတ်ဆက်ထားကြသည်။
သို့ဖြစ်၍ လောကတစ်သောင်းကုန်းမြေမှ မရေမတွက်နိုင်သော လက်ရွေးစင်များသည် အံ့ဖွယ်ကိုးပါးမြို့တော်ထဲမှ တာဝန်များကို လက်ခံပြီးလျှင် ကန်အန်းစကြာဝဠာဆီသို့ တိုက်ရိုက် တည်နေရာပြောင်းရွှေ့နိုင်သွားကြသည်။
ကန်အန်းစကြာဝဠာထဲမှ ပေါကြွယ်ဝသော မူလစွမ်းအားကြောင့် ကျင့်ကြံသူများက မြန်ဆန်စွာ အင်အားကြီးမားလာကြသည်။ အထူးသဖြင့် ရှေးခေတ်အစွမ်းထက်ပုဂ္ဂိုလ်များ၏ ကာကွယ်ပေးမှုအောက်မှာ လောကတစ်သောင်းကုန်းမြေမှ လက်ရွေးစင်ကျင့်ကြံသူများက မြန်ဆန်စွာ တိုးတတ်လာကြသည်။ သူတို့က တိုက်ပွဲများနှင့် သေခြင်းရှင်ခြင်းအခြေအနေများကို ဖြတ်ကျော်၍ ရင့်ကျက်လာကြသည်။
လောကတစ်သောင်းကုန်းမြေမှ လက်ရွေးစင်များချည်းသာ မဟုတ်ပေ။ ဤနှစ်တစ်ရာအတွင်းမှာ နတ်ဘုရားတစ်သောင်းဘုရားကျောင်းက အသင်္ချေစကြာဝဠာများထံမှ အစွမ်းထက်ပညာရှင်များကိုလည်း ခေါ်ယူစုဆောင်းခဲ့သည်။
ထိုပညာရှင်များသည် အနိမ့်ဆုံး အင်မော်တယ်အရှင်သခင်အဆင့်မှာ ရှိကြသည်။ သူတို့က ဟန်မူယဲ့ အထူးဖန်တီးထားသော လေဟာနယ်တည်နေရာအမှတ်မှတဆင့် ကန်အန်းစကြာဝဠာဆီသို့ ချောမွေ့စွာ ဝင်ရောက်လာကြပြီး ယခင်စစ်သည်တော်များနှင့် ပူးပေါင်းသွားကြသည်။
ကန်အန်းစကြာဝဠာသည် အလွန်အားကောင်းသည်။ သို့သော်လည်း ၎င်းက အသင်္ချေစကြာဝဠာများထံမှ အစွမ်းထက်ပညာရှင်များ၏ စုပေါင်းတိုက်ခိုက်မှုကို မခုခံနိုင်ပေ။
ထို့ပြင် ကန်အန်းစကြာဝဠာက ၎င်း၏ နယ်မြေအားလုံးကို တစ်ပြိုင်နက်တည်း မခုခံကာကွယ်နိုင်ပေ။ သို့ဖြစ်၍ ၎င်းတို့က တစ်လှမ်းချင်း အနောက်ဆုတ်သွားရင်း ကုန်းမြေအစား ကန်အန်းမျိုးနွယ်ဝင်များ၏ အသက်ကိုသာ အဓိကထား ကာကွယ်ကြတော့သည်။
နှစ်တစ်ရာကြာပြီးနောက် ကန်အန်းစကြာဝဠာထဲမှ ရတနာအများအပြားကို လုယက်သိမ်းပိုက်နိုင်သွားသည့်အခါ အသင်္ချေစကြာဝဠာများထံမှ အစွမ်းထက်ပုဂ္ဂိုလ်အများအပြားက ထပ်မံ ဝင်ရောက်လာကြသည်။ သို့ဖြစ်၍ ကန်အန်းစကြာဝဠာကို သိမ်းပိုက်မည့် သူတို့၏ ပန်းတိုင်သို့ တဖြည်းဖြည်း နီးကပ်လာသည်။
အထူးသဖြင့် နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ လေလံပွဲများတွင် အတိတ်၌ ကန်အန်းစကြာဝဠာကြောင့် ဖျက်ဆီးခံခဲ့ရသော အမွေအနှစ်များနှင့် ရှေးဟောင်းလက်နက်များက ပြန်လည်ထွက်ပေါ်လာကြသည်။ ယင်းက အသင်္ချေစကြာဝဠာများထံမှ အထွတ်အထိပ်ပုဂ္ဂိုလ်များကို ရူးသွပ်သွားစေသည်။
…..
ကန်အန်းစကြာဝဠာ၏ တောက်ပသော ကြယ်တစ်လုံးပေါ်တွင်… ။
ရွှေရောင်အလင်းက ကြယ်ပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။
ပေတစ်သောင်းရှည်လျားသော တုတ်ချောင်းက အောက်သို့ ကျဆင်းလာပြီး ထောင်သောင်းချီသော ကန်အန်းမျိုးနွယ်ဝင်များကို သုတ်သင်ရှင်းလင်းလိုက်သည်။
“ စစ်မြေပြင်ကို ရှင်းလင်းကြမယ် ”
ပုံရိပ်တစ်ခုက တုတ်ချောင်းကို ပြန်ရုပ်သိမ်းလိုက်ပြီး တိုးညင်းစွာ အမိန့်ပေးသည်။
တခြားပုံရိပ်များက အရှေ့သို့ မြန်ဆန်စွာ ပြေးထွက်လာကြပြီး ကန်အန်းမျိုးနွယ်ဝင်အလောင်းများထံမှ ရတနာများကို စုဆောင်းကြသည်။
ထိုလူများက တစ်ယောက်နှင့်တစ်ယောက် ပုံသဏ္ဍာန်မတူကွဲပြားသော်လည်း အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြလေရာ အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်ကြောင်း ထင်ရှားသည်။ တူညီသည့်အချက်မှာ အလွန်အားကောင်းသော မိစ္ဆာချီက သူတို့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည်။
မဟာမိစ္ဆာများ… ။
ထိုမိစ္ဆာများ၏ ခေါင်းဆောင်က ရွှေရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး လက်ထဲတွင် တုတ်ချောင်းကို ဆုပ်ကိုင်ထားသည်။
မှန်ပေသည်။ ၎င်းက ရေမှင်စာမှလွဲ၍ တခြားလူမဟုတ်ချေ။
အတိတ်တွင် ရေမှင်စာ၏ အရှိန်အဝါက မတည်ငြိမ်ပေ။ ၎င်းက အင်မော်တယ်ဘုရင်တစ်ပါးဖြစ်ပြီး အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ဤနှစ်တစ်ရာအတွင်းမှာ ၎င်းက ကန်အန်းစကြာဝဠာထဲတွင် တစိုက်မတ်မတ် ကျင့်ကြံခဲ့ပြီး တခြားလူများထက် ပိုပြီးအုတ်မြစ်ခိုင်မာသော မူလစွမ်းအားကို ပိုင်ဆိုင်သွားခဲ့သည်။ မည်သို့ဖြစ်ပါစေ အတိတ်မှာ ၎င်းက ကောင်းကင်ဘုံလမ်းကြောင်းထဲသို့ တစ်ကြိမ်ဝင်ရောက်ခဲ့ဖူးသည် မဟုတ်ပါလော။
“ ဗုန်း ”
ပေါက်ကွဲသံများက အရှေ့မှ ကောင်းကင်နှင့် မြေပြင်ကြားထဲမှာ ပဲ့တင်ထပ်သွားသည်။
စစ်မြေပြင်ကို သုတ်သင်ရှင်းလင်းနေကြသော မိစ္ဆာများက ခေါင်းမော့လိုက်ကြသည်။
လက်လေးဖက်ရှိပြီး အတောင်ပံ(၁၂)ခုပါသော ကန်အန်းမျိုးနွယ်ဝင်အုပ်စုတစ်စုက မှော်ယာဉ်ပျံတစ်စင်း၏ လိုက်ဖမ်းခံနေရကြောင်း ၎င်းတို့မြင်သွားကြသည်။
မှော်ယာဉ်ပျံ၏ ဘေးပတ်ဝန်းကျင်တွင် ဓားအလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေပြီး မရေမတွက်နိုင်သော ရွှေရောင်ဓားတိုများက လေဟာနယ်ထဲမှာ ပျံဝဲနေကြသည်။
“ အံ့ဖွယ်ကိုးပါးမြို့တော်က လူတွေ ”
အသားညိုသော မိစ္ဆာတစ်ကောင်က မနာလိုသော လေသံဖြင့် ပြောသည်။
ထိုမှော်ယာဉ်ပျံက သာမန်မဟုတ်ပေ။ ယင်းက ကြယ်စင်စုစကြာဝဠာမှ ထုတ်လုပ်ထားသော နောက်ဆုံးပေါ် မှော်ယာဉ်ပျံဖြစ်သည်။ ယင်းက အလွန်သန်မာလေရာ လေဟာနယ်ကိုပင် ဖြတ်သန်းသွားနိုင်စွမ်း ရှိ၏။
မှော်ယာဉ်ပျံသည် အလွန်မြန်ဆန်ရုံသာမက ကြောက်မက်ဖွယ်ကောင်းသော ခုခံကာကွယ်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားသည်။ သို့ဖြစ်၍ ကန်အန်းမျိုးနွယ်ဝင်များကို မှော်ယာဉ်ပျံဖြင့် အမဲလိုက်ခြင်းက ဆော့ကစားနေခြင်းနှင့် မခြားပေ။
“ အကိုကြီး… အဲ့ဒီမှော်ယာဉ်ပျံကို အဆင့်ငါးကောင်းကင်ပုတီးစေ့ တစ်သိန်းငါးသောင်းနဲ့ လဲလှယ်နိုင်တယ်လို့ ကျွန်တော် ကြားမိတယ်… ကျွန်တော်တို့တွေ လဲလှယ်သင့်လား ”
အသားညိုသော မိစ္ဆာက ရေမှင်စာကို မျက်နှာချိုသွေးသော အမူအရာဖြင့် ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
ကန်အန်းစကြာဝဠာသည် အထက်ဘုံ၏ စွမ်းအားစနစ်ကို အသုံးပြုသည်။ သို့ဖြစ်၍ ဤနေရာတွင် ရတနာအားလုံးကို ကောင်းကင်ပုတီးစေ့များဖြင့်သာ တွက်ချက်သည်။
ကန်အန်းစကြာဝဠာအတွင်း၌ တည်ဆောက်ထားသော မီးပြင်းဖိုများက စွမ်းအင်အသီးသီးကို ကောင်းကင်ပုတီးစေ့များအဖြစ် တိုက်ရိုက် သန့်စင်ပေးနိုင်ကြသည်။
အဆင့်တစ်နှင့် အထွတ်အမြတ် အဆင့်တစ်ကောင်းကင်ပုတီးစေ့များမှလွဲလျှင် တခြားကောင်းကင်ပုတီးစေ့များကို ဖြန့်ဝေအသုံးပြုနိုင်ကြသည်။
ထို့ကြောင့် ကန်အန်းမျိုးနွယ်စုထဲမှာ အတောင်ပံဆယ်ခုနှင့် အတောင်ပံဆယ့်နှစ်ခုပါသော မျိုးနွယ်ဝင်များက အရေအတွက်များပြားနေခြင်း ဖြစ်သည်။
သို့ဖြစ်၍ ၎င်းတို့ဆီမှာ အစွမ်းထက်ပုဂ္ဂိုလ်အများအပြား ရှိသော်လည်း အထွတ်အထိပ်ပုဂ္ဂိုလ်များက အလွန်နည်းပါးသည်။
“ ကွင်အကြီးကြီးတစ်ခု ရတဲ့အထိ စောင့်ဦး… အဲ့ဒီအခါကျရင် မှော်ယာဉ်ပျံတစ်စင်းနဲ့ ငါတို့လဲလှယ်မယ် ”
ရေမှင်စာက တောက်ပသော မျက်လုံးဖြင့် ပြောသည်။
“ သွားကြစို့ ”
ထို့နောက် သူက စစ်မြေပြင်ကို ရှင်းလင်းပြီးသော မိစ္ဆာများကို ဦးဆောင်၍ အဝေးသို့ ထွက်ခွာသွားသည်။
သူတို့အဖွဲ့၏ ဦးတည်ရာက အစောနက ကန်အန်မျိုးနွယ်ဝင်အုပ်စု ထွက်ပြေးသွားခဲ့သော အရပ်ဒေသ ဖြစ်သည်။
မကြာသေးခင်က ရေမှင်စာသည် ထိုဧရိယာကို တစ်ချက်ကင်းထောက်စစ်ဆေးကြည့်ခဲ့သည်။ ထိုနေရာမှာ ကောင်းကင်မိစ္ဆာသားရဲများနှင့် ကန်အန်းမျိုးနွယ်ဝင်များက အတော်များများ စုဝေးနေကြသည်။
ထိုမှော်ယာဉ်ပျံပေါ်မှ လူများကို ၎င်းတို့က သေချာပေါက် ဝိုင်းရံတိုက်ခိုက်ကြလိမ့်မည်။
ဤစစ်ပွဲတွင် နှစ်ဖက်အင်အားစုက အပြန်အလှန် ဝိုင်းရံတိုက်ခိုက်ခြင်းကို ဆက်တိုက် လုပ်ဆောင်နေကြသည်။
အကယ်၍ အသင်္ချေစကြာဝဠာများမှ ထိပ်တန်းပုဂ္ဂိုလ်များက ကန်အန်းမျိုးနွယ်စုကို တိုက်ရိုက်မဖိနှိပ်ထားလျှင် တခြားလူများက ဤတိုက်ပွဲများမှာ အသားစီးရရှိကြလိမ့်မည် မဟုတ်ချေ။
ကံကောင်းစွာဖြင့် အံ့ဖွယ်ကိုးပါးမြို့တော်က သူတို့ကို စစ်ပွဲရုပ်သေးရုပ်များနှင့် အစွမ်းထက်စစ်ချပ်ဝတ်များကို ထောက်ပံ့ပေးထားသည်။ ထို့ကြောင့် သူတို့က တိုက်ပွဲရေစီးကြောင်းကို အနည်းငယ် တွန်းလှန်နိုင်ကြပေသည်။
“ ဝင်္ကပါဖွဲ့စည်းကြ ”
“ ခံစစ်ကို အားဖြည့်ပြီး တပ်ကူတွေကို စောင့်ဆိုင်းကြ ”
“ လေဟာနယ်ကူးပြောင်းဖို့ အသင့်ပြင်ကြ ”
အော်သံအမျိုးမျိုးက အရှေ့မှ ထွက်ပေါ်လာသည်။
မကြာမီ ရေမှင်စာတို့အုပ်စုက တိုက်ပွဲဖြစ်ပွားရာနေရာသို့ ရောက်ရှိသွားသည်။ ထိုစဉ် မှော်ယာဉ်ပျံက သေးငယ်သော ယာဉ်ပျံဒါဇင်ခန့်အဖြစ် ခွဲထွက်သွားကြောင်း ၎င်းတို့မြင်လိုက်ကြရသည်။ ယာဉ်ပျံတစ်ခုစီတွင် ကျင့်ကြံသူတစ်ရာပါဝင်ကြပြီး သူတို့အားလုံးက စစ်ပွဲရုပ်သေးရုပ်များကို ထိန်းချုပ်ထားကြသည်။
ဤအခိုက်အတန့်မှာ သူတို့က ဘေးပတ်ဝန်းကျင်မှ လေဟာနယ်မူလစွမ်းအားကို ဆွဲယူ၍ ခံစစ်ဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
ယင်းက နောက်ဆုံးပေါ် မှော်ယာဉ်ပျံများ၏ အားသာချက်တစ်ခု ဖြစ်သည်။ ယင်းက သေးငယ်သော ယာဉ်ပျံများအဖြစ် ခွဲထုတ်နိုင်သလို ယာဉ်ပျံကြီးတစ်ခုအဖြစ်လည်း ပြန်လည်ပေါင်းစည်းနိုင်ကြသည်။
ထိုမှော်ယာဉ်ပျံများကို အရူးလော့နှင့် ကျန်းမိသားစုမှ ကျန်းယောင်ရန်တို့ အတူပူးပေါင်း၍ ဖန်တီးသန့်စင်ခဲ့ကြခြင်း ဖြစ်သည်။
စကြာဝဠာနယ်မြေထဲတွင် ရေခဲလမြို့တော်နှင့် ထျန်ရှင်းမြို့တော်ကဲ့သို့ လက်နက်သန့်စင်ခြင်းမြို့တော်များမှ ပန်းပဲအလုပ်ရုံများသည် မှော်ယာဉ်ပျံအစိတ်အပိုင်းများအား ဖန်တီးသန့်စင်ခြင်းကို မရပ်မစဲ လုပ်ဆောင်နေကြသည်။
ယင်းက ကြယ်စင်စုစကြာဝဠာ၏ လက်နက်သန့်စင်ခြင်းပညာရပ်အပေါ် ဟန်မူယဲ့ခေါ်ဆောင်လာခဲ့သော ဆင့်ကဲပြောင်းလဲမှု ဖြစ်သည်။
ယခု အဆင့်နိမ့်ကျင့်ကြံသူများနှင့် အဆင့်နိမ်ပန်းပဲပညာရှင်များသည်ပင် ထိပ်တန်းရတနာများကို ဖန်တီးသန့်စင်နိုင်သွားကြသည်။
ထိပ်တန်းပန်းပဲပညာရှင်များသည်တော့ သူတို့က အရည်အသွေးမြင့် စစ်ပွဲရုပ်သေးရုပ်များနှင့် စစ်ချပ်ဝတ်များကို ဖန်တီးရန်သာ စိတ်ဝင်စားကြသည်။ ထို့ပြင် ဤမှော်ယာဉ်ပျံ၏ သတ္ထုအစိတ်အပိုင်းများကို ဖန်တီးသန့်စင်ရန်အလို့ငှာ ထိပ်တန်းပန်းပဲပညာရှင်များ၏ အကူအညီကို မလိုအပ်ပေ။
အရူးလော့သည် ယခု စကြာဝဠာနယ်မြေထဲမှာ အနားယူသွားပြီ ဖြစ်သည်။ သူက ရံဖန်ရံခါ ကောင်းကင်လျှို့ဝှက်ချက်မြို့တော်ဆီသို့ အလည်ရောက်လာလေ့ ရှိသည်။
“ သူတို့က လေဟာနယ်ကို ချိပ်ပိတ်ထားတယ်… တည်နေရာပြောင်းရွှေ့ဖို့ အချိန်ယူရလိမ့်မယ် ”
“ ဒီနေရာမှာ ကောင်းကင်မိစ္ဆာသားရဲတွေ အများကြီး ပုန်းအောင်းနေကြတယ်… ကျုပ်တို့တွေ ဆက်ပြီး မတောင့်ခံနိုင်ကြတော့ဘူး ”
မှော်ယာဉ်ပျံက ယာဉ်ပျံငယ်များအဖြစ် ခွဲထွက်သွားပြီး ခံစစ်ဝင်္ကပါတစ်ခုကို ဖွဲ့စည်းထားစဉ် ယာဉ်ပျံများထဲမှ တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
အစွမ်းထက်ဆုံး မှော်ယာဉ်ပျံသည်ပင် အရေအတွက်များပြားသော ကောင်းကင်မိစ္ဆာသားရဲများဖြင့် ရင်ဆို