← Chapters

အခန်း (၅၃၈+၅၃၉)

Vol. 22 Ch. 538+539

အခန်း (၅၃၈+၅၃၉)

Vol. 22 Ch. 538+539

အခန်း(၅၃၈) ကြံရာမရ ရူးသွပ်သော လုပ်ရပ်

ကောလဟာလတွေ လွှင့်ခဲ့တာကြောင့်ကော၊ ကျောင်းသားမိဘများ၏ တိုင်ကြားမှုတွေကြောင့်ကော ရှုယန်ဖျင်ကို အလုပ်ထုတ်ဖို့ ကျောင်း စီမံခန့်ခွဲရေးအဖွဲ့က ဆုံးဖြတ်ခဲ့ပါသည်။

ကျောင်းတော်က တရားဝင်ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားသည့် အချက်များရှိသည်။

ရှုယန်ဖျင်က ဆရာမတစ်ယောက်အနေဖြင့် သင်ကြားနိုင်စွမ်းရှိသော်လည်း ကျောင်းသားတွေအပေါ် ဘက်လိုက်၊ ခွဲခြားဆက်ဆံမှုရှိသည်။

ထို့အပြင် မလိမ္မာသည့် ကျောင်းသားတွေကို ဆုံးမသည့်နေရာမှာလည်း ခြေပါလက်ပါ လွန်လွန်ကြူးကြူး ဆုံးမခဲ့သည့် ရာဇဝင်လည်း ရှိသည်။

အနှစ်ချုပ်အားဖြင့်ဆိုရသော် ရှုယန်ဖျင်က ချို့ယွင်းချက်ရှိသည့် ဆရာမတစ်ယောက်ဖြစ်သည်။ စိတ်ခံစားချက် ပြင်းထန်လွန်းသဖြင့် ကျောင်းဆရာမလုပ်ဖို့ မသင့်တော်ပေ။

ရှုယန်ဖျင် အလွန်အံ့အားသင့်သွားခဲ့ရသည်။

ဘာကြောင့် သူမကို အလုပ်ထုတ်လိုက်တာလဲ! ကျောင်းကနေ ထုတ်ပယ်သင့်တာ ချင်းယုကျီးကိုလေ!‌ေ

ကျောင်းစီမံခန့်ခွဲရေးအဖွဲ့ကို အထွန့်တက်ဖို့ ရှုယန်ဖျင် ကြိုးစားသေးသည်။ သို့သော်လည်း ကျောင်းလုံခြုံရေးက သူမကို မောင်းထုတ်ခဲ့ပါသည်။

တခြားရွေးချယ်စရာမရှိတော့သဖြင့် ချင်းမိသားစုကိုသာ အပြစ်ပုံချဖို့ ရှုယန်ဖျင် ဆုံးဖြတ်လိုက်သည်။

သူမကို ဒီလိုဖြစ်အောင်လုပ်ခဲ့တာ ချင်းမိသားစုဖြစ်သည်။ ထို့ကြောင့် သူတို့နဲ့ စာရင်းရှင်းရမှ ဖြစ်ပါမည်။

ချင်းမိသားစု အိမ်စေတွေကလည်း ရှုယန်ဖျင်ကို အိမ်ထဲ လုံးဝ ဝင်ခွင့်ပေးမှာ မဟုတ်ပါ။ ထို့ကြောင့် ရှုယန်ဖျင်တစ်ယောက် ခြံရှေ့ကသာ အော်ဟစ်သောင်းကျန်းနိုင်လေသည်။

“ချင်းမိသားစုကဟာတွေ အကုန်အပြင်ထွက်ခဲ့စမ်း! ပိုက်ဆံချမ်းသာတာကို အသုံးချပြီး ငါကို အလုပ်ပြုတ်အောင် လုပ်တဲ့ဟာတွေ! မျိုးမစစ်တွေ!”

ရှုယန်ဖျင် အော်ဟစ်ဆဲဆိုရင်း ခြေထောက်ကလည်း ချင်းအိမ်တော်ခြံတံခါးကြီးကို ကန်ကျောက်နေပါသည်။

မူကြိုဆင်းသောအခါ စူစူလေးကို ဘော်ဒီဂတ်များက ကျောင်းကြိုပြီး အိမ်ပြန်ခေါ်လာခဲ့သည်။

ရှုယန်ဖျင်ကို မြင်သောအခါ စူစူလေး မျက်နှာ စူပုပ်ခက်ထန်သွားသည်။

ရှုယန်ဖျင်လည်း စူစူလေးကို မြင်ပါသည်။ သူမကို ရေထဲပစ်ချခဲ့တဲ့ ကလေးမလေးမဟုတ်လား။

“လူဆိုးမကြီး ငါ့အိမ်မှာ ဘာလုပ်နေတာလဲ”။ စူစူလေးက ခါးထောက်လျက် မေးလိုက်သည်။

“နင့်မိဘတွေကို သွားခေါ်လာခဲ့စမ်း”။

“မခေါ်ဘူး။ နင်အခုချက်ချင်း ထွက်သွားစမ်း!”။ စူစူလေးက အမိန့်ပြန်ပေးလိုက်ပါသည်။

သူမ ဖေဖေနဲ့ မေမေ စိတ်ညစ်သွားလို့ မဖြစ်ပါ။

“နင်က ငါခိုင်းတာကို မလုပ်ဘူးဟုတ်လား”။ ရှုယန်ဖျင် ဒေါသပိုကြီးသွားသည်။

“မလုပ်ဘူး!”။ စူစူလေး နှုတ်ခမ်းစူကာ ငြင်းလိုက်ပါသည်။

ရှုယန်ဖျင်ရဲ့ဘေးမှာ မည်းနက်နေသည့် ရောင်ဝါတွေ ထွက်နေမှန်း စူစူလေး မြင်နိုင်ပါသည်။

ထို့ကြောင့် ဒီမိန်းမက လူဆိုးကြီးဖြစ်ကာ မကောင်းတာတစ်ခုခုဖြစ်တော့မှာကို စူစူလေး ကြိုသိသဖြင့် သူမ ဖေဖေနဲ့ မေမေကို ဒီမိန်းမနား ကပ်ခွင့်ပေးလို့ မဖြစ်ပါ။

စူစူလေး၏ မောက်မာသော မျက်နှာကိုမြင်ပြီး ရှုယန်ဖျင် စော်ကားခံရသလို ခံစားမိသွားသည်။

အစကတည်းက ရန်ငြှိုးရှိခဲ့သဖြင့် ရှုယန်ဖျင် ဒေါသအလွန်ပေါက်ကွဲသွားခဲ့သည်။

သူမ အိတ်ကပ်ထဲမှ သစ်သီးလှီးဓားတစ်ချောင်းကို ထုတ်လျက် စူစူလေးကို ရွယ်လိုက်သည်။

“ငါ့ကို ဒီလိုလုပ်ရအောင် နင်တို့ တွန်းအားပေးနေကြတာ! နင်တို့ကြောင့် ငါ့မှာ ဘာမှမရှိတော့ဘူး! အလုပ်လည်း ပြုတ်ပြီ နောက်ထပ် ဘာအလုပ်မှ ရတော့မှာ မဟုတ်ဘူး။ ငါ့ဂုဏ်သိက္ခာပါ ပျက်စီးသွားပြီ။ နင်တို့စကားကို ယုံကြည်နေတဲ့လူတွေကလည်း ငါ့ကို ကျိန်ဆဲနေကြတယ်!”။

ရှုယန်ဖျင်၏ မျက်နှာက အလွန်ကြမ်းကြုတ်နေပြီး ရူးသွပ်ခါနီး လူတစ်ယောက်သဖွယ် ဖြစ်နေသည်။

ရှုယန်ဖျင်၏ လက်ထဲက ဓားကို စူစူလေး မကြောက်ပါ။ သို့သော် ဘေးက ဘော်ဒီဂတ်ကတော့ အလွန်ကြောက်ရွံ့နေပါသည်။

သာမန်အဖွဲ့အစည်းတစ်ခုမှာ လေ့ကျင့်ခဲ့သည့် ဘော်ဒီဂတ်တစ်ယောက် ဖြစ်တာကြောင့် ဓားကိုင်ဆောင်သူတွေနဲ့ မတွေ့ဖူးသလောက် ရှားသည်။ အများအားဖြင့် ဖြစ်လာနိုင်ချေရှိသည့် အန္တရာယ်တွေကို တားဆီးဖို့သာ တာဝန်ယူရတာ ဖြစ်သည်။

စူစူလေး၏ ဘော်ဒီဂတ်ဖြစ်သဖြင့် လစာတွေ အများကြီးရသော်လည်း စူစူလေးကို ကျောင်းပို့ကျောင်းကြို လုပ်ပေးဖို့သာ တာဝန်ရှိခဲ့တာဖြစ်သည်။

“ငါနင့်ကို တကယ် လုပ်မှာ! ချင်းမိသားစု တစ်သက်လုံး နောင်တရသွားအောင် လုပ်ပစ်မယ်!”

ထိုသို့ပြောပြီးနောက် ရှုယန်ဖျင်က စူစူလေးထံ ရူးသွပ်စွာ ပြေးသွားခဲ့သည်။

သူမနဲ့အတူ ချင်းမိသားစုကိုပါ တစ်ပါတည်း ခေါ်သွားဖို့ ဆုံးဖြတ်ထားသည်။

စိတ်ရူးပေါက်နေသည့် ချူးယန်ရှီနဲ့ သူမလက်ထဲက ဓားကိုမြင်သောအခါ ဘော်ဒီဂတ် ဂယောင်ချောက်ချား ဖြစ်သွားလေသည်။

ရှုယန်ဖျင်၏ ဓားက စူစူလေးထံ ‌ရောက်ခါနီးတွင် ဘယ်ကမှန်းမသိဘဲ လူရိပ်တစ်ခု ပေါ်လာခဲ့သည်။

… … …

အခန်း(၅၃၉) အိမ်တော်ထိန်းကျန်း ကူညီပေးခြင်း

လက်ဖဝါးတစ်ဖက်က ရှုယန်ဖျင်၏ လက်ကောက်ဝတ်ကို ရိုက်ချလိုက်ရာ လက်ထဲမှ သစ်သီးဓားပါ လွတ်ကျသွားခဲ့သည်။

ထို့နောက် ရှုယန်ဖျင်၏ လက်ကို ကျောဘက်သို့ပစ်ကာ ဖမ်းချုပ်ထားလိုက်ပြီး ဒူးခေါင်းခွက်ကို ခြေထောက်ဖြင့် ကန်လိုက်ရာ ချက်ချင်းဆိုသလို ဒူးထောက်လျက်သား လဲကျသွားခဲ့ပါသည်။

အဖြစ်အပျက်တွေက မြန်ဆန်လွန်းသဖြင့် အဖမ်းချုပ်မခံရခင် ဘယ်သူ့လက်ချက်လဲဆိုတာတောင် ရှုယန်ဖျင် မမြင်လိုက်ရပါ။

ရှုယန်ဖျင် မဆိုဦးနဲ့ ဘေးက ရပ်ကြည့်နေသည့် ဘော်ဒီဂတ်တောင် ဘာဖြစ်သွားမှန်း မသိလိုက်ချေ။

သို့သော်လည်း အားလုံးပြန်တည်ငြိမ်သွားပြီးနောက် အပြုံးချိုချိုနဲ့ ခပ်ဝဝ လူကြီးတစ်ယောက်ကို အားလုံး မြင်လိုက်ရပါသည်။

အိမ်တော်ထိန်းကျန်းကို မြင်ပြီး စူစူလေး နောက်လှည့်ကြည့်လိုက်ရာ လုကျန်းယွီကိုပါ မြင်လိုက်ရပါသည်။

“ကိုကြီးနဲ့ ဦးလေးကျန်းတို့ ဘာလာလုပ်ကြတာလဲ”။ စူစူလေးက နှုတ်ခမ်းစူနေဆဲဖြစ်ပြီး ချိုမြိန်စွာ မေးလိုက်ပါသည်။

“ဆူညံသံတွေ ကြားလို့ ထွက်ကြည့်တာ”။ လုကျန်းယွီက ပြောလိုက်သည်။

ဒီလိုထွက်ကြည့်လိုက်တာ ကံကောင်းသည်ဟု ဆိုရမည်။

“ဘာမှမဖြစ်ပါဘူး။ သမီးမကြောက်ဘူး”။ စူစူလေးက ပြောလိုက်ပါသည်။

လုကျန်းယွီ၏ ဝှီးချဲက စူစူလေးနား ရောက်လာပြီး နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။ “စူစူလေး မကြောက်တတ်မှန်း ကိုကြီးသိပါတယ်။ ဒါပေမယ့် နောက်တစ်ခါ အရူးမတစ်ယောက်ကို မြင်ရင်၊ အထူးသဖြင့် ဓားကိုင်ထားတဲ့ အရူးမကို မြင်ရင် ခပ်ဝေးဝေးမှာ နေရမယ်နော်။ အန္တရာယ်များတယ်”

စူစူလေးက ခွန်အားကြီးမားသော်လည်း ခန္ဓာကိုယ်ကတော့ ထိခိုက်လွယ်သော သာမန်လူသား ခန္ဓာကိုယ်ဖြစ်သည်။ သူမရဲ့ လက်သီးဆုပ်သေးသေးလေးက ဓားတစ်ချောင်းကို ယှဉ်နိုင်မှာ မဟုတ်ပါ။

“အွန်း”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။

တကယ်တော့ မမလှလှလည်း သူမကို ဒီလို မှာထားဖူးသည်။ ဓားတွေ သေနတ်တွေ ကိုင်ထားသည့် လူတွေနဲ့ ဝေးဝေးမှာ နေဖို့ဖြစ်သည်။

သူမက အရွယ်မရောက်သေးရုံသာရှိသည်။ သူမသာ အရွယ်ရောက်လာလျှင် အရင်ကလောက် စွမ်းအားကြီးသွားပြီး ဒီလို ဓားလေးတွေကို ကြောက်စရာလိုတော့မှာ မဟုတ်ပါ။

“အင်း… လိမ္မာတယ် စူစူလေး”။ လုကျန်းယွီက စူစူလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပါသည်။

သူတို့ စကားပြောနေကြစဉ် ချင်းအိမ်တော် ခြံတံခါးပွင့်သွားပြီး အဘိုးချင်းနဲ့ အဘွားချင်းတို့ ထွက်လာကာ စူစူလေးအား ပြေးဖက်လိုက်ကြသည်။

ဒီနေ့ အဘိုးချင်းနဲ့ အဘွားချင်းတို့ နောက်ဖေးခြံမှာ အလုပ်များနေကြသဖြင့် ရှုယန်ဖျင် ပြဿနာ လာရှာတာကိုတောင် မသိခဲ့ပါ။

သူတို့ သမီးလေး ကျောင်းပြန်လာချိန်ဖြစ်သဖြင့် အိမ်ရှေ့ထွက်ကြိုဖို့ ကြံလိုက်ခါမှ ကြောက်စရာ မြင်ကွင်းကို မြင်လိုက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်စက္ကန့်တောင် မတွန့်ဆုတ်ဘဲ လင်မယားနှစ်ယောက် အိမ်ရှေ့ ပြေးထွက်လာခဲ့ကြပါသည်။

“သမီးလေး။ မေမေ ကြောက်လွန်းလို့ သေတော့မှာပဲ”။ ပုံမှန်ဆို တည်ငြိမ်နေတတ်သည့် အဘွားချင်းလည်း စူစူလေးနဲ့ ပတ်သတ်သည့် ကိစ္စတိုင်းမှာ စိုးရိမ်ပူပန်သွားခဲ့သည်။

“သမီးလေး ဖေဖေ့ကို ကြည့်ခွင့်ပေးပါဦး။ ဘယ်နား နာသွားသေးလဲ”

အဘိုးချင်းက စူစူလေးကို ခေါင်းအစ ခြေအဆုံး စစ်ဆေးကြည့်လိုက်သည်။ ဆံပင်တစ်မွေးတောင် မထိခိုက်ခဲ့မှန်း သေချာမှ အဘိုးချင်း စိတ်အေးနိုင်သည်။

ထို့နောက် အဘိုးချင်းက လုကျန်းယွီနဲ့ အိမ်တော်ထိန်းကျန်းတို့ဘက်သို့လှည့်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။ “သခင်လေးလုနဲ့ အိမ်တော်ထိန်းကျန်းတို့ကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီနေ့ တကယ် အကြွေးတင်သွားပြီ”

အိမ်တော်ထိန်းကျန်းက ပြုံးကာ ပြန်ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး။ ကျုပ်လုပ်နိုင်တာကို လုပ်ခဲ့တာပါ။ သခင်မလေး စူစူ ဘာမှ မထိခိုက်ရင် ပြီးတာပါပဲ”။

အဘိုးချင်းတို့နဲ့ စကားပြောနေသော်လည်း အိမ်တော်ထိန်းကျန်းက ရှုယန်ဖျင်ကို ချုပ်ထားဆဲဖြစ်သည်။

ရှုယန်ဖျင်က အိမ်တော်ထိန်းကျန်း၏ လက်ထဲမှလွတ်အောင် အသည်းအသန် ရုန်းကန်နေလေသည်။

“ငါ့ကိုလွှတ်စမ်း! ငါပြောတာ ကြားလား! လွှတ်လို့ပြောနေတယ်! ခွေးယုတ်တွေ! နင်တို့အကုန်လုံးကို တရားစွဲပစ်မယ်!”။ ခန္ဓာကိုယ်ကို လှုပ်ရှားလို့မရသော်လည်း ပါးစပ်က အကောင်းတိုင်း ရှိနေသေးသည်။

အိမ်တော်ထိန်းကျန်းက အပြုံးမပျက်ဘဲ ရှုယန်ဖျင်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပါသည်။

ထို့နောက် ‘ဂျွတ်’ခနဲ မြည်သံ ထွက်ပေါ်လာသည်။

ရှုယန်ဖျင်လည်း ဝက်တစ်ကောင်လို စူးစူးဝါးဝါး အော်ဟစ်လိုက်ပါသည်။

အိမ်တော်ထိန်းကျန်းက ရှင်းပြလိုက်၏။ “ဒီတစ်ယောက်က ဆူညံလွန်းလို့ သင်ခန်းစာကောင်းကောင်းပေးမှ ဖြစ်မယ်”

ထို့နောက် ရှုယန်ဖျင်၏ လက်နောက်တစ်ဖက်ကို အိမ်တော်ထိန်းကျန်း ဆုပ်ကိုင်လိုက်ပြန်သည်။

ရှုယန်ဖျင် ချောက်ချားကာ မျက်လုံးများ ပြူးသွားခဲ့သည်။ “မ… မလုပ်ပါနဲ့!”

… … …

All Chapters