← Chapters

ဘာ? ချင်းယန်က ဓားနတ်ဘုရားရဲ့ တပည့်တစ်ယောက်လား

Vol. 9 Ch. 122

ဘာ? ချင်းယန်က ဓားနတ်ဘုရားရဲ့ တပည့်တစ်ယောက်လား

Vol. 9 Ch. 122

သီးသန့်ခန်းအတွင်းက လီချင်းဟဲသည် လီကျစ်ရွှမ်းရဲ့ အံ့သြစရာ အဖြေကြောင့် မယုံနိုင်လောက်အောင် ကြည့်နေခဲ့သည်။

"သူနဲ့ သွားမရှုပ်နဲ့??"

ချင်းယန်သည် မယုံနိုင်လောက်အောင် ထက်မြက်ပြီး အစီအရင် ဖွဲ့စည်းတည်ဆောက်ပုံများကို နားလည်သဘောပေါက်ခြင်းမှာ တစ်ခုတည်းသော အရာဖြစ်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း သူသည် ဓားသမားတစ်ဦးလည်း ဖြစ်နေပေသည် ။

ဒေါသထွက်စရာပဲ။

စီမံခန့်ခွဲသူ လုပ်နေပေမယ့် နယ်ပယ်နှစ်ခုစလုံးမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိထား၏။

ဒါကိုသာ တခြားသူတွေ ကြားရင် ဒေါသထွက်လွန်းလို့ ရူးသွားလိမ့်မည်။

"ဘာတွေလဲ"

လီချင်းဟဲသည် သတင်း၏ ထိတ်လန့်မှုကို စုပ်ယူရန် ကြိုးစားရင်း သူမ မျက်ခုံးများကို ပွတ်သပ်လိုက်သည်။ တခြားသူပြောရင် သူမယုံမှာ မဟုတ်ပါ။ လီကျစ်ရွှမ်းဆီက ကြားလိုက်ရတဲ့အခါ ထိုကိစ္စရဲ့ သဘောသဘာဝမှာ လုံးဝ ခြားနားသွားပါသည်။

လီချင်းဟဲသည် သူမ၏ ဝမ်းကွဲအစ်ကိုကြီး၏ ရှေ့တွင် ကော်ဖီသောက်ရင်း သူမနှင့်ပတ်သက်သည့် မိသားစုပြောခဲ့သည့်စကားကို သတိရမိသည်။

နှစ်ထောင်ပေါင်းများစွာ ကြာအောင်၊ ပါရမီအရှိဆုံးပုဂ္ဂိုလ်၊ အကြီးမြတ်ဆုံးသော အရည်အချင်းရှိသူသည် မိသားစုတစ်ခုလုံးကို ပြန်လည်အသက်သွင်းပြီး ၎င်း၏အထွတ်အထိပ်သို့ ပြန်သွားနိုင်လိမ့်မည်ဟု ကတိပြုထားခဲ့သည်။

အရည်အချင်းအပေါ် မူတည်ပြီး ပြောရပါက ကျန်းဟိုင် ဓားရေးဆရာဟောင်း လူအိုလီပင်လျှင် သူမအတွက် ချီးမွမ်းမှုအပြည့် ရှိသည်။ ပြီးတော့ ဓားပညာထက်မြက်တဲ့ သူမဟာ ချင်းယန်ကို အလွန်အမင်း လေးစားနေ၏။

ချင်းမျိုးရိုး ဓားသိုင်းပညာ၏ ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်မှုအကြောင်း အကျယ်တဝင့် ပြောပြနေသည်။ လီချင်းဟဲ မျက်မှောင်ကြုတ်ပြီး အတွေးတစ်ခုက သူ့ခေါင်းထဲ ရုတ်တရက် လင်းလက်လာသည်။

"ကျစ်ရွှမ်း နင့်ရဲ့ဆရာ လူအိုလီက ကျန်းဟိုင်ကိုယ်ခံပညာအကယ်ဒမီက ကျောင်းအုပ်ကြီး မဟုတ်ဘူးလား?"

လူအိုလီသည် လီကျစ်ရွှမ်းကို တပည့်တစ်ဦးအဖြစ် လက်ခံခဲ့ကြောင်း တစ်မြို့လုံးသိပြီး ထိုအချိန်က အဖြစ်အပျက်တောင် မထင်မှတ်ဘဲ ဖြစ်ခဲ့တာပင်။

လူအိုလီသည် ကျန်းဟိုင်မြို့တွင် အဓိကကျသော အနေအထားတွင်ရှိပြီး သူ့စကားများက သူ့နှောင်ကြိုးဖြစ်သည်။ ကမ္ဘာရှေ့မှာ လူသိရှင်ကြား ပြောပြီးတာနဲ့ သူ့စကားတွေကို ပြန်ရုပ်သိမ်းဖို့ မဖြစ်နိုင်ပါ။ ယခုအချိန်တွင် လီကျစ်ရွှမ်း ဆရာက လူအိုလီပဲ ဖြစ်သင့်သည်။

"သူက နင့်ကို သူ့တပည့်အဖြစ် လက်ခံပြီးရင် တခြားဘယ်သူ့ကိုမှ လက်ခံမှာမဟုတ်ဘူးလို့ ပြန်ပြောခဲ့တယ်... နင် ဆရာအသစ်ကို ရွေးချယ်ခဲ့တာ ဖြစ်နိုင်မလား"

လီချင်းဟဲ စားပွဲကို ခေါက်လိုက်ပြီး ချင်းယန်ရဲ့ ပင်ကိုယ်စရိုက်ကို ပြန်တွေးကြည့်လိုက်သည်။ နေ့တိုင်း တန်းလျားပေါ်မှာ လှဲနေတာ မဟုတ်ရင် စာအုပ်စင်ဘေးမှာ လှဲနေတာမျိုးသာ လုပ်တတ်သည်။

တပည့်တစ်ဦးကို လက်ခံခြင်းက ဆရာကြီးလီ၏စံနှင့် ဝေးကွာနေပါပြီ။

ဒါ မဟုတ်ဘူး!

သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေက လိုက်ဖက်ညီဖို့ မဖြစ်နိုင်ပါ။ ချင်းယန် မည်မျှ အရည်အချင်းရှိသူဖြစ်ပါစေ ဆရာကြီးလီသည် သူ့တပည့်အဖြစ် သူ မကြိုက်သောသူကို ဘယ်သောအခါမှ လက်ခံမည် မဟုတ်ပေ။

"ငါ..."

ဒါကိုကြားတော့ လီကျစ်ရွှမ်း တုန်လှုပ်သွားပြီး လီချင်းဟဲရဲ့ ဆိုလိုရင်းကို သဘာဝကျကျ နားလည်သွားပါသည်။ သူမ ခဏလောက် စဉ်းစားနေပေမယ့် နောက်ဆုံးတော့ ဘာမှ မပြောခဲ့။ သူမသည် ခေါင်းမညိတ်၊ ခေါင်းမယမ်းဘဲ တစ်နည်းအားဖြင့် တိတ်တဆိတ် သဘောတူသလို ပြုမူလိုက်သည်။

"တကယ်လား?"

လီချင်းဟဲ မျက်မှောင်ကြုတ်လိုက်သည်။

"အစ်မချင်းဟဲ ကျေးဇူးပြုပြီး ထင်ကြေးပေးတာတွေ ကျပန်းမှတ်ချက်တွေ မလုပ်ပါနဲ့"

လီကျစ်ရွှမ်း တစ်ဖက်လူ၏ အမူအရာကိုမြင်ပြီး အတွေးပျက်သွားကာ "တစ်ခုခု ဖြစ်သွားလိမ့်မယ်" ဟု ထိတ်လန့်စွာ ပြောလာသည်။

ပထမအချက်က သူမဆရာအရှင်၏ အထောက်အထားကို ဖော်ထုတ်မိပြီး အခြားသူ၏ငြိမ်းချမ်းရေးကို နှောင့်ယှက်မိမည်ကို စိုးရိမ်သည်။

ဒုတိယအချက်မှာ စကားလုံးများသည် ပြဿနာဖြစ်စေနိုင်သောကြောင့် လီချင်းဟဲ၏ လုံခြုံရေးအတွက် သူမ စိုးရိမ်သည်။

ဆရာအရှင် သိသွားရင် ဘာဖြစ်မလဲ။

သူတကယ် ဒေါသထွက်ခဲ့လျှင် အကျိုးဆက်က စိတ်ကူးတောင် မယဉ်နိုင်ပေ။

ထို့နောက် မိုင်တစ်ထောင်အကွာမှ ဓားတစ်စင်းက ကောင်းကင်ကို ဖြတ်ပျံသွားလေမည်။ လီ မိသားစုဝင်များအားလုံး တိုက်ခိုက်မှုကို တားဆီးရန် လီချင်းဟဲရှေ့တွင် တန်းစီလိုက်ပါက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို လုပ်ဆောင်ရင်တောင် မလုံလောက်ပေ။

နေ့ချင်းညချင်း မျိုးနွယ်စုတစ်ခုလုံး ပျက်စီးသွားလိမ့်မည်။

လီကျစ်ရွှမ်း :"ဒါက ဟာသမဟုတ်ဘူး!"

"ဟုတ်ပါတယ် ကျစ်ရွှမ်း... စိတ်မပူပါနဲ့... ငါနားလည်ပါတယ် ငါကနင့်အနားမှာ အမြဲ ရှိနေမှာ"

ဒါကိုကြားတော့ လီချင်းဟဲ သူ့လက်ကို မြှောက်လိုက်ပြီး ကြယ်စွမ်းအားတွေကို ထုတ်လွှတ်လိုက်သည်။

အခန်းထောင့်လေးထောင့်မှ အိုးရှင်းအပင်တွေဘေးမှာ ရွှေရောင် အလင်းတန်းတစ်ခုစီ လင်းလက်နေသည်။ ကြယ်ကျောက်များစွာ လွင့်ပျံလာကာ လျှို့ဝှက်နေရာတစ်ခု အဖြစ် အမှတ်အသားပြု ကာကွယ်ထားလိုက်သည်။

တိတ်ဆိတ်မှုသည် အစီအရင် ဖွဲ့စည်းမှုအတွင်းတွင် စိုးမိုးခဲ့ပြီး အသံယိုစိမ့်မှု ဖြစ်နိုင်ချေများကိုပါ ပိတ်ထားပစ်သည်။

"စိတ်မပူပါနဲ့ ကျစ်ရွှမ်း ဒီအသံလုံအစီအရင်ပုံစံ ကျန်နေသေးသရွေ့ ဒီနေ့ ငါတို့စကားဝိုင်းကို နင်နဲ့ငါပဲ သိမှာပါ"

သူမ လီကျစ်ရွှမ်း လက်လေးကို ဆုပ်ကိုင်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငါ နင့်အနားမှာ အမြဲရှိနေမှာပါ"

"အွန်း"

လီကျစ်ရွှမ်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ညီအစ်မနှစ်ယောက်သည် ငယ်စဉ်ကတည်းက ညီအစ်မရော သူငယ်ချင်းရော ဖြစ်ခဲ့ကြပြီး ကျောင်းအတူတူတက်သည့်အထိ ခင်မင်ရင်းနှီးခဲ့ကြသည်။

လီချင်းဟဲဟာ တစ်ခါတစ်ရံ တစ်ဇွတ်ထိုး စိတ်ဆန္ဒရှိပြီး ရူးသွပ်တတ်သော်လည်း သူမက စိတ်နှလုံးမကောင်းသူတော့ မဟုတ်ပေ။ သူမသည် ပုန်ကန်ထကြွမှုတစ်ခုနှင့် မျိုးနွယ်စု၏ စည်းမျဉ်းအချို့ကို မကြိုက်ရုံသာ။

မျိုးနွယ်စုတစ်ခုလုံး သူမကို ဆန့်ကျင်ဘက်ပြုပါက သူမဘက်၌ရပ်တည်ရန် အရာအားလုံးကိုပင် စွန့်လွှတ်သွားမည် ဖြစ်သည်။

"ဒါပေမယ့် ကျစ်ရွှမ်း ငါအမြဲသိချင်နေတဲ့ မေးခွန်းတစ်ခုရှိတယ်...နင်နဲ့ ချင်းယန်ရဲ့ ဆရာက ဘယ်သူလဲ?"

ထူးချွန်ထက်မြက်သူ နှစ်ဦးကို သင်ကြားပြသပေးနိုင်သူသည် ထူးထူးခြားခြားသာ ဖြစ်ရမည်။

တစ်ယောက်က နှစ်ထောင်ချီကြာအောင် စောင့်နေခဲ့ရသော ဓားသမားတစ်ယောက်ဖြစ်ပြီး နောက်တစ်ခုက သူမ လက်လျှော့လိုက်ရသော ထူးခြားဆန်းပြားသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ ဒါဆို ဒီဆရာက ဘယ်လို ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုမျိုး ဖြစ်လောက်မလဲ။

အတွေးက လီချင်းဟဲရဲ့ နှလုံးကိုတောင် ယားယံလာစေသည်။ ချင်းယန်နဲ့ လီကျစ်ရွှမ်း နှစ်ယောက်လုံးက သူ့တပည့်တွေ ဖြစ်လာနိုင်တဲ့အတွက် ဆရာကလည်း ကြောက်စရာကောင်းပေမည်။

ဒါဆိုအစီအရင် ဖွဲ့စည်းပုံထဲမှာ မိမိရဲ့အရည်အချင်းကလည်း မဆိုးလှပါ။ မိမိလည်း နေရာရဖို့ ကြိုးစားနိုင်မလား။ မိမိက အပြင်စည်းတပည့်တစ်ယောက် ဖြစ်နေရင်တောင် ချင်းယန်ရဲ့ တပည့် ဖြစ်လာတာထက်တော့ ကျစ်ရွှမ်းကို "ဆရာတူဒေါ်လေး" လို့ ခေါ်လိုက်တာ ပိုအဆင်ပြေသေးသည်။

"မရဘူး!"

လီကျစ်ရွှမ်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ တစ်စက္ကန့်မျှ မတွေးဘဲ သူမ ပြတ်ပြတ်သားသား ငြင်းဆိုပစ်၏။

" မဖြစ်ဘူး အစ်မချင်းဟဲ... ငါ ဒါကို ငါသဘောမတူနိုင်ဘူး ! ငါ ဆရာ့ကို ကတိပေးထားတယ်”

ပြတင်းပေါက် အပြင်ဘက်တွင် တိမ်ဖြူများ ပြန့်ကျဲနေသည်။ လီကျစ်ရွှမ်းမှာ လီချင်းဟဲနှင့် မျက်လုံးချင်းမဆုံဝံ့တော့ဘဲ မျက်နှာလွှဲထား၏။

"ဝမ်းကွဲတောင်မှ မရဘူးလား... ငါ လျှို့ဝှက်ထားပါ့မယ်!"

"မရဘူး မရဘူး..."

လီကျစ်ရွှမ်း ခေါင်းကို ပြင်းထန်စွာ ခါလိုက်သဖြင့် သူမ၏ ကျစ်ဆံမြီးကလည်း ပလုတ်တုတ်ကဲ့သို့ ဖြည်းညှင်းစွာ ယိမ်းနွဲ့နေသည်။

ဒီလိုကြားရတဲ့အခါ လီချင်းဟဲလည်း တိတ်ဆိတ်သွားခဲ့၏။ အခု လီကျစ်ရွှမ်းက ခေါင်းမာနေသောကြောင့် သူမကို လက်လျှော့သွားစေမည့် နည်းလမ်းမရှိတော့ပေ။ နောက်ထပ် မေးခွန်းထုတ်စရာတွေ ရှိနေလည်း အချည်းနှီးပဲ ဖြစ်သွားလိမ့်မည်။

"နင်ငါ့ကိုပြောစရာ မလိုဘူး... ငါ့ဘာသာပဲ ခန့်မှန်းပါရစေ ကျန်းဟိုင်မှာ နင့်ကို ကျန်းဟိုင်ရဲ့ ထိပ်တန်းပါရမီရှင် ဖြစ်အောင် ဘယ်သူကများ နင့်ကို ဆရာ ပြောင်းလဲပေးနိုင်မလဲ... ဒီလိုလူက..."

လီချင်းဟဲသည် သူ့လက်နှစ်ဖက်ကို စားပွဲပေါ်တင်ကာ ကျိုးကြောင်းဆင်ခြင်စွာ စဥ်းစားနေသည့်အတိုင်း လက်ချောင်းများကို ကစားနေသည်။

ပထမဦးစွာ စာကြည့်တိုက်မှူးကို ပယ်ချရမည်။

သူ့အဖေကတော့ သူက ပဉ္စမအဆင့် အစီအရင်ဖွဲ့စည်းရေး ဆရာတစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့ဓားစွမ်းစွမ်းရည်က ညီမကျစ်ရွှမ်းထက် အဆပေါင်းများစွာ ယုတ်ညံ့ပါ၏။

အကယ်ဒမီမှ လူအိုလီကိုလည်း ပယ်ချရမည်။

လူအိုလီသည် အသက်ကြီးလွန်းသလို လီကျစ်ရွှမ်းရဲ့ ဆရာ ဖြစ်နေပြီဖြစ်ပြီး ချင်းယန်ကို တပည့်အဖြစ် လက်ခံမည် မဟုတ်ပေ။ ထို့အပြင် လူအိုလီသည် ဓားပညာကို အထူးပြုပေမယ့် အစီအရင်ဆိုင်ရာ နားလည်မှုက မမြင့်ပေ။

ကြယ်သိုင်းရဲစခန်းက ခေါင်းဆောင်ကြီးလား။

ဤလူသည် ကြယ်သားရဲများနှင့် နတ်ဆိုးများကြောင့် နှစ်ပေါင်းများစွာ အလုပ်ရှုပ်နေခဲ့ပြီး သူ၏ ကျင့်ကြံမှုကိုပင် လျစ်လျူရှုထားသည်။

လီချင်းဟဲ၏ အတွေးများ လွင့်စင်သွားကာ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့စိတ်ထဲတွင် အရိပ်တစ်ခု ပေါ်လာသည်။

"ကျန်းဟိုင် ဓားနတ်ဘုရား?!"

ဖယ်ရှားရန် အကြိမ်ကြိမ် ကြိုးစားပြီးနောက် ဤအဖြေသာလျှင် အမှန်တရားနှင့် အနီးစပ်ဆုံးဟု ထင်ရသည်။

"ကျစ်ရွှမ်း.. နင့်ဆရာက...အကြီးအကဲ ဓားနတ်ဘုရားလား"

လီချင်းဟဲ အံ့သြသွားပြီး လီကျစ်ရွှမ်းမျက်နှာကို ကြည့်ရင်း မျက်ထောင့်တွေ တုန်လှုပ်သွားသည်။

ယခုအချိန်တွင် ကျန်းဟိုင်ဓားနတ်ဘုရား ဟူသော အမည်သည် အင်တာနက်ပေါ်တွင် အိမ်သုံးအမည် တစ်ခုဖြစ်နေပြီ။ သူ့ကို မသိသူမရှိ။ ကျန်းဟိုင်မြို့ရှိ လူငယ်တိုင်းက သူ့အတွက် ရုပ်တုဆင်းတုတွေတောင် လုပ်ထားကြသည်။

"..."

ဒါကိုကြားတော့ လီကျစ်ရွှမ်းရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူမ ချက်ချင်း ခေါင်းငုံ့ကာ တိတ်ဆိတ်နေခဲ့၏။

"???"

သူမရဲ့ တုံ့ပြန်မှုကို မြင်လိုက်ရတော့ လီချင်းဟဲလည်း သူမမှန်းဆချက်က ပိုသေချာလာခဲ့ကြောင်း သိလိုက်သည်။

အမှန်ပင် ဖြစ်နေခဲ့သည်။

ဒါပေမယ့် သူမ အံ့သြသွားသလိုပဲ ချင်းယန်ကို "ဆရာတူအစ်ကို" လို့ ခေါ်တဲ့ လီကျစ်ရွှမ်းရဲ့ ပုံရိပ်က သူမအတွေးထဲကို ပြန်ရောက်လာပြီး နှလုံးခုန်သံတွေ မြန်ဆန်ကုန်၏။

"ဒါဆို ချင်းယန်က အကြီးအကဲ ဓားနတ်ဘုရားရဲ့ တပည့်လား?!"

All Chapters