ဆရာ ကျေးဇူးပြုပြီး ကူညီပေးပါလား
Vol. 9 Ch. 119
"ဒီကလေးမလေး ထွက်သွားဖို့ အလျင်လိုနေပုံရတယ်... အဲဒါကြောင့် နေ့ခင်းကြောင်တောင်ကြီး တတိယထပ်ကို ဝင်ဖို့ သတ္တိရှိနေတာ...."
ဧရိယာတစ်မှ ချင်းယန်သည် သေးငယ်သော ထိုင်ခုံပေါ်တွင် ထိုင်ကာ လီချင်းဟဲ၏ လှုပ်ရှားမှုတိုင်းနှင့် သူမ အခြေအနေကို စောင့်ကြည့်နေလျက် ရှိသည်။ တာဝန်ခံ ထွက်သွားပြီးနောက် သူသည် စိတ်စွမ်းအားကို ထုတ်လွှတ်ကာ သူမကို ရှာဖွေခဲ့သည်။
မကြာခင်မှာပဲ တတိယထပ်က လီချင်းဟဲကို ဖမ်းမိသွား၏။ သူမ၏ စိတ်စွမ်းအားသည် အဆက်မပြတ် ဆုတ်ယုတ်နေပြီး စိတ်ဝိညာဉ်ဖမ်းအစီအရင် ဖွဲ့စည်းမှုကို ချိုးဖျက်ရန် ကြိုးစားနေပုံရသည်။
"ဟားဟား... အလျင်စလို ဖြုန်းတီးပစ်တာပဲ ဒီကလေးမလေးတော့ ဒုက္ခရောက်တော့မယ်"
ချင်းယန်သည် ရှောင်ပိုင်၏ သားမွေးများကို ပွတ်သပ်ရင်း သမ်းဝေလိုက်သည်။ သူကသာ အရင်တစ်ခေါက်က တတိယထပ်က စိတ်ဝိညာဉ်ဖမ်းအစီအရင်ကို ဖြိုခွင်းခဲ့သူဖြစ်ပြီး ရှောင်ပိုင်ရဲ့ အစွမ်းအစဖြင့် တားဆီးခဲ့ရာ ရှောင်ပိုင် လွှတ်ပေးလိုက်တာကို လီချင်းဟဲက ၎င်းကို ဖြိုခွင်းသူဟု လွဲမှားစွာ ယုံကြည်ခဲ့သည်။
ဒါပေမယ့် အခုတတိယထပ်မှာ ဘယ်သူမှ မရှိပါ။ ဤမိန်းကလေး၏ လက်ရှိခွန်အားဖြင့် စိတ်ဝိညာဥ်ဖမ်းအစီအရင်၏ အစွန်းကိုပင် မရောက်နိုင်တော့ပေ။
……………………..
စာကြည့်တိုက် ဒုတိယထပ်က နောက်ဖွားနယ်ပယ်က စစ်သည်များသည် ထင်ယောင်ထင်မှားထဲ၌ အသိစိတ်များ ပျောက်ဆုံးနေခဲ့သည်။
သွေးအိုင်နှင့် ဓားများ၊ ထူပြောသော သွေးမိုးများ ရွာချနေသည်။ ကြယ်သားရဲများ၏ ဟောက်သံများ၊ လှိုင်းလုံးများ၏ ရိုက်ခတ်သံများ၊ နူးညံ့သော သွေးစွန်းရွှံ့တွင် စိမ်ထားသော ရထားဘီးများ စသဖြင့်။
သူတို့သည် ဒေါသတကြီးဟောက်ကာ ကြယ်သားရဲများကို တိုက်ခိုက်နေကြသည်။ မြင့်မားသော တောင်တန်းများနှင့် မြစ်များကြားတွင် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်းတို့၏ ရဲဘော်များ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားခဲ့ကြသည်။
ဒါပေမယ့် လက်တွေ့ ကမ္ဘာမှာတော့ သူတို့ဟာ တစ်လက်မမှ မလှုပ်ခဲ့ကြပါဘူး။
သူတို့သည် ထိုနေရာတွင် ရိုးရိုးရှင်းရှင်း ရပ်နေကာ ငတုံးများကဲ့သို့ ရိုက်နှက်ကာ ခြေလက်များကို ရိုက်ချိုးနေကြသည်။ တစ်ယောက်မှ လီချင်းဟဲ၏ လှည့်စားထားသော အစီအရင်ထဲကနေ ခြေလှမ်းတစ်လှမ်းပင် မလှမ်းခဲ့ပေ။
စာကြည့်တိုက် တတိယထပ်က ရှည်လျားသော စင်္ကြံတွင် အလင်းရောင် မှိန်မှိန်လေးသာ လင်းနေသည်။
လီချင်းဟဲသည် စိတ်ဝိညာဥ်ဖမ်းအစီအရင် ရှေ့တွင် ရပ်နေ၏။ ကြယ်ကျောက်တုံးများ အစီအရင် ဖွဲ့စည်းတည်ဆောက်မှု၏ အူတိုင်ကို ခွဲထုတ်လိုက်စဉ် သူမ ပတ်လည်တွင် အလင်းမှုန်များ လွင့်မျောလာသည်။ သို့သော် သူမ မျက်နှာသည် အရောင်အသွေးမရှိသော စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေပြီဖြစ်သည်။
ကြယ်စွမ်းအင်သည် အစီအရင် ဖွဲ့စည်းတည်ဆောက်မှု၏ အူတိုင်အတွင်းသို့ စိမ့်ဝင်သွားမည့် ရှည်လျားသော ကြိုးများအဖြစ် ဖွဲ့စည်းမည်။ ထို့နောက် ၎င်း၏အတွင်းပိုင်းဖွဲ့စည်းပုံကို ဖျက်စီးပစ်လိမ့်မည်။
ဝုန်း!
နောက်ထပ် ကြယ်ကျောက်တုံးကြီး ကွဲကြေသွားကာ လေထုထဲမှ မြေပြင်သို့ ကျဆင်းသွားသည်။
"မဟုတ်ဘူး... အစီအရင်ကို ဖျက်ရမယ့် ဒီလမ်းကြောင်းက မှားနေပြီ!"
ကွဲအက်နေသော ကြယ်ကျောက်တုံးကို ငုံ့ကြည့်ရင်း လီချင်းဟဲ၏ နှုတ်ခမ်းများ ဖြူဖျော့သွားသည်။ သူမ၏ သွယ်လျသော လက်ချောင်းများသည် အစီအရင် ဖွဲ့စည်းတည်ဆောက်ပုံ ပုံစံကို ခြေရာခံလိုက်သည်။ ယခု သူမ၏ စိတ်စွမ်းအားက ပင်ပန်းနွမ်းနယ်လုနီးပါး ဖြစ်နေပါပြီ။
သူမရှေ့က စိတ်ဝိညာဥ်ဖမ်းအစီအရင်က အဆင့်လေးဆင့်သို့ ရောက်ရှိထားခဲ့ပြီး သူမထင်ထားသည်ထက် ပိုကြောက်စရာ ကောင်းနေသည်။ ဒီအစီအရင်ကကို ဖျက်သိမ်းလိုက်ချိန်မှာပဲ သူမဟာ များပြားလှတဲ့ ကြယ်ကျောက်တုံးတွေကို ဖြိုခွဲခဲ့ရပြီး လမ်းကြောင်းပေါင်းများစွာလည်း ကြိုးစားခဲ့ပါ၏။
ဒါပေမယ့် စိတ်ဝိညာဥ်ဖမ်းအစီအရင်ရဲ့ ပုံစံကို နားမလည်နိုင်သေးပါ။ အဆင့်ဆင့် ဖြတ်ကျော်နေရတာက တောင်ပေါ်တက်ပြီး ပင်လယ်ကို ဖြတ်ကူးနေရသလိုပင်။
"အစီအရင်တစ်သောင်းပုံကြမ်း" ၏ အကူအညီဖြင့်ပင် စိတ်ဝိညာဥ်ဖမ်းအစီအရင်ကို ချိုးဖျက်ရန် မလုံလောက်သေးချေ။ သူမအစွမ်းအစက အဆင့်၃ အစီအရင်များကိုသာ ချိုးဖျက်နိုင်သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ... အရင်က စိတ်ကူးယဉ် ပုံရိပ်ယောင်အစီအရင်ပါ ငါ ချိုးဖျက်နိုင်ခဲ့တယ်လေ... ဒါဖြင့် ဒီတစ်ကြိမ်ကျ ဘာလို့ မလုပ်နိုင်ရတာလဲ"
စိတ်ဝိညာဥ်ဖမ်းအစီအရင် ရှေ့တွင် လီချင်းဟဲတစ်ယောက် ကြယ်ကျောက်တုံးကို ဖြိုခွင်းရန် ထိန်းချုပ်ထားပြီး သူမလက်ထဲက အစီအရင်တစ်သောင်း ပုံကြမ်းကို ကြည့်ကာ စိုးရိမ်တကြီးဖြစ်လာသည်။
အကယ်၍ ဤပုံကြမ်းကို ပြန်မထားနိုင်ဘဲ မိသားစုဝင်များကသာ သိသွားပါက ရက်စက်ကြမ်းကြုတ်သော မျိုးနွယ်စု၏ ပြစ်ဒဏ်များအားလုံးကို သေချာပေါက် စီစဉ်ပေးလိမ့်မည်။
တကယ်ဖြစ်လာရင် အဖေက ဝင်စွက်ဖက်ရင်တောင်မှ သူမကို ကယ်ဖို့ နည်းလမ်း မရှိနိုင်တော့ပေ။
"မြန်မြန်...မြန်မြန်ဖွင့်စမ်းပါ!"
လီချင်းဟဲ နဖူးမှ အေးစက်တဲ့ ချွေးစတွေ ထွက်လာပြီး တံခါးဝ အစီအရင်ကို ချိုးဖျက်ဖို့ ကြယ်ကျောက်တုံကို တွန်းအားပေးလိုက်၏။
ယခု သူမသည် ဒုတိယထပ်ရှိ ပုံရိပ်ယောင်အစီအရင်ကို တစ်ပြိုင်နက် ထိန်းချုပ်ထားရပြီး စိတ်ဝိညာဥ်ဖမ်းအစီအရင်ကို ရင်ဆိုင်နေရသည်။ ထို့ကြောင့် သူမ၏ အာရုံကြောများ ထောင်တက်လာကာ စိတ်စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံးလာသည်။
ကြယ်ကျောက်တုံးများသည် အစီအရင်၏ အကြောင်းအရာများကို ခွဲခြမ်းစိပ်ဖြာကာ တံခါးခုံဆီသို့ ပျံသန်းသွားကြသည်။ စတုတ္ထအဆင့် အစီအရင်သည် ပြီးပြည့်စုံလုနီးနေပြီ ဖြစ်ပြီး အပြစ်အနာအဆာ မရှိသလောက်ပင်။
အချိန်တွေသာ ကုန်သွားသည်။ စိတ်ဝိညာဥ်ဖမ်းအစီအရင်က ဧရာမ ကျောက်တုံးကြီးလို ကွဲအက်သွားမည့် လက္ခဏာမပြပေ။ ထို့အပြင် သူမရဲ့ ဖောက်ဝင်မှာကလည်း ခရုအရှိန်အဟုန်ဖြင့်သာ။
ဝုန်း ဝုန်း ဝုန်း!
ကြယ်ကျောက်တုံးသုံးလုံး ဟန်ချက်ပျက်သွားကာ လုံးဝ အက်ကွဲသွားခဲ့သည်။ ကြယ်စွမ်းအင်များ ပေါက်ကွဲသွားသည်နှင့် အပျက်အစီးများ လွင့်ပျံကာ အုတ်မြစ်ကျိုးသွားသော လီချင်းဟဲဆီသို့ တိုက်ရိုက် လွင့်စင်လာ၏။
"မကောင်းတော့ဘူး!"
လီချင်းဟဲ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ဝင်လာသော အပျက်အစီးများကို ပိတ်ဆို့ရန် လက်ကို အလျင်အမြန် မြှောက်ထားလိုက်သည်။ အားကောင်းသော ကြယ်စွမ်းအင်များ စုစည်း၍ ပျံသန်းနေသော အပျက်အစီးအများစုကို ပိတ်ဆို့ထားလေသည်။
ဝုန်း!
ဆူညံသံတွေ ဆက်တိုက် ပဲ့တင်ထပ်သွားသည်။
ဒါပေမယ့် သေးငယ်တဲ့အပိုင်းက ကြယ်စွမ်းအင် ဒိုင်းကာကို ထိုးဖောက်ဝင်ရောက်ပြီး သူမရဲ့ခါးကြွက်သားထဲကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားပါ၏။
အသားပေါ်တွင် သွေးထွက်နေသာ့် အပေါက်တစ်ခု ပေါ်လာပြီး ပူလောင် လောင်မြိုက်နေသော ဒဏ်ရာတစ်ခု ချက်ချင်း ဖြစ်လာကာ ထူထဲသော မီးခိုးငွေ့များပင် ထွက်လာသည်။
"အွန်း..."
စူးရှသော နာကျင်မှုက သူမနှလုံးသားကို ချက်ချင်း လွှမ်းခြုံသွားသည်။ လီချင်းဟဲ မျက်မှောင်ကြုတ်ပြီး အစီအရင် ဖွဲ့စည်းမှုကို အမြန်ရပ်တန့်လိုက်သည်။ ဝမ်းဗိုက်ကို ဖုံးဖို့ လက်တစ်ဖက်ကို သုံးရင်း အံကြိတ်ကာ နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။
သူမလက်ချောင်းများမှတစ်ဆင့် သွေးစက်အချို့ စိမ့်ထွက်ကာ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။ တိတ်ဆိတ်သော စင်္ကြံတွင် စိတ်ဝိညာဥ်ဖမ်းအစီအရင်၏ အေးမြသော အလင်းရောင်သည် ဖြတ်မကျော်နိုင်သော အတားအဆီးတစ်ခုလို ပြန်လည် ထွက်ပေါ်လာ၏။
"မဟုတ်ဘူး... မဟုတ်သေးဘူး..."
လီချင်းဟဲ သူ့လက်ကို မြှောက်လိုက်ပြီး သူ့လက်ချောင်းထိပ်က သွေးတွေကို စိုက်ကြည့်နေမိသည်။ ထိုစဥ် သူ့အမြင်အာရုံတွေက မှုန်ဝါးလာပြီး သူ့အသိစိတ်က တဖြည်းဖြည်း မှိန်လာ၏။
ဤသည်မှာ မြင့်မားသော အစီအရင်အဆင့်ကို အတင်းအကြပ် ဖျက်စီးချင်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်သည်။ ဒုတိယထပ်က အစီအရင်ကိုလည်း ထိန်းချုပ်ထားရတဲ့ ဖိစီးမှုကလည်း ထပ်လောင်းလိုက်ရာ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးက ပိုဆိုးသွားခဲ့သည်။
သူ့လက်ထဲက ကြယ်ကျောက်တုံးတွေ ကွဲအက်သွားပြီး အများစုကို သူသုံးပြီးသွားပြီ။ သူဆက်ပြီး ကြံ့ကြံ့ခံနေမယ် ဆိုရင်တောင် စိတ်ဝိညာဥ်ဖမ်းအစီအရင်ကို ဖျက်သိမ်းဖို့ ဖြစ်နိုင်ခြေက ပိုနည်းလာရုံသာ ရှိဦးမည်။ ယခု အစီအရင်ကို ဖျက်သိမ်းရန် ဖြစ်နိုင်ခြေသည် သုညနီးပါးဖြစ်နေပြီဖြစ်သည်။
"ဘာလုပ်ရမလဲ...ဘာလုပ်ရမလဲ..."
လီချင်းဟဲ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ကြယ်ကျောက်တုံး အပိုင်းအစများကို ကောက်ယူလိုက်သည်။ သူမ နှုတ်ခမ်းကို ဖွဖွလေး သုတ်လိုက်ကာ မျက်လုံးများက နီရဲလာသည်။
သူမသည် တံခါးရှေ့ရှိ စိတ်ဝိညာဥ်ဖမ်းအစီအရင် ပုံစံကို မျှော်ကြည့်ကာ ဖြိုခွင်းနိုင်ခြေကို တွေးတောရင်း နှလုံးခုန်သံတွေ တအား ခုန်နေတော့သည်။
မချိုးနိုင်ရင် ချိုးနိုင်တဲ့ အဲဒီလူကို အကူအညီတောင်းလို့ ရမလား။
"ဖြစ်ကောင်းဖြစ်နိုင်... သူ့ခွန်အားနဲ့ဆို ဒီအစီအရင် ပုံစံကို ချိုးဖျက်နိုင်လောက်တယ်..."
"ဒါပေမယ့်..."
ဒါကိုတွေးရင်း လီချင်းဟဲရဲ့အမူအရာက ကွဲလွဲနေပြီး တတိယထပ်ထွက်ပေါက်ဆီသို့ လှမ်းကြည့်လိုက်သည်။
"မနေ့ညက ဖြစ်ခဲ့တဲ့ကိစ္စကြောင့်....သူ ငါ့ကို ကူညီပါ့မလား"
……………….
စာကြည့်တိုက်ဧရိယာ ၁။
စာအုပ်စင်၏ နောက်ဘက်အတန်း။
ချင်းယန်တစ်ယောက် ခုံတန်းလျား တစ်ခုပေါ်တွင်ထိုင်ကာ နံရံကိုမှီလျက် ငြိမ်သက်နေသည်။ သူ့အသိစိတ်သည် အတွင်းစိတ်လောကရဲ့ ဉာဏ်အလင်းနယ်ပယ်တွင် နှစ်မြုပ်ကာ "အစီအရင်အခြေခံများ" ကို နက်ရှိုင်းစွာ နားလည်လာခဲ့သည်။
အစီအရင်နှလုံးသားသည် တာအို၏ သဘာဝ စည်းချက်ဖြင့် လွှမ်းခြုံထားသော ကောင်းကင်နှင့် မြေကြီး၏ မျက်လုံးဖြစ်သည်။
နှင်းဖြူမြေခွေးလေးသည် သူ့လက်နှစ်ဖက်ထဲတွင် လဲလျောင်းရင်း ပျော့ပျောင်းသော ဝမ်းဗိုက်ကို ဖော်ထားသည်။ ခြေလက်များကို ဆန့်ထွက်ကာ ဝိညာဉ်စွမ်းအင်၏အာဟာရကို ရှူရှိုက်ရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
ယခုအချိန်တွင် ချင်းယန်၏ ခန္ဓာကိုယ်သည် တာအိုရောင်ဝါများနှင့် ပြည့်လျှံနေသည်။ ရှောင်ပိုင်လို မြေခွေးအတွက် ဤအရာသည် အမှန်တကယ်ပင် ဇာတိနတ်ဘုရားအလောင်းတော်ဖြစ်ပြီး ရှားပါးသော တွေ့ရှိမှုတစ်ခု ဖြစ်သည်။
ချင်းယန်ရဲ့ ရင်ခွင်ထဲမှာ ပုန်းနေရုံနဲ့ကို စိတ်သက်သာရာ ရနေ၏။ ထိုစဥ် နှေးကွေးသော ခြေသံက ချင်းယန်၏ နားထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
ခဏအကြာတွင် သိမ်မွေ့သော ခေါ်ဆိုမှုနှင့်အတူ သူ့လက်မောင်းပေါ် နူးညံ့သော အထိအတွေ့တစ်ခု ကျလာသည်။
"ဆ...ဆရာ...."
လီချင်းဟဲသည် ချင်းယန် အနားတွင် ရပ်ကာ လက်ချောင်းတစ်ချောင်းဖြင့် သူ့လက်မောင်းကို ဂရုတစိုက် ပုတ်လိုက်သည်။ လက်တစ်ဖက်က ဝမ်းဗိုက်ပေါ်ရှိ ဒဏ်ရာကို ဆုပ်ကိုင်ကာ ပြုံးပြလာသည်။
"အင်း?"
ချင်းယန် ဖြည်းညှင်းစွာ မျက်လုံးဖွင့်၍ သူမကို မော့ကြည့်လိုက်သည်။ သူ့အကြည့်က အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူမခါးကို အာရုံစိုက်ကာ သွေးခြေရာတစ်ခုကို ချက်ချင်း သတိပြုမိသည်။
'ဒီကလေးမလေး အတင်းအကြပ်လုပ်ရင်း ဒဏ်ရာရသွားတာလား"
ဒါကိုမြင်တော့ ချင်းယန် မျက်မှောင်ကြုတ်ပြီး စကားမပြောနိုင်ခဲ့။ တခြားသူရဲ့ အစီအရင်ကို ချိုးဖျက်ဖို့ တွန်းအားပေးချင်ရင် သူ့လိုပဲ သန်မာနေဖို့လိုသည်။
တောက်ပတဲ့ အလင်းရောင်အောက်မှ လီချင်းဟဲသည် ချင်းယန် သူ့ကို လှမ်းကြည့်နေတာကိုတွေ့တော့ ခေါင်းငုံ့ပြီး ချင်းယန်အဝတ်ထောင့်ကို ဆုပ်ကိုင်လျက် တိုးတိုးလေး ပြောလိုက်သည် ။
"ဆရာ... ကျေးဇူးပြုပြီး ကူညီပေးလို့ရမလား"