← Chapters

အခန်း (၅၇၆+၅၇၇)

Vol. 24 Ch. 576+577

အခန်း (၅၇၆+၅၇၇)

Vol. 24 Ch. 576+577

အခန်း(၅၇၆) စူစူလေးနဲ့ Camping ထွက်ခွင့်ရဖို့ ပြိုင်ဆိုင်ခြင်း (၂)

သူနေရာရဖို့အတွက် ချင်းယုကျီးတစ်ယောက် ချင်းယုချဲကို အရှက်မရှိ ဝေဖန်လေသည်။

ချင်းယုချဲကလည်း ဒါတွေတကယ် မလုပ်တတ်သဖြင့် ပြန်မချေပခဲ့ပါ။ သို့သော် စူစူလေးနဲ့ လိုက်ခွင့်ရခဲ့ပါက သူအကောင်းဆုံး ကြိုးစားမည်ဖြစ်သည်။ တခြားညီအစ်ကိုတွေလောက်တော့ မတော်နိုင်ပါ။

“ဟုတ်ပြီ”။ တူလေးပြောတာ အဓိပ္ပာယ်ရှိသဖြင့် စူစူလေး ပြန်စဉ်းစားဖို့ ဆုံးဖြတ်လိုက်သည်။

ထို့နောက် တူတွေကို ထပ်ပြီး အကဲခတ်လိုက်ပါသည်။

ထိုစဉ် ချင်းယုကျီးက ထပ်ပြောလေသည်။ “ဒေါ်လေး ငါ့ကို ကြည့်စမ်းပါ။ ငါက စာမေးပွဲကြီးလည်း ဖြေပြီးပြီမို့လို့ တော်တော်အားနေတာ။ တခြားသူတွေက အရမ်းအလုပ်များကြတယ်။ စားသောက်ဆိုင်ဖွင့်ရတာနဲ့၊ ဒရမ်မာ ရိုက်ရတာနဲ့၊ အိမ်မှာ ကုဒ်တွေထိုင်ရေး ဂိမ်းတွေဖန်တီးရတာနဲ့ အလုပ်များနေကြတာ”

ဒါကိုကြားတော့ ချင်းယုဟွမ် အံကြိတ်သွားသည်။ ဒီခွေးကောင် ယုကျီးက အကုန်လုံးကို ချနင်းနေတာပဲ!

ချင်းယုဟွမ် အမြန်ဝင်ရှင်းပြလိုက်သည်။ “ဒေါ်လေး ဒီကောင်မဟုတ်တာပြောနေတာတွေ နားမထောင်နဲ့နော်။ အလုပ်များတယ်ဆိုပေမယ့် ဒေါ်လေးအတွက် အချိန်ပေးနိုင်တယ်။ ပြီးတော့ အမြဲတမ်း အလုပ်ပဲ လုပ်နေလို့လည်း ဖြစ်ဘူးလေ။ အနားယူဖို့လည်းလိုအပ်တယ်။ အလုပ်ကြီးပဲ ဖိလုပ်နေရင် လူတွေက ကြောင်သွားမှာပေါ့ ဟုတ်တယ်မလား”

ချင်းယုကျီးနဲ့ ချင်းယုဟွမ်တို့ အချင်းချင်း မျက်စောင်းထိုးလိုက်ကြသည်။ ဘယ်သူ့ကို ဘယ်သူကမှ အလျှော့မပေးနိုင်ဘဲ အခြေအနေတွေ တင်းမာပါသည်။

ချင်းယုကျီးက ဆက်ပြော၏။ “ဒေါ်လေး ငါက ဖျတ်ဖျတ်လတ်လတ် ရှိတယ်နော်။ ကစားနည်းတွေကစားဖို့အတွက် အသင့်တော်ဆုံးပဲ!”

ချင်းယုဟွမ်ကလည်း အလျှော့မပေးပါ။ “ဒေါ်လေး ငါ့ကိုကြည့်စမ်းပါ! အိမ်တွင်းအောင်းဆိုပေမယ့် ကလေးထိန်းတာ တော်တယ်နော်!”

ညီအစ်ကိုနှစ်ယောက် အလျှော့မပေးဘဲ စကားနိုင်လုနေကြသည်။

သူတို့နှစ်ယောက်ကို ကြည့်ရင်း စူစူလေး ပဋိပက္ခဖြစ်သွားပါသည်။ စဉ်းစားရခက်လွန်းသည်။ သူတို့ပြောတာ အကုန် အဓိပ္ပာယ်ရှိသဖြင့် စူစူလေး မရွေးတတ်တော့ပါ။

ထိုစဉ် ချင်းယုကျိုးကလည်း ဝင်ပြောလိုက်သည်။ “စူစူလေး ငါသီချင်းဆိုတတ်တယ်နော်! ငါသီချင်းဆိုတာ အရမ်းကောင်းတယ်! ပြီးတော့ ကလည်း ကတတ်တယ်!”

ဒီစွမ်းရည်က လက်တွေ့အသုံးချလို့ရသည်။ မူကြိုကလေးတွေအတွက် သီချင်းဆိုပြနိုင်သည်။ ကပြလို့ရသည်။

“ဒါဆို ဆယ်လီတူလေးကို ရွေးလိုက်ပြီ! တူတူလိုက်ခဲ့!”။ စူစူလေး ချက်ချင်း ဆုံးဖြတ်လိုက်ပါသည်။

သီချင်းဆိုရမည့် ကစားနည်းရှိလျှင် သူမဆယ်လီတူလေးကို တာဝန်ပေးလိုက်ပါမည်။

ဟမ်…

“ဒေါ်လေး ပြန်စဉ်းစားသင့်တယ် မထင်ဘူးလား”။ ချင်းယုဟွမ်က မေးလိုက်၏။

“ဟုတ်တယ် ဒေါ်လေး။ အဲ့လို အလောတကြီး မဆုံးဖြတ်ပါနဲ့! အချိန်တွေ အများကြီးရှိသေးတာ အေး‌ဆေးစဉ်းစားပါ!”။ ချင်းယုကျီးကလည်း ဝင်ပြောလိုက်ပါသည်။

“မလိုတော့ဘူး! ဆုံးဖြတ်ပြီးသွားပြီ။ ဆယ်လီတူလေးက သီချင်းလည်းဆိုတတ် ကလည်းကတတ်တော့ အဆင်ပြေတယ်!”

ဒီလိုအသေးအဖွဲကိစ္စများအတွက် စူစူလေး အချိန်မဖြုန်းနိုင်ပါ။ SpongeBob ကာတွန်းကား ကြည့်ရဦးမည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါတို့ သမီးလေး ဆုံးဖြတ်ချက်ချပြီးသွားပြီဆိုတော့ မနက်ဖြန် စူစူလေးနဲ့အတူ Camping ထွက်ဖို့ ယုကျိုး လိုက်သွားရမယ်”

ချင်းယုဟွမ်နဲ့ ချင်ယုကျီးတို့ ကြက်သေသေသွားကြသည်။

သူတို့နှစ်ယောက် စကားတွေများပြီး တခြားပြိုင်ပွဲဝင်တွေကိုတောင် ပထုတ်ပေးခဲ့သည်။

နောက်ဆုံးတော့ တစ်ချိနလုံး ပါးစပ်ပိတ်နေတဲ့ ချင်းယုကျိုးက သူတို့နေရာကို ဝင်လုသွားတယ်တဲ့လား။

ညီအစ်ကိုနှစ်ယောက် ချင်းယုကျိုးကို ရန်လိုစွာ ပြိုင်တူကြည့်လိုက်ကြသည်။

ချင်းယုကျိုး နှာခေါင်းပွတ်လိုက်ပါသည်။ သူ့ကို လာအပြစ်တင်လို့ မရပေ။ သူ့ရဲ့ သီချင်းဆိုစွမ်းရည်နဲ့ အကစွမ်းရည်တို့ကို ဒေါ်လေး သဘောကျနေတာ သူ့အပြစ် မဟုတ်ပါ။

--- --- ---

နောက်တစ်နေ့ ချင်းယုကျိုးနဲ့အတူ စူစူလေး မူကြိုသို့ ရောက်လာခဲ့သည်။

ချင်းယုကျိုးကို မြင်သောအခါ မူကြိုဆရာမများ မျက်လုံးအရောင်လက်သွားကြပါသည်။

ကလေးမိဘအများစုကလည်း ချင်းယုကျိုးကို သိကြသည်။

အဲ့တာ ချင်းယုကျိုးပဲ!

မကြာသေးခင်က ထွက်ထားတဲ့ နာမည်ကြီး ဒရမ်မာထဲက သရုပ်ဆောင်မင်းသားမလား!

မူကြိုဆရာမနဲ့ အုပ်ထိန်းသူတချို့ မျက်လုံးထဲ ကြယ်တွေပေါ်လာကြပါသည်။

ချင်းယုကျိုးက ဆရာမများကို ချိုချိုသာသာ နှုတ်ဆက်လိုက်သည်။ “အလုပ်ကြိုးစားပေးတဲ့အတွက် ဆရာမတို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် ဒေါ်လေးကို စောင့်ရှောက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”

… … …

အခန်း(၅၇၇) Camping ခရီး (၁)

“ရပါတယ်ရှင် ရပါတယ်။ စူစူလေးက အစကတည်းက လိမ္မာပြီးသားပါ!”။ ဆရာမကျူး အမြန် ပြန်ပြောလိုက်သည်။

တခြားဆရာမတွေလည်း စိတ်လှုပ်ရှားနေကြပါသည်။

ဟီးဟီးဟီး! ချင်းယုကျိုးက သူတို့ကို စကားလာပြောနေတာပဲ။ ကျေးဇူးတောင် လာတင်နေတာ! ပျော်စရာကြီး!

ကလေးအုပ်ထိန်းသူတွေလည်း ဝန်းရံလာကြသည်။

“စူစူလေးက ရှင့်ဒေါ်လေးလား! တူအရီး နှစ်ယောက်စလုံး ချောကြတယ်နော်!”

“ဒရမ်မာအသစ်တွေ ရိုက်ကူးရေးလုပ်နေပြီလား။ ဟိုတစ်ခေါက် ရှင်ပါတဲ့ ဒရမ်မာ ကြည့်ပြီးကတည်းက ဘာကြည့်ရမှန်းမသိ ဖြစ်နေတာ”

“ချင်းယုကျိုးက တီဗွီထဲကထက် အပြင်မှာ ပိုချောတာပဲ! အသံကလည်း ချိုသာနေရော!”

“…”

ချင်းယုကျိုး ယခင်က ရိုက်ကူးခဲ့သည့် နန်းတွင်းဒရမ်မာတစ်ခုမှာ အလွန်ရေပန်းစွားသွားခဲ့သည်။

ချင်းယုကျိုး လုံးဝ မျှော်လင့်မထားသော ကိစ္စဖြစ်သည်။ ထိုဒရမ်မာကို သိပ်ပြီး မျှော်လင့်ချက် မထားခဲ့သလို ထုတ်လွှင့်ခွင့်တောင် ရရှိမှာ မဟုတ်ဘူးဟု ထင်ထားခဲ့သည်။

ထင်မထားစွာဖြင့် ထိုဒရမ်မာကို ထုတ်လွှင့်ခွင့်ရခဲ့ရုံသာမကဘဲ နာမည််ပါ ကြီးသွားခဲ့သည်။ ထုတ်လုပ်သူတွေတောင် အံ့အားသင့်ခဲ့ရပါသည်။

ချင်းယုကျိုးက အပြုံးချိုချိုဖြင့် အားလုံးရဲ့ မေးခွန်းတွေကို တစ်ခုချင်း ပြန်ဖြေပေးနေပါသည်။

ကျိုးနွံပြီး ယဉ်ကျေးပျူငှာသော သူ့အမူအကျင့်ကြောင့် အုပ်ထိန်းသူအတော်များများ သဘောကျသွားကြသည်္။

ခရီးထွက်ဖို့ အချိန်နီးကပ်နေပြီဖြစ်တာကို မြင်ကာ ဆရာမကျူးက ဝင်ထိန်းပေးလိုက်ပါသည်။ “အုပ်ထိန်းသူတို့ ကိုယ့်နေရာကိုယ် ပြန်နေပေးကြပါ။ မကြာခင် မီနီဘတ်စ် ရောက်လာတော့မှာမို့လို့ ပစ္စည်းတွေ အသင့်ပြင်ထားကြပါ”

အုပ်ထိန်းသူတွေလည်း ကိုယ့်နေရာကိုယ် ပြန်နေလိုက်ကြသည်။

ထိုစဉ် ချင်းလောင်ယွင်လည်း ကျန်းဝမ်ဝမ်နဲ့အတူ ရောက်လာခဲ့ပါသည်။

သားအမိနှစ်ယောက် ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး အားအင်အပြည့်နဲ့ တက်ကြွနေကြပါသည်။ အထူးသဖြင့် ကျန်းဝမ်ဝမ်က ပိုသိသာသည်။

ချင်းယုကျိုးနဲ့ စူစူလေးတို့ကို မြင်သောအခါ ချင်းလောင်ယွင်နဲ့ ကျန်းဝမ်ဝမ်တို့ လာနှုတ်ဆက်ခဲ့ကြပါသည်။

“ဒေါ်လေးစူစူ။ ဒါသမီးမေကြီး လုပ်ပေးထားတာ။ စားကြည့်!”။ ချင်းလောင်ယွင်က ပလတ်စတစ်ဘူးလေးတစ်ဘူးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ စူစူလေးအား ပေးလိုက်သည်။ အထဲမှာ ဒီမနက်က ကျန်းဝမ်ဝမ်ကိုယ်တိုင်လုပ်ထားသည့် ရေညှိထမင်းလိပ်လေးများ ပါဝင်သည်။

ကျန်းဝမ်ဝမ်က အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။ “ဒေါ်လေးက အချက်အပြုတ် သိပ်မကောင်းတော့ ဒီတိုင်း ရေညှိထမင်းလိပ်လေးပဲ လုပ်လာလိုက်တယ်။ စူစူလေး မကြိုက်လည်း ရပါတယ်…”

“ကြိုက်တယ်!”။ စူစူလေးက ပြန်ဖြေလိုက်သည်။ “ဆယ်လီတူလေး သေချာ သိမ်းထားပေး! ခဏနေ ကစားပြီးလို့ ဗိုက်ဆာမှ ထုတ်စားမယ်!”

“အိုကေ”။ ချင်းယုကျိုးက ဘူးကို သိမ်းထားလိုက်ပြီး ကျန်းဝမ်ဝမ်အား ကျေးဇူးတင်လိုက်ပါသည်။ “ကျေးဇူးအများကြီး တင်ပါတယ်”

“ဘာမှမ ပြောပလောက်ပါဘူး။ ဒေါ်လေးတို့ကို ချင်းမိသားစုပေးထားတဲ့ အကူအညီတွေနဲ့ ယှဉ်လိုက်ရင် ဒီလောက်က ဘာမှ မပြောပလောက်ပါဘူး”။ ကျန်းဝမ်ဝမ် အမြန်ပြောလိုက်ပါသည်။

ချင်းယုကျိုးက ပြုံးရွှင်နေသည့် ချင်းလောင်ယွင်၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပါသည်။ “ယွင်ယွင်လေးလည်း လိမ္မာလိုက်တာ”

သူ့ ဝမ်းကွဲညီမက သိသိသာသာ ပိုပြီး ရွှင်လန်းလာပါသည်။

“ဝမ်းကွဲအစ်ကို”။ ချင်းလောင်ယွင် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးကာ စူစူလေးဘေးသို့ ပြေးသွားပြီး လက်တွဲထားလိုက်သည်။

ဒေါ်လေးစူစူက သူမ အားအကိုးရဆုံးလူဖြစ်သည်။ ဒေါ်လေးစူစူ၏ လက်ကို တွဲထားရပါက သူမ ဘယ်နေရာကိုမဆို သွားရဲပါသည်။

ထိုစဉ် ချူးဟမ့်နဲ့ ချူးယန်ရှီတို့ အနည်းငယ်် နောက်ကျပြီး ရောက်လာခဲ့ကြပါသည်။

အစက ချူးဟမ့် လိုက်မလာချင်သော်လည်း ဒီနေ့ ပါလာမည့် အုပ်ထိန်းသူအများစုက အရှိန်အဝါကြီးသူတွေဖြစ်ကြောင်း ချူးယန်ရှီ သတိပေးခဲ့သဖြင့် လိုက်လာခဲ့ရခြင်းဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် အခု သူ့မှာ တခြားအစီအစဉ်လည်းမရှိပါ။ လုပ်ငန်းရှင်တချို့နဲ့ ရင်းနှီးအောင် လုပ်နိုင်ပါက သူ့ကုမ္ပဏီအတွက် အသုံးဝင်နိုင်ပါသည်။

သို့သော်လည်း ချူးယန်ရှီကတော့ သူမအဖေထက် ပိုပြီးလေးလေးနက်နက် စဉ်းစားနေသည်။ သူမအဖေ လုပ်ငန်းရှင် တချို့နဲ့ ရင်းနှီးခွင့်ရလျှင် ကောင်းပါသည်။ သို့သော် ဒီနေ့ သူမရဲ့ ရည်ရွယ်ချက်အစစ်အမှန်က ဒါမဟုတ်ပါ။

သူမရဲ့ ပစ်မှတ်က ချင်းစူစူဖြစ်သည်။

Camping ခရီးစဉ်အတွင်း ချင်းစူစူကို သူ့ထံခေါ်လာနိုင်ပါက ချူးမိသားစု၏ အခက်အခဲအား ကူညီဖြေရှင်းပေးမည်ဟု ထိုလူ ကတိပေးထားသည်။

… … …

All Chapters