ဒါက ပုံရိပ်ယောင်အစီအရင် မဟုတ်ဘူးလား။ ဘယ်လိုလုပ် ပြောင်းသွားတာလဲ!
Vol. 9 Ch. 118
"တကယ် သည်းမခံနိုင်တော့ဘူး"
စာကြည့်တိုက်၏ ထောင့်တစ်နေရာတွင် လီချင်းဟဲသည် အဝါရောင် အစီအရင်တစ်သောင်း ပုံကြမ်း၏ အဝါရောင်စာရွက်ကို ပွတ်သပ်လိုက်သည်။ ဤပုံကြမ်းကို ရရှိပြီးနောက် သူမ၏ အောင်မြင်မှုများသည် များစွာ တိုးတက်ကောင်းမွန်လာခဲ့သည်။ ပဉ္စမအဆင့် အစီအရင် ဖွဲ့စည်းပုံများက ပို၍လေးနက်ပြီး လျှို့ဝှက်ဆန်းကြယ်သည်။
သနားစရာကတော့ ဒီရတနာကို ပြန်မပေးရခင် ရက်အနည်းငယ်ကြာအောင် စေ့စေ့စပ်စပ် လေ့လာဖို့ အချိန်တောင် မရှိတော့ချေ။
"ဒါပေမယ့် ဒါကလည်း အမြတ်တစ်ခုပဲ... နောက်မှ ထပ်ကြည့်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ရှာရမယ်..."
ဒါကိုတွေးရင်း လီချင်းဟဲ အသာ သက်ပြင်းချလိုက်ပြီး ပုံကြမ်းကို သူ့ကြယ်လက်စွပ်ထဲကို တိတ်တဆိတ် ပြန်ထည့်လိုက်သည်။ ပြီးတာနဲ့ ရက်စွဲကို စစ်ဆေးဖို့ သူ့ဖုန်းကို ထုတ်လိုက်ရာ သူ့အဖေ ပြန်ရောက်လာဖို့ နှစ်ရက်တောင် အချိန်မရှိတော့ပေ။
အချိန်ကုန် မြန်တာကြောင့် အစီအရင်တစ်သောင်း ပုံကြမ်းကို နဂိုအတိုင်း ပြန်ဖြစ်အောင် ထားဖို့ နည်းလမ်းရှာရမည်။
မဟုတ်ရင် အဖေပြန်လာပြီး ပျောက်ဆုံးနေတဲ့ ဖွဲ့စည်းမှုပုံစံကို ရှာတွေ့ခဲ့မယ်ဆိုရင် မိသားစုတစ်ခုလုံးကို တုန်လှုပ်သွားစေမှာ သေချာပါ၏။ အဲဒါကိုပါ ပြန်ခြေရာခံလိုက်ရင် သူမ တကယ်ဒုက္ခရောက်လိမ့်မည်။
လီချင်းဟဲ ဒုတိယထပ်ဝင်ပေါက်ဆီသို့ လျှောက်သွားကာ သူမအရှိန်က ပိုမြန်လာသည်။
………….
စာကြည့်တိုက်ဧရိယာ ၁၌။
လူတွေ ကြိတ်ကြိတ်တိုး အဝင်အထွက် လုပ်နေကြသည်။ ချင်းယန် သူ့လှည်းကို စာအုပ်စင်များကြားသို့ တွန်းတင်လိုက်ပြီး စာအုပ်များကို သေချာရွေးချယ်ကာ စင်အသစ်များဆီ ပြောင်းရွှေ့နေ၏။
ထိုစဥ် သူ့စိတ်စွမ်းအား၏ ဖုံးလွှမ်းမှုအောက်တွင် တာဝန်ခံရဲ့ အရိပ်အယောင် ထွက်ပေါ်လာပြီး လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။
"ငါ့ကို လာရှာနေတာလား?"
ချင်းယန် သူ့စိတ်ရှုပ်ထွေးမှုကို ထိန်းကာ စာအုပ်တွေကို ကောက်ယူပြီး စာအုပ်စင်ထဲသို့ ပြန်ထည့်လိုက်သည်။ ခဏကြာတော့ တာဝန်ခံ ပေါ်လာ၏။ သူသည် တံခါးဆီသို့ ဦးစွာရောက်လာပြီး တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ အနီးနားရှိ ဧရိယာ 2 ပတ်ပတ်လည်ကို သံသယဖြင့် ကြည့်လိုက်မိသည်။
ခဏအကြာတွင် ချင်းယန်ထံ ရောက်လာ၏။
"အဲဒီလူအသစ်က ဘယ်မှာလဲ လီဘာဆိုလား?"
"လီချင်း?"
"ဟုတ်တယ် ဒီကောင်က ဘာလို့ ဒီမှာမရှိနေတာလဲ"
တာဝန်ခံသည် လွတ်နေသော ဧရိယာ 2 ကိုကြည့်ရန် ခေါင်းလှည့်ကာ ဝမ်းသာအားရ ပြောပါသည်။
"သူ အချောင်ခိုဖို့ တစ်နေရာရာကို ထွက်သွားတာလား"
"မဖြစ်နိုင်ပါဘူး..."
ချင်းယန်သည် စာအုပ်စင်ပေါ်ရှိ လွတ်နေသောနေရာကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ဖုံးကွယ်ပေးလိုက်သည်။
"ကျွန်တော် သူ့ကို မြင်လိုက်ရတယ်... အလုပ် ပြန်စဖို့ ဂိုဒေါင်ဘက်ကို လှည်းတွန်းနဲ့ သွားနေတာ... သူအဲဒီမှာ အလုပ်ရှုပ်နေတာ ဖြစ်ရမယ်"
"ဟုတ်လား..."
ဒါကိုကြားတော့ တာဝန်ခံလည်း မျက်လုံးပြူးသွားသည်။ အလင်းတန်းတစ်ခု ဖျတ်ခနဲ ဖျတ်ခနဲ ငြိမ်သွားပြီး ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက ချင်းယန်ထံ စောင်းငဲ့ကာ ထပ်ပြောလာသည်။
"ဒီရက်ပိုင်း သူ့ကို စောင့်ကြည့်ထားဦး... ဒီကောင်က မရိုးသားဘူး"
"မရိုးသားဘူးလား? နေ့တိုင်း အချောင်ခိုနေလို့လား?"
"မဟုတ်ဘူး မဟုတ်ဘူး"
တာဝန်ခံက ဧရိယာနှစ်ဘက်ကိုကြည့်ရင်း မျက်မှောင်ကြုတ်ကာ ဖြည်းညှင်းစွာ ပြောသည်။
"ငါ ဆိုင်းတွေကို စစ်ဆေးဖို့ ခဏခဏ ရောက်တဲ့အခါတိုင်း သူ ထောင့်တစ်နေရာကို သွားနေတာတွေ့တယ်... သူဘာလုပ်နေမှန်း မသိဘူး အရမ်းလိမ္မာပါးနပ်တာပဲ"
"........."
ချင်းယန် တိတ်ဆိတ်နေ၏။ ဒီစကားကို ကြားတော့မှ သူနားလည်သွားသည်။ လီချင်းဟဲက အချောင်ခိုနေတာ မဟုတ်ပေ။ အစီအရင်တစ်သောင်းဖွဲ့စည်းပုံ ပုံကြမ်းကို လေ့လာရင်း ထောင့်တစ်နေရာမှာ ပုန်းအောင်းနေရလို့ သူ့အချိန်တွေကို ကောင်းကောင်း မစီမံနိုင်ခဲ့တာ ဖြစ်နိုင်သည်။
အဲဒါကြောင့် တာဝန်ခံက သံသယဖြစ်သွားခြင်းပင်။
ဒါကိုတွေးပြီး ချင်းယန် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် စိတ်မပူနဲ့... ဒီရက်ပိုင်း သူ့ကို စောင့်ကြည့်နေလိုက်မယ်... မသင်္ကာစရာ တွေ့ရင် ချက်ချင်း သတင်းပို့ပါ့မယ်"
"မဟုတ်ဘူး အဲဒါနဲ့ မလုံလောက်ဘူး"
တာဝန်ခံက ခေါင်းယမ်းပြပြီး သူ့အမူအရာက လေးနက်လာသည်။
“သန့်စင်ခန်းကိုလည်း ပိုဂရုစိုက်ဖို့လိုတယ်... စာကြည့်တိုက်ထဲက လူတစ်ယောက်က သတင်းပို့လာတယ်.. လွန်ခဲ့တဲ့ ရက်အနည်းငယ်က အမျိုးသမီး သန့်စင်ခန်းထဲမှာ လီချင်းကို တစ်ကြိမ် နှစ်ကြိမ် တွေ့ခဲ့တယ်တဲ့...အဲဒီကောင်လေး အမျိုးသမီး သန့်စင်ခန်းထဲမှာ ဘာတွေ လုပ်နေတယ်လို့ ထင်လဲ...!"
သူစကားပြောနေစဉ် တာဝန်ခံက ချင်းယန်အနား ချဉ်းကပ်လာပြန်သည်။
"ဒီအကြောင်းကို ကောလာဟလတွေ မဖြန့်နဲ့နော်... လွန်ခဲ့တဲ့ ရက်နည်းနည်းက ဖြစ်ခဲ့တဲ အဲဒီခိုးမှုက လီချင်း လုပ်တာ ဖြစ်နိုင်တယ်လို့ ငါ သံသယဖြစ်မိပါတယ်"
“……”
ချင်းယန် စကားမပြောနိုင် ဖြစ်သွားသည်။
ဤစာကြည့်တိုက် တာဝန်ခံက ငတုံးငအတော့ မဟုတ်ချေ။
"ဒီရက်ပိုင်း သူ့ကို စောင့်ကြည့်ထားလိုက်... စာကြည့်တိုက်ပိုင်ရှင် မကြာခင် ပြန်လာတော့မယ် စာကြည့်တိုက်မှာ ဘာမှ အမှားအယွင်း မခံနိုင်ဘူး!"
တာဝန်ခံက အသံတိုးတိုးလေးနဲ့ :"သူ့ကို သေချာကြည့်ထား... သူခိုးကို ဖမ်းမိရင် မင်း ဂုဏ်ပြုခံရလိမ့်မယ်"
"သဘောပေါက်ပြီ... စိတ်မပူပါနဲ့ ကျနော် သူ့ကို စောင့်ကြည့်ထားလိုက်မယ်"
ချင်းယန် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် တာဝန်ခံလည်း သူ့ညွှန်ကြားချက်ကို ပြီးအောင် ပြောကာ ထွက်သွားတော့သည်။
အဝေးကို ရောက်သွားတာ သေချာသွားပြီးနောက် ချင်းယန် တုံ့ဆိုင်းမနေဘဲ ရှောင်ပိုင်ကို ချီ၍ သူ့နေရာသူဆီ ပြန်သွားလိုက်သည်။ သူသည် လီချင်းဟဲ၏ အစီအရင်တစ်သောင်း ပုံကြမ်း ခိုးယူမှုနှင့်ပတ်သက်၍ လုံးဝ စိတ်မ၀င်စားပါ။
မိသားစုတိုင်းက ပြဿနာကိုယ်စီ ရှိကြတာမို့ သူ ဘာကြောင့်ပါဝင်ရမှာလဲ။
ဤလူသည် လီမိသားစု၏ အကြီးဆုံးသမီးဖြစ်သည်။ သူ့မိသားစုဆီက စာအုပ်တွေ ခိုးလာတဲ့လူတစ်ယောက်ရဲ့ လှောင်ပြောင်မှုမှာ မိမိ ပါဝင်လိုက်ရင် ကိုယ့်ကိုကိုယ် ဒုက္ခရောက်အောင် လုပ်မိသလိုပဲ ဖြစ်သွားမည်။
ဒါကိုတွေးကြည့်ကာ ချင်းယန်က ခုံတန်းလေးပေါ်မှာ ထိုင်ပြီး ဆက်အိပ်လိုက်တော့သည်။
…………
စာကြည့်တိုက် ဒုတိယထပ် တံခါးဝမှာ။
နောက်ဖွားနယ်ပယ် စစ်သည် ဒါဇင်ပေါင်းများစွာသည် ဝင်ပေါက်တွင် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ခေါက်ထားကြသည်။ မျက်နှာများက တင်းမာနေကာ အနီးနားပတ်ဝန်းကျင်ရှိ အနှောင့်အယှက် မှန်သမျှကို မဝင်လာစေဖို့ သတိပေးနေပါသည်။
သူတို့လက်များကို ရှေးခေတ် ခင်းကျင်းထားသော အစီအရင် ပုံစံများဖြင့် ရေးထွင်းထားကာ ရွှေကြာပန်းများပွင့်နေသကဲ့သို့ အချင်းချင်း အပြန်အလှန် တုံ့ပြန်နေကြသည်။ ပေါင်းစပ်လိုက်ရင် ခွန်အားက အထွတ်အထိပ်သို့ ရောက်သွားလိမ့်မည်။
စာကြည့်တိုက်မှာ နောက်ဆုံး ခိုးယူခံရပြီးကတည်းက စာကြည့်တိုက်အတွင်း လုံခြုံရေး တိုးမြှင့်ချထားခဲ့သည်။ တာဝန်ခံက ငွေကြေးသုံးစွဲပြီး ဂိတ်စောင့်ရန် ကျွမ်းကျင်သူများကို စေလွှတ်ခဲ့သည်။
"မဆိုးပါဘူး အားလုံးက နောက်ဖွားနယ်ပယ် အထွတ်အထိပ် ရောက်နေကြပြီ သူတို့က အားဖြည့်ပုံစံကိုတောင် သုံးထားတယ်... ရှက်စရာပဲ... သူတို့က ငါ့ထက် နည်းနည်းနိမ့်နေသေးတယ်"
လီချင်းဟဲသည် တံခါး၏ အပြင်အဆင်ကို ကြည့်ကာ ထောင့်တစ်နေရာတွင် ဝပ်နေလိုက်သည်။ သူမသည် အစီအရင်တစ်သောင်း ပုံကြမ်းထဲကအတိုင်း ကြယ်ကျောက်တုံးကို ဆင့်ခေါ်လိုက်သည်။
ဗုန်း!
အသွင်သဏ္ဌာန်များ တဟုန်ထိုး တက်လာပြီး ရွှေရောင် အလင်းတန်းများ ထွန်းတောက်လာခဲ့သည်။ ကြယ်ကျောက်တုံးများစွာက သူ့ပတ်ဝန်းကျင်တွင် လွင့်ပျံနေပြီး နက်ရှိုင်းစွာ ဖြန့်ကျက်ကာ ဖြတ်သွားသော အလင်းအားလုံးကို ကွဲလွဲစေ၏။
နောက်အခိုက်အတန့်၌ သူမသည် အစီအရင်အတွင်း ဝင်ရောက်သွားလေသည်။ အစီအရင် နယ်မြေက ကျယ်ပြန့်လာပြီး တံခါးဆီသို့ လွင့်မျောသွားကာ တံခါးစောင့်တို့၏ ပတ်ဝန်းကျင်သို့ တိတ်တဆိတ် စိမ့်ဝင်သွားစေခဲ့သည်။
တတိယအဆင့် ပုံရိပ်ယောင်အစီအရင်က အပြည့်အဝ အသက်သွင်းခဲ့ပါပြီ။
တံခါးဝက အစောင့်များမှာ အေးခဲနေသော အမူအရာများဖြင့် သတိကပ်ကုန်ကြသည်။ ပတ်ဝန်းကျင် အလင်းရောင်က ရုတ်တရက် မှိန်သွားကာ ချက်ချင်းပင် အလောင်းများနှင့် သွေးပင်လယ်ထဲသို့ ဆွဲငင်ခံလိုက်ရသည်။
"ဟေး ပြီးသွားပြီ!"
"ဒီမိန်းကလေးက တကယ် အံ့သြစရာပဲ!"
လီချင်းဟဲသည် အစောင့်များကို ကျော်ဖြတ်ကာ လွင့်မျောနေသော ကြယ်ကျောက်တုံးကို ထိန်းချုပ်ရင်း တတိယထပ် စင်္ကြံသို့ ရင်ကော့ကာ လက်ခုတ်တီးလိုက်သည်။
ဒီအချိန်မှာတော့ တတိယထပ်စင်္ကြံသည် အစောင့်တွေ မရှိတော့ဘဲ မှောင်မိုက်နေခဲ့သည်။
အဆုံးတွင် စိတ်ဝိညာဥ်ဖမ်းအစီအရင်၏ အလင်းသည် လမ်းကြောင်းအားလုံးကို ဖြာထွက်ကာ ဖော်ပြမရသော ဆွဲဆောင်မှုကို ဖြန့်ကျက်လိုက်သည်။ ထို့နောက် တံခါးနောက်ကွယ်ရှိ နေရာလွတ်များကို ဖုံးကွယ်သွားခဲ့သည်။
"ဒီမိန်းမငယ်လေးက အစီအရင်တစ်သောင်းကို ပြန်ပေးတဲ့အထိ စောင့်ပါ.. ပြီးရင်တော့ နင်တို့ကို လွှတ်ပေးမယ်!"
လီချင်းဟဲသည် စိတ်ဝိညာဥ်ဖမ်းအစီအရင် အနီးသို့ ချဉ်းကပ်ကာ ၎င်း၏ဗဟိုချက်ကို အာရုံခံ၍ စတင်ဖြိုခွဲတော့မည် ဖြစ်သည်။ ရုတ်တရတ် အကာအကွယ်ပေးထားသော ကြယ်ကျောက်တုံးကြီးသည် ရုတ်တရက် အက်ကွဲအက်ကွဲကာ မြေပြင်ပေါ်သို့ အပျက်အစီးများ ဖုံးလွှမ်းသွားသည်။
"?"
လီချင်းဟဲ ခဏလောက် အေးခဲသွားပြီး အပျက်အစီးတွေကို ငုံ့ကြည့်လိုက်သည်။ ထိတ်လန့်ကြောက်စရာကောင်းတဲ့ ခံစားချက်တစ်ခုက သူမရဲ့အမြီးရိုးကနေ ရုတ်တရက်ထလာရင်း နဖူးအထိ ရောက်လာကာ ခန္ဓာကိုယ်အနှံ့ တုန်လှုပ်ချောက်ချားသွားစေပါ၏။
အခုလေးတင် ဒီအကာအကွယ် ကြယ်ကျောက်တုံး ကွဲအက်သွားတာက သတိပေးချက် တစ်ခုပါပဲ။ သူမရှေ့က အစီအရင်ဖွဲ့စည်းပုံက အလွန်အန္တရာယ်များကြောင်း သက်သေပြနေခြင်းပင်။
ချက်ချင်း ပြန်ဆုတ်တာ အကောင်းဆုံးပါပဲ။
"ဘာဖြစ်လို့လဲ?"
လီချင်းဟဲ တံခါးခုံပေါ်ရှိ အစီအရင် ပုံစံကို စူးစမ်းလေ့လာပြီး ဝိညာဉ်စုပ်သည့်ပုံစံ၏ ကြယ်စွမ်းအားကို အာရုံခံကြည့်သည်။ ပြီးတာနဲ့ အနည်းငယ် စိတ်ရှုပ်သွား၏။
"အရင်က...ဒါပဲ မဟုတ်ဘူးလား!!"