← Chapters

အခန်း (၅၆၅+၅၆၆)

Vol. 23 Ch. 565+566

အခန်း (၅၆၅+၅၆၆)

Vol. 23 Ch. 565+566

အခန်း(၅၆၅) လူယုတ်မာအတွက် အပြစ်ဒဏ် (၂)

ချူးဟမ့် မှင်သက်သွားသည်။

ဘာဖြစ်သွားတာလဲ။ ခုနက သူ့ကို ဘယ်သူပစ်ပေါက်လိုက်တာလဲ။

မျက်လုံးပြူးလျက် တံခါးဝဆီကို လှမ်းကြည့်လိုက်သည်။ ဝှီးချဲပေါ်မှာထိုင်နေသည့် လုကျန်းယွီနဲ့ နူးညံ့ပြီး ချစ်ဖို့ကောင်းသော စူစူလေးတို့ ၂ ယောက်သာ ရှိသည်။

နှစ်ယောက်စလုံးက ကြောက်စရာ မကောင်းလှပါ

ရှန်းဝူရွှင်းလည်း အံ့အားသင့်သွားသည်။ သူမကတော့ ထင်ထင်ရှားရှား မြင်လိုက်ရသဖြင့် စူစူလေး၏ လက်ချက်ဖြစ်မှန်း သိနေပါသည်။

ထိုကလေးမလေးက သူမရဲ့ လက်သေးသေးလေးများနဲ့ ခြေထောက်ကို ပွေ့ဖက်လိုက်ပြီး ချူးဟမ့်ကို ကုတင်ပေါ်သို့ ပစ်ပေါက်လိုက်ခြင်းဖြစ်သည်။

ဒီလိုကလေးမလေးက ဘာကြောင့် ဒီလောက် ခွန်အားကြီးနေရတာလဲ.

ရှန်းဝူရွှင်း အတွေးများနေစဉ် ကုတင်ပေါ် လဲကျသွားသော ချူးဟမ့်တစ်ယောက် ပြန်ထဖို့ ပြင်လိုက်သည်။

ထိုစဉ် စူစူလေးက အခန်းထဲရှိ ထိုင်ခုံတစ်လုံးကို ပြေးမကာ ချူးဟမ့်၏ ရင်ဘတ်ပေါ် ဖိထားလိုက်ပြီး ကုတင်ပေါ် ပြန်လဲကျသွားအောင် လုပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် စူစူလေးက ဘေးမှာ မတ်တပ်ရပ်လိုက်ပြီး ချူးဟမ့်ကို သတိပေးလိုက်ပါသည်။ “မလှုပ်နဲ့နော်!”

ချူးဟမ့်က စူစူလေးစကားကို နားထောင်ဖို့ စိတ်ကူးမရှိဘဲ ထိုင်ခုံကို တွန်းထုတ်ဖို့ ကြိုးစားပါသည်။ စူစူလေးကလည်း ထိုင်ခုံကို အားနည်းနည်းသုံးကာ ထပ်ဖိထားလိုက်သည်။

သူမရဲ့ လက်ချောင်းလေးနဲ့ ထိုင်ခုံကို ပါးပါးလေးသာ ဖိလိုက်တာဖြစ်သည်။

“အား… အား!!’

ချူးဟမ့် ငယ်သံပါအောင် အော်ဟစ်လိုက်မိပါသည်။

စူစူလေးက လက်ချောင်းလေးကို ပြန် မ,လိုက်မှ ချူးဟမ့်အော်သံ ရပ်သွားသည်။

ချူးဟမ့် အသိစိတ်ပြန်ကပ်သွားပြီး စူစူလေးကို ကြောက်လန့်တကြား ကြည့်လိုက်ပါသည်။

အရုပ်လေးလို နူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့ ဒီကလေးမလေးက မိစ္ဆာဆန်တဲ့လုပ်ရပ်တွေ လုပ်နေတာပါလား…။

“မသာမလေး နင်ဘာဖြစ်ချင်နေတာလဲ!”။ ချူးဟမ့်က ကျိန်ဆဲကာ မေးလိုက်သည်။

“နင့်ကို သွားခွင့်မပေးနိုင်ဘူး!။ ကိုကြီးရဲ့ ဒေါ်လေးက အခုမှ နင့်လက်က လွတ်တာ။ နင့်ကို ပြန်ဖမ်းခွင့် မပြုနိုင်ဘူး!”

စူစူလေးက ခါးထောက်ကာ ကြွေးကြော်လိုက်ပါသည်။

“သူက ငါ့မိန်းမလေ! ငါ့ဖာသာငါ ဘာလုပ်လုပ် နင်နဲ့ဘာဆိုင်လဲ”။ ချူးဟမ့် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

ဒီကလေးမလေး ဘယ်ကရောက်လာတာလဲ!

“သူက နင့်မိန်းမဆိုရင် ဘာလို့ အော်ဟစ်ပြီး စကားပြောတာလဲ။ ကိုယ့်မိန်းမကိုယ် မအော်ရဘူးလေ! မိန်းမကို ချစ်ရင် အလိုလိုက်ရမယ်၊ ဒေါသထွက်အောင် မလုပ်ရဘူး၊ ငိုအောင် မလုပ်ရဘူးလို့ ဖေဖေက ပြောတယ်”။ စူစူလေးက ဆုံးမလိုက်ပါသည်။

“နင်ရူးနေလား! ငါ့မိန်းမနဲ့ငါနဲ့ ပြဿနာဖြစ်တာ ဘာလို့ ကြားဝင်ရှုပ်နေရတာလဲ”။ ချူးဟမ့် ဒေါသအလွန်ထွက်နေပါပြီ။

“သူက ကိုကြီးရဲ့ ဒေါ်လေးမို့လို့လေ! ပြီးတော့ ငါ့ကိုလည်း အရသာရှိတဲ့အစားအသောက်တွေ ကျွေးဖူးတယ်! အဲ့တာကြောင့် ကျေးဇူးပြန်ဆပ်တာ”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။

‘ကျေးဇူးပြန်ဆပ်တာ’ဟူသည့်စကားကို စူစူလေးအား အဘိုးချင်းနဲ့အဘွားချင်းတို့မှ အစောကြီးကတည်းက သင်ပေးထားခြင်းဖြစ်သည်။

ထိုသို့ပြောပြီးနောက် စူစူလေး ထိုင်ခုံကို ခြေထောက်ဖြင့် နင်းချလိုက်သည်။

ထိုင်ခုံက ချူးဟမ့်၏ ခန္ဓာကိုယ်ပေါ်မှာ ပိနေတာဖြစ်သဖြင့် ထိုင်ခုံပေါ် နင်းချလိုက်ခြင်းက ချူးဟမ့်၏ ခန္ဓာကိုယ်ပေါ် နင်းချလိုက်တာနဲ့ အတူတူပဲ ဖြစ်သည်။

“အား…!”။ ချူးဟမ့် နံရိုးတွေ ကျိုးမတတ် ခံစားလိုက်ရသည်။

ချူးဟမ့်၏ အော်သံတွေကို ကြားပြီး ရှန်းဝူရွှင်း အစက မှင်သက်နေခဲ့သော်လည်း နောက်တော့ အူတက်အောင် ရယ်မောလိုက်မိပါသည်။

သခင်လေး လုကျန်းယွီနဲ့ ဒီကလေးမလေးက အလွန်စိတ်ဝင်စားဖို့ ကောင်းသည်။

အထူးသဖြင့် ဒီကလေးမလေးက ပိုစိတ်ဝင်စားဖို့ ကောင်းပါသည်။ လူယုတ်မာ ချူးဟမ့်တစ်ယောက် ထိုကလေးမလေး အောက်မှာ ပြားပြားဝပ်နေတာကို မြင်ရတာ အလွန်အူမြူးစရာ ကောင်းသည်။

ကြမ်းလည်းကြမ်း ချစ်ဖို့လည်းကောင်းတဲ့ ဒီကလေးမလေး ဘယ်ကရောက်လာတာလဲ။

ချူးဟမ့် အသက်ဝဝ ပြန်ရှူနိုင်ဖို့ မနည်းကြိုးစားလိုက်ရသည်။ “နင့်… နင့်မိဘတွေ ဘယ်မှာလဲ။ ငါနင့်ကို စကားမပြောဘူး… နင့်မိဘတွေနဲ့ စကားပြောမယ်… ခေါ်ခဲ့စမ်း”

ချူးဟမ့်၏ အသံက တဖြည်းဖြည်း အားလျော့လာပါပြီ။ ထို့အပြင် စူစူလေး ဒေါသထပ်ထွက်သွားမှာ စိုးရိမ်သဖြင့် စကားကိုလည်း ထိန်းပြီး ပြောနေရသည်။

“မပြောပြဘူး! ပြီးတော့ ထပ်မအော်နဲ့နော်! အော်ရဲအော်ကြည့် ကုတင်အောက်မှာ တက်ဖိပစ်မယ်!”။ စူစူလေး ခြိမ်းခြောက်လိုက်သည်။

… … …

အခန်း(၅၆၆) လူယုတ်မာအတွက် အပြစ်ဒဏ် (၃)

ဟူးကျစ် ကြက်သီးမွေးညှင်းများ ထသွား၏။

ခုနက စူစူလေး လုပ်ခဲ့တာတွေကို ကြည့်ခြင်းအားဖြင့် သူ့ကို ကုတင်အောက်မှာ တက်ဖိပစ်မည်ဟု ခြိမ်းခြောက်တာက အပြောသက်သက် မဖြစ်နိုင်ပေ။

စူစူလေးကို ပြောလို့ဆိုလို့မရတော့သဖြင့် လုကျန်းယွီကိုသာ ချူးဟမ့်အကူအညီ လှမ်းတောင်းလိုက်ရသည်။ “ကျန်းယွီ။ မင်းဒေါ်လေးနဲ့ ငါနဲ့ကြားမှာ ဖြစ်ခဲ့တာက နားလည်မှုလွဲသွားတာပါ။ ငါသွားရှင်းပြလို့ ရအောင် လွှတ်ပေးပါလားကွာ”

“ကျွန်တော့် ဒေါ်လေး လိုအပ်နေတာ ခင်ဗျားဆီက ဖြေရှင်းချက်မဟုတ်ဘူး။ ခင်ဗျားနဲ့ ဝေးဝေးနေဖို့ လိုအပ်နေတာ”။ လုကျန်းယွီက သွေးအေးစွာ ပြောလိုက်ပါသည်။

“ကျန်းယွီ မင်းဒေါ်လေးနဲ့ ငါနဲ့ ၂ နှစ်ကျော်ကြာအောင် ပေါင်းသင်းလာခဲ့တာ။ ငါမင်းဦးလေး ဖြစ်လာတာလည်း ၂ နှစ်ကျော် ကြာနေပြီလေ။ ငါတို့ လင်မယားဆက်ဆံရေးက အမြဲတမ်း ကောင်းခဲ့တာပါ။ ဒီနေ့လို အသေးအဖွဲ ပြဿနာလေး တစ်ခုကြောင့် မင်းဒေါ်လေး တစ်သက်လုံး ပျော်ရွှင်မှုဆုံးရှုံးရမှာ မင်းကြည့်ရက်လို့လား”။ ချူးဟမ့်က ဆိုသည်။

လုကျန်းယွီက ကလေးတစ်ယောက်ဖြစ်သဖြင့် ဒီနေ့ဖြစ်ပျက်ခဲ့သည့် ပြဿနာများအတွက် သူ့ကို ခွင့်လွှတ်ပေးဖို့ လှည့်စားနိုင်မည်ဟု ချူးဟမ့် ထင်နေသည်။

“အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ ပေါက်ရတဲ့အထိဖြစ်မလာခင် အစောကြီးကတည်းက ပြုပြင်သင့်တယ်လို့ အဘိုးက သင်ပေးဖူးတယ်။ အဲ့ဒီစကားက အခုချိန်မှာ ကျွန်တော့်ဒေါ်လေးအတွက် အသင့်တော်ဆုံးပဲ”။ လုကျန်းယွီ ပြန်ပြောလိုက်သည်။

“မဟုတ်ဘူး… လုကျန်းယွီ… ဒီကိစ္စက ဒီတိုင်း နားလည်မှုလွဲတာပါ! လူကြီးတွေကြားထဲ ဒီလို နားလည်မှုလွဲတာက ခဏခဏ ဖြစ်တတ်တယ်။ ဒီတိုင်း သေချာရှင်းပြဖို့ပဲ လိုအပ်တာ! မင်းငါ့ကို အခုလို ပိတ်ပင်ထားရင် မင်းအဒေါ် နားလည်မှုလွဲတာ ပိုကြီးသွားမယ်နော်!”

“သေချာရှင်းမပြတာ အကောင်းဆုံးဖြစ်မယ်ထင်တယ်”။ လုကျန်းယွီ အေးအေးလူလူ ပြန်ပြောလိုက်ပါသည်။

“ကျန်းယွီ မင်းသေချာစဉ်းစားစမ်းပါ!”။ ချူးဟမ့် အံ့အားသင့်မိပါသည်။ ဒီကလေးစုတ် ၂ ယောက်စလုံးက ဘာလို့ ဒီလောက် ပြောရခက်နေရတာလဲ။

“ကျွန်တော် သေချာစဉ်းစားပါတယ်”

ပြောပြောဆိုဆိုနဲ့ လုကျန်းယွီက ကုတင်ဘေးသို့ ရောက်လာသည်။ ထို့နောက် ချူးဟမ့်အပေါ်ဖိထားသည့် နီညိုရောင် သစ်သားထိုင်ခုံကြီးကို ကြည့်လျက် စူစူလေးအား ပြောလိုက်ပါသည်။ “စူစူလေး ကိုကြီးကို ရေချိုးခန်းထဲက ရေအေးနည်းနည်းလောက် သွားယူပေးပါလား”

“ရေအေးဟုတ်လား။ ကိုကြီး ရေဆာလို့လား။ ရေသောက်ချင်ရင် ရေသန့်ဘူးသောက်တာ ပိုကောင်းတယ်လေ”။ စူစူလေးက မေးလိုက်ပါသည်။

“မဟုတ်ဘူး ဒီလူ့ခေါင်းပေါ် လောင်းချချင်လို့”။ လုကျန်းယွီ ရှင်းပြလိုက်လေသည်။

“အဲ့တာဆို ရေတွေ အလကားဖြစ်မသွားဘူးလား”

သူမက ရေကိုပါ ချွေတာတတ်သည့် လူလိမ္မာလေး မဟုတ်လား။

ဒါကိုကြားတော့ ရှန်းဝူရွှင်းက ရုတ်တရက် ဝင်ပြောလိုက်ပါသည်။ “ရေဖြုန်းတီးစရာ မလိုတဲ့ နည်းလမ်းရှိတယ်။ ငါသွားယူပေးမယ်”

ထို့နောက် ရှန်းဝူရွှင်း ရေချိုးခန်းထဲဝင်သွားပါသည်။ ခဏကြာတော့ ရေအပြည့်ဖြည့်ထားသည့် ဖန်ခွက်တစ်ခွက်နဲ့ ပြန်ထွက်လာသည်။

“နည်းလွန််းတယ်”။ လုကျန်းယွီက ဆိုသည်။

“ဒီလောက်နဲ့ပဲ ကျေနပ်ရမှာပဲ။ အိမ်သာခွက်ထဲမှာ ဒီလောက်ပဲ ရှိတယ်။ ဒီ့ထက် များအောင် ခပ်ဖို့က ခက်တယ်”။ ရှန်းဝူရွှင်း ရှင်းပြလိုက်ပါသည်။

“အိမ်သာခွက်ထဲက ခပ်လာတာလား”

“ဟုတ်တယ်။ အဲ့တာဆို ရေဖြုန်းတီးရာ မကျတော့ဘူးလေ”။ ရှန်းဝူရွှင်းက မိစ္ဆာဆန်သော အပြုံးဖြင့် ပြန်ပြောလိုက်ပါသည်။ “ဖန်ခွက်ဖိုး ငါပြန်လျော်မှာပါ စိတ်မပူပါနဲ့”

အခုချိန်မှာ ညစ်ပတ်သွားသည့် ဖန်ခွက်ထက် ရှန်းဝူရွှင်း၏ လုပ်ရပ်ကို လုကျန်းယွီ ပိုစိတ်ပူနေတာဖြစ်သည်။

“ဒါဆို သူ့ခေါင်းပေါ် လောင်းချလိုက်တော့”။ လုကျန်းယွီက ဆိုသည်။

“ခေါင်းပေါ် လောင်းချရမယ်ဟုတ်လား။ သောက်ခိုင်းတာ ပိုမကောင်းဘူးလား!”။ ရှန်းဝူရွှင်းက အားတက်သရော အကြံပေးလိုက်သည်။

“သူ့ကို အိမ်သာခွက်ထဲကရေ သောက်ခိုင်းမလို့လား”

လုကျန်းယွီ စဉ်းစားနိုင်သည့် နှိပ်စက်နည်းတွေထဲ ခေါင်းပေါ်ရေလောင်းချတာက အရက်စက်ဆုံး နည်းလမ်းဖြစ်သည်။

သို့သော် ရှန်းဝူရွှင်း၏ နည်းလမ်းနဲ့ယှဉ်လိုက်ပါက သူ့နည်းလမ်းက ကလေး ကစားစရာလောက်သာ ရှိတော့သည်။

ရှန်းဝူရွှင်းက ပြုံးလျက် အာမခံလိုက်ပါသည်။ “ငါ့ကို ယုံစမ်းပါ။ ဒီနယ်ပယ်မှာ ငါက ပိုအတွေ့အကြုံရှိတယ်”

မှန်တော့မှန်ပါသည်။ လုကျန်းယွီနဲ့ စူစူလေးတို့၏ အသက်ကိုပေါင်းလိုက်ပါက ရှန်းဝူရွှင်း၏ အသက် ၃ ပုံ ၁ ပုံပင် မရှိပါ။

“သဘောပါပဲ” လုကျန်းယွီ သဘောတူလိုက်ပါသည်။

ရှန်းဝူရွှင်းက ကုတင်ဘေးနားသို့ လျှောက်သွားလိုက်သည်။

လွန်ခဲ့သည့် ၁၀ မိနစ်လောက်ကမှ သူ့ကို ညှို့ယူဆွဲဆောင်ဖို့ ကြိုးစားခဲ့သော်လည်း အခုတော့ အိမ်သာခွက်ထဲက ရေကို အတင်းလာတိုက်နေသည့် ထိုအမျိုးသမီးအား ချူးဟမ့် မော့ကြည့်လိုက်ပါသည်။

ချူးဟမ့် ကြောက်လန့်တကြား အော်ဟစ်လိုက်၏။ “မလုပ်ပါနဲ့! စီအီးအိုရှန်း ငါတို့ ဘာရန်ငြှိုးရန်စ ရှိလို့ ဒီလိုတွေ လုပ်နေရတာလဲ!”

… … …

All Chapters