← Chapters

စာကြည့်တိုက်ကို ဖောက်ခွဲမှာလား။ ဒါ ငါ့အလုပ်ကို ဖျက်ဆီးနေတာ မဟုတ်ဘူးလား

Vol. 9 Ch. 132

စာကြည့်တိုက်ကို ဖောက်ခွဲမှာလား။ ဒါ ငါ့အလုပ်ကို ဖျက်ဆီးနေတာ မဟုတ်ဘူးလား

Vol. 9 Ch. 132

ညီအစ်မနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုတဲ့ အဖြစ်အပျက်လေးတွေ ပြီးတဲ့အခါ လီကျစ်ရွှမ်းဟာ မွေးရာပါဓားသိုင်းရဲ့ ရှေးခေတ်ဓားစာအုပ်ကို ကိုင်ဆောင်ပြီး ချင်းယန်ရဲ့ အနားကို ပြန်သွားကာ အကြံဉာဏ်တွေ တောင်းခဲ့သည်။

သူတို့နှစ်ဦးသည် ဧရိယာတစ်ဘက်က နေရာလွတ်သို့ သွားကြသည်။ ချင်းယန်က ရှေးဟောင်းစာအုပ်ကို ကိုင်ထားပြီး သေချာရှင်းပြတယ်။ လီကျစ်ရွှမ်းကလည်း သူပြောသမျှကို မှတ်စုစာအုပ်ထဲတွင် ချရေးရင်း တိတ်တဆိတ် နားထောင်နေခဲ့သည်။

တစ်ခဏအတွင်း ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ၏ ဓားရှည်လက်စွဲ စာအုပ်ထဲက ပျောက်ဆုံးနေတဲ့ အပိုင်းတွေ ပြီးပြည့်သွားပါပြီ။

"အင်း ပြီးခါနီးပြီ အစ်ကို့ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်"

လီကျစ်ရွှမ်း သူမ၏ မှတ်စုစာအုပ်ကို လှန်ကြည့်ကာ ချင်းယန်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

"ဆရာတူအကိုကြီး... အစ်ကို့ရဲ့ဓားပညာစွမ်းရည်က တကယ့်ကို အံ့မခန်းပဲ"

ဤလမ်းညွှန်ချက် သူမအတွက် အလွန်အရေးပါပြီး ၎င်းမှ အကျိုးများစွာ ရရှိခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းရာနှင့်ချီက ဆုံးရှုံးခဲ့သော အမွေအနှစ်များကိုလည်း လုံးလုံးလျားလျား ပြန်လည်ရရှိခဲ့သည်။

ဤအရာသည် ကိုယ်ခံပညာ အကယ်ဒမီအတွက် ပို၍ပင် အရေးကြီးပါသည်။ အကယ်၍ စုဆောင်းမှု ပြန်လည်ရရှိထားကြောင်းကို လူအိုလီသာ သိပါက သူသည် ရက်ရောသော ဆုကြေးငွေကို ချင်းယန်ဆီ လူကိုယ်တိုင် လာပေးလိမ့်မည်။

"ကိစ္စမရှိပါဘူး ဆရာတူညီမလေး.. ပြန်သွားပြီး လေ့လာလိုက်ပါ... ငါက မင်းကို အကြမ်းဖျဉ်း ကောက်ကြောင်းတစ်ခုပဲ ပေးခဲ့တာ"

ချင်းယန် ပြုံးပြီး ရှောင်ပိုင် ကို သူ့လက်နှစ်ဖက်ဖြင့် လှမ်းဆွဲယူလိုက်သည်။

"ဒါက အစမှတ်ပဲ... ကျန်တာကိုတော့ မင်းကိုယ်တိုင် နားလည်ဖို့ လိုလိမ့်မယ်"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

လီကျစ်ရွှမ်း ခေါင်းညိတ်ရင်း ထလိုက်သည်။

"အစ်ကိုက အရမ်းကြိုးစားတာပဲ... အစ်ကို့ရဲ့ အချိန်တွေ အများကြီးယူခဲ့လို့ ညီမလည်းအများကြီး အကျိုးရှိခဲ့တယ်... ဒါဆို အစ်ကို့ကို မနှောင့်ယှက်တော့ပါဘူး အလုပ်ဆင်းရင် ထပ်ပြီး ကျေးဇူးတင်ပါ့မယ်"

ထို့နောက် သူမသည် သူမ၏ မှတ်စုစာအုပ်နှင့် ရှေးဟောင်းစာအုပ်ကို ဆုပ်ကိုင်ထားရင်း လှပစွာ ထွက်သွားခဲ့သည်။

ချင်းယန်လည်း သမ်းဝေပြီး သူ့ခုံတန်းလေးဆီသို့ ပြန်လှည့်သွားလိုက်သည်။

"ဆရာ!"

လီချင်းဟဲသည် ရှုပ်ထွေးပွေလီသော တိုက်ပွဲပုံစံများဖြင့် ဖုံးအုပ်ထားသော စာရွက်များစွာကို ဆုပ်ကိုင်ထားကာ ပြေးလွှားနေသည်။

"ဘာမှားလို့လဲ?"

ချင်းယန် ပျင်းရိစွာ ငုံ့ကြည့်ရင်း သမ်းဝေလိုက်သည်။

"မင်း ဆရာအဒေါ်ကို အခုပဲ ပြန်လွှတ်လိုက်တာ... မင်းက ဘာဖြစ်ပြန်တာလဲ"

"နင်!"

သူပြောပြီးသည်နှင့် လီချင်းဟဲ ရှက်သွားသော်လည်း လီကျစ်ရွှမ်း၏ လေးလေးနက်နက် လေးလေးမြတ်သော အမူအရာကို တွေးကာ သူ့စိတ်ကလေးကို ထိန်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီရက်ပိုင်းမှာ ဆရာလို့ အကြိမ်ပေါင်းများစွာ ခေါ်လာခဲ့ပြီးပြီ။

လမ်းညွှန်မှုအချို့ဖြင့် သူ့ရင်းနှီးမြှုပ်နှံမှုကို ပြန်လည် မရယူနိုင်ပါက အားလုံး အချည်းနှီး ဖြစ်သွားမှာ မဟုတ်ပါလား။

လီချင်းဟဲ ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်ပြီး သူ့အမူအရာကို ပြန်ထိန်းလိုက်သည်။ ပြီးတာနဲ့ နူးညံ့သိမ်မွေ့သော အပြုံးဖြင့် ချင်းယန်အား ဖွဲ့စည်းမှုမူကြမ်းကို ပေးကာ။

"ဆရာ ကျွန်မလည်း မသိတာတွေ ရှိတယ် ကျေးဇူးပြုပြီး အစီအရင် ပုံစံတချို့ သင်ပေးလို့ရမလား"

"အစီအရင်?"

ချင်းယန် အကြောင်းအရာများကို တစ်ချက်ကြည့်လိုက်ပြီး အစီအရင် ဖွဲ့စည်းခြင်း၏ ရင်းမြစ်ကို ချက်ချင်း မှတ်မိသွားသည်။ ၎င်းက အစီအရင်တစ်သောင်း ပုံကြမ်းပဲ ဖြစ်သည်။

ဤသည်ကား ခိုးယူပြီးနောက် လီချင်းဟဲ ကူးယူထားသော ပုံစံများပင်။ ဤမိန်းကလေးသည် တိကျသေချာသော အထောက်အထားမရှိဘဲ ဟိုရောက်ဒီရောက် ကူးယူထားခဲ့သည်။ ရလဒ်အနေဖြင့် သူမ ကူးယူထားသော ပုံစံများသည် နံပါတ် သို့မဟုတ် အမည်မရှိသဖြင့် ၎င်းတို့သည် မည်သည့်အဆင့်ဖြစ်သည်ကိုပင် သူမ သေချာမသိပေ။

သူမ၏ ကျွမ်းကျင်မှုအဆင့်မှာ အဆင့်နှစ် သို့မဟုတ် သုံးသာရှိသည်။ ပုံတွင်ရှိသော စာကြောင်းများနှင့် စာသားများကို သူမ မှတ်မိနိုင်သော်လည်း ၎င်းတို့ကို ပေါင်းစည်းလိုက်သောအခါတွင် နားမလည်နိုင်တော့ချေ။

အရမ်းခက်ခဲခဲ့ပါ၏။

"အင်း တပည့်လေး... မင်းကတော့ စာအုပ်အဖွင့်စာမေးပွဲမှာ အမှတ်ပြည့်တောင် မရဘူး"

ချင်းယန် ပုံကြမ်းကို ပြန်ပေးကာ သက်ပြင်းချလိုက်ပြီး။

"ကောင်းပြီ ငါ မင်းကို အထူးသင်ခန်းစာတွေ သင်ပေးမယ်"

"ကောင်းပါပြီ ဆရာ့ကို ကျေးဇူးတင်ပါတယ်"

သူသဘောတူနေတာကို မြင်တော့ မြန်မြန်မေးခွန်း ထုတ်လာသည်။ ခဏအကြာတွင် ချင်းယန်သည် အစီအရင်နှလုံးသားနှင့် ကြယ်စွမ်းအင် ခွဲဝေမှုကို ရှင်းပြကာ သူမကို ညွှန်ပြချက်အချို့ကို ပေါ့ပေါ့တန်တန် ပေးလိုက်သည်။ ပြီးနောက် ကျန်တာတွေကို သူ့ဘာသာသူ ရှာဖွေရန် ပြန်လွှတ်လိုက်သည်။

"ဒီချင်းမျိုးရိုးက တကယ်ကို အရည်အချင်းရှိသားပဲ"

လီချင်းဟဲ ဧရိယာနှစ်ဘက် ပြန်သွားကာ အစီအရင် ဖွဲ့စည်းမှုပုံကြမ်းကို ဖွင့်ပြီး မှတ်ချက်များကိုကြည့်လိုက်ရာ ရုတ်တရက် မီးသီးတစ်လုံးပွင့်လာသည်။ သူမမေးခွန်းအားလုံး ပြေလည်သွားကာ သက်ပြင်းတောင် မချနိုင်တော့ပေ။

ချင်းယန်ကို ပိုနားလည်လေလေ၊ သူ့ဆီကနေ ပိုထင်ရှားလာလေလေပါပဲ။

သူမ ထာဝရ လက်လှမ်းမမီနိုင်တော့မလိုတောင် ခံစားနေရသည်။

"ဒီပညာတွေအားလုံးကို သူဘယ်ကရခဲ့တာလဲ"

သူမ ချင်းယန်ရဲ့ ဘဝနောက်ကြောင်းကို သံသယဝင်လာမိပြန်သည်။

"ဒါဖြစ်နိုင်မလား... လေ့ကျင့်ခန်းလုပ်ဖို့ သူပြောခဲ့တာတွေက အမှန်ပဲလား"

...

....

နေဝင်ချိန်က ပြတင်းပေါက်များမှတဆင့် ၎င်း၏ အလင်းရောင်ကို စစ်ထုတ်ကာ စာကြည့်တိုက်၏ ခြစ်ထားသော ကြွေပြားများပေါ်တွင် မီးခိုးရောင် လိမ္မော်ရောင် အဆင်းများကို တောက်ပလာစေသည်။

စာကြည့်တိုက် မပိတ်မီ မိနစ်အနည်းငယ်သာ ကျန်တော့သည်။ စာကြည့်တိုက်မှ ဧည့်သည်များသည်လည်း စာအုပ်များကို ထုပ်ပိုးကာ ကျောပိုးအိတ်များကို ထမ်းလျက် ထွက်ခွာသွားကြသည်။

ဒါပေမဲ့ အဲ့တော့...

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လူအများ၏ စီးဆင်းမှုကို ဆန့်ကျင်ပြီး အချိန်မီ လမ်းလျှောက်လာကာ စာကြည့်တိုက်ဝင်ပေါက်ကို ဖြည်းညှင်းစွာ ဖြတ်ကျော်၍ မထင်မှတ်ထားသော စာအုပ်စင်တန်းတစ်ခုဆီသို့ ဦးတည်သွားနေခဲ့သည်။

"ဝင်လာပြီ...ဝင်လာပြီ..."

လုံခြုံရေးဂိတ်ဘက်သို့ ပြန်လှည့်လာကာ သူ့မျက်လုံးများထဲ၌ စိတ်ပျက်လက်ပျက်၏ ပြင်းထန်သော အရိပ်အယောင်များ တောက်ပနေသည်။

"မင်းတို့အားလုံး အသုံးမဝင်ဘူး... အမှိုက်တွေ!"

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် သေလုမြောပါး လူတစ်စုကို ကြည့်နေသကဲ့သို့ ရစ်ဝဲနေသော ဧည့်သည်များကို လှည့်ပတ်ကြည့်ရင်း ရယ်မောလျက် ရှိ၏။ မည်သူမျှ သူ့ကို ဂရုမစိုက်ကြောင်း သေချာပြီးနောက် စာကြည့်တိုက် သန့်စင်ခန်းဆီသို့ ဦးတည်သွားခဲ့သည်။

ရေဆေးစင်မှာ ရေဘားပွင့်သွားပြီး အူသံတွေ ထွက်ပေါ်လာသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားသည် မှန်ရှေ့တွင် တင်းတင်းမာမာ ရပ်ကာ သူ့ကိုယ်သူ နိုးထအောင် ရေအေးဖြင့် မျက်နှာသစ်နေသည်။ ထို့နောက် မျက်နှာကို သုတ်ကာ စစ်ဆေးကြည့်နေ၏။

စိတ်ပျက်လက်ပျက် အရိပ်အမြွက်က သူ့မျက်လုံးထဲမှာ ဝဲနေသည်။ ကျန်းဟိုင် စာကြည့်တိုက်၏ စီမံခန့်ခွဲသူဟောင်း တစ်ဦးအနေနှင့် သူသည် မတူညီသောအချိန်နှင့် အချိန်အခါအလိုက် လူများ၏ စီးဆင်းမှုကို သိရှိကာ အတွင်းခန်းအများစုနှင့်လည်း ရင်းနှီးခဲ့သည်။

ဤထူးခြားသော နောက်ခံကြောင့် သူသည် ဤအထူးမစ်ရှင်အတွက် နည်းပြထံမှ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည် ။

"လူတိုင်း သေရမယ်..."

လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းငုံ့ကာ စိုစွတ်နေသော လက်များကို သုတ်လိုက်ပြီး အိတ်ကပ်ထဲသို့ နှိုက်လိုက်သည်။ ထို့နောက် အထူးပြုလုပ်ထားသော ကြယ်ကျောက်နှစ်လုံးကို ဆွဲထုတ်လိုက်သည်။

ဤကြယ်ကျောက်တုံးများပေါ်ရှိ အစီအရငိ ပုံစံများကို တမင်ရေးထွင်းထားပြီး ၎င်းတို့အတွင်း ပါရှိသော ကြယ်စွမ်းအားများ ပြည့်လျှံနေပြီ ဖြစ်သည်။ ကြယ်စွမ်းအင် အနည်းငယ်မျှကပင် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းသော တွန်းလှန်ခြင်းဖြစ်စဉ်ကို ဖြစ်ပေါ်စေလိမ့်မည်။

မတည်မငြိမ်ဖြစ်သော ကြယ်စွမ်းအင်ပေါက်ကွဲမှုသည် ပထမထပ်၏ ဝန်ခံနံရံများကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။ တခဏချင်းမှာပဲ ရာစုနှစ်များစွာ သက်တမ်းရှိတဲ့ အမွေအနှစ်တွေဖြစ်တဲ့ ကျန်းဟိုင် စာကြည့်တိုက်ဟာ မီးခိုးမြူတွေနဲ့အတူ ပြိုကျပျက်စီးသွားတော့မှာ ဖြစ်ပေ၏။

"ငါ မင်းတို့ကို သတ်ပစ်မယ်!"

"ဒီနေ့တော့ မင်းတို့အားလုံး ပြန်ပေးဆပ်ရမယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့ဆံပင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ သားရဲတစ်ကောင်လို အော်ဟစ်နေ၏။ သူသည် ကြယ်ကျောက်ခဲများကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ကြယ်စွမ်းအားများကို ၎င်းတို့ထဲသို့ စတင် လောင်းထည့်လိုက်သည်။

ရွှင်း

ခရမ်းရောင် လျှပ်စီးကြောင်းက ထိတ်လန့်တုန်လှုပ်ဖွယ် အသံကို ထုတ်လွှတ်လာသည်။ အက်ကြောင်းများက ကြယ်ကျောက်တုံးကြီး၏ မျက်နှာပြင်အနှံ့ ပင့်ကူမျှင်ကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

"မြန်မြန် မြန်မြန်!"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ ကြယ်စွမ်းအင်ကို သွေးစွန်းနေသော မျက်လုံးများ၊ ငရဲမှတက်လာသော နတ်ဆိုးကဲ့သို့ အဖြူရောင်သွေးများ ပြည့်လာသည်အထိ ဖြည့်သွင်းနေခဲ့သည်။

ဟစ်အော်သံသည် ဆူညံသော အသံအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုလူကို ဝန်းရံထားသည့် ခရမ်းရောင်လျှပ်စီးကြောင်းသည် ကြိုးပါးပါးအရွယ်အစားမှ ထက်ရှသော ကြာပွတ်အထိ ပိုမိုအားကောင်းလာသည်။

"ပြီးပြီ!"

လူလတ်ပိုင်းအရွယ် အံ့သြသွားသည်။ သူသည် နည်းပြ၏ သူငယ်ချင်းများထံမှ ကြားသိခဲ့ရသလောက်ဆို အသံသည် စူးစူးဝါးဝါး အသံအဖြစ်သို့ ပြောင်းလဲသွားသရွေ့ စာကြည့်တိုက်ပိုင်ရှင် ရောက်လာလျှင်ပင် ကြယ်ကျောက်တုံးကြီး ဖောက်ပြန်ခြင်းမှာ နောက်ပြန် မဆုတ်နိုင်တော့ပေ။

"ဟားဟား ငါတို့ကို ဘယ်သူမှ တားလို့မရဘူး!"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကြယ်ကျောက်တုံးကြီးကို စိုက်ကြည့်ရင်း ပြင်းထန်စွာ ရယ်မောကာ မီးလောင်ကျွမ်းနေသည့် အခိုက်အတန့်ကို သက်သေခံရန် အဆင်သင့်ဖြစ်နေသည်။

ဒါပေမယ့်...

ရုတ်တရက်!

သူ့မြင်ကွင်းမှနေ၍ လက်တစ်ဖက်က ကြယ်ပွင့်ကျောက်တုံးကို လှမ်းကိုင်လိုက်ကာ ပိတ်ခလုတ်ကို နှိပ်လိုက်သလိုပင် လျှပ်တစ်ပြက်အတွင်း ခရမ်းရောင် လျှပ်စီးကြောင်းအားလုံးကို အတင်းအကျပ် ငြှိမ်းသတ်ပစ်လိုက်သည်။ ဖောက်ခွဲမှုဖြစ်စဉ်က ချက်ချင်း ပြတ်တောက်သွားသည်။

"မဟုတ်သေးပါဘူး ညီအစ်ကို..."

ချင်းယန် သူ့အနားတွင် ရပ်နေပြီး သူ့လက်ချောင်းထိပ်များမှ မီးခိုးငွေ့များကို မှုတ်ထုတ်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

"မင်း စာကြည့်တိုက်ကို ဖောက်ခွဲလိုက်တာက ဒါ ငါ့အလုပ်ကို ဖျက်ဆီးနေတာ မဟုတ်ဘူးလား"

All Chapters