နင် ဘယ်တုန်းက ငါ့အစ်ကိုကြီးရဲ့ တပည့်ဖြစ်လာတာလဲ
Vol. 9 Ch. 130
"ယုံချင်ယုံ မယုံချင်နေ.."
ချင်းယန် တစ်ဖက်လူရဲ့ ပုခုံးကို ပွတ်သပ်ပေးလိုက်သည်။
"မင်း ဒီအလုပ်မှာ ကြိုးကြိုးစားစား လုပ်ခဲ့ပြီးပြီ.. အဲဒီမိစ္ဆာတွေက အရမ်းအန္တရာယ်များတယ် မင်း အန္တရာယ်ကြုံလာရင် တတ်နိုင်သမျှ မြန်မြန်သာပြေး! သွားမတိုက်နဲ့"
"ကောင်းပါပြီ လောင်ချင်း စိတ်မပူပါနဲ့ အဲဒါကိုတော့ ငါသေချာနားလည်တယ်"
ရှဟဲ ခေါင်းငုံ့ပြီး ကြယ်ကျောက်ကို အိတ်ကပ်ထဲထည့်ကာ ပြုံးပြလိုက်သည်။
"ငါ တတ်နိုင်သမျှ ပြေးမယ်... ငါပြန်လာတဲ့အထိပဲ စောင့်... ငါတို့..."
"ဟေး ရပ်လိုက်တော့!"
သူစကားမဆုံးခင် ချင်းယန်က ရုတ်တရက် ဝင်တားလိုက်သည်။
"မင်း ငါနဲ့ ငြင်းခုံနေတာလား မင်းကတော့ အလံတွေ ဖုံးထားတဲ့ စင်မြင့်ပေါ်က စစ်ဗိုလ်ချုပ်ဟောင်းတစ်ယောက်လို လုပ်ပြနေပြန်ပြီ"
"..."
ရှဟဲ စကားမပြောနိုင်တော့။
“ကောင်းပြီ သတိထားပြီး အလုပ်ပြန်လုပ်တော့..မင်း အန္တရာယ်ကြုံလာရင် ငါပြောခဲ့တာကို မမေ့နဲ့... ကျောက်တုံးကို ကြယ်စွမ်းအင် ဖြည့်ပြီး ပြေးသာပြေး!"
ပြောပြီးတာနဲ့ သူ့လက်များကို အိတ်ကပ်ထဲထည့်ကာ သူ့ငါးဖမ်းမယ့် နေရာဆီသို့ ပေါ့ပေါ့ပါးပါး လျှောက်သွားလိုက်သည်။
ရှဟဲ သူ့ကို ထွက်သွားတာကို ကြည့်ပြီး အိတ်ကပ်ထဲက ကြယ်ကျောက်တုံးကို ငုံ့ကြည့်ကာ ကူကယ်ရာမဲ့ ပြုံး၍ စာကြည့်တိုက်ထဲက သူ့နောက်ကို လိုက်သွားခဲ့၏။
နှစ်ယောက်သား စာကြည့်တိုက်အတွင်းမှာပဲ လမ်းခွဲလိုက်ကြသည်။
…………
ခဏအကြာ၌။
ချင်းယန် လျောင်းစက်တစ်ခုပေါ်တွင် ထိုင်ကာ သတင်းကို ဆက်လက်ကြည့်ရှုသည်။ ငြိမ်ငြိမ်မထိုင်နိုင်ခင် ဂရုချတ်ထဲတွင် တာဝန်ခံထံမှ ညွှန်ကြားချက်အသစ်ကို သူ တွေ့လိုက်ရသည်။
[စာကြည့်တိုက်ရှိ စစ်အုပ်ချုပ်ရေး... ခရိုင်အားလုံးမှ ဝန်ထမ်းများ! မင်းတို့ရဲ့ ကြယ်စွမ်းအားရဲဆိုင်းဘုတ်များကို လက်ခံရယူဖို့ ရုံးခန်းထဲ ချက်ချင်း လာပါ]
[စစ်ဆေးဖို့အတွက် အားလုံးကို နံရံမှာ ချိတ်ဆွဲထားရမယ်... ချက်ချင်းလာပါ!]
"ဒုစရိုက်ဂိုဏ်းက စာကြည့်တိုက်အပေါ်မှာလည်း သိသိသာသာ လွှမ်းမိုးမှုရှိပုံရတယ်"
ချင်းယန် ထိုစာကိုမြင်ပြီးနောက်တွင် မတွန့်ဆုတ်ဘဲ ရှောင်ပိုင်နှင့်အတူ စာကြည့်တိုက်၏ ရုံးခန်းသို့ သွားခဲ့သည်။ တာဝန်ခံထံမှ ဆိုင်းဘုတ်များကို ကောက်ယူပြီးနောက် ဧရိယာတစ်သို့ ပြန်သွားကာ ထင်ရှားသော နေရာတစ်ခုကို တွေ့ရှိခဲ့သည်။ ပြီးနောက် စာအုပ်စင်ဘေးမှာ ဆိုင်းဘုတ်တွေ ချိတ်ထားတော့မည်။
ရုတ်တရက်!
"ဆရာတူအကိုကြီး..."
လီကျစ်ရွှမ်းသည် အဝါရောင်စာအုပ်ဟောင်း တစ်အုပ်ကို ကိုင်ဆောင်ကာ ချင်းယန်ဘက်သို့ လှမ်းကြည့်ရင်း ခြေဖျားထောက်ကာ သူမဆံပင်များကို နားရွက်နောက် ပွတ်သပ်လိုက်သည်။
"ဒါပြီးရင် ခဏစောင့်လို့ရမလား ညီမမှာ မေးစရာရှိလို့"
"ဘာမေးခွန်းလဲ?"
ချင်းယန် ဒါကိုကြားပြီး ဆိုင်းဘုတ်ကို ချလိုက်သည်။
"ကိစ္စမရှိပါဘူး မေးလိုက်ရုံပဲ.. "
"အင်း ညီမ အစ်ကို့ကို မနှောင့်ယှက်သရွေ့ အဆင်ပြေတယ်မလား"
လီကျစ်ရွှမ်း အနည်းငယ် ခေါင်းညိတ်လိုက်ပြီး စာအုပ်ကို လက်နှစ်ဖက်မှ ဂရုတစိုက် ရုတ်သိမ်းကာ ချင်းယန်အား ပေးလိုက်သည်။ အဝါရောင်စာမျက်နှာများ ပါသော စာအုပ်တစ်အုပ်ပင်။
မျက်နှာဖုံးမှာ စုတ်ပြဲပြီး စာလုံး ရေးခြစ်ထားသော်လည်း ခေါင်းစဉ်ကိုတောင် သေချာ မမြင်ရတော့ပေ။ ၎င်းသည် လမ်းဘေးဈေးသည်တစ်ဦးထံမှ တစ်ပတ်ရစ်ပစ္စည်း တစ်ခုနှင့်ပင်တူပြီး စာမျက်နှာများသည် အရွက်သေများကဲ့သို့ ကျုံ့သွားကာ ရှုံ့တွနေပါသည်။
"ဒါကို ဘယ်ကရလာတာလဲ"
ချင်းယန် စာအုပ်ကိုယူကာ စာမျက်နှာနှစ်မျက်နှာကို လှန်ကာ ရှုပ်ထွေးသော အမူအရာဖြင့် ပြောသည်။
"ဒါ... ငါ့ဧရိယာတစ်က စာအုပ်မဟုတ်ဘူးမလား"
"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး"
လီကျစ်ရွှမ်း ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး :"ဒါက ဆရာကြီးလီပိုင်တဲ့ ကျန်းဟိုင်ကိုယ်ခံပညာအကယ်ဒမီရဲ့ ရတနာပဲ မွေးရာပါဓားသိုင်းရဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေတယ်.. အထဲက အကြောင်းအရာက ခက်လွန်းတယ်။ နားမလည်နိုင်လောက်အောင် သဲသဲကွဲကွဲ မဖြစ်နေလို့ ဆရာတူအစ်ကိုကြီး မေးချင်တာပါ"
သူမ စကားပြီးသောအခါ ချင်းယန် ခေါင်းညိတ်ပြသည်။
"ကောင်းပြီ သွားတော့"
"?"
လီကျစ်ရွှမ်း အံ့အားသင့်သွားပြီး: "အကိုကြီး ဖတ်ပြီးပြီလား နောက်ထပ်ကြည့်စရာ မလိုဘူးတော့လား?"
ချင်းယန် စာအုပ်ကို ယူပြီးနောက် ယခုပင် အဖွင့်ကနေ အပိတ်အထိ အပြန်ပြန် အလှန်လှန် ကြည့်သွားတာ တစ်မိနစ်တောင် မကြာဘူး မဟုတ်ပါလား။ အဲဒါကို လှန်ပြီးတာနဲ့ ဖတ်ပြီးသွားတာ ဖြစ်နိုင်ရဲ့လား။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
"မေးပါ ညီမလေး"
ချင်းယန် ပြုံးပြီး စာအုပ်ကို သူမထံသို့ ပြန်ပေးလိုက်သည်။ သူမ၏ နုံအသောအကြည့်ကို သတိပြုမိတာကြောင့် ထူးထူးခြားခြား အပြစ်ရှိသလို ခံစားလိုက်ရသည်။
သူ့မှာက ဉာဏ်အလင်းရရန် နေရာတစ်ခု ရှိသည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် သူသည် စာအုပ်တစ်အုပ်လုံးကို မှတ်မိနေပြီ ဖြစ်သည်။
သူ့စိတ်ထဲမှာတော့ စကားလုံးအသုံးအနှုန်းတွေက စွဲနေ၏။ လစ်လပ်မှုများကို စစ်ဆေးပြီး ကွက်လပ်များကိုတောင် ဖြည့်သွင်းခဲ့ပြီးပြီ။ ဒီမွေးရာပါဓားသိုင်းရဲ့ ပျောက်ဆုံးနေသော အစိတ်အပိုင်းများကို သူ ဖြည့်သွင်းလိုက်ပြီပဲဲ ဖြစ်သည်။
"အင်း... ဒီတပည့်မိုက်က နုံအလွန်းတယ် မင်းကို အခွင့်ကောင်းယူဖို့ မရည်ရွယ်ပါဘူး"
ချင်းယန် ကူကယ်ရာမဲ့ သက်ပြင်းချလိုက်တယ်။ ပြီးခဲ့သောအချိန်က သူ အလုပ်မှာ အချောင်ခိုနေစဥ် မွေးရာပါဓားသိုင်း မိတ္တူသည် ဘယ်သူ့ဆီက ပြုတ်ကျခဲ့သည်မသိ ပြုတ်ကျခဲ့ရာ ထိုလက်ဆောင်အတွက် သဘာဝတရားကိုသာ ကျေးဇူးတင်ခဲ့သည်။
"ကောင်းပြီ ဒါဆို ကျွန်မမေးမယ် အဓိကကတော့ စာမျက်နှာ 72 မှာ တစ်ခုခု လွဲနေတာပဲ"
လီကျစ်ရွှမ်း စာမျက်နှာကို လှန်ပြလိုက်သည်။
"ဒီစာပိုဒ်ကိုကြည့်.... 'မင်းရဲ့ဒူးကိုကွေးပြီး တင်ပျဉ်ခွေထိုင်၊ မင်းရဲ့ကြယ်စွမ်းအင်ကို အတွင်းပိုင်းကို ထိန်းညှိပြီး အပေါက်ခုနစ်ပေါက်ဆီ ဖြန့်ပေးပါ' တဲ့"
ဒါကိုကြားတော့ ချင်းယန် လီကျစ်ရွှမ်း အတွက် ကွက်လပ်တွေကို ဖြည့်တွေးပေးလိုက်သည်။
"ဓားမြှောင်ကို သတိရှိရှိ အတုယူပါ... ဒီစာပိုဒ်ကို ဖြည့်လိုက်ပါ ဒါက လွဲနေတဲ့ အပိုင်းပဲ"
"ဟင်?"
လီကျစ်ရွှမ်း ထိတ်လန့်သွားသည်။
ချင်းယန်: "စာမျက်နှာ 92... 'လက်ကောက်ဝတ်ကို မြှောက်ပြီး အောက်ဘက်သို့ ညွှန်ကာ ဓားဖျားအထိ အင်အားကို ယူဆောင်သွားသည်' ကိုထည့်လိုက်...."
စာမျက်နှာ ၁၂၆…
"ပြီးတော့..."
ဆက်လက်၍ သတိပေးချက်များ ထပ်ထွက်လာကာ ချင်းယန် ဓားလက်စွဲစာအုပ်ကို စိတ်ရှည်စွာ ရှင်းပြနေသည်။ သူ့အနားက လီကျစ်ရွှမ်းမှာ မကြာခဏဆိုသလို ချင်းယန်မျက်နှာကို မော့ကြည့်ကာ အံ့သြနေရ၏။
"အစ်ကိုက အရမ်း အံ့သြစရာ ကောင်းတာပဲ!!!"
ဧရိယာနှစ်ရှိ စာအုပ်စင်နောက်ဘက် ခပ်လှမ်းလှမ်းတွင်။
လီချင်းဟဲသည် စာအုပ်များကြားရှိ လွတ်နေရာကနေ လျှို့ဝှက်စွာ စောင့်ကြည့်နေပြီး ညွှန်ကြားချက် လုပ်ငန်းစဉ်တစ်ခုလုံးကို စောင့်ကြည့်နေသည်။ လီကျစ်ရွှမ်းရဲ့ မိန်းကလေးပရိတ်သတ်လို အသွင်အပြင်ကို သူမ မြင်လိုက်ရသောအခါတွင် သူမနဖူးကို ကိုင်ထားပြီး စကားလုံးဝ မပြောနိုင်တော့ပါ။
"ပြီးသွားပြီ ဒီကောင်မလေး အလိမ်ခံရပြန်ပြီ!"
…………
တစ်ချိန်တည်းမှာပင် ချင်းယန်ကလည်း ငြိမ်သက်စွာဖြင့် ဘက်သို့ ငုံ့ကြည့်လိုက်သည်။ စာအုပ်စင်နောက်ကွယ်မှာ ပုန်းနေသည့် လီချင်းဟဲကို သူ သတိမပြုမိဘဲ ရှိပါ့မလား။
"ချောင်းကြည့်ရတာ ဝါသနာပါလို့လား"
ဒါကိုစဉ်းစားရင်း ချင်းယန် သူမကို တမင်တကာ ကစားချင်လာကာ ဧရိယာနှစ်ဘက်ကိုလှည့်ပြီး လှမ်းပြောလိုက်သည်။
"လီချင်း! မင်းရဲ့ဆရာတူဒေါ်လေးနဲ့ တွေ့ဖို့ ဘာလို့ မလာသေးတာလဲ"
စာအုပ်စင်နောက်ကွယ်ရှိ လီချင်းဟဲ : "..."
ဒါကိုကြားပြီးနောက် လီကျစ်ရွှမ်း ထိတ်လန့်သွားသည်။ သူ ဘယ်တုန်းက ဆရာကြီးဖြစ်လာတာလဲ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူမ ဖြစ်ပျက်နေတာကို သဘောပေါက်ပြီး အံ့သြစွာ ခေါင်းညိတ်ကာ။
"ဆရာတူအစ်ကိုက တပည့်ကို ဘယ်တုန်းက လက်ခံလိုက်တာလဲ"
"သူရောက်လာရင် မင်းသိမှာပါ"
ချင်းယန် အပြုံးမပျက်ဘဲ ဧရိယာ 2 ကို လှမ်းကြည့်ရင်း ဖြည်းညှင်းစွာ ဆက်ပြောသည်။
"ဒါမှမဟုတ် ငါတို့နှစ်ယောက် ကျော်သွားမလို့လား..."
သူစကားပြောပြီးသည်နှင့် စာအုပ်စင်နောက်ဘက်ရှိ လီချင်းဟဲ အံ့အားသင့်သွားသည်။
ဟမ့်! ဒီချင်းမျိုးရိုးကောင်က သီလသိက္ခာကို မရှိဘူး!
သူက တစ်စုံတစ်ယောက်ကို ခြိမ်းခြောက်ဖို့ သူ့ညီမကျစ်ရွှမ်းကို တကယ်သုံးနေတာပဲ။
"မင်း ဒီကို မတက်လာသေးရင် ကျစ်ရွှမ်းကို လာခိုင်းလိုက်မယ်!"
လီချင်းဟဲ သူ့သွားတွေကို အံကြိတ်ပြီး စာအုပ်စင်နောက်ကနေ ဧရိယာတစ်ဘက်ကို လျှောက်သွားရတော့သည်။
"မြန်မြန်လာ ငါ့တပည့်ကောင်းလေး.."
ချင်းယန် သူ့မျက်နှာပေါ်က အကာအကွယ်ပုံစံကို ကြည့်ပြီး သူ့လက်ကို ညင်သာစွာ ပင့်လိုက်သည်။ ကြယ်စွမ်းအင် ထုတ်လွှတ်မှုသည် အစီအရင် ဖွဲ့စည်းမှုကို တိုက်ရိုက် ဝင်နှောင့်ယှက်ပြီး ၎င်း၏ထိရောက်မှုကို လျော့ကျသွားစေသည်။
နောက်အခိုက်အတန့်၌ အစီအရင် အကာအကွယ်မပါဘဲ အနီးသို့ ရောက်လာသူကို ကြည့်ရင်း လီကျစ်ရွှမ်း ရုတ်တရက် ရင်းနှီးမှုကို ခံစားလိုက်ရသည်။
"လီချင်းဟဲ... နင်က အစ်မချင်းဟဲလား?"
လီကျစ်ရွှမ်း အံ့အားသင့်သွားသည်။
"နင် ဘယ်တုန်းက ငါ့အစ်ကိုကြီးရဲ့ တပည့်ဖြစ်လာတာလဲ? ! !"