← Chapters

ညီမကျစ်ရွှမ်း ငါတို့ကိုယ်ပိုင်အကြောင်းတွေ ပြောကြရအောင်

Vol. 9 Ch. 131

ညီမကျစ်ရွှမ်း ငါတို့ကိုယ်ပိုင်အကြောင်းတွေ ပြောကြရအောင်

Vol. 9 Ch. 131

"အစ်မချင်းဟဲ!"

လီချင်းဟဲလည်း ချဉ်းကပ်လာစဉ် သူမ အသံကို ကြားလိုက်ရပြီး မျက်နှာအမူအရာပါ ရုတ်တရက် ပြောင်းလဲသွားသည်။ သူမ ရှက်လွန်းလို့ ပုန်းဖို့ အပေါက်တစ်လောက် ပြေးရှာလိုက်ချင်သည်။

မဟုတ်ဘူး! ညီမကျစ်ရွှမ်းက ငါ့ကို ဘယ်လိုမှတ်မိသွားတာလဲ

ငါ့အင်္ကျီက ဘယ်လိုလုပ် ပြုတ်ကျသွားတာလဲ

ဒီလိုမဖြစ်သင့်ဘူး။

ဒါကိုတွေးပြီး လီချင်းဟဲ သူ့မျက်နှာကိုဖုံးဖို့ စာအုပ်ကို အမြန်ကောက်လိုက်ရ၏။ သူမလည်ပင်းက ရှက်ရွံ့စွာ နီမြန်းသွားပြီး လီကျစ်ရွှမ်းရဲ့ အကြည့်ကို ရှောင်ရှားရန် ကြိုးစားရင်း လှည့်ပြန်သွားခဲ့သည်။

နောက်ဆုံးတော့ သီးသန့်ခန်းထဲမှာ သူမကို လေးလေးနက်နက် ကတိပေးခဲ့တယ်လေ။ သေချာပေါက် ဓားနတ်ဘုရားရဲ့ တပည့်ဖြစ်လာပြီး ညီအစ်မတွေ အတူတူ တပည့် ဖြစ်လာရမယ်လို့။

ယခုတော့ သူမ မအောင်မြင်ခဲ့ပါ။ ယင်းအစား သူမသည် တစ်ဖက်လူ၏ အငယ်တန်း တပည့်ပါ ဖြစ်လာခဲ့သည်။

ဒါက အရမ်းရှက်စရာကောင်းတယ်။

လီချင်းဟဲမျာ ထိုအကြောင်းကို ပို၍တွေးလေလေ ပိုရှက်လာလေ ဖြစ်သည်။ သူမ အရှိန်အဟုန်မြှင့်ကာ ဧရိယာတစ်ဘက်က တတ်နိုင်သမျှ အမြန်ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။

"ခဏနေဦး...အစ်မ မသွားနဲ့!"

ဒါကိုမြင်တော့ လီကျစ်ရွှမ်းရဲ့ သံသယတွေက ပိုပိုပြီး သေချာလာခဲ့သည်။ သူမသည် ရှေ့သို့ လျင်မြန်စွာ လှမ်းလာကာ လီချင်းဟဲ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

"နင် အစ်မချင်းဟဲ!"

"မဟုတ်ဘူး ငါ..."

လီချင်းဟဲ နားရွက်များသည် အရှက်အကြောက်နှင့်အတူ နီမြန်းသွားသည်။ သူမ လွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမယ့် အသုံးမဝင်ခဲ့ပါဘူး။ ရှေ့မတိုးသာ နောက်မဆုတ်သာ ဆွဲငင်သွားကာ ထွက်ခွာရန်လမ်းကို မမြင်တော့ဘဲ သူမ တုံ့ဆိုင်းစွာ လှည့်ကြည့်ရတော့သည်။

"ကျစ်ရွှမ်း... "

နောက်ဆုံးတွင် ညီအစ်မနှစ်ယောက်သည် ပြတိုက်အတွင်း၌ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုခဲ့ကြသည်။

"တကယ်ကိုး!?"

လီကျစ်ရွှမ်းရဲ့ သူငယ်အိမ်ပင် ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ ထိတ်လန့်သွားပြီးနောက် လက်ကို အမြန်လွှတ်လိုက်ပြီး ပါးစပ်ကို အုပ်လိုက်ရင်း လှပသော မျက်လုံးများက တုန်ခါသွားသည်။

"နင်ဘာလို့ ဒီကိုရောက်နေတာလဲ?"

ယခုအချိန်တွင် လီချင်းဟဲဟာ သူ့မိသားစု စီစဉ်ပေးသည့် ဇိမ်ခံဟိုတယ် သို့မဟုတ် အခြားတစ်နေရာတွင် ရှိနေသင့်သည်။ ယခုမူကား ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပြီး အဖြူအစိမ်းဖျော့ဖျော့ အလုပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ စာကြည့်တိုက်မှာ အချိန်အတော်ကြာအောင် အလုပ်လုပ်နေပုံရ၏။

ပြီးတော့ သူ့ကိုယ်ပိုင်စာကြည့်တိုက်မှာ ထူးဆန်းတဲ့အလုပ်တွေ လုပ်နေသည်။

"ဘာလို့ ဒီလိုဖြစ်နေတာလဲ?"

လီကျစ်ရွှမ်းမှာ အံ့သြသင့်စွာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားမိသည်။

"နင့်မှာ ငါမသိတဲ့ တခြားဝါသနာတွေ ရှိလို့ ဖြစ်နိုင်မလား"

ထိုအချိန်တွင် ချင်းယန်လည်း ရောက်လာသည်။ သူတို့မျက်နှာပေါ်ရှိ အမူအရာများကို သဘောကျသွာကာ အံ့သြဟန်ဆောင်လိုက်သည်။

"အိုး မင်းတို့ အချင်းချင်း သိနေတာလား"

"နင်!"

လီချင်းဟဲ ချင်းယန်ကို မော့ကြည့်ရင်း နားရွက်မှ သူမမျက်နှာဆီသို့ နီရဲလာသည်။ သူမသည် ရှက်ရွံ့မှုနှင့် ဒေါသများ ရောနှောလာသလို ခံစားလိုက်ရပြီး ခေါင်းက လက်တွေ့ကျကျ အငွေ့တွေ ထွက်လာတော့မလိုတောင် ခံစားလာရ၏။

ရည်ရွယ်ချက်ရှိရှိ လုပ်တာ!

ဒီချင်းမျိုးရိုးက သေချာပေါက် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ။

သူမ စာအုပ်စင်နောက်ကွယ်မှာ ရှိနေမှန်း သိပေမယ့် သူမကို ဒီလို လှောင်ပြောင်နေ၏။

လွန်သွားပြီ!

စာကြည့်တိုက်ရှိ တေးဂီတသံသည် ငြိမ့်ညောင်းစွာ လွင့်ပျံ့နေ၏။ သုံးယောက်သား အေးခဲသွားပြီး အခြေအနေက ချက်ချင်း အဆင်မပြေတဲ့ ရှေ့မတိုးနောက်မဆုတ် ဖြစ်သွားသည်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်။

"ဆရာတူအစ်ကို... ဒါက ညီမရဲ့ ဝမ်းကွဲမမ လီချင်းဟဲပါ..."

လီကျစ်ရွှမ်းသည် လီချင်းဟဲကိုကြည့်ပြီးနောက် ပြုံးနေသော ချင်းယန်ကိုကြည့်ကာ ရှုပ်ထွေးသောအမူအရာဖြင့် :"သူ့ကို တပည့်အဖြစ် ဘယ်တုန်းက လက်ခံလိုက်တာလဲ?"

အခြေနေက ရှုပ်ထွေးလွန်းသဖြင့် သူမ လုံးဝ အံသြသွားသည်။ ဆရာတူအစ်ကိုက တပည့်တစ်ဦးကို ရုတ်တရက် လက်ခံခဲ့ပြီး သူမက အငယ်တန်း ဆရာတူဒေါ်လေး ရာထူး တိုးလာခဲ့သည်။

ထို့ပြင် ကော်ဖီဆိုင်မှာ ပြောခဲ့တဲ့ စကားတွေကို အခြေခံပြီး စဥ်းစားကြည့်ရင် အစ်မချင်းဟဲက ဆရာတူအစ်ကိုနဲ့ မဆိုင်သင့်ဘူးမလား။

အခုဘာလို့လဲ! အတိအကျ ဘာဖြစ်သွားတာလဲ။

ချင်းယန်ကို သူ့ဆရာအဖြစ် ဘာကြောင့် ရွေးရမှာလဲ ။

လီကျစ်ရွှမ်း ထိတ်လန့်စွာ ခေါင်းကုတ်လိုက်သည်။ သူမ လီချင်းဟဲကို လှည့်ကြည့်လိုက်ပြီး သူမ အများကြီး လွဲချော်သွားခဲ့သလို ခံစားရသည်။

"သြော် ဒါ ငါတို့ အချင်းချင်း သိကြတာပဲ အဆင်ပြေတယ်"

ချင်းယန် ပြုံးပြပြီး လီချင်းဟဲပုခုံးတွေကို ဆွဲကိုင်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။

"လာပါ ညီမလေး... ငါ့တပည့်အသစ်နဲ့ မိတ်ဆက်ပေးမယ်"

"ငါ..."

လီချင်းဟဲ စကားမပြောနိုင် ဖြစ်နေရာမှ လီကျစ်ရွှမ်းကိုကြည့်ကာ။

"နင်... ငါ့ရှင်းပြတာကို နားထောင်ပါ ကျစ်ရွှမ်း! နင်ထင်သလို မဟုတ်ဘူး..."

သို့သော် သူမစကားမဆုံးခင် ချင်းယန် ထပ်ပြောပြန်သည်။

"မသိဘူးလား ဆရာတူညီမလေး လီချင်းကို ငါ့တပည့်လုပ်ခိုင်းတုန်းက သူမ ငိုနေတာ... သူမရဲ့ ခံစားချက်တွေက စစ်မှန်ပြီး ရိုးရိုးသားသားပဲ... ကျစ် ကျစ်! ဆရာတူအစ်ကိုလည်း မငြင်းရက်ဘူးလေ..."

ဒါကိုကြားတော့ လီကျစ်ရွှမ်း ပိုလို့တောင် အံ့သြသွားတော့သည်။

"အစ်မချင်းဟဲ တကယ်ငိုတာလား?!"

သူမရဲ့မှတ်ဉာဏ်ထဲမှာ လီချင်းဟဲဟာ ကလေးဘဝကနေ အရွယ်ရောက်ပြီးတဲ့အထိ ယောက်ျားလေးဆန်ပြီး မျက်ရည်ကျရတဲ့ အကြိမ်အရေအတွက်က ရှားပါသည်။

ဒါပေမယ့် အခု သူ့ကို တပည့်အဖြစ် လက်ခံပေးဖို့ ငိုနေခဲ့တာလား ?

"ငါ မဟုတ်ဘူး... နင်ထင်သလိုမဟုတ်ဘူး ကျစ်ရွှမ်း!"

လီချင်းဟဲ သူမခါးကိုလိမ်ကာ ချင်းယန်လက်များမှ ချက်ချင်းလွတ်ထွက်သွားပြီး သူ့ကို စိုက်ကြည့်ရန် ပြန်လှည့်လိုက်သည်။

"မင်းငါ့ကို ဘာကြည့်နေတာလဲ ငါ အမှန်အတိုင်းပဲ ပြောတာ... မင်းငိုလား မငိုဘူးလား"

"ငါ..."

သူ ငိုခဲ့တယ်၊ ဒါပေမယ့် သူ့တပည့်ဖြစ်ချင်လို့ မဟုတ်ဘူး။

အခုတော့ ချင်းယန် ပိုဆိုးသွားအောင် ပြောလိုက်တာတွေကို ကျစ်ရွှမ်းက အကုန်ကြားသွားပြီ။ ဒီအတိုင်းသာ ဆက်နေရင် မြစ်ဝါမြစ်ထဲကို ခုန်ဆင်းသွားရင်တောင် သူ့နာမည်ကို ရှင်းနိုင်မှာ မဟုတ်ဘူး။

ဒီလိုတွေးရင်း လီချင်းဟဲ လီကျစ်ရွှမ်းလက်ကို ဆုပ်ကိုင်လိုက်ပြီး ထောင့်ဆီသို့ အမြန်လျှောက်သွားလိုက်သည်။

"လာ! ကျစ်ရွှမ်း! ထောင့်ကိုသွားရအောင်... ငါနင့်ကို အကုန်ရှင်းပြမယ်"

"အိုး"

လီကျစ်ရွှမ်းကလည်း ရူးသွပ်စွာ ခေါင်းညိတ်လိုက်ပြီး ဧရိယာနှစ်ရှိ စာအုပ်စင်များဆီသို့ လိုက်သွားခဲ့သည်။

........

ခဏအကြာ။

"ကောင်းပြီ ဒီနေရာက အရမ်းကောင်းတယ် အဲဒီကောင်ဆိုးကို ရှောင်နိုင်ပြီ"

လီချင်းဟဲ စာအုပ်စင်ကို မှီ၍ ချင်းယန်ကို ပြန်ကြည့်သည်။ ဖမ်းမမိသေးတာ မြင်တော့မှ သက်ပြင်းချမိသည်။

ချင်းမျိုးရိုးနဲ့ ဝေးကွာနေသမျှ အရာအားလုံး အဆင်ပြေသွားမှာပါ။ သူ့ဘေးမှာရှိနေရင် အဖြူတွေတောင် အနက်ရောင် ခြယ်သသွားလိမ့်မယ်။

"အစ်မချင်းဟဲ နင်ငါ့ကို ရှင်းပြရမယ်"

လီချင်းဟဲ မျက်မှောင်ကြုတ်ကာ ရှေးခေတ်ဓားရေး ပညာစာအုပ်ကို ဆုပ်ကိုင်ထားပြီး ရှုပ်ယှက်ခတ်နေကာ :"နင်အရင်က ဒီလိုမဟုတ်ဘူး... နင် ငါ့ဆရာတူအစ်ကိုကို ရှင်းရှင်းလင်းလင်း မုန်းတီးနေတာပါ..."

"ကျစ်ရွှမ်း ငါပြောတာကို နားထောင်...နင်ထင်သလိုမဟုတ်ဘူး"

လီချင်းဟဲသည် သူမကို ဘယ်လိုလှည့်စားရမလဲဆိုတာ စဉ်းစားရင်း ခေါင်းယမ်းလိုက်သည်။

"ဇာတ်လမ်းက အရှည်ကြီးပဲဟ..."

"တပည့်ဖြစ်ချင်တုန်းက နင် တကယ်ငိုခဲ့တာလား"

လီကျစ်ရွှမ်း မမေးဘဲ မနေနိုင်တော့ဘဲ လက်ဆန့်ကာ လီချင်းဟဲရဲ့ ပန်းရောင်လက်ချောင်းကို ယူလိုက်သည်။

"ကျေးဇူးပြုပြီး ကတိပေးပါ... နင်ငါ့ကိုမလိမ်ပါဘူးလို့ အစ်မချင်းဟဲ!"

"..."

လီချင်းဟဲ သူ့မျက်နှာကို အကြာကြီး တိတ်တိတ်လေး အုပ်ပြီး သက်ပြင်းချလိုက်၏။

"ငါ ငိုခဲ့တယ်... ဒါပေမယ့် နင်ထင်သလို မဟုတ်ဘူးလို့"

အဲဒီညက ဖြစ်ပျက်ခဲ့တာတွေက သူ့ရင်ထဲမှာ ရှက်စရာကောင်းလွန်းတယ်လေ။ ထို့အပြင် ချင်းယန်၏ တမင်ခြယ်လှယ်မှုသည် ဇာတ်လမ်းကို လုံးဝ ပုံပျက်သွားစေခဲ့သည်။

"ဒါဆို ဒါတကယ်ပဲကိုး!"

လီကျစ်ရွှမ်းသည် လီချင်းဟဲကို စိုက်ကြည့်ရင်း သူမ တုံ့ဆိုင်းသွားသည်ကို သတိပြုမိသည်။ သူမအတွင်း၌ နှိုးဆော်သံတစ်ခု ရုတ်တရက် ထလာပြီး ထူးဆန်းသော အကျပ်အတည်းတစ်ခု သူမရင်ထဲ တိုးဝင်လာသည်။

ဆရာတူအစ်ကိုနဲ့ ဝေးဝေးနေမယ်ဆိုတဲ့ ကတိကရော။

ဝေးဝေးနေဖို့ ပြောပြီးမှ နင်က ငါ့ဆရာတူအစ်ကိုရဲ့ တပည့်အဖြစ် တိတ်တိတ်လေး ယူခဲ့တာလား။

ဘာကြောင့်လဲ?

လီကျစ်ရွှမ်း ပဟေဠိဆန်သွားပြီး ထပ်မေးချင်ပေမယ့် လီချင်းဟဲက အရင်ဝင်တား၏။

"ကျစ်ရွှမ်း... မမေးနဲ့တော့ ဒါက ငါ့အစီအစဉ်ပဲ"

"ဘာပဲဖြစ်ဖြစ် ငါတို့ကိစ္စတွေကို ပြောကြည့်ရအောင်..."

"အိုး..."

လီချင်းဟဲ စကားမပြောချင်တာကို မြင်တော့ လီကျစ်ရွှမ်းလည်း ခေါင်းညိတ်ပြီး လိမ္မာပါးနပ်စွာပဲ မေးတာကို ရပ်လိုက်သည်။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမရဲ့ စူးစမ်းချင်စိတ်က ကြီးထွားလာခဲ့ပါပြီ။

မာနကြီးတဲ့ ဝမ်းကွဲအစ်မကို ဆရာတူအစ်ကိုက သူ့တပည့်အဖြစ် ဘယ်လိုခေါ်ယူခဲ့တာလဲ?

ပြီးတော့...

တကယ် ငိုပြီး သူ့ဆရာတူအစ်ကိုကို သူ့တပည့်အဖြစ် လက်ခံပေးဖို့ တောင်းဆိုနေခဲ့တာလား။

ဒါကိုတွေးရင်း လီကျစ်ရွှမ်း ချင်းယန်ဘက်ကိုကြည့်ရင်း သူမရဲ့မျက်လုံးထဲမှာ တောင့်တမှုတွေက ပိုလို့တောင် ပြင်းထန်လာပါတော့သည်။

ဆရာတူအစ်ကိုကတော့ တကယ့်ကို အံ့သြစရာပဲ။

All Chapters