သားရဲဒီရေလား? ငါနဲ့ဘာဆိုင်လဲ
Vol. 9 Ch. 128
ဆောင်းဦးနှောင်းပိုင်း ပွဲတော်အပြီး နောက်တစ်နေ့သော် ရာသီဥတုက အနည်းငယ်အေးလာကာ နွေအပူရှိန်က အနည်းငယ် လျော့သွားသော်လည်း လေထဲတွင် တသွေမတိမ်း ခြောက်သွေ့နေဆဲ ဖြစ်သည်။
အငှားအိမ်အတွင်းက ကြေးနီအဂ္ဂိရတ် မီးဖိုကြီးအောက်၌ သားရဲမီးကြီး တောက်လောင်နေသည်။
ကျစ်!
မီးဖိုအစွန်းမှ အငွေ့များသည် စူးရှပြီး ဆူညံသောအသံများကို ထုတ်လွှတ်လျက်ရှိသည်။
ချင်းယန် နံနက်အစောကြီး အလုပ်များနေပြီး ရာသီဥတုကို အခွင့်ကောင်းယူကာ သူ့ဆေးလုံးများကို သန့်စင်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေးပြားပေါင်းများစွာကို ပြီးမြောက်ခဲ့ပြီ။
"အရမ်းပူတာပဲ..."
ရှောင်ပိုင် စားပွဲပေါ်ရှိ ကျောက်စိမ်းပုလင်းငယ်သုံးလုံးကို စိုက်ကြည့်ရင်း ပန်ကာသေးသေးလေးဖြင့် သူ့ကိုယ်သူ ယပ်ခတ်နေသည်။ မျက်လုံးများက ဂနာမငြိမ်ဖြစ်ကာ။
"တစ်ခုလောက်ရလား သခင်..."
"ဒါက မင်းအတွက် မဟုတ်ဘူး မင်းက မွေးရာပါနယ်ပယ် ရောက်နေပြီ... မင်းအတွက် အကူအညီဖြစ်မှာ မဟုတ်ဘူး"
ချင်းယန် တည်ငြိမ်စွာ ပြောလိုက်သည်။ မီးဖိုအောက်ခြေရှိ သားရဲမီးကို ငြှိမ်းသတ်ပြီးနောက် မီးဖိုကိုဖွင့်ကာ ဆေးလုံးသုံးလုံးကို ထုတ်ယူလိုက်သည်။ ကျောက်စိမ်းပုလင်းသေးသေးလေးတွေထဲမှာ ထည့်ထားကာ သက်ဆိုင်တဲ့ ဆေးနဲ့ ပုလင်းနံပါတ်တွေကိုလည်း မှတ်သားထား၏။
ဤဆေးသုံးပုလင်းကို လီချင်းဟဲ၊ လီကျစ်ရွှမ်းနဲ့ ရှဟဲအတွက်ဖြစ်ကာ နောက်ပိုင်းတွင် ပေးရမည်ဖြစ်သည်။
မနေ့ညက ကောင်းကင်မှာ မြင်လိုက်ရတဲ့ ထူးခြားချက်က နည်းနည်းတော့ ထူးဆန်းလေသည်။ မိုးရွာတဲ့နေ့အတွက် ကြိုတင်ပြင်ဆင်ပြီး ကိုယ်ဂရုစိုက်တဲ့ လူတွေအတွက် တစ်ခုခုပြင်ဆင်ထားရမည်။ ဒီလိုမှမဟုတ်ရင် အနာဂတ်က မှန်းလို့မရနိုင်သလို ကလေးထိန်းတစ်ယောက်အနေနဲ့ မိမိက နေ့တိုင်း သူတို့အနားမှာ ရှိမနေနိုင်ချေ။
ချင်းယန် ကျောက်စိမ်းပုလင်း ၃ လုံးကို ဖယ်ထုတ်ပြီး စာကြည့်တိုက်သို့ သွားခဲ့သည်။
စာကြည့်တိုက်သို့ သူရောက်သောအခါတွင် သူနှင့်အတူ တံခါးပေါက်တွင် ဆုံသည့် ပထမဆုံးသူမှာ လီချင်းဟဲ ဖြစ်သည်။
"ဆရာ မင်္ဂလာနံနက်ခင်းပါ"
လီချင်းဟဲ သူ့ကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ပြီး သူ့ဆီ ချဉ်းကပ်လာသည်။
"ဒီနေ့ ဆရာဘိုးဘိုး ပြန်လာဖို့ သတင်းရသေးလား"
"မရသေးပါဘူး သူက ခရီးတွေ အများကြီးထွက်နေတာ"
ချင်းယန် ကျောက်စိမ်းပုလင်းကို ထုတ်ကာ သူမလက်ထဲ ပစ်ပေးလိုက်သည်။
"မင်းအတွက် တစ်ခု ပြင်ဆင်ထားတယ်"
"ဟမ်? ဆေးလုံးလား ဆရာ! ကျွန်မအတွက် ပြင်ထားတာလား"
လီချင်းဟဲ ခဏလောက် ထိတ်လန့်သွားသည်။ သူမသည် ကျောက်စိမ်းပုလင်းကို ဖမ်းကိုင်ကာ ဖောက်ထုတ်ရင်း အနံ့ခံလိုက်သည်။ ဆေးပြား၏ လန်းဆန်းသော ရနံ့က သူမနှာခေါင်းထဲသို့ လွှမ်းသွားသည်။
သူမ ချင်းယန်ကို မယုံကြည်နိုင်စွာ မော့ကြည့်လိုက်သည်။
"တကယ် ဆေးလုံးလည်း သန့်စင်နိုင်သေးတာလား"
ကျောက်စိမ်းပုလင်းမှ ထွက်လာသော ရနံ့ကို ကြည့်ပြီး ၎င်းသည် ထိပ်တန်း အရည်အသွေးရှိပြီး နောက်ဖွားနယ်ပယ် အတွက် အထောက်အကူပြုသည့် ဝိညာဉ်ရေးဆေးတစ်မျိုး ဖြစ်ကြောင်း၊ ချမ်းသာထိုက်သော အရာတစ်ခု ဖြစ်ကြောင်း ထင်ရှားလေ၏။
"နည်းနည်း... မင်း နောက်ဖွားနယ်ပယ်ထဲမှာပဲ ရှိသေးတယ်... ဒီချီအားဖြည့်ဆေးက မင်းအတွက် ပြီးပြည့်စုံတယ်"
"ဒါ...."
လီချင်းဟဲ ပုလင်းထဲမှ ဆေးမွှေးရနံ့ကို ရှူရှိုက်ရင်း အနည်းငယ် အံ့သြသွားသည်။
"ဓားသိုင်း၊ အစီအရင်ပညာ၊ ဆေးလုံးသန့်စင်တာ...အပြင်...မသိတာ မတတ်တာ တစ်ခုခုရှိသေးလား?"
ချင်းယန် ပြုံးပြသော်လည်း တုံ့ပြန်ခြင်းမရှိပေ။ ဆေးလုံးများ ပေးဆောင်ပြီးနောက် မရပ်နေတော့ဘဲ ဧရိယာတစ်ရှိ ကျန်နေရာသို့ စင်္ကြံလမ်းအတိုင်း လျှောက်သွားခဲ့သည်။
ဒီအချိန်မှာတော့ လီကျစ်ရွှမ်းက ထိုနေရာတွင် ထိုင်ကာ သူမ၏ ဓားရေးမှတ်စုများကို ရေးခြစ်ကာ ခက်ခဲသော ပြဿနာအချို့ကို စဉ်းစားနေလေသည်။ သူမ မော့ကြည့်လိုက်တာနဲ့ သူ့မျက်လုံးတွေက ချင်းယန်ရဲ့ မျက်လုံးတွေနဲ့ ဆုံသွား၏။
"ဆရာတူအစ်ကို ဘယ်လိုလုပ် ရောက်လာတာလဲ?"
လီကျစ်ရွှမ်း အံ့သြသွားပြီး ထိုင်ခုံမှ အမြန်ထလိုက်သည်။ ပုံမှန်အားဖြင့် သူမကသာ အစ်ကိုဖြစ်သူထံမှ အကြံဉာဏ်တောင်းပြီး မနက်စာ ယူလာပေးလေ့ရှိသည်။ ချင်းယန်ဘက်က သူ့ကိုယ်ပိုင် အစပျိုးမှုဖြင့် သူမထံ ပထမဆုံးအကြိမ် လာခြင်းဖြစ်သည်။
"ထစရာ မလိုဘူး... ဆရာတူအစ်ကို မင်းကို တစ်ခုခု ယူလာပေးတာ ပြီးရင် သွားမှာ!"
ချင်းယန် သူမကို ထိုင်ခိုင်းပြီး ကျောက်စိမ်းပုလင်းသေးသေးလေးကို ထုတ်ပြီး စားပွဲအလယ်မှာ ချထားလိုက်သည်။
"မင်း မကြာသေးခင်ကမှ မွေးရာပါနယ်ပယ်ကို ဖြတ်ကျော်ထားတာ ဆိုတော့ မင်းရဲ့နယ်ပယ်က မတည်မငြိမ် ဖြစ်နေတုန်းပဲ... မင်းအသက်ရှုလေ့ကျင့်ခန်းတွေ လိုတယ် အစ်ကိုက မင်းအတွက် ကုံရှန် ဆေးလုံးတချို့ကို သန့်စင်ထားတယ်"
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး.. အခက်အခဲအတွက် တောင်းပန်ပါတယ်"
လီကျစ်ရွှမ်း ကျောက်စိမ်းပုလင်းငယ်ကို ကိုင်ကာ သူမလက်ဖဝါးထဲတွင် ကိုင်ရင်း စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးများ တောက်ပနေသည်။ ဆရာတူအစ်ကို၏ အဂ္ဂိရတ်ကျွမ်းကျင်မှုကို သူမအမြဲတမ်း သဘောကျခဲ့ရသည်။
သူမ၏ယခင်အောင်မြင်မှု အတွင်း သူမအား မွေးရာပါနယ်ပယ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်စေခဲ့သော ဆေးလုံးကြောင့် အခုထိ ကျေးဇူးတင်နေမိဆဲ။
"မနေ့ကရခဲ့တဲ့ လကိတ်မုန့်အတွက် တန်ပြန်လက်ဆောင်အဖြစ် ပေးတာ... ညသန်းခေါင်မှာ နေ့တိုင်း တစ်လုံးသောက်ပါ..."
"ဟုတ်ကဲ့ နားလည်ပါပြီ ဆရာတူအစ်ကိုကြီး"
ဆေးလုံးများကို ဖြန့်ဝေပြီးနောက် ချင်းယန် နောက်ဆုံးတွင် သက်ပြင်းချကာ ဧရိယာတစ်ဘက်ို့ ပြန်သွားကာ ပုံမှန်အလုပ်ချိန်အတိုင်း အလုပ်ဝင်ခဲ့သည်။
နောက်ဆုံးလက်ကျန် ဆေးပုလင်းကတော့ ရှဟဲရဲ့အသက်ကို ကယ်တင်ဖို့ ရည်ရွယ်ထားတာပဲ ဖြစ်လေသည်။ ထို့နောက် ရှဟဲထံ မက်ဆေ့ချ်ပို့ကာ နေ့လည်စာစားမည့်အချိန်ကို စီစဉ်ထားလိုက်သည်။
…………
အချိန်တွေ ကုန်လွန်မြန်သဖြင့် နေ့လယ်က ရောက်နေပြီ။
ရာသီဥတုက အနည်းငယ်အေးနေပြီး ဆောင်းဦးလေကလည်း တိုက်နေ၏။ စာကြည့်တိုက်အပြင်ဘက် လေဟာပြင် အနားယူရာ နေရာတွင် ရှဟဲ ရဲမော်တော်ဆိုင်ကယ်ကို လမ်းဘေးသို့ ဆွဲထုတ်ကာ ဦးထုပ်ကို ချွတ်လိုက်သည်။ သဘောတူထားသည့် နေရာသို့ အချိန်မီ ရောက်ရှိလာခဲ့၏။
"ဘာဖြစ်လို့လဲ လောင်ချင်း?"
ရှဟဲက ကုလားထိုင်ကို ဆွဲထုတ်ကာ သံသယနဲ့ မေးလိုက်သည်။
"မင်းကို အနိုင်ကျင့်လို့လား"
"မဟုတ်ဘူး ငါ မင်းကို တစ်ခုခု ပေးချင်လို့..."
ချင်းယန် နောက်ဆုံး ကျောက်စိမ်းပုလင်းလေးကို လွှဲပေးလိုက်ပြီး :"အရင်တစ်ခေါက်က ငါပေးခဲ့တဲ့ ဆေးလုံးတွေ ကုန်သွားလောက်ပြီ မဟုတ်လား? ဒါက မင်းအတွက် ထောက်ပံ့မှုအသစ်..."
"အမိုက်စားပဲ... နောက်တစ်မျိုးလား?"
ရှဟဲ အံ့အားသင့်သွားသည်။ သူ ဆေးလုံးများကို အမြန်ယူကာ ကျောက်စိမ်းပုလင်းငယ်ကို စစ်ဆေးနေသည်။
"လောင်ချင်း မင်းက တကယ်ကို ကြင်နာတတ်တာပဲ.. မင်း နောက်ဆုံး ပေးခဲ့တဲ့ ဆေးက အံ့သြစရာကောင်းတယ်ကွ အကျိုးသက်ရောက်မှုကလည်း အရမ်းကောင်းတယ်"
"ကူညီတတ်လို့ပါ...."
ချင်းယန် ခေါင်းညိတ်ပြီး မနေ့ညက ရှဟဲ ဖုန်းခေါ်တဲ့အဖြစ်ကို တွေးရင်း သက်ပြင်းချလိုက်သည်။
"မင်းလည်း အလုပ်များနေရောပေါ့... အားလပ်ရက်တွေမှာလည်း အချိန်ပိုလုပ်ရတာလား"
"အခုက အရမ်းအလုပ် များနေပြီကွ... ကြီးကြပ်ရေးမှူးမှာ တာဝန်ကြီးကြီးမားမား ရှိလို့ မြို့အနှံ့ လူသစ်စုဆောင်းနေတယ်... စကားမစပ် မင်းရော စာရင်းသွင်းချင်လား"
ရှဟဲ သူ့လက်ထဲက ကျောက်စိမ်းပုလင်းလေးကို လှုပ်ယမ်းလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
"မင်းရဲ့ အဂ္ဂိရတ်ကျွမ်းကျင်မှုနဲ့တော့ ရဲအုပ်ကြီးရဲ့ တန်ဖိုးထားမှုကို ခံရမှာ သေချာတယ်... မင်းဘယ်လိုထင်လဲ စိတ်ဝင်စားလား"
"ကြယ်သိုင်းရဲစခန်းနဲ့ တွဲဖို့လား?"
ချင်းယန် ထိုစကားကိုကြားတော့ ခေါင်းယမ်းလိုက်ပြီး လက်ကို စက္ကန့်လောက်ပင် မစဉ်းစားဘဲ ဝှေ့ယမ်းလိုက်သည်။
"မေ့လိုက်ပါ.. တခြားတစ်ယောက်ယောက်ကိုသာ ရှာလိုက်... ငါစိတ်မဝင်စားဘူး"
ရဲအုပ်ကြီးသည် နေ့ရောညပါ အလုပ်များပြီး ကွင်းဆင်းတာဝန်ယူရမည့် အပြင် စာကြည့်တိုက်ရဲ့ သင်းရနံ့နဲ့ အဘယ်အရာက နှိုင်းယှဉ်နိုင်ပါ့မလဲ။
"ကောင်းပြီ မင်းစိတ်ဝင်စားလာခဲ့ရင် ငါ့ကိုလာပြော"
ချင်းယန် သဘောမတူတာကို တွေ့ရတော့ ရှဟဲ မအံ့သြပါ။ ယင်းအစား သတိပေးလာခဲ့သည်။
"ဒါပေမယ့် အခုတလော သတိထား... မြို့ထဲက မထွက်နဲ့ သားရဲဒီရေ ကျလာတော့မယ်လို့ ငါကြားတယ်"
"သားရဲဒီရေ?"
ချင်းယန်သည် အဓိကစကားလုံးများကို ဖမ်းယူလိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် စာအုပ်များထဲတွင် သားရဲဒီရေအကြောင်း ဖတ်ဖူးပါ၏။ လွန်ခဲ့သော အနှစ်နှစ်ဆယ်က ကျန်းဟိုင်တွင် သားရဲဒီရေ ကျလာသဖြင့် သခင်များအားလုံး ပူးပေါင်း၍ နှိမ်နင်းရန် တွန်းအားပေးခဲ့ရသည်။
"လောင်ချင်း သားရဲဒီရေအကြောင်း သတင်းမဖြန့်နဲ့နော်... ဗျူရိုအတွင်းမှာရှိတဲ့ အချက်အလက်တွေပဲ ငါ မင်းကို ပြောနေတာ ဖေဖေ့ကိုတောင် မပြောရသေးဘူး..."
ထို့နောက် နှစ်ယောက်သား အနည်းငယ် စကားစမြည် ပြောဖြစ်ကြသည်။ ချင်းယန် သားရဲဒီရေကို နှလုံးသွင်းမိသော်လည်း ၎င်းကို သိပ်ဂရုမစိုက်ပေ။
အနှစ်နှစ်ဆယ်တိုင်း သားရဲဒီရေ ဖြစ်ပေါ်တတ်၏။ ဒါဟာ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာလုနီးပါးပါပဲ။ ကြယ်သိုင်းရဲစခန်းမှာ အဲဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိလိမ့်မည်။
မိမိဟာ သာမန်ပြည်သူ တစ်ယောက်သာဖြစ်ပြီး ဘဝကို အပြည့်အ၀ နေထိုင်ဖို့ပဲ ကျေနပ်စွာ လုပ်ရမည်။
စကားစမြည်ပြောရင်း အချိန်တွေ ကုန်ဆုံးသွားကာ မကြာခင်မှာပင် နေ့လည်အလုပ်တက်ရမယ့် အချိန်ကို ရောက်လာသည်။ ရှဟဲ မတ်တပ်ထရပ်ပြီး သူ့ခါးပတ်ကို တင်းကျပ်လိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ငုတ်တုတ်ထိုင်ချကာ။
"လောင်ချင်း မင်း အဂ္ဂိရတ်ပညာ ကျွမ်းကျင်နေပြီပဲ... တစ်ခုခု လုပ်ပေးနိုင်မလား... "
"ဘာလဲ? အခြေအနေအရပဲ"
ချင်ယန်က အံ့ဩစွာ မေးလိုက်သည်။
"အဲဒါက ယောက်ျားလိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့အရာပါ ငါ့မှာ လိုချင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်..." ရှဟဲက ရှက်ရွံ့စွာပြောပြီး။
"ကျေးဇူးပြုပြီးနော် ချင်းအိုကြီး..."
သူ့စကားမဆုံးခင်မှာပဲ ချင်းယန်မျက်နှာ မည်းမှောင်သွားတော့သည်။
"ထွက်သွား!"