← Chapters

အခန်း (၅၇၃+၅၇၄+၅၇၅)

Vol. 23 Ch. 573+574+575

အခန်း (၅၇၃+၅၇၄+၅၇၅)

Vol. 23 Ch. 573+574+575

အခန်း(၅၇၃) စီးပွားရေးနဲ့ ပတ်သတ်လာရင် ဘာမှ အသုံးမကျဘူး

လီထိုက်ဟိုတည်မှ ပြန်လာပြီးနောက် ချူးဟမ့်နဲ့ ကွာရှင်းဖို့ လင်းယုရှန်း စီစဉ်သည်။

အမှန်ပင်။ ချူးဟမ့်က ကွာရှင်းပေးဖို့ စိတ်ကူးမရှိပါ။ လင်းယုရှန်းနဲ့ သွားတွေ့ချင်သော်လည်း သူမက တွေ့ခွင့်မပေးဘဲ အိမ်တော်ထိန်းကျန်းမှတဆင့် စကားပါးခိုင်းလိုက်ခြင်းဖြစ်သည်။

ချူးဟမ့် အလွန်စိတ်ရှုပ်သွားသည်။ ကွာရှင်းဖို့ ကိစ္စကို အတတ်နိုင်ဆုံး အချိန်ဆွဲဖို့ ကြိုးစားသော်လည်း လင်းယုရှန်းက တရားရုံးမှာ ကွာရှင်းဖို့ ပြောလာသည်။

လင်းယုရှန်းနဲ့ ကွာရှင်းပြီးနောက် ပိုင်ဆိုင်မှုတချို့ ရနိုင်ချေရှိမရှိကို ချူးဟမ့်က သူ့ရှေ့နေအား မေးမြန်းခဲ့သည်။

လင်းယုရှန်၏ အမည်အောက်က ပိုင်ဆိုင်မှုတွေက လက်မထပ်ခင်ကတည်းက ရှိနေသည့် ပိုင်ဆိုင်မှုတွေ ဖြစ်နေလျှင် ချူးဟမ့်တစ်ပြားတစ်ချပ်မှ ရမှာမဟုတ်ကြောင်း ရှေ့နေက ရှင်းပြခဲ့ပါသည်။

ပိုဆိုးတာက ကုမ္ပဏီကလည်း အတော်လေး အခြေအနေ ဆိုးရွားနေပါပြီ။

လင်းယုရှန်းနဲ့ သူကွာရှင်းမည့် သတင်းပေါက်ကြားသွားသောအခါ အမြော်အမြင်ရှိသူတွေက ရင်းနှီးမြှုပ်နှံထားတာတွေ ပြန်ရုတ်သိမ်းဖို့ ဆုံးဖြတ်ကြသည်။

ရှေ့က စာရွက်စာတမ်းတွေကို ကြည့်ရင်း ချူးဟမ့် ခေါင်းတွေကိုက်လာကာ အကုန်လုံးကို ရိုက်ခွဲပစ်ချင်နေမိပါသည်။

ဒီတိုင်း အဆုံးသတ်ခွင့် ပေးလိုက်လို့မဖြစ်ပါ။ နည်းလမ်းတစ်ခုခုတော့ ရှိရဦးမည်။ သူ့ကုမ္ပဏီကို ရအောင် ကယ်တင်ရမည်။

လုမိသားစုကို အကူအညီတောင်းဖို့တော့ လုံးဝ မဖြစ်နိုင်တော့သဖြင့် တခြားကို ပစ်မှတ်ထားရလိမ့်မည်။

သေချာစဉ်းစားပြီးနောက် လုမိသားစုနေရာမှာ အစားထိုးနိုင်ပြီး ချူးမိသားစုကို ကူညီနိုင်စွမ်းရှိသည့် မိသားစုဆိုလို့ ဟွော်မိသားစုသာ ရှိတော့မှန်း ချူးဟမ့် တွေးမိသွားပါသည်။

ဟွော်မိသားစုက လုမိသားစုနဲ့ ခွန်အားချင်း သိပ်မကွာလှပါ။ ထို့အပြင် ဟွော်ချန်းယီကလည်း အရွယ်ကောင်းတုန်း ဖြစ်သဖြင့် လုမိသားစုက အဘိုးကြီးထက် အများကြီး ပိုသာနိုင်သည်။

ထို့အပြင် ဟွော်ချန်းယီ၏ သာားဖြစ်သူ ဟွော်ထျင်းကလည်း ဟွာချန့်မြို့မှာ ရှိနေသည်။ ထို့ကြောင့် ဟွော်ချန်းယီ အချိန်ရတိုင်း ဟွာချန့်မြို့ကို မကြာခဏ လာလည်လေ့ရှိပါသည်။

ဒီအခွင့်အရေးကိုသာ အရယူပြီး ဟွော်ချန်းယီနဲ့ ရင်းနှီးအောင်လုပ်နိုင်ပါက လုမိသားစု၏ အဘိုးကြီးကို သူလိုအပ်ပါဦးမလား။

ထိုအဘိုးကြီးက သူ့ကို အမြဲတမ်း အသုံးမကျဘူးဟု ဆိုကာ နည်းလမ်းတွေကလည်း လက်တွေ့ မဆန်ဘူးဟု ဝေဖန်ခဲ့သည်။ တကယ်တော့ သူ့လိုအဘိုးကြီးကသာ ခေတ်ရေစီးကြောင်းနဲ့အညီ မပြောင်းလဲနိုင်တာ ဖြစ်သည်။

ဟွော်ချန်းယီက ငယ်ရွယ်ပြီး အဘိုးကြီးလုထက် သာလွန်သည့်နေရာ အများကြီးရှိသည်။

ထိုအတွေးဖြင့် ချူးဟမ့် အားအင်များ ပြန်လည်ပြည့်ဝသွားခဲ့ပြီး ချူးယန်ရှီ၏ အခန်းဆီ အပြေးရောက်လာခဲ့သည်။

“ရှောင်းရှီလေး ဖေကြီး မေးစရာရှိတယ်”။ ချူးဟမ့်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဖေကြီး ကုမ္ပဏီကို ကယ်တင်ဖို့ နည်းလမ်းစဉ်းစားမိပြီလား”။ ချူးယန်ရှီလည်း မျက်လုံးများ အရောင်လက်သွား၏။

“ဟုတ်တယ်! လုမိသားစုက ဖေကြီးတို့ကို မကူညီဘူးဆိုရင် ဟွော်မိသားစုနဲ့ သွားတွေ့ကြမယ်!” ချူးဟမ့်က အလွန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဖေကြီး စဉ်းစားထားတဲ့နည်းလမ်းက… ဟွော်မိသားစုကို သွားတွေ့ဖို့တဲ့လား”။

ချူးဟမ့် စိတ်တိုလွန်းသဖြင့် သတိပါလစ်ချင်သွားသည်။ သူမ အဖေကို မျှော်လင့်ထားခဲ့မိတာ မှားပါပြီ။ သူမ အဖေက သောက်စား ပျော်ပါးပြီး မိန်းမတွေကို ဖြားယောင်းသည့်နေရာမှာ တော်သော်လည်း တကယ်တမ်း စီးပွားရေးနဲ့ပတ်သတ်လာလျှင် ဘာမှ သုံးစားလို့ မရပါ။

“ဟုတ်တယ်လေ!” ချူးဟမ့်က သူ့အကြံသူ ယုံကြည်နေပါသည်။

“ဖေကြီး… ဟွော်မိသားစုက အရမ်း အာဏာရှိတာ။ သမီးတို့ကို လှည့်ကြည့်မှာတောင် မဟုတ်ဘူး”။ ချူးယန်ရှီ ပြောလိုက်သည်။

“ဖေကြီးတို့ ကုမ္ပဏီရဲ့ ထုတ်လုပ်ရေးအပိုင်းက အားသာချက်တွေရှိပါတယ်။ ဟွော်ချန်းယီသာ အမြော်အမြင်ရှိမယ်ဆိုရင် ဖေကြီးတို့ဆီမှာ ရင်းနှီးမြှုပ်နှံတာက အရှုံးမရှိနိုင်မှန်း သိလိမ့်မယ်!”။

စိတ်ကူးယဉ်ဆန်လိုက်တဲ့ အတွေးပါလား!

ချူးယန်ရှီ စိတ်ဓာတ်ပါ ကျသွားသည်။ သူမ အဖေသာ အစကတည်းက အစွမ်းအစရှိခဲ့လျှင် ပြန်မွေးဖွားလာပြီးနောက် သူမ ဒီလိုပင်ပင်ပန်းပန်း ကြိုးစားနေရမှာတောင် မဟုတ်ပါ။

“ဖေကြီး… အလုပ်ဖြစ်မှာ မဟုတ်ဘူး”။ ချူးယန်ရှီ ပြောလိုက်သည်။

“ကြိုးစားမကြည့်ဘဲနဲ့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။ သမီးလို ကလေးက ဘာသိမှာလဲ! ဟွော်ချန်းယီနဲ့ တွေ့ခွင့်ရအောင် ဖေကြီးကိုသာ ကူညီပေးစမ်းပါ”။ ချူးဟမ့်က ပြောလိုက်သည်။

ဟွော်မိသားစုကို သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်အဖြစ် ချူးဟမ့် သတ်မှတ်လိုက်ပြီဖြစ်သည်။

“ဖေကြီး သမီးက ဘယ်လိုကူညီရမှာလဲ။ သမီးက ကလေးပဲ ရှိသေးတာကို…”။ ချူးယန်ရှီ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

လုမိသားစုနဲ့ ဟွော်မိသားစုတို့ရဲ့ ဦးစီးတွေကို တွေ့ချင်တိုင်း တွေ့လို့ရမယ်တဲ့လား…

အရင်တုန်းက လင်းယုရှန်း၏ မျက်နှာကြောင့်သာ သခင်ကြီးလုနဲ့ ဆုံခွင့်ရှိခဲ့တာဖြစ်သည်။ အခုတော့ ထိုအခွင့်အရေးကိုပါ ဆုံးရှုံးလိုက်ရသည်။

“ဟွော်ချန်းယီရဲ့ သားကလည်း ကလေးပဲလေ။ သမီးတို့ ကလေးအချင်းချင်း အတူတူကစားရင် ဖေကြီးလည်း ဟွော်ချန်းယီနဲ့ တွေ့နိုင်မှာပေါ့”။ ချူးဟမ့်က ရှင်းပြလိုက်ပါသည်။

… … …

အခန်း(၅၇၄) နွေရာသီ Camping ခရီးထွက်ခြင်း

ထိုစကားကြားပြီးနောက် ချူုးယန်ရှီ မျက်စောင်းထိုးချင်သွားသည်။

ဟွော်ထျင်းကို အသုံးချပြီး ဟွော်ချန်းယွီနဲ့ ရင်းနှီးအောင်လုပ်မည့် သူ့အစီအစဉ် အောင်မြင်ခြင်း မအောင်မြင်ကိုအသာထား၊ ယခု ချင်းမိသားစုအိမ်မှာ နေထိုင်နေသည့် ဟွော်ထျင်းကို ဘယ်လို သွားတွေ့ရမလဲ ဆိုတာတောင် သူမ မသိပါ။

တွေ့ခွင့်တောင် မရှိသည့်လူနဲ့ ဘယ်လို ရင်းနှီးလာအောင် လုပ်ရမည်နည်း။

“ဖေကြီး၊ အဲ့အစီအစဉ် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒေါ်လေးလင်းကို ချော့ဖို့ တခြားနည်းလမ်း ရှာပါ”။ ချူးယန်ရှီက တိုက်တွန်းသည်။

ဟွော်ချန်းယီလို လူမျိုးထက် လင်းယုရှန်းက ပိုပြီးထိန်းချုပ်ဖို့ လွယ်ကူပါသည်။

လုကျန်းယွီနဲ့ ချင်းစူစူတို့သာ ဝင်မရှုပ်ပါက လင်းယုရှန်းကို စိတ်ပြောင်းသွားအောင် သူမ အဖေလုပ်နိုင်လောက်သည်။

“အဲ့ဒီ မိန်းမကို ငါသွားတွေ့လို့တောင် မရတော့ဘူး! အဲ့ဒီခွေးသူတောင်းစားလေး လုကျန်းယွီက နို့နံ့တောင် မစင်သေးဘဲ လှည့်ကွက်တွေအပြည့် ထုတ်သုံးတတ်နေပြီ။ လင်းယုရှန်းကို သူတို့ လုအိမ်တော်ကို ခေါ်သွားပြီး လုံခြုံရေးအပြည့်နဲ့ ထားထားတာ!”။ ချူးဟမ့် အငြှိုးကြီးစွာ ပြောလိုက်သည်။

ဉာဏ်ရည်သိပ်မမြင့်သည့် သူမ အဖေ ပြောတာလည်း မှန်ကန်သည်ဟု ချူးယန်ရှီ ဝန်ခံရမည်။

အရင်တစ်ခေါက် လင်းယုရှန်းနဲ့ စကားပြောဖို့ကို လုကျန်းယွီနဲ့ ချင်းစူစူတို့က ဝင်နှောင့်ယှက်သွားခဲ့သည်။

“သမီး နားလည်ပါပြီ ဖေကြီး။ ဖေကြီးပြောတဲ့အတိုင်း လုပ်ပါ့မယ်”။ သူမကို ချူးဟမ့် ပွစိပွစိ ထပ်မပြောဖို့ ချူးယန်ရှီ လိုက်လျောလိုက်ပါသည်။

“ဟုတ်ပြီ ဟုတ်ပြီ။ ရှောင်းရှီလေးက လိမ္မာပါတယ်! သမီးက ဖေကြီးရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ! အရမ်းချစ်တယ်နော်”။ ချူးယန်ရှီကို ဖက်လိုက်ပြီး ပါးကို အကြိမ်ကြိမ် နမ်းလိုက်သည်။

“ဟုတ်ပြီ။ အခု ဖေကြီးက လင်းယုရှန်းနဲ့ ဘယ်လိုစာရင်းရှင်းရမလဲ သွားစဉ်းစားလိုက်ဦးမယ်”

ထို့နောက် ချူးဟမ့်ထွက်သွားခဲ့သည်။

အခန်းထဲမှာ ချူးယန်ရှီတစ်ယောက်တည်း အချိန်အတော်ကြာအောင် အကြံထုတ်ခဲ့သည်။

ရုတ်တရက် မူကြိုဆရာမ ပေးလိုက်သည့် နွေရာသီ Camping ခရီးထွက်မည့် အသိပေးစာကို မြင်သွားသည်။ ထိုအသိပေးစာကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် ချူးယန်ရှီ အကြံတစ်ခု ရသွားခဲ့ပါသည်။

--- --- ---

ဟဲပေမူက မနက်တိုင်း စူစူလေးကို မူကြိုလိုက်ပို့ပေးရပြီး မူကြိုအပြင်ဘက်မှာ တိတ်တဆိတ် စောင့်ကာ ကာကွယ်ပေးရသည်။

သူ့လို အသက်အရွယ်နဲ့ကောင်လေးက ရက်နည်းနည်းလောက်ကြာလျှင် အလုပ်လုပ်ရတာ ပျင်းသွားလိမ့်မည်ဟု အဘိုးချင်းနဲ့ အဘွားချင်းတို့က ထင်ထားခဲ့ကြသည်။

သို့သော်လည်း ဟဲပေမူက အလုပ်ကို လေးလေးနက်နက်လုပ်ကာ ရေသာခိုခြင်းလုံးဝ မရှိပေ။

နေ့တိုင်းလုပ်ရသည့်အလုပ်မှာ ပျင်းစရာကောင်းပြီး စိတ်ဝင်စားဖို့ မကောင်းရင်တောင်၊ ချင်းစူစူလို မူကြိုကျောင်းသူ တစ်ယောက်ကို အဖော်ပြုပေးရတာဆိုရင်တောင် သူ ရေသာမခိုပါ။

ဟဲပေမူ ကော်ရစ်ဒါရှိ နံရံတစ်ခုကို ကျောမှီရင်း မျက်မှောင်ကြုတ်နေပါသည်။ မူကြိုအပြင်က ကြမ်းပြင်များကို တံမြက်စည်းလှည်းနေသော အဘိုးကြီးတစ်ယောက်အား မြင်နေရတာကြောင့် ဖြစ်သည်။

ဒီအဘိုးကြီးကို ဒီမှာ တစ်ရက်မက တွေ့ခဲ့သည်။ အဘိုးကြီးတစ်ယောက် သန့်ရှင်းရေးလုပ်နေတာမျိုးက မထူးဆန်းပါဟု ဆိုနိုင်သော်လည်း ဒီအဘိုးကြီး မူကြိုထဲကို မကြာခဏ အကဲခတ်စောင့်ကြည့်နေမှန်း ဟဲပေမူ သတိထားမိသည်။

သူ့ပုံစံက အလွန်သတိကြီးသဖြင့် သာမန်လူသာဆို သတိထားမိမှာ မဟုတ်ပေ။ သို့သော် ပရော်ဖက်ရှင်နယ်ကျသည့် ဟဲပေမူကတော့ ကောင်းကောင်းသတိထားမိပါသည်။

တစ်ဖက်လူ၏ ပရော်ဖက်ရှင်နယ်ကျမှုကြောင့် ဟဲပေမူပိုပြီး နိုးနိုးကြားကြား ရှိနေခဲ့တာဖြစ်သည်။

ဘာတွေဖြစ်နေတာလဲ။ ချင်းစူစူက အသက် ၃ နှစ်ခွဲအရွယ် ကလေးမလေး တစ်ယောက် မဟုတ်ဘူးလား။ သူ့ကို ဘာလို့ ဒီလို ပရော်ဖက်ရှင်နယ်တစ်ယောက်က စောင့်ကြည့်နေရတာလဲ။

ကျောင်းဆင်းသောအခါ စူစူလေး ကျောပိုးအိတ်လေးကို လွယ်လျက် ထွက်လာခဲ့ရာ ကော်ရစ်ဒါထောင့်မှာ စောင့်နေသည့် ဟဲပေမူကို မြင်လိုက်ရပါသည်။

“နင်ဘယ်မှာ ပုန်းနေတာလဲ”။ စူစူလေးက မေးသည်။

အတန်းချိန်တုန်းက ဟဲပေမူကို သူမ မတွေ့မိပါ။

“ပြန်ကြစို့”။ ဟဲပေမူက စူစူလေး၏ ကျောပိုးအိတ်ကို ကူသယ်ပေးဖို့ ပြင်လိုက်ပါသည်။

“မလိုဘူးရတယ်။ ကိုယ့်ဖာသာကိုယ်သယ်မယ်။ ပေါ့ပေါ့လေးပဲရှိတာ”။ စူစူလေး ငြင်းလိုက်ပြီး ဟဲပေမူ၏ လက်ကို ကိုင်လိုက်ပါသည်။

နှစ်ပေါင်းများစွာ လေ့ကျင့်ထားမှုကြောင့် ကြမ်းတမ်းနေသည့် သူ့လက်ကို နူးညံ့သိမ်မွေ့သည့် လက်ကလေးတစ်ဖက်က လာကိုင်သည်။ ဟဲပေမူ ရင်ထဲ တစ်စုံတစ်ခု ဖြစ်ပေါ်လာခဲ့ပါသည်။

ဒီရက်ပိုင်းထဲ ချင်းစူစူကို ကျောင်းအကြိုအပို့ လုပ်ပေးတိုင်း အမြဲတမ်း ဒီလို လက်လာဆွဲလေ့ရှိသည်။

ကြောက်ရွံ့မှုကြောင့် လူကြီးတွေရဲ့ လက်ကို တွဲထားသည့် တခြားကလေးတွေနဲ့ မတူဘဲ ချင်းစူစူကတော့ သူလမ်းပျောက်သွားမည်စိုးသဖြင့် လက်ကိုတွဲပေးထားတာနဲ့ တူနေပါသည်။

… … …

အခန်း(၅၇၅) စူစူလေးနဲ့ Camping ထွက်ခွင့်ရဖို့ ပြိုင်ဆိုင်ခြင်း (၁)

နူးနူးညံ့ညံ့ လက်ကလေးနဲ့ သူ့လက်ကို လာကိုင်တိုင်း ဟဲပေမူ ထူးထူးဆန်းဆန်း ခံစားချက်တစ်ခုကို ခံစားမိသည်။

မူကြိုကျောင်းနဲ့ အိမ်က သိပ်မဝေးပါ။ သို့သော်လည်း ဟဲပေမူ သတိမလွတ်ရဲဘဲ ဘေးပတ်လည်ကို သေချာ စောင့်ကြည့်နေခဲ့ပါသည်။

သန့်ရှင်းရေးအဘိုးကြီးကို ဟဲပေမူ ထပ်မြင်ခဲ့သေးသည်။

သူ့ပုံစံက သစ်ရွက်ခြောက်တွေကို သန့်ရှင်းရေးလုပ်နေသည့်ပုံစံပေါက်သော်လည်း တကယ်တမ်း စူစူလေးကို အကဲခတ် စောင့်ကြည့်နေတာဖြစ်မှန်း ဟဲပေမူမြင်နိုင်ပါသည်။

“ဘော်ဒီဂတ်အစ်ကိုကြီး မနက်ဖြန် ငါတို့မူကြို Camping ထွက်မှာ။ နင်ကော လိုက်မှာလား”။ ဟဲပေမူကို စူစူလေး မေးလိုက်သည်။

“နင်ဘယ်သွားသွား လိုက်ရမှာ”။ ဟဲပေမူ ပြန်ဖြေလိုက်သည်။

“အဲ့တာဆို ပုန်းမနေနဲ့တော့လေ”။

“ဘာလို့လဲ”။ စူစူလေးရဲ့ အတွေးကို သူကြားချင်နေသည်။

“နင်ပုန်းမနေရင် အတူတူကစားလို့ရတာပေါ့။ အဲ့တာဆို နင်လည်း မပျင်းရတော့ဘူး”

ဟဲပေမူက သူမရဲ့ ဘော်ဒီဂတ်ဖြစ်သော်လည်း သူ့ကိုအမြဲတမ်း စူစူပုပ်ပုပ်နဲ့ ပုန်းမနေစေချင်ပါ။ ဒီလိုသာဆို ပျင်းစရာ ကောင်းလိမ့်မည်။

“စောင့်ကြည့်ကြတာပေါ့”။ ဟဲပေမူ ခေါင်းလည်းမငြိမ့်သို ခေါင်းလည်းမခါခဲ့ပေ။

--- --- ---

မူကြိုကျောင်းမှာ နွေရာသီ Camping ထွက်ဖို့ စီစဉ်ထားကြသည်။ ကလေးတစ်ယောက်ကို အုပ်ထိန်းသူတစ်ယောက် ခေါ်လာခွင့်ရှိပါသည်။

တခြားကလေးတွေက အမေသို့မဟုတ် အဖေကို ရွေးချယ်ရမှာဖြစ်သော်လည်း စူစူလေးကတော့ တူတွေထဲက ရွေးချယ်ရမှာဖြစ်သည်။

အစက ချင်းရှင်းကျစ်နဲ့ ချင်းယန်ကျစ်တို့ပါ ဝင်ပြိုင်ချင်ခဲ့ကြသည်။ သို့သော် တစ်ယောက်မှာ ကိုယ်ဝန်သည် မိန်းမ ရှိနေပြီး နောက်တစ်ယောက်ကလည်း ပေကျင်းမှာ အလုပ်တွေပိနေသဖြင့် မအားလပ်ခဲ့ပါ။

ထို့ကြောင့် သူတို့သားတွေကိုသာ အခွင့်အရေး ပေးလိုက်ရပါသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း မြေးဖြစ်သူတွေကို ကြည့်ပြီး ရယ်ချင်နေကြပါသည်။

အစက စူစူလေးကို အသက်အရွယ်ငယ်သူတစ်ယောက်ယောက်နဲ့ သွားစေချင်တာဖြစ်တာကြောင် သူတို့လင်မယား မလိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်သည်။

သို့သော် ထိုစကားကြောင့် မြေးတွေအကုန် ဝိုင်းအုံလာကြပါသည်။

ချင်းယုဟွိုင်း၊ ချင်းယုဟွမ်၊ ချင်းယုကျီး

ချင်းယုချဲ၊ ချင်းယုကျိုး

ညီအစ်ကို ၅ ယောက်စလုံးက စူစူလေးနဲ့ လိုက်ချင်သည်ဟု ဆိုကြသည်။

သို့သော် တစ်ယောက်တည်းသာ လိုက်ခွင့်ရှိပါလိမ့်မည်။

“ယုဟွိုင်းက အရင်တစ်ခေါက် တိရိစ္ဆာန်ရုံကို လိုက်ဖူးပြီးသားမလို့ ယုဟွိုင်း မလိုက်ရဘူး”

အဘွားချင်းက စူစူလေးကိုယ်စား အကဲဖြတ်ဒိုင်လုပ်ပေးလိုက်သည်။

ချင်းယုဟွိုင်း မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။

သို့သော် အဘွားချင်းက ချက်ချင်း ထပ်ပြောလိုက်ပါသည်။ “ဒီအပတ်ထဲ ရှောင်းကျစ် ရွာဘက်ကို သွားစရာရှိတယ်။ ယုဟွိုင်းအားရင် သူ့ကို လိုက်ပို့ပေးဖို့ ကူညီဦး”

“ကောင်းပါပြီ” ချင်းယုဟွိုင်း ချက်ချင်း ခေါင်းငြိမ့်လိုက်ပြီး မျက်မှောင်ကြုတ်နေတာလည်း ပျောက်သွားပါသည်။

ကျန် ၄ ယောက်ကိုတော့ စူစူလေးကိုယ်တိုင် ရွေးချယ်ခွင့် ပေးပါမည်။

“သမီးလေး သေချာကြည့်။ ဒီ တူ ၄ ယောက်ထဲက ဘယ်သူ့ကို ခေါ်သွားချင်လဲ”။ အဘွားချင်းက စူစူလေးကို ပေါင်ပေါ် ထိုင်ခိုင်းထားပြီး မြေး ၄ ယောက်ကို လက်ညှိုးထိုးပြကာ ရွေးခိုင်းလိုက်ပါသည်။

“အွန်း!”။ စူစူလေး ခေါင်းငြိမ့်ကာ တူတွေကို သေချာ ကြည့်လိုက်ပါသည်။

တူတွေအားလုံးက အရပ်ရှည်ရှည်နဲ့ အားကိုးချင်စရာ ကောင်းပါသည်။

စူစူလေး၏ မျက်လုံးများက ချင်းယုချဲဆီ ရောက်သွားသည်။

တူချောလေးကို သူမ သဘောအကျဆုံးဖြစ်သည်။။ တူချောလေးကို ခေါ်သွားပါက အရသာရှိတာတွေ စားရမည်။

စူစူလေး၏ မျက်လုံးဦးတည်ရာကို ကြည့်ပြီး အခြေအနေမကောင်းမှန်း ချင်းယုကျီး သိသွားသည်။

“ဒေါ်လေး! အစားအသောက်ပဲ အာရုံစိုက်နေလို့မရဘူးနော်! Camping ထွက်ရင် အစားအသောက်က ဒီကနေ ပြင်ဆင်သွားလို့ရတယ်။ အဲ့တာကြောင့် အရသာရှိတာ‌တွေ စားချင်ရင် အိမ်ကတည်းက စီစဉ်သွားလို့ရတယ်!”

“ဟုတ်လား”။ စူစူလေးက အဘွားချင်းကို လှည့်မေးလိုက်သည်။

အဘွားချင်းက ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်။ သမီးက တခြားကလေးတွေနဲ့ အတူတူနေရမှာ။ သဘာဝရှုခင်းတွေကို ကြည့်ရမယ်၊ ပုံပြင်တွေ နားထောင်ရမယ်၊ ကြယ်လေးတွေ လိုက်ကြည့်ရမယ်၊ ဂိမ်းတွေ ကစားရမယ်။ အချက်အပြုတ်တော့ မပါဘူးပေါ့”

ချင်းယုကျီးက အမြန်ထပ်ပြောလိုက်သည်။ “ဝမ်းကွဲအစ်ကို ယုချဲက လူများတဲ့နေရာတွေဆို မကြိုက်ဘူးလေ။ အဲ့တာကြောင့် တခြားကလေးတွေနဲ့ ဂိမ်းကစားတဲ့အခါ သူ့ကို ဝင်ကစားခိုင်းဖို့ မခက်ဘူးလား”

… … …

All Chapters