ဆရာတူအစ်ကိုက တကယ် တော်တာပဲ
Vol. 9 Ch. 121
"ငါ ဘယ်အဆင့် အစီအရင်ပညာရှင်လဲ"
လီချင်းဟဲရဲ့မေးခွန်းကို တုံ့ပြန်တဲ့အနေနဲ့ ချင်းယန် ပြုံးပြီး ပြန်ပြောလာသည်က။
"မင်း မှန်းကြည့်လေ!"
"?"
လီချင်းဟဲ တိတ်ဆိတ်နေခဲ့သည်။ သူမကို လှည့်စားဖို့ကြိုးစားနေတဲ့ ချင်းယန်ကိုကြည့်လိုက်ပေမယ့် စကားလုံးတွေက ထွက်မလာခဲ့။
"မင်းက ကလေးပဲ ရှိပါသေးတယ်"
ကလေး!
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အတူတကွ ဖြတ်သန်းပြီးနောက်တွင် ချင်းယန်ကို သူမ နားမလည်နိုင်တော့ကြောင်း သိလာသည်။ သူ နေ့တိုင်း ပြတ်ပြတ်သားသား အချောင်ခိုနေပေမယ့် သူ့ခွန်အားက နားမလည်နိုင်အောင် သန်မာလေ၏။
သို့သော် သူမ သူ့ကို နားလည်ခါနီးတိုင်း ဒီချင်းမျိုးရိုး ပြန်အိပ်တော့သည်။
"သွားရအောင်... နောက်ကျနေပြီ"
ချင်းယန် ပခုံးတွန့်ကာ လီချင်းဟဲကို မနှောက်ယှက်ချင်တော့ပါ။ သူ လှည့်ပြီး တတိယထပ် ထွက်ပေါက်ဆီသို့ ဦးတည်ကာ ထွက်သွားလေသည်။
"ဟမ့်! ငါ့ကို မပြောချင်ရင် မပြောနဲ့ပေါ့ ငါလည်း မကြားချင်ပါဘူး"
လီချင်းဟဲ သူ့နောက်သို့ တိတ်တဆိတ် လိုက်သွားပြီး စိတ်ကောက်သလို ခေါင်းကို လှည့်ပစ်လိုက်သည်။
ဒီမိန်းကလေးမှာ နင့်အကြောင်းကို စုံစမ်းဖို့ အချိန်ရှာထားမယ်။
………..
နောက်နေ့၊ မနက်စောစော စာကြည့်တိုက်တွင်။
လက်နက်ကိုင် တပ်ဖွဲ့ဝင်များသည် အ၀င်ဝတွင် ချီတက်ကာ ဝန်ထမ်းများ၏ အဝင်အထွက်ကို စစ်ဆေးသည်။ ကြယ်သိုင်းရဲစခန်းကလည်း ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုကို ကူညီရန် ဝင်ရောက်လာခဲ့သည်။
လီချင်းဟဲ ယမန်နေ့က ထွက်ခွာသွားပြီးနောက် စိတ်ကူးယဉ် အစီအရင်ထဲတွင် ပိတ်မိနေသော စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် လန့်နိုးလာကာ အချင်းချင်း အံ့သြစွာ ကြည့်နေကြသည်။
"အဲ့ဒီနတ်ဆိုး ရောက်လာပြန်ပြီ!"
"ဒါကို ချက်ချင်း သတင်းပို့ရမယ်... ကြယ်သိုင်းရဲစခန်းကိုပါ ချက်ချင်း ဖုန်းဆက်!"
"မင်းက ဒီနေရာကို ဧည့်ခန်းလို ဆက်ဆံနေတာလား.. "
"မင်းက ငါတို့ကို အလေးအနက် မထားဘူးပေါ့လေ!"
နတ်ဆိုးက ထပ်မံကျူးကျော်လာကြောင်း သိလိုက်ရသဖြင့် စခန်းခံစစ်သည်များက တာဝန်ခံထံ ချက်ချင်းသတင်းပို့လိုက်ရာ အခြေအနေက ပိုဆိုးလာခဲ့သည်။
စာကြည့်တိုက်ရှိလူတိုင်း သတိရှိနေခဲ့သည်။
ရန်သူ၏ လွှမ်းမိုးနိုင်မှုကို ထည့်သွင်းစဉ်းစားလိုက်ရင် ထိုနတ်ဆိုးက စာကြည့်တိုက်ကို ဧည့်ခန်းကဲ့သို့ ဆက်ဆံနေသည်။ ထို့ကြောင့် စာကြည့်တိုက်၏ အကြီးတန်း စီမံခန့်ခွဲမှု၊ ကြယ်သိုင်းရဲစခန်းနှင့် ပူးပေါင်း၍ လုံခြုံရေး သိသိသာသာ တိုးမြှင့်ထားကာ ရဲအရာရှိ အများအပြားကိုလည်း ချထားပေးရန် တောင်းဆိုခဲ့သည်။
"နယ်မြေ Bမှာ တာဝန်ကျတဲ့ အဖွဲ့ (၃)က လူတိုင်း... စောင့်ကြည့်တာတွေ သေချာ လုပ်ကြ!"
"အဖွဲ့ခုနစ်... အနီးပတ်ဝန်းကျင်ကို လုံခြုံအောင်ထား!"
စာအုပ်စင်များကြားတွင် စစ်သားအဖွဲ့များ စည်းစနစ်တကျ လှုပ်ရှားနေကြသည်။ ထိုအခါ အနီးနားရှိ ဧည့်သည်များစွာကို ကြောက်လန့်သွားစေ၏။
……………..
ဧရိယာ ၁၊ စာအုပ်စင်ဘေးက ချင်းယန် သမ်းဝေရင်းး နာရီလက်တံကို လှမ်းကြည့်လိုက်သည်။ ထို့နောက် စာအုပ်များပါသော လှည်းကို တွန်းကာ ဖြတ်သွားသော စစ်သားကို ကြည့်၍ ပြန်ရန်ပြင်ဆင်နေသည်။
ဒါပေမဲ့ ထိုအခိုက်တွင် တာဝန်ခံက ဝန်ထမ်းစာရင်းကို ကိုင်ဆောင်ကာ ရုတ်တရက် ချဉ်းကပ်လာသည်။
"လီချင်း ဘယ်မှာလဲ"
သူက ဒေါသတကြီး နယ်မြေ (၁) ကို ရောက်လာပြီး တံခါးကို ပိတ်ဆို့လိုက်ပြီး နောက်တံခါးကို လှည့်ကြည့်ကာ မေး၏။
"ဘာလို့ ဒီနေ့ သူ့ကို မတွေ့တာလဲ!"
"မပြောတတ်ဘူး"
ချင်းယန် ခေါင်းယမ်းကာ ဧရိယာ 2 ရှိ လွတ်နေသော စာအုပ်စင်များကြားကို တစ်ချက် လှမ်းကြည့်လိုက်သည်။ မနေ့က သူတို့ လမ်းခွဲပြီးနောက် ဒီကောင်မလေး ဘယ်ရောက်သွားမှန်း မသိသလို ဒီမနက် အလုပ်လည်း မလာပေ။
"သူ အလုပ်မလာဘူး ခရီးမထွက်ဘူး.. ခွင့်တောင် မတောင်းဘူး!"
တာဝန်ခံသည် သူ့ခရီးသွားစာရွက်ကို ငုံ့ကြည့်ရင်း ဒေါသကြောင့် တစ်ကိုယ်လုံး တုန်နေသည်။
"အဲ့ဒီကလေးက ပြဿနာရှိနေတာ ငါသိနေတယ်!"
သူက အနီရောင် ဘောပင်တစ်ချောင်းကို ထုတ်ယူပြီး နာမည်ကို ဝိုင်းထားလိုက်သည်။
"အခု သူ အလုပ်မလာသေးတော့ စာကြည့်တိုက်ရဲ့ နံပါတ်တစ် သံသယရှိသူလို့ တံဆိပ်ကပ်ခံထားရတယ်... အချိန်တန်ရင် ကြီးကြပ်ရေးမှူးက သူ့ကို အရင်မေးခွန်းထုတ်လိမ့်မယ်..."
"..."
ချင်းယန်သည် မန်နေဂျာ၏ တုန်လှုပ်ချောက်ချားမှုကို ကြည့်ကာ တိတ်ဆိတ်နေခဲ့သည်။ သူ ဂရုမစိုက်ပါ။ အဲဒီအစား ကြည်လင်ဖြူစင်တဲ့ တိမ်တိုက်တွေကို ပြတင်းပေါက်ကနေတစ်ဆင့် လှမ်းကြည့်လိုက်သည်။
လီချင်းဟဲမှာ သူ့အဖေ ကျောထောက်နောက်ခံ ရှိနေတာမို့ သူ ထွက်ပြေးသည်ဖြစ်စေ မပြေးသည်ဖြစ်စေ ကိစ္စမရှိပါ။
ဒီကောင်မလေးက တစ်နေရာရာမှာ ပုန်းနေတာပဲ ဖြစ်လိမ့်မည်။
…………
ကော်ဖီဆိုင်ရဲ့ သီးသန့်ခန်းထဲမှာ။
လီကျစ်ရွှမ်းသည် ပေါ့ပေါ့ပါးပါး ဇိမ်ခံ အားကစားဝတ်စုံကို ၀တ်ဆင်ထားပြီး ကော်ဖီ စားပွဲပေါ်တွင် ထိုင်ကာ ပူပြင်းသော ရာသီဥတုကို ပြတင်းပေါက်မှတစ်ဆင့် ငေးကြည့်ရင်း ကြွေခွက်ထဲမှ ကော်ဖီအေးကို ငုံ့ကြည့်လိုက်သည်။
ခဏအကြာတွင် လူတစ်ယောက်က အခန်းတံခါး ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ လီချင်းဟဲ ဖြည်းဖြည်းချင်း လှမ်းဝင်လာ၏။
"အစ်မချင်းဟဲ ဒီကို ဘာလို့ ခေါ်ပြန်လာတာလဲ"
လီကျစ်ရွှမ်းမှာ သူမကို မြင်ရတာနဲ့ကို စိတ်ရှုပ်ချင်လာသည်။
"ငါ အတန်းတက်ရဦးမှာ.. အားလပ်ရက်လေးက နည်းနည်းပဲ ရတာ နောက်ကျရင် ကျောင်းပြန်တက်ရဦးမယ်"
"အိုး ကျစ်ရွှမ်းရယ်.. ကျောင်းထွက်ထားတာပဲဟာ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။"
လီချင်းဟဲက စားပွဲကို ဖြတ်ပြီး ကုလားထိုင်တစ်လုံးကို ဆွဲထုတ်လိုက်သည်။
"နင့်ရဲ့ လက်ရှိ အရည်အချင်းနဲ့ဆို အကယ်ဒမီမှာ နင့်ကို အသစ်အဆန်းတွေ သင်ပေးနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး"
"အဲ့လိုပြောလို့မရဘူး..."
ဒါကိုကြားပြီးနောက် လီကျစ်ရွှမ်း ခေါင်းငုံ့ပြီး တိတ်တိတ်လေး ရေရွတ်ရင်း: "ပါမောက္ခလီနဲ့ အတန်းတက်တာကနေ အသစ်အဆန်းတွေ အများကြီး သင်ယူနိုင်ပါသေးတယ်"
"ကောင်းပြီလေ အဲဒါကို ဆက်မပြောတော့ဘူး"
လီချင်းဟဲ ခေါင်းယမ်းလိုက်ပြီး စားပွဲပေါ်ရှိ အီလက်ထရွန်နစ် အော်ဒါမှာယူသည့် စက်ကို ကောက်ယူကာ မျက်နှာပြင်ကို ပွတ်ဆွဲလိုက်သည်။ ပါးစပ်ကလည်း အေးအေးဆေးဆေး ပြောလိုက်သေး၏။
"ဒီတစ်ခါတော့ ငါနင့်ကို တစ်ခုခုမေးချင်လို့ လာခဲ့တာ!"
သူမစကားပြောနေစဉ်တွင် သူမ မျက်လုံးက လီကျစ်ရွှမ်းကို တိုက်ရိုက် ကြည့်နေသည်။
"အမှန်အတိုင်းပြော... ချင်းယန်နဲ့ နင့်ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးလဲ"
သူမ စကားဆုံးသောအခါ အခန်းထဲ ရုတ်တရက် တိတ်ဆိတ်သွားသည်။ လီကျစ်ရွှမ်း ပြုံးပြပြီး ခဏလောက် စဉ်းစားရင်း ကော်ဖီခွက်ကို ကောက်ကိုင်လိုက်သည်။
"ငါတို့က သာမန်သူငယ်ချင်းတွေပဲ... အစ်မချင်းဟဲ အဲဒါကို သိပ်ပြီးမတွေးပါနဲ့"
"သာမန်သူငယ်ချင်းလား?"
လီချင်းဟဲ ခပ်ဖျော့ဖျော့ ပြုံးပြီး ခေါင်းခါလိုက်သည်။
"ကောင်းပြီ ကျစ်ရွှမ်းရေ...နင်ငါ့ကို လိမ်နေတာပဲ မဟုတ်လား? ဟိုနေ့က ငါ စာကြည့်တိုက်က ဖြတ်သွားတော့ 'ဆရာတူအစ်ကိုကြီး ဆရာတူအစ်ကိုကြီး...' လို့ ခေါ်နေတာ ကြားလိုက်တယ်နော်...."
သူမသည် စားပွဲတစ်ဖက်သို့ ရောက်ရှိလာပြီး လီကျစ်ရွှမ်း၏ နူးညံ့သော နားရွက်ကို လှမ်းထိလိုက်သေးသည်။
"နင်ငါ့ကိုလိမ်တိုင်း နားရွက်က နည်းနည်းနီလာတယ်... နင်ငါ့ကို လိမ်လို့မရပါဘူး"
"ငါ..."
လီကျစ်ရွှမ်း စကားမပြောနိုင်ခဲ့။ သူမ ခေါင်းကို အလျင်အမြန် လှည့်ကာ ချင်းဟဲလက်ကို ခါယမ်းကာ နားရွက်ကို ကူကယ်ရာမဲ့ ဖုံးထားလိုက်သည်။
"ကောင်းပြီ ငါဝန်ခံပါတယ် သူက ငါ့ရဲ့ ဆရာတူအစ်ကိုပဲ"
"ထင်သားပဲ"
ဒါကိုကြားတော့ လီချင်းဟဲ မျက်လုံးတွေကို မှိတ်ထားပြီး ရှုပ်ပွနေတဲ့ ဆံပင်တွေကို ပြန်ဖြီးလိုက်သည်။ လီကျစ်ရွှမ်း၏ ကိုယ်ရေးကိုယ်တာ ၀န်ခံချက်ကို လက်ခံပြီးနောက် သူမ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ပြီးတာနဲ့ စူးစူးဝါးဝါး ထပ်မေးသည်။
"ကျစ်ရွှမ်း နင့်ဆရာတူအစ်ကိုက ဘယ်အဆင့် အစီအရင်ပညာရှင်လဲလို့ ပြောဖူးလား"
"အစီအရင်ပညာရှင်လား? မသိဘူး အစ်ကိုကြီးရဲ့ ဓားသိုင်းက ငါ့ထက် သာလွန်ကောင်းမွန်တာကိုပဲ သိတယ်..."
တစ်ဆက်တည်း လီကျစ်ရွှမ်း အံ့သြသွားသည်။
ဒါဖြင့် ဆရာတူအကိုရဲ့ အစီအရင်ပညာကလည်း မြင့်တာပဲလား။
ယခင်က ကော်ဖီဆိုင်တွင် လီချင်းဟဲက သူ့ရဲ့ အစီအရင်ကို ချင်းယန် ချိုးဖျက်သွားကြောင်း သူမ ကြားသောအခါ ချင်းယန်၏ အင်အားကို သူမ ခန့်မှန်းမိခဲ့သည်။ သို့သော် အစ်မချင်းဟဲ၏ အပြောအဆိုအရ သူ့အောင်မြင်မှုက ပို၍ပင် မြင့်မားလောက်၏။
ဆရာတူအစ်ကိုက တကယ် တော်လိုက်တာ!
သူ၏ ဓားသိုင်းပညာသည် ခြွင်းချက် မရှိရုံသာမက အစီအရင် ဖွဲ့စည်းမှုဆိုင်ရာ ကျွမ်းကျင်သူလည်း ဖြစ်သည်။ သူ၏ သဘောထားသည် စည်းစိမ်ဥစ္စာတွေကို အလွန်ဂရုမစိုက်တတ်ပေ။
ဆရာက သူ့ကို တပည့်အဖြစ် လက်ခံခဲ့တာ အံ့သြစရာ မရှိတော့ပါဘူး။
ဒါကိုတွေးပြီး လီကျစ်ရွှမ်းဟာ စိတ်သက်သာရာရသွားပြီး သူ့ဆရာရဲ့ တပည့်တစ်ဦးကို လက်ခံရတဲ့ အကြောင်းရင်းကို တဖြည်းဖြည်း နားလည်လာပါ၏။
အဲဒီအချိန်မှာတော့ သူ့အနားက လီချင်းဟဲခမျာ ဒီအဖြေကိုကြားတော့ အံ့ဩသွားလေ၏။
"အဲ့ဒီကောင်က ဓားပညာကို တကယ်သိတာလား... သူ့ရဲ့ ကြယ်စွမ်းအား အတက်အကျတွေ ပျောက်နေတယ်လေ.. သာမန်လူတစ်ယောက်လို သိသိသာသာ အားနည်းနေတာပါ!"
သူမသည် စောစောက ရှာဖွေတွေ့ရှိမှု၏ ရလဒ်များကို သတိရကာ တစ်ခုခု ဆုံးရှုံးသွားခဲ့ရသည်။
"...သူက သူ့ရဲ့ ကျင့်ကြံမှုကို ဖုံးကွယ်ထားနိုင်တာလား"
"ဟုတ်ပြီ အစ်မချင်းဟဲ ဒီဟာတွေကို စိတ်ကူးယဉ်နေတာ ရပ်လိုက်ပါတော့... ဆရာတူအစ်ကိုက သူအခုလို ပေါ်လာတာထက် ပိုရှုပ်ထွေးတယ်... ကိုယ့်လုံခြုံရေးအတွက် သူ့ကို သွားမနှိုးဆော်တာ အကောင်းဆုံးပဲ..."