← Chapters

အခန်း (၅၄၂+၅၄၃)

Vol. 22 Ch. 542+543

အခန်း (၅၄၂+၅၄၃)

Vol. 22 Ch. 542+543

အခန်း(၅၄၂) စူစူလေးရဲ့ ဘော်ဒီဂတ်အသစ် (၂)

“မင်းက… အသက်ပြည့်ပြီလား”။ ကောင်လေးကို အဘိုးချင်း မေးလိုက်သည်။

“၁၆ နှစ်”။ ကောင်လေးက ပြန်ဖြေသည်။

“၁၆ နှစ်ဟုတ်လား။ ဘယ်ဖြစ်ပါ့မလဲ။ ငယ်လွန်းသေးတယ်”။ အဘွားချင်း ကန့်ကွက်လိုက်ပါသည်။

“ကျွန်တော် ဘာလစာမှ မယူဘူး။ အဲ့တာကြောင့် ကလေးအလုပ်သမား ငှားသလို သဘောမထားပါနဲ့”။ ကောင်လေးက ဆိုသည်။

“အဲ့လိုလည်း ဘယ်ဖြစ်မလဲ။ နင်က ငယ်လွန်းသေးတယ်။ အခု ကျောင်းတက်နေရမယ့်အရွယ်လေ။ သေချာနားထောင် ကောင်လေး။ ကျောင်းသွားတက်လိုက်ပါ။ ကျူရှင်လခ ပေးစရာမရှိရင် ငါတို့ ထောက်ပံ့မယ်”။ အဘွားချင်က ဖြောင်းဖြလိုက်သည်။

“ကျွန်တော် တက္ကသိုလ်ဘွဲ့ရပြီးသား”။

“မဟုတ်တာတွေ မပြောပါနဲ့။ နင့်အသက်အရွယ်က အထက်တန်းကျောင်းသားအရွယ်ပဲ ရှိသေးတာကို”။ ဒီကောင်လေး အလုပ်ရဖို့အတွက် ပေါက်ရတွေ ပြောနေတာဟု အဘွားချင်း ထင်သွားပါသည်။

“တကယ် တက္ကသိုလ်ဘွဲ့ရပြီးသားပါ”

ပြောပြောဆိုဆိုနဲ့ ကောင်လေးက သူ့ကျောပိုးအိတ်ထဲမှ ဘွဲ့လက်မှတ်တစ်ခုကို ထုတ်ပြလိုက်ပါသည်။

ဘွဲ့လက်မှတ်ကို မြင်တာနဲ့တစ်ပြိုင်နက် အဘွားချင်း အံ့အားသင့်သွားရသည်။

တကယ်ကြီး တက္ကသိုလ်ဘွဲ့ရပြီးသားပဲ! အသက်က ၁၆ နှစ်ပဲရှိသေးတာကို!

“ပေမူက ဘာလို့ ဘော်ဒီဂတ်လုပ်ချင်ရတာလဲ။ ဒီလို စွမ်းရည်မျိုးနဲ့ဆို တခြားအလုပ်တွေ အများကြီး လုပ်လို့ရရဲ့သားနဲ့”။ အဘွားချင်း နားမလည်နိုင်စွာ မေးလိုက်ပါသည်။

ဘွဲ့လက်မှတ်ပေါ်မှာ ရေးထားသည့် နာမည်က ဟဲပေမူဖြစ်သည်။

ဒီကောင်လေးရဲ့ စွမ်းရည်ကို ကြည့်ခြင်းအားဖြင့် သူတို့ထံမှာ ဘော်ဒီဂတ် လာလုပ်တာထက်သာသည့် အလုပ်တွေအများကြီး လုပ်လို့ ရပါသည်။

“အဲ့တာ ကျွန်တော့်ကိစ္စပါ။ ဘာမှစိတ်ပူစရာမလိုဘူး။ ကျွန်တော့် အလုပ်ချိန်အတွင်း ခင်ဗျားတို့ သမီးကို ကာကွယ်ပေးမယ်လို့ ကတိပေးတယ်။ အနာတရဖြစ်မယ့် ကိစ္စရှိလာတိုင်း ကျွန်တော်ပဲ အနာတရဖြစ်ရမယ်။ သေရမယ်ဆိုရင်တောင် ကျွန်တော်ပဲ ဖြစ်ရမယ်။ ခင်ဗျားတို့ရဲ့ သမီး ဘာမှ မဖြစ်စေရဘူး”

အသက် ၁၆ နှစ်သား၏ စကားလုံးများက အရွယ်နဲ့မလိုက်‌အောင် ပြတ်သားနေပါသည်။

“ဘယ်လို…”။ အဘွားချင်းက အဘိုးချင်းကို ကြည့်ကာ အကူအညီတောင်းလိုက်သည်။

အဘိုးချင်း ဝင်ပြောလိုက်သည်။ “ဒီလိုဆိုရင်ကော။ ငါတို့ သမီးလေး ကျောင်းပြန်လာတဲ့အချိန်ထိ စောင့်ပေးပါလား။ သူ့ကို တွေ့ပြီးမှ ဒီအလုပ်လုပ်ချင်တာ သေချာသေးတယ်ဆိုမှ စကားဆက်ပြောကြတာပေါ့”

“ကောင်းပါပြီ”။ ဟဲပေမူက သဘောတူလိုက်ပါသည်။

--- --- ---

ကျောင်းဆင်းချိန် စူစူလေး အိမ်ပြန်လာသောအခါ ခြံထဲဝင်လာတာနဲ့တစ်ပြိုင်နက် ဟူကျစ် အပြေးအလွှားရောက်လာသည်။

ခုန်ပေါက်နေသည့် ဟူကျစ်ကို သူမ ပွေ့ချီကာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ”

“မြောင်~ မြောင်~ မြောင်!”

ဒီနေ့ ဖြစ်ပျက်ခဲ့သည့်ကိစ္စအကုန်လုံးကို စူစူလေးအား ပြန်ပြောပြလိုက်သည်။

သူတို့ စကားပြောနေစဉ် ဟဲပေမူ ထွက်လာလေသည်။

ဟဲပေမူကို မြင်သောအခါ စူစူလေး မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း သတိကြီးသွားကာ လက်ညှိုးငေါက်ငေါက်ထိုးလျက် အော်လိုက်သည်။ “နတ်ယုတ်မာကောင်!”

ဟဲပေမူလည်း မျက်မှောင်ကြုတ်သွား၏။ ဒီကလေးမလေး သူ့ကို ဘာကြောင့် နတ်ယုတ်မာကောင်ဟု ခေါ်နေသလဲ နားမလည်ပါ။ သူတို့ တစ်ခါမှလည်း မဆုံဖူးကြပေ။

“လူမှားနေပြီ ထင်တယ်”

စူစူလေးက အနားကပ်လာပြီး သေချာ အနံ့ခံလိုက်သည်။

တစ်ခုခုတော့ မူမမှန်ပါ။ နတ်ယုတ်မာကောင်၏ အနံ့ကို ရသော်လည်း ရာနှုန်းပြည့်တော့ မဟုတ်ပေ။

“မှားစရာအကြောင်းမရှိဘူး! နင်က နတ်ယုတ်မာကောင် မဟုတ်ရင်တောင် နတ်ယုတ်မာရဲ့ ဘေးက လူဖြစ်မယ်!”။ စူစူလေးက သေချာစွာ ပြောလိုက်ပါသည်။

အေးတိအေးစက် မျက်နှာဖြင့် ဟဲပေမူ ရှင်းပြလိုက်သည်။ “ငါ ဘာနတ်ယုတ်မာမှ မဟုတ်ဘူး။ နင့်ဘော်ဒီဂတ်အဖြစ် အလုပ်လုပ်ဖို့ လာခဲ့တာ”

“နင်က နတ်ယုတ်မာကောင်ပဲ! ဟွန်း! အသွင်ပြောင်းလိုက်ရုံနဲ့ ငါမမှတ်မိဘူးလို့ မထင်နဲ့နော်!”။ စူစူလေး ခါးထောက်လျက် ပြောလိုက်သည်။

“ပြဿနာ မရှာနဲ့”။ ဟဲပေမူက က‌လေးတွေကို စိတ်မရှည်တတ်ပါ။ သူ့ဆရာပေးထားသည့် တာဝန်ဖြစ်နေတာကြောင့်သာ မဟုတ်လျှင်…

“ဟွန်း! နတ်ယုတ်မာကောင် ကဲဟာ!”

ဟဲပေမူထံ စူစူလေး ပြေးလာသည်။

စူစူလေးက ကလေးတစ်ယောက်ဖြစ်နေသဖြင့် ဟဲပေမူ စိတ်ထဲ သိပ်မထားခဲ့ပါ။ လက်တစ်ဖက်သာ ထုတ်လိုက်ပြီး စူစူလေးကို တားဖို့ ပြင်လိုက်သည်။

သို့သော်လည်း သူ့လက်နဲ့ စူစူလေးကို ထိလိုက်ချိန်မှာ ထင်မှတ်မထားသည့် အရာတစ်ခု ဖြစ်သွားခဲ့သည်။

… … …

အခန်း(၅၄၃) တွေ့တာနဲ့ သတ်ပြီ

စူစူလေး၏ အလွန်ကြီးမားသော ခွန်အားကြောင့် ဟဲပေမူလွင့်ထွက်သွားကာ ပန်းခင်းထဲ ပြုတ်ကျသွားသည်။

နှစ်ပေါင်းများစွာ လေ့ကျင့်ခြင်းတာတွေကြောင့် ဟဲပေမူ နာကျင်မှုကို ကြိတ်ခံကာ ပြန်ထလာနိုင်ခဲ့သည်။ မတ်တပ် ပြန်ရပ်ကာ မျက်နှာပေါ်က မြေမှုန့်တွေကို ခါချလိုက်ပြီး စူစူလေးကို ပြန်ကြည့်လိုက်ပါသည်။

ဒီတစ်ခါတော့ စူစူလေးကို ကြည့်သည့်အကြည့်က အံ့အားသင့်မှုတွေ သတိကြီးမှုတွေနဲ့ ပြည့်နှက်နေသည်။

ဒီကလေးမလေးက ဘာလဲ…။ ဘာလို့ ဒီလောက် သန်မာနေတာလဲ။

ဟဲပေမူ စဉ်းစားလို့ မပြီးသေးခင် စူစူလေးက ထပ်ပြေးလာပြန်သည်။

ဒီတစ်ခါတော့ စူစူလေးကို ဟဲပေမူ အထင်မသေးတော့ပေ။ ပြန်ခုခံဖို့ အသငင့်ပြင်လိုက်သည်။

စူစူလေး၏ တိုက်ကွက်များက အလွန်ရိုးရှင်းသည်။ အတွေ့အကြုံရှိသည့် ဟဲပေမူ အပြည့်အဝ ကာကွယ်နိုင်သော တိုက်ကွက်များဖြစ်၏။

သို့သော်လည်း စူစူလေး၏ ခွန်အားက အလွန်ကြီးမားလွန်းပါသည်။ သူမရဲ့ တိုက်ကွက်တွေကို ဟဲပေမူ ကြိုမြင်နိုင်ရင်တောင် အပြည့်အဝ ခုခံကာကွယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။

စူစူလေးရဲ့ ထိုးချက်တွေကို အတတ်နိုင်ဆုံး မထိအောင် ရှောင်ဖို့သာ ဟဲပေမူ ကြိုးစားနေရသည်။

စူစူလေးကလည်း အလျှော့မပေးဘဲ သူမရဲ့ လက်သီးဆုပ်လေးများနဲ့ အဘက်ဘက်မှ ထိုးနှက်နေသည်။

စူစူလေး၏ လက်သီးချက်များကို ရှောင်ရှားရင်း ဟဲပေမူ မျက်မှောင်ကြုတ်သွားသည်။

ဒီလိုအခြေအနေမျိုး သူတစ်ခါမှ မကြုံဖူးပါ။

ရန်သူပေါင်းများစွာကို သူ ရင်ဆိုင်ခဲ့ဖူးသော်လည်း ၃ နှစ်ခွဲအရွယ် ကလေးတစ်ယောက်နဲ့ သတ်ပုတ်ဖူးတာကတော့ ဒါပထမဆုံးအကြိမ်ဖြစ်သည်။

သူ ပြန်မတိုက်ခိုက်နိုင်ပါ။ သို့သော် ပြန်မတိုက်ခိုက်လျှင်လည်း သူမ သတ်တာကို ခံရနိုင်သည်။

ဟာသပြောတာ မဟုတ်ပေ။ ဒီကလေးမလေးရဲ့ ခွန်အားက သူများကို သတ်ဖို့လုံလောက်သည်။

အချိန်အတော်ကြာ ခုခံပြီးနောက် ဟဲပေမူ ခြေကုန်လက်ပမ်းကျသွားခဲ့သည်။

“ဟွန်း! နတ်ယုတ်မာကောင်! အဲ့တာ ငါ့ကို ကန်လို့ ကလဲ့စား ပြန်ချေတာ! အခုနင့်ကို ပြန်ကန်ပြမယ်!”။ စူစူလေး ပွစိပွစိပြောကာ ဟဲပေမူထံ ပြေးလာပြန်သည်။

ထို့နောက် ခြေထောက်ဖြင့် ကန်ထည့်လိုက်သည်။

ဟဲပေမူ ရှောင်ရှားနိုင်လိုက်သော်လည်း သူမတ်တပ်ရပ်နေခဲ့သည့် နေရာကို ပြန်ကြည့်လိုက်သည်။

အသက် ၃ နှစ်ခွဲအရွယ် ကလေးမလေး မ,တောင် မ,မနိုင်လောက်သည့် ကျောက်တုံးကြီးတစ်တုံးမှာ စူစူလေးရဲ့ ကန်ချက်ကြောင့် ၇ စိပ်၊ ၈ စိပ်လောက် ကွဲထွက်သွားလေသည်။

ဒါဘယ်လို မကောင်းဆိုးဝါးမျိုးလဲ။

သူအကြံတစ်ခုခု မထုတ်လျှင် ဒုက္ခများတော့မှာကို ဟဲပေမူ သိလိုက်သည်။

ထိုအချိန်မှာပင် စစ်ကူတွေ ရောက်လာခဲ့ပါသည်။

“သမီးလေး! မလုပ်နဲ့ သမီးလေး! သူက လူဆိုး မဟုတ်ဘူး!”

အဘိုးချင်းနဲ့ အဘွားချင်းတို့ အိမ်အပြင် အသည်းအသန်ပြေးထွက်လာကြသည်။

“စူစူလေး မလုပ်နဲ့!”။

ကျန်းယွီနဲ့ အိမ်တော်ထိန်းကျန်းတို့လည်း ရောက်လာကြသည်။ စူစူလေး ကျောင်းဆင်းချိန်ရောက်ပြီဖြစ်သဖြင့် အခြေအနေ လာကြည့်ကြတာဖြစ်သည်။

ခြံထဲဝင်လိုက်တာနဲ့ တစ်ပြိုင်နက် စူစူလေးနဲ့ ဟဲပေမူတို့ သတ်ပုတ်နေကြတာကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းက ကြောက်စရာ ကောင်းလွန်းပါသည်။

စူစူလေးလည်း ရပ်တန့်လိုက်ပြီး သူမထံပြေးလာသည့် လူတွေကို လှည့်ကြည့်လိုက်သည်။

“သမီးလေး။ ဒီကောင်လေးက သမီးလေးရဲ့ ဘော်ဒီဂတ်လုပ်ပေးဖို့ ရောက်လာတာ။ သမီးကိုကြီးနဲ့ အိမ်တော်ထိန်းကျန်းတို့ ရှာပေးထားတဲ့လူလေ။ အိမ်ထဲ ခိုးဝင်တဲ့ လူဆိုး မဟုတ်ပါဘူး”။ အဘိုးချင်း အမြန် ရှင်းပြလိုက်ရသည်။

“ဒါပေမယ့် သူ့ဆီက နတ်ယုတ်မာကောင်ရဲ့ အနံ့ရတယ်!”။ စူစူလေး ပြောလိုက်သည်။

“မြောင်! မြောင်!”။ ဟုတ်တယ်! ဟုတ်တယ်! နတ်ယုတ်မာကြီးမဟုတ်ရင်တောင် နတ်ယုတ်မာကြီးရဲ့ တပည့် ဖြစ်ရမယ်!

ဟူကျစ်က ထောက်ခံလိုက်ပါသည်။

နတ်ယုတ်မာကောင်ရဲ့အနံ့ဟုတ်လား…။

စူစူလေး၏ အဖြေကြောင့် လူကြီးတွေ မှင်သက်သွားကြသည်။

အဘိုးချင်းက မေးလိုက်၏။ “သမီးလေးက ဒီအစ်ကိုကြီးကို မြင်ဖူးလို့လား”

စူစူလေး ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ခေါင်းပြန်ခါလိုက်၏။ မြင်လည်းမြင်ဖူးသလို မမြင်လည်း မမြင်ဖူးပါ။

ခေါင်းငြိမ့်ပြီး ခေါင်းခါတာ ဘယ်လိုအဖြေမျိုးလဲ…။ မြင်ဖူးတာလား မမြင်ဖူးတာလား…။

အိမ်တော်ထိန်းကျန်းက ဝင်ရှင်းပြလိုက်ပါသည်။ “သခင်မလေးစူစူ တစ်ခုခုမှားနေတာများလား။ လူတွေဘာတွေ မှားတာ မဖြစ်နိုင်ဘူးလား။ အဲ့တာ ကျုပ်ရဲ့ တပည့်ပါ။ သူဒီနေ့မှ ဟွာချန့်မြို့ကို ပထမဆုံး ရောက်ဖူးတာ”

“စူစူလေး သူ့ကို မြင်ဖူးတာ မဖြစ်နိုင်ဘူးနော်”။ ကျန်းယွီကလည်း ထောက်ခံသည်။

ဟွာချန့်မြို့ကို ဟဲပေမူ တစ်ခါမှ မရောက်ဖူးမှန်း ကျန်းယွီလည်း သေချာသိပါသည်။ ထို့အပြင် စူစူလေးကလည်း ဟွာချန့်မြို့မှ တစ်ခါမှ မထွက်ဖူးသဖြင့် သူတို့ ၂ ယောက် ဆုံဖူးတာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

… … …

All Chapters