← Chapters

စာကြည့်တိုက်ပိုင်ရှင်က ပြန်လာပြီး လီချင်းဟဲလည်း အလုပ်ပြန်စပြီ

Vol. 9 Ch. 124

စာကြည့်တိုက်ပိုင်ရှင်က ပြန်လာပြီး လီချင်းဟဲလည်း အလုပ်ပြန်စပြီ

Vol. 9 Ch. 124

နောက်နေ့၊ မနက်စောစော။

ချင်းယန် စောစောနိုးပြီး စာကြည့်တိုက်သို့ အချိန်မှန် ရောက်ရှိလာသည်။ သူ့ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး တာဝန်များကို ထမ်းဆောင်ရင်း စာကြည့်တိုက်ထဲတွင် အေးချမ်းစွာ နေထိုင်နေလေသည်။

ရံဖန်ရံခါ ဧည့်သည်များက မေးခွန်းများမေးရန် လာကြခြင်း၊ ကြယ်သိုင်း လက်နက်ကိုင်ရဲဌာနမှ အဖွဲ့ဝင်အချို့မှလွဲ၍ ကျန်ဝန်ထမ်းများမှာ သိသိသာသာ ထိခိုက်မှုမရှိပါ။

အချိန်တွေ တိတ်တဆိတ်ပဲ ကုန်ဆုံးသွားသည်။

မွန်းတည့်မတိုင်မှီ၊

တင်း!

သူ့ဖုန်းထဲက အလုပ်အဖွဲ့ချတ်က အသံထွက်လာသည်။ ချင်းယန် သူ့ဖုန်းကို ဖွင့်ကြည့်လိုက်တော့ တာဝန်ခံဆီက အဖွဲ့မက်ဆေ့ချ်တစ်ခု တွေ့လိုက်ရ၏။

  [အားလုံးသတိထားပါ။ စာကြည့်တိုက်ပိုင်ရှင် ပြန်လာပြီ... ကိုယ့်ရဲ့ ရာထူးတွေမှာ အားလုံး အလုပ်သွားလုပ်ကြပါ..မပေါ့လျှော့နဲ့]

"ဒီနေ့ ပြန်ရောက်လာတာလား"

ချင်းယန် စာကိုကြည့်ကာ စာကြည့်တိုက်အတွင်းရှိ အလင်းရောင်ကို ခံစားနိုင်ရန် စိတ်စွမ်းအင် အနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။ ဒါပေါ့။ တတိယထပ်တွင် ရင်းနှီးသော ဇာတိရောင်ဝါကို ခံစားလိုက်ရသည်။

၎င်းက အားကောင်းပြီး တည်ငြိမ်သည်၊ ယခင်က သူတွေ့ကြုံဖူးသည့် လူများထက် များစွာသာလွန်သည်။

"ဟမ်? ဒီဆရာကြီးရဲ့ ခွန်အားတွေ တိုးလာပြီ။ သူ့ရဲ့ မကြာသေးမီက စီးပွားရေး ခရီးစဉ်မှာ သူ့ရဲ့ ကျင့်ကြံမှုက သိသိသာသာ တိုးတက်လာပုံပဲ"

ချင်းယန်သည် အကျွမ်းတဝင်ရှိသော အသွင်အပြင်ကို ခံစားလိုက်ရပြီး လီချင်းဟဲ၏ အစီအရင်တစ်သောင်းဖွဲ့စည်းပုံ ပုံကြမ်းကို ပြန်ထားပေးရန် တောင်းဆိုခဲ့သည်အား ရုတ်တရက် သတိရသွားသည်။

ဒီကောင်မလေးက အရင်က အရမ်းစိတ်ရှုပ်စရာ ကောင်းလောက်အောင် သူ့ကို တောင်းဆိုဖို့ ရုတ်တရက် ရောက်လာခဲ့ဖူး၏။

အဲဒါက သူ့အဖေက ဒီနေ့ ပြန်လာမှာကြောင့်ပင်။

ဒါကိုတွေးပြီး ချင်းယန်က တတိယထပ်ကို လှမ်းကြည့်လိုက်သည်။ ထိုလူက တတိယထပ်မှ အပျက်အစီးတွေကို စစ်ဆေးနေတယ် ထင်ပါရဲ့။

…………

အဲဒီအချိန်မှာ စာကြည့်တိုက် တတိယထပ်မှာ။

စာကြည့်တိုက်ပိုင်ရှင် လီတောက်မင်သည် အခန်း၏ အလယ်ဗဟိုတွင် ရပ်ကာ ဖုံးကွယ်ထားသော အစီအရင် ပုံစံကို ဖယ်ရှားရန် သူ့လက်ကို မြှောက်ကာ တတိယထပ်၏ အသွင်အပြင်ကို ထုတ်ဖော်ပြသလိုက်သည်။

စာအုပ်များသည် နံရံများ၌ စီတန်းကာ ထောင့်များတွင် ပုံပျက်နေသော တိရစ္ဆာန်အရိုးများ၊ ဆံထုံးနဂါးမြက်များ၊ ဝေလငါးဦးချိုများ စသည့် ရှားပါးပြီး အဖိုးတန်ရတနာမျိုးစုံဖြင့် ပြည့်နှက်နေသော အိတ်များကို ပြသထားသည်။

တတိယထပ်ရဲ့ အလယ်ဗဟိုမှာ ထွင်းထုထားသည့် ပြကွက်တစ်ခုက ငြိမ်သက်စွာ တည်ရှိနေသည်။

"ကျေးဇူးတင်ပါတယ်... အစီအရင်တစ်သောင်း ပုံကြမ်း မပျောက်သွားဘူး!"

လီတောက်မင် ပြခန်းဆီသို့ လျှောက်သွားပြီး အစီအရင်စာလုံး မျက်နှာပြင်ပေါ် သူ့လက်ကို ပြေးလွှားကာ စစ်ဆေးကြည့်သည်။ ဘာပြဿနာမှ မရှိဘူးဆိုတာကို အတည်ပြုပြီးနောက်မှ သူ့နှလုံးသားက တည်ငြိမ်သွားခဲ့၏။

"နတ်ဆိုးက စိတ်ဝိညာဥ်ဖမ်းအစီအရင်ကို မချိုးဖျက်နိုင်ခဲ့ပုံပဲ"

လီတောက်မင်သည် တာဝန်ခံ၏ စကားများကို ပြန်သတိရပြီး ဂရုတစိုက် ပြန်စစ်ဆေးနေခဲ့သည်။

သူသည် မြို့တော်တွင် စီးပွားရေးလုပ်ရန် ရက်အနည်းငယ်သာ နေခဲ့ပေမယ့် စာကြည့်တိုက်မှာက များစွာဖြစ်ပျက်နေပြီ ဖြစ်သည်။ တစ်စုံတစ်ယောက်သည် တတိယထပ်သို့ ဖောက်ထွင်းဝင်ရောက်ကာ ရတနာများကို ခိုးယူရန် သတ္တိရှိခဲ့သည်။ ကံကောင်းထောက်မစွာပဲ ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ပါ။

"လီချင်းလား..."

တာဝန်ခံ ပေးခဲ့သော သံသယရှိသူစာရင်းကို ပြန်သတိရသောအခါ စာကြည့်တိုက်ပိုင်ရှင်က မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားနေခဲ့သည်။ ဘာတွေဖြစ်နေပြီလဲ ဆိုတာကို တွေးနေပုံပါပဲ။

  ……………..

ခဏအကြာ။

စာကြည့်တိုက်ရဲ့ ပထမထပ်မှာ။

ချင်းယန်သည် စာအုပ်စင်ရှေ့တွင် ရပ်ကာ စာအုပ်များစီစဉ်နေစဉ် ရင်းနှီးတဲ့ ခြေသံတွေကို ကြားလိုက်ရတော့ လုံ့လစိုက်ထုတ်ပြီး အလုပ်လုပ်ပြလိုက်သည်။ တာဝန်ခံ တံခါးဝမှ လှမ်းဝင်လာသည်ကို မြင်လိုက်ရပြီး လက်ထဲတွင် အမိန့်စာများကို လွှဲပေးနေ၏။

သူသည် တစ်ကြိမ်လျှင် ခြေလှမ်းနှစ်လှမ်း လှမ်းပြီး ချင်းယန်လမ်းကို ပိတ်ဆို့လိုက်သည်။

"လီချင်းကို ဆက်သွယ်လို့ မရဘူး ဧရိယာနှစ်က လွတ်နေတယ်... နောက်ရက်အနည်းငယ်အတွက် မင်းအဲ့နေရာကို အကာအကွယ်ပေးဖို့ ငါတို့ တာဝန်ပေးရလိမ့်မယ်..."

တာဝန်ခံက သူ့နာရီကို ငုံ့ကြည့်ရင်း လီချင်းရဲ့ နာမည်ကို ဖြတ်လိုက်သည်။

"အရင်လိုပဲ စွမ်းဆောင်ရည် နှစ်ဆဆို ဘောနပ်စ် နှစ်ဆ... အဲဒါ လက်ခံနိုင်မလား"

"ဘယ်လောက်ကြာမလဲ?"

"နောက်တစ်ယောက်ကို ခေါ်ယူနိုင်တဲ့အထိ"

တာဝန်ခံက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေသည်။

"အခု ပိုင်ရှင်ပြန်လာပြီဆိုတော့ အနည်းဆုံး တစ်လခွဲ ဒါမှမဟုတ် တစ်ရက်နှစ်ရက်အတွင်း တစ်ယောက်ယောက်ကို ခေါ်ယူနိုင်မှာပါ... လီချင်းက ထွက်ပြေးသွားပြီ သူဘယ်တော့ပြန်လာမလဲ မသိဘူး.... ချင်းယန် မင်း အခုပဲ တာဝန်ယူရမယ် "

"ကောင်းပြီ"

ချင်းယန် ခေါင်းညိတ်ပြီး ဝမ်းသာအားရ သဘောတူလိုက်သည်။ နောက်ဆုံးတွင် စွမ်းဆောင်ရည်နှစ်ဆ အပိုဆုရပြီ။ နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သော အရာက သူ့စီးပွားရေးမဟုတ်တော့ပါ။

ငါးနှစ်ဆဖမ်း၊ ငွေယူ၊ ပြီးပြီ။

တာဝန်ခံ ထွက်သွားပြီးနောက် ချင်းယန်သည် သူ့အလုပ်စည်းချက်ကို ပြန်လည်လုပ်ဆောင်ကာ ပက်လက်လှဲလျောင်းရင်း နိယာမ အပိုင်းအစများကို အေးအေးဆေးဆေး ဆက်လေ့လာနေလိုက်သည်။

အချိန်တွေ တဖြည်းဖြည်းကုန်သွားကာ အပူရှိန်ကလည်း ပြင်းလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့လယ်ပိုင်းအချိန်က ကုန်ဆုံးသွားကာ မကြာမီ ညနေ့ခင်း အလုပ်နားရမည့် အချိန် ရောက်တော့မည်။

ရုတ်တရက် တံခါးဝတွင် ရုန်းရင်းဆန်ခတ် ဖြစ်လာခဲ့ပြီး ဆူညံသံများ ထွက်ပေါ်လာကာ ကြည့်ရှုသူများ အာရုံ၏ ဆွဲဆောင်သွားခဲ့သည်။

"ဟင်?"

ချင်းယန်လည်း အသံကို လိုက်ကြည့်ရင်း အေးခဲသွားကာ ပြန်လာသူက လီချင်းဟဲမှန်း သိလိုက်သည်။

"ဒီမိန်းကလေးက တကယ်ကြီး အလုပ်ပြန်လာဖို့ သတ္တိရှိတယ်လား"

ထွက်ပြေးနေပြီဟု သူထင်ခဲ့တာပင်။ အခု စာကြည့်တိုက်က သူမကို တရားခံအဖြစ် သတ်မှတ်လိုက်ပါပြီ။ အလုပ်လာဖို့ မပြောနှင့် တံခါးဝကိုတောင် မရောက်လာနိုင်တော့ချေ။

ဒီအချိန်မှာတော့ ကြယ်သိုင်းရဲစခန်းမှ အဖွဲ့ဝင်အများအပြားသည် အပြည့်အ၀ဖွဲ့စည်းကာ သူမသွားမယ့်လမ်းကို ပိတ်ဆို့ထားသည်။ သတင်းကြားတော့ တဝန်ခံ ရောက်လာပြီး သူ့တင်ပါးကို လက်နဲ့ထောက်ကာ လီချင်းဟဲခေါင်းကို တိုက်ရိုက် ညွှန်ပြပြီး ပြင်းပြင်းထန်ထန် မေးခွန်းထုတ်လိုက်သည်။

"မင်းဘာလို့ပြန်လာတာလဲ?!"

"အပိုစကားတွေ ရပ်လိုက်စမ်း! ငါ စာကြည့်တိုက်မှူးကို တွေ့ချင်တယ်!"

လီချင်းဟဲ မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ရှိ စစ်သားများကို ကြည့်လိုက်ရင်း စိတ်မရှည်စွာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါ့လမ်းက ဖယ်ကြစမ်းပါ!"

"ကောင်းပြီ... ဒီလောက် မာနကြီးနေတဲ့ မင်းလိုလူကို ငါ တစ်ခါမှ မတွေ့ဖူးဘူး!"

ထိုစကားကို ကြားသောအခါ တာဝန် ဒေါသတကြီး ရယ်မောလိုက်သည်။ သူက လက်ခုပ်တီးပြီး အနီးနားရှိ စစ်သားများကို အမိန့်ပေးလိုက်၏။

"ရပ်လိုက်... သူ့ကို စစ်ဆေးမေးမြန်းဖို့ ကြယ်ပွင့်ရဲဌာနကို ပို့လိုက်... ဒီကလေးက တစ်ခုခုမှားနေပြီ"

သူပြောပြီးတာနဲ့ အနီးနားရှိ စစ်သည်များကလည်း ၎င်းတို့၏ သေနတ်များကို ချိန်ရွယ်လိုက်သည်။ နောက်ဖွားနယ်ပယ် စစ်သည် ဒါဇင်ပေါင်းများစွာသည် ၎င်းတို့၏ကြယ်စွမ်းအင်ကို စုဆောင်းကာ လီချင်းဟဲ၏ လှုပ်ရှားမှုကို ပိတ်ဆို့ထားကုန်၏။

တခဏအတွင်း မြင်ကွင်းက တင်းမာလာသည်။

"သူမကို ဝင်ခွင့်ပေးလိုက်!"

စာကြည့်တိုက်မှူး အသံသည် မည်သည့်နေရာမှ ဆင်းသက်လာမသိ ရှေးခေတ် ခေါင်းလောင်းသံကဲ့သို့ လူတိုင်း၏နားထဲ ရှင်းရှင်းလင်းလင်း ပဲ့တင်ထပ်သွားသည်။ လူတိုင်းလည်း ရုတ်တရက် တိတ်ဆိတ်သွားကုန်သည်။

"စာကြည့်တိုက်မှူး!"

အခြားသူများသည် အသံကြောင့် ထိတ်လန့်တုန်လှုပ်ကြပြီး လက်နက်များကို နှိမ့်ချကာ အလျင်အမြန် နာခံခဲ့ကြသည်။ စစ်သည်များကလည်း ၎င်းတို့၏ ကြယ်စွမ်းအင် ပိတ်ဆို့မှုကို ရပ်တန့်ခဲ့သည်။

လူအုပ်ကြီးသည် လမ်းခွဲလိုက်ကြကာ လီချင်းဟဲအတွက် ကျယ်ပြန့်သော လမ်းကို ရှင်းပစ်လိုက်သည်။

"ဟမ့်!"

လီချင်းဟဲ အေးစက်စွာ နှာမှုတ်ကာ စကားတစ်ခွန်းမှ မပြောဘဲ လူအုပ်ကြားထဲ လျှောက်သွားကာ တတိယထပ်သို့ ဦးတည်သွားခဲ့သည်။

အားလုံးက တုန်လှုပ်ချောက်ချားစွာ ကြည့်နေမိကြကာ တာဝန်ခံကဆို ပိုလို့တောင် တုန်လှုပ်သွားပြီး ဆွံ့အသွား၏။ စာကြည့်တိုက်ပိုင်ရှင်က ကိုယ်တိုင်လာရောက် တွေ့ဆုံနိုင်တာလား။

"ဒီကလေးက ဘယ်သူလဲ!?"

……………

"မိသားစု စကားဝိုင်းလား?"

ချင်းယန် အခြေအနေကို ကြည့်ပြီး လီချင်းဟဲ တတိယထပ်သို့ တက်သွားသည်အား ခံစားလိုက်ရသည်။ ထို့နောက်တွင် သူ၏ စိတ်စွမ်းအင် ဖြန့်ကျက်မှုကို ရုပ်သိမ်းလိုက်သည်။

ဖြစ်လာမည့်အရာမှာ လီချင်းဟဲ၏ မိသားစုအရေး ဖြစ်သည်။ ပြင်ပလူတစ်ဦးအနေဖြင့် ၎င်းတို့၏ ကိစ္စရပ်များကို မေးမြန်းစုံစမ်းရန်နှင့် သူ့ကိုယ်ပိုင် ငြိမ်းချမ်းရေးကို နှောင့်ယှက်ရန် မလိုအပ်ပေ။

"အိပ်မယ်..."

ချင်းယန်က သမ်းဝေပြီး မျက်လုံးတွေကို မှိတ်ကာ ဆက်အိပ်လိုက်၏။

……………

တစ်နာရီ ကြာသော်

စာကြည့်တိုက် လှေကားထစ် ဝင်ပေါက်၌ လီချင်းဟဲသည် ယေဘူယျအခြေအနေကို ရှင်းပြပြီးသည်နှင့် ဖြည်းဖြည်းချင်း ပြန်ဆင်းလာသည်။ တံခါးဝက တာဝန်ခံနှင့် နောက်ဖွားနယ်ပယ် စစ်သည် တစ်ဒါဇင်ခန့်သည် မျဉ်းဖြောင့်အတိုင်း ရပ်ကာ သူမကို ဆက်လက်တားဆီးရန် ပြင်ဆင်နေပြန်၏။

ထိုစဥ် တာဝန်ခံ၏ နားရွက်များ ရုတ်တရက် တုန်ခါသွားကာ ကြည်လင် ငြိမ့်ညောင်းသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"အားလုံး လမ်းဖယ်လိုက်ပါ လီချင်း စာကြည့်တိုက်ထဲမှာ နေလို့ရတယ်.. ဒုက္ခဖြစ်စေတဲ့ နတ်ဆိုးက သူနဲ့ ဘာမှမဆိုင်ဘူး"

"စာကြည့်တိုက်မှူး..."

တာဝန်ခံလည်း စကားကြောင့် ထိတ်လန့်သွားသည်။ သူက ချက်ချင်း ဖြစ်ပျက်နေသည်ကို သဘောပေါက်ကာ လူစုခွဲရန် လမ်းကို ပိတ်ဆို့နေသော အစောင့်များကို အလျင်အမြန် လက်ပြလိုက်သည်။

လီချင်းဟဲ အစောင့်အကြပ်များကို ဖြတ်ကျော်သွား၏။ သူ၏အမူအရာမှာ သူတို့ကို တစ်ကြိမ်မျှ တိုက်ရိုက်ပင် မကြည့်သွားပေ။ ဧရိယာတစ်ဘက်ကိုသာ လှမ်းကြည့်ရင်း မျက်လုံးကို အနည်းငယ် မော့ယူကြည့်လိုက်သည်။

"ဟမ့် ချင်းယန်... နင်ငါ့ကိုစောင့်နေလိုက်! အကြီးအကဲ ဓားနတ်ဘုရားတပည့် ဖြစ်လာအောင် လုပ်ပြမယ်!"

All Chapters