← Chapters

အခန်း (၅၃၆+၅၃၇)

Vol. 22 Ch. 536+537

အခန်း (၅၃၆+၅၃၇)

Vol. 22 Ch. 536+537

အခန်း(၅၃၆) အဘွားချင်း သေချာ ပြင်ဆင်ထားပြီးသား (၂)

အဘွားချင်းက ဝမ်ချင်း၏ ဖုန်းကို မတုန်မလှုပ် ကြည့်လိုက်သည်။

“အင်း ငါတွေ့ပြီးသား”။ အဘွားချင်း ပြောလိုက်သည်။

“အမေ… ဘာမှ စိတ်မပူဘူးလား”။ ဝမ်ချင်း အံ့အားသင့်စွာ မေးလိုက်သည်။

“မလောပါနဲ့။ ငါတို့ဘက်က ဘာမှ ဖုံးကွယ်ထားတာ မရှိဘူး။ ဘာမှကြောက်စရာမလိုဘူး”။ အဘွားချင်းက သေချာစွာ ပြန်ပြောလိုက်သည်။

“ဒါပေမယ့် ယုကျီးက တက္ကသိုလ်ဝင်ခွင့်တွေ လျှောက်ရတော့မှာလေ။ ဒီသတင်းဆိုး နာမည်ကြီးသွားရင် ဘယ်လိုလုပ်မလဲ။ ထိပ်တန်းတက္ကသိုလ်တွေက သူ့ကို လက်မခံချင်တော့ရင် ဘယ်လိုလုပ်ကြမလဲ”။ ဝမ်ချင်း စိတ်ပူပန်စွာ မေးလိုက်သည်။

သူမသား ယုကျီး နောက်ဆုံးတော့ ပြန်လိမ္မာလာခဲ့ပြီး စာမေးပွဲရလဒ်တွေလည်း ကောင်းခဲ့သည်။ အခုလိုအချိန်ကျမှ စွပ်စွဲခံရပြီး နာမည်ကြီးတက္ကသိုလ်တွေကို ဝင်ရောက်ခွင့်ပါ ဆုံးရှုံးသွားခဲ့လျှင်…

ဒီလို ရလဒ်မျိုးကို ဝမ်ချင်း စဉ်းတောင် မစဉ်းစားရဲပါ။

အဘွားချင်းက ဝမ်ချင်း၏ လက်ကို ကိုင်လျက် နှစ်သိမ့်ပေးလိုက်သည်။ “ဘာမှမကြောက်နဲ့ အားလုံး အဆင်ပြေသွားလိမ့်မယ်။ ငါတို့ဘက်က ဘာမှ အမှားလုပ်မထားဘူး။ ဘယ်သူမှ မဟုတ်မမှန်လာစွပ်စွဲလို့ မရဘူး။ အားလုံးရဲ့ သံသယတွေ ကင်းသွားအောင် ငါတို့ဘက်က သက်သေတွေကို ထုတ်ပြလိုက်ရုံပဲ။ အားလုံးနားလည်ပြီး လက်ခံကြမှာပါ”

ဒီလိုအရာမျိုး ဖြစ်လာလိမ့်မည်ဟု အဘွားချင်း မျှော်လင့်ထားပြီးသားဖြစ်သည်။

ထိုနေ့က ကျောင်းမှာ ရှုယန်ဖျင်နဲ့ ပြဿနာတက်ပြီးနောက် ထိုအမျိုးသမီးက ကျိန်းသေ အွန်လိုင်းပေါ်မှာ ကောလဟာလတွေ လျှောက်လွှင့်မှာဖြစ်မှန်း အဘွားချင်း ကြိုမြင်နေပါသည်။

“ဒါပေမယ့် အမေ… အခု အင်တာနက်တစ်ခုလုံးက ယုကျီးကိုကော၊ သမီးတို့ မိသားစုကိုကော၊ ကျောင်းကိုပါ အပြစ်တင်နေကြတာ။ သမီးတို့ သက်သေ ထုတ်ပြရင်တောင် ယုံကြည်လက်ခံနိုင်ပါ့မလား။ အဲ့ဒီမိန်းမက သရုပ်ဆောင် တော်တော်ကောင်းတာပဲ! ကင်မရာရှေ့မှာ အနိုင်ကျင့်ခံရတဲ့ ပုံစံ ပီပြင်အောင် သရုပ်ဆောင်နိုင်တယ်!”။ ဝမ်ချင်း ဒေါသထွက်စွာ ပြောလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ဒီခေတ်ကြီးထဲမှာ အင်တာနက်သုံးတဲ့လူတွေလည်း ငတုံးမဟုတ်တော့ဘူး။ သက်သေ ခိုင်ခိုင်လုံလုံ ရှိရင် အများစုက ယုံကြည်သွားကြမှာပဲ”။ အဘွားချင်းက ရှင်းပြသည်။

“ဒါပေမယ့်…”

“ကဲပါ အာချင်း စိတ်မပူနဲ့နော်။ ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ပါ။ ယုကျီးရဲ့ ပြဿနာကို ငါရှင်းလိုက်မယ်။ အဲ့မိန်းမ ငါ့မြေးကို ဘာမှ မလုပ်နိုင်စေရဘူး”။ အဘွားချင်းက အာမခံလိုက်ပါသည်။

“အဲ့ဒီ မိန်းမနဲ့ စာရင်းရှင်းဖို့ အမေ့မှာ နည်းလမ်းရှိလို့လား”။ ဝမ်ချင်းက စိတ်ပူစွာ မေးလိုက်သည်။

“အေး ငါအားလုံး စီစဉ်ထားပြီးသား။ နင့်ကိုယ်ဝန်ကိုပဲ ဂရုစိုက်စမ်းပါ”

“ဒါပေမယ့်အမေ… ဒီကိစ္စက…”

အဘွားချင်း ဘယ်လောက်ပဲ အာမခံနေပါစေ ဝမ်ချင်း စိုးရိမ်စိတ်က ပျောက်မသွားပေ။

ဝမ်ချင်း စိတ်မချနိုင်သေးတာကိုမြင်ပြီး အဘွားချင်း ခေတ္တစဉ်းစားလိုက်ကာ ချင်းယုဟွမ်အား ဖုန်းဆက်လိုက်ပါသည်။

ဖုန်းဝင်သွားတာနဲ့တစ်ပြိုင်နက် အဘွားချင်းက ချင်းယုဟွမ်ကို ပြောလိုက်သည်။ “ယုဟွမ်။ အရင်တစ်ခေါက်က ငါလုပ်ခိုင်းထားတဲ့ ဗီဒီယိုအတိုလေးလေ အဲ့ဒါ ဒီနေ့ တင်လိုက်တော့”

အဘွားချင်းက ကွန်ပျူတာကျွမ်းကျင်သူ မဟုတ်ပါ။ ထို့အပြင် ဗီဒီယိုတွေ ဖန်တီးတာ တင်တာကိုလည်း မလုပ်တတ်ပါ။ ထို့ကြောင့် ဒီတာဝန်တွေကို နည်းပညာကျွမ်းကျင်သူဖြစ်သည့် သူမ မြေး ချင်းယုဟွမ်ထံ ပေးအပ်ထားခဲ့ပါသည်။

ပရော်ဖက်ရှင်နယ် ပြဿနာတွေကို ပရော်ဖက်ရှင်နယ်တွေကသာ ကိုင်တွယ်နိုင်လိမ့်မည်။

အဘွားချင်း၏ ညွှန်ကြားမှုကြောင့် ချင်းယုဟွမ် ကုန်ကြမ်းတွေ စုစည်းကာ ဗီဒီယိုတစ်ပုဒ် ဖန်တီးထားသည်။

ထိုဗီဒီယိုထဲမှာ ချင်းယုကျီး ယခင်က ရန်ဖြစ်ခဲ့ရသည့် အကြောင်းအရင်းများကို ရှင်းပြထားပါသည်။

ထို့အပြင် ဗီဒီယိုကို ကြည့်ခြင်းအားဖြင့် ယုကျီး ကျောင်းထုတ်မခံရတာက ချင်းမိသားစု၏ ကာကွယ်ပေးမှုကြောင့် မဟုတ်ဘဲ သူရန်ဖြစ်ခဲ့ရသည့် အကြောင်းအရင်းတွေကြောင့်ပဲဆိုတာ သိနိုင်လိမ့်မည်။

“ကျွန်တော် တင်လိုက်ရတော့မှာလား။ အဘွားမနက်ကပြောတော့ ညနေကျမှ တင်တာ အကောင်းဆုံးပဲဆို။ အခု မစောလွန်းသေးဘူးလား။ အွန်လိုင်းပေါ်မှာ ထင်သလောက် ပွဲမစည်သေးဘူးနော်”။ ချင်းယုဟွမ်က အတည်ပြုရန် အဘွားချင်းကို ထပ်မေးလိုက်ပါသည်။

… … …

အခန်း(၅၃၇) ဝမ်ချင်း အရှက်ရမိခြင်း

စိုးရိမ်ကြောင့်ကြနေသော ဝမ်ချင်းကို အဘွားချင်း ကြည့်လိုက်ပြီး ချင်းယုဟွမ်ကို အတည်ပြုပေးလိုက်ပါသည်။ “တင်လိုက်တော့။ အခုချိန်တင်တာလည်း မဆိုးလောက်ပါဘူး။ ငါတို့မျှော်လင့်ထားတဲ့ ရလဒ် ရလာနိုင်လိမ့်မယ်”

တကယ်တော့ အချိန်မတန်သေးသော်လည်း သူမရဲ့ ချွေးမကို အကြာကြီး စိတ်ပူခွင့်ပေးလို့ မဖြစ်ပါ။

“ဟုတ်ကဲ့ပါ။ ကျွန်တော် တင်လိုက်တော့မယ်”။

ချင်းယုဟွမ်က အလွန်မြန်ဆန်ပါသည်။ ပြင်ဆင်ထားခဲ့သည့် ဗီဒီယိုကို ချက်ချင်း တင်ခဲ့သည်။

သိပ်မကြာလိုက်ဘဲ အင်တာနက်ပေါ်မှာ ဗီဒီယိုတစ်ပုဒ် တက်လာခဲ့သသည်။

Page ကို Refresh လုပ်ပြီးနောက် အသစ်တက်လာသော ဗီဒီယိုကို ဝမ်ချင်း မြင်သွားပါသည်။

ဗီဒီယိုကို ဖွင့်ကြည့်ပြီးနောက် ဝမ်ချင်းတစ်ယောက် ပျော်လည်းပျော်သလို အံ့အားလည်းသင့်သွားသည်။ “အမေ ဒါကို ကြိုစီစဉ်ထားတာလား”

“ဟုတ်တယ်။ အဲ့ဒီနေ့က ကျောင်းမှာပြဿနာဖြစ်တော့ အဲ့ဒီမိန်းမ ဒီတိုင်း အလျှော့ပေးမှာ မဟုတ်မှန်း ငါသိနေလို့။ အင်တာနက်ပေါ်မှာ မဟုတ်မကတွေ လျှောက်ပြောမှာဆိုတာ ငါသိတယ်”။ အဘွားချင်းက ပြောလိုက်သည်။

အဘွားချင်းက လူကဲခတ်တော်သည်။ ရှုယန်ဖျင်ကို ပထမဆုံး စမြင်ကတည်းက သေချာ အကဲခတ်နိုင်ခဲ့ပြီး ပြင်ဆင်စရာ ရှိတာ ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။

ဝမ်ချင်း ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်မိပါသည်။

တကယ်တော့ အဘွားချင်းက အားလုံးစီစဉ်ထားပြီးသားဟု အကြိမ်ကြိမ်ပြောခဲ့သည်။ သူမဘက်က မယုံကြည်ခဲ့ခြင်းသာ ဖြစ်ပါသည်။

အဘွားချင်းက ဝမ်ချင်းကို အပြစ်မတင်ပါ။ “စိတ်မကောင်းမဖြစ်ပါနဲ့။ နင်က မပေါ့မပါးကြီးနဲ့ပဲဥစ္စာ။ စိတ်ဖိစီးလွယ်တာ မဆန်းပါဘူး။ အမေ နားလည်တယ်”

လူကြီးတစ်ယောက်အနေဖြင့် ဒီလိုအသေးအဖွဲ ကိစ္စလေးတစ်ခုအတွက် ဝမ်ချင်းကို အဘွားချင်း အပြစ်တင်မှာ မဟုတ်ပါ။

“ကျေးဇူးတင်ပါတယ်အမေ။ ယုကျီးအတွက် အခုလို ကာကွယ်ပေးလို့…”။ ဝမ်ချင်း ကျေးဇူးတင်စကား ပြောလိုက်သည်။

သူမ ယောက္ခမ ကူညီပေးတာကြောင့် အဆင်ပြေသွားခဲ့တာဖြစ်သည်။ မဟုတ်ပါက သူမတစ်ယောက်တည်းသာဆို ပြဿနာကို ဘယ်လိုဖြေရှင်းရမှန်း သိမှာမဟုတ်ပါ။

“ဘာမှအပန်းမကြီးပါဘူး။ ယုကျီးက ငါ့မြေးပဲဥစ္စာ။ စိတ်ပူပေးရမှာပေါ့။ သူ့ဘက်က မှန်နေသရွေ့ ဘာမှ မကူညီနိုင်စရာ အကြောင်းမရှိဘူး။ ငါ့မြေးကို မဟုတ်မှန်လာစွပ်စွဲတာမျိုး ဘယ်တော့မှ ငြိမ်မခံဘူး!”။

အဘွားချင်းက အခိုင်အမာ ပြောဆိုလိုက်သည်။

ဝမ်ချင်းရင်ထဲ နွေးထွေးသွားခဲ့ပါသည်။ သူမရဲ့ ယောက္ခမက သဘောထား ပြည့်ဝသည့်အပြင် သူမကိုလည်း နားလည်ပေးသည်။

ယခင်တုန်းက ယောက္ခမဖြစ်သူ အသက်ကြီးမှ ကလေးမွေးသည့် ကိစ္စကို ရှုတ်ချခဲ့မိတာ ဝမ်ချင်း အလွန်အရှက်ရမိပါသည်။

ရှက်လွန်းသဖြင့် ခေါင်းတောင် မဖော်ရဲတော့လောက်အောင် ဖြစ်နေမိသည်။

--- --- ---

ချင်းယုဟွမ် ဗီဒီယိုကို တင်လိုက်သောအခါ ရှုယန်ဖျင်တစ်ယောက် ကိုယ့်အတတ်ကိုယ်စူးလေသည်။

ထိုဗီဒီယိုထဲမှာ ရဲစခန်းမှ ထုတ်ပြန်စာများ၊ ဆေးကုသမှု မှတ်တမ်းများ၊ နစ်နာသူများ၏ ထွက်ဆိုချက်များနဲ့ သက်ဆိုင်ရာ ရန်ပွဲမှတ်တမ်းများ အားလုံး ပါဝင်သည်။

ချင်းယုကျီး ရန်ဖြစ်ခဲ့သည့် လူတိုင်းက လူကောင်းတွေ မဟုတ်ကြပါ။ ထို့ကြောင့် ချင်းယုကျီးက အကြောင်းပြချက် ကောင်းကောင်းဖြင့် ရန်ဖြစ်တာဟုပင် ဆိုနိုင်သည်။

အထူးသဖြင့် ရှုထျန်းဖေး၏ သား ၂ ယောက်ကိစ္စမှာ အနိုင်ကျင့်ခံရသည့် မိန်းကလေး အတန်းဖော်တစ်ယောက်အတွက် ချင်းယုကျီး ကလဲ့စား ချေပေးခဲ့တာဖြစ်သည်။ ထိုအမှုလည်း တရားရုံးအထိ ရောက်သွားခဲ့သည်။ ထိုအမှုပါ ဗီဒီယိုထဲမှာ ပါဝင်ပါသည်။

ဒီလို လူယုတ်မာမျိုးကို ချင်းယုကျီး ဆုံးမထားတာကို မြင်ပြီး Netizen အများစုက ချင်းယုကျီးအား ကျောင်းမထုတ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ထောက်ခံကြပါသည်။ သူ့လိုလူမျိုးကို ဆုတောင် ချီးမြှင့်သင့်သည်ဟု တချို့က အကြံပေးကြသည်။

[ရန်ဖြစ်တာ မကောင်းပေမယ့် ဒီလို အယုတ်တာကောင်မျိုးကို ဆုံးမဖို့က တခြားနည်းလမ်းမှ မရှိတာ]

[လခွီးပဲ။ ငါသာဆို ဒင်းကို ဒီ့ထက်ပိုနာအောင် ဆုံးမခဲ့မှာ!]

[အဲ့တာ ယောက်ျားပီသတဲ့ လုပ်ရပ်ပဲ။ ကျောင်းရဲ့ ဆုံးဖြတ်ချက်ကို ငါထောက်ခံတယ်။ ဘာအပြစ်မှ မပေးသင့်ဘူး]

[ဒီလိုဆိုရင် ဟိုဆရာမက ရည်ရွယ်ချက်ရှိရှိ နာမည်ဖျက်တာပေါ့။ တကယ့် ပြဿနာအစစ်ကို မပြောဘဲ ချင်းမိသားစုကို နာမည်ဖျက်ဖို့ပဲ အာရုံများနေခဲ့တာ]

[ငါလည်း အဲ့ကျောင်းမှာပဲတက်တာ။ အဲ့ဆရာမက စာညံ့တဲ့ ကျောင်းသားတွေကိုဆို တကယ် အထင်သေးတယ်။ ငါ့အတန်းထဲက ကျောင်းသားတစ်ယောက်ကို ရိုက်နေတဲ့ ဗီဒီယို ငါ့ဆီမှာ ရှိတယ်]

ဒီအဖြစ်အပျက်ကြောင့် ရှုယန်ဖျင် မျှော်လင့်ထားခဲ့သလိုပဲ ဟွာချန့်မြို့က နယ်ပယ်ပေါင်းစုံ၏ အာရုံစိုက်မှုကို ရရှိခဲ့ပါသည်။

သို့သော်လည်း ရလဒ်က ရှုယန်ဖျင် မျှော်လင့်ထားခဲ့တာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေသည်။

အပြစ်ပေးခံရတော့မည့်လူက ချင်းယုကျီးမဟုတ်ဘဲ သူမကိုယ်တိုင် ဖြစ်သွားလေသည်။

… … …

All Chapters