← Chapters

အခန်း (၅၈၂+၅၈၃)

Vol. 24 Ch. 582+583

အခန်း (၅၈၂+၅၈၃)

Vol. 24 Ch. 582+583

အခန်း(၅၈၂) ချူးယန်ရှီ၏ အကြံအစည် (၂)

ကိုယ်တိုင်က ကလေးမိဘတွေဖြစ်ကြသဖြင့် သူစိမ်းတစ်ယောက် ဖြစ်နေရင်တောင် ကူညီပေးသင့်သည်။ သူတို့ ကလေးတွေရဲ့ အတန်းဖော်ဖြစ်နေသဖြင့် ဘာမှ စဉ်းစားနေစရာ မလိုတော့ပါ။

ချင်းယုကျိုးလည်း ထိုနည်းလည်းကောင်း ခံစားရသည်။ ချူးယန်ရှီနေရာမှာ စူစူလေးသာ ဆိုရင်လည်း သူရူးသွပ်သွားနိုင်သည်။

ထို့ကြောင့် စူစူလေးကို ပွေ့ချီလျက် စမ်းချောင်းရှိရာဘက်သို့ ပြေးလာခဲ့ပါသည်။

သူများကို ကယ်တင်ရမှာအရေးကြီးသော်လည်း စူစူလေးကို ကာကွယ်ဖို့ကပ ပိုအရေးကြီးသဖြင့် စူစူလေးကိုပါ ခေါ်လာခဲ့ရခြင်းဖြစ်သည်။

ကျန်းဝမ်ဝမ်က ရေမကူးတတ်သဖြင့် လိုက်သွားဖို့ အစီအစဉ်မရှိခဲ့ပါ။ သို့သော်လည်း တခြားမိဘတွေနဲ့အတူ ချင်းယုကျိုးနဲ့ စူစူလေးတို့ပါ လိုက်သွားသဖြင့် သူမလည်း ကျန်မခဲ့သင့်ဘူးဟု တွေးလိုက်ပါသည်။

ထိ့ကြောင့် ချင်းယုကျိုးကို တုပပြီး သူမလည်း ချင်းလောင်ယွင်ကို‌ ပွေ့ချီကာ ပြေးလိုက်သွားခဲ့သည်။

စူစူလေးကို အနီးအနားရှိ သစ်ပင်ကြီးတစ်ပင်မှ စောင့်ကြည့်နေသည့် ဟဲပေမူလည်း ဆူညံသံတွေကို ကြားပြီး သတိကြီးသွားသည်။

စူစူလေးကို သေချာစောင့်ကြည့်ပြီး အနောက်မှ လိုက်လာခဲ့ပါသည်။ တခြား ကလေးတွေ မိဘတွေ ဘာဖြစ်ဖြစ် သူဂရုမစိုက်ပါ။ သူ့မျက်စိအောက်မှာ စူစူလေး ဘေးကင်းလျှင် လုံလောက်ပါပြီ။

စမ်းချောင်းဆီ ပြေးနေသည့် လူအုပ်ကြီးထဲ ကြံ့ကြံ့ခိုင်ခိုင်နဲ့ လူတချို့ ပါနေတာကို ဟဲပေမူ သတိထားမိသည်။ ထိုလူတွေက ရည်ရွယ်ချက်ရှိရှိလား မတော်တဆလား မသိသော်လည်း ချင်းယုကျိုးနဲ့ စူစူလေးတို့ကို တွန်းထုတ်နေကြသည်။

လူအုပ်ကြီးက တစ်နေရာတည်းကို အတူတူပြေးနေကြသဖြင့် ထိုလူတစ်စုကို တခြားသူတွေက သတိမထားမိကြပါ။ ချူးယန်ရှီ၏ အော်သံကြောင့် စိတ်ပူပြီး ပြေးလာသည့် ကလေးမိဘတွေဟုသာ ထင်နေကြသည်။

ထို့နောက် ထိုလူတစ်စုက ကလေးမိဘတွေကြားထဲ ပြေးဝင်ရောယှက်ကာ အားလုံးကို လူစုကွဲသွားအောင် ဖန်တီးလိုက်သည်။

ဒီစခန်းမှာ ဘာကြောင့် ရုတ်တရက်ကြီး လူတွေ များလာတာလဲဆိုတာ ဘယ်သူမှ မေးခွန်းမထုတ်ကြပေ။ ကိုယ့်ကလေးကိုကိုယ် ပျောက်မသွားအောင်သာ အစွမ်းကုန် ကြိုးစားနေကြရသည်။

ချင်းယုကျိုး၊ စူစူလေး၊ ကျန်းဝမ်ဝမ်၊ ချင်းလောင်ယွင်တို့ကို ထိုလူတစ်စုက မသိမသာ ဝိုင်းရံလိုက်ကြသည်။

အစက စမ်းချောင်းရှိရာဘက်သို့ ပြေးနေကြတာဖြစ်သော်လည်း လူတွေ အလွန်များပြားကာ လမ်းတွေလည်း မသိတာကြောင့် မရင်းနှီးသည့် လမ်းတစ်ခုကို ရောက်ရှိသွားကြလေသည်။

မော့လျန်တောင်မှာ ဟွာချန့်မြို့ရှိ အမြင့်ဆုံးနဲ့ သစ်တောအထူထပ်ဆုံး တောင်ကြီးဖြစ်သည်။

မရင်းနှီးသည့် လမ်းတစ်ခုရောက်သွားသောအခါ ချင်းယုကျိုး ကြောင်စီစီဖြစ်သွားသည်။

“ငါတို့ဘယ်ရောက်နေတာလဲ။ တခြားသူတွေ ဘယ်ရောက်သွားတာလဲ။ အားလုံး ဒီကိုလာခဲ့တာ မဟုတ်ဘူးလား”။ ကျန်းဝမ်ဝမ်က မေးလိုက်သည်။

တခြားသူတွေအားလုံးလည်း ဒီအရပ်ကို ပြေးနေကြတာမြင်သဖြင့် သူတို့ လိုက်လာခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော်လည်းမသိဘူး… နောက်ပြန်လှည့်ရအောင်”။ ချင်းယုကျိုးကလည်း စူစူလေးကိုသာ အာရုံစိုက်နေသဖြင့် လမ်းကို သေချာ မကြည့်မိခဲ့ပါ။

ပြဿနာကြီးကြီးမားမား‌တော့ မဟုတ်ပေ။ သူတို့ အဝေးကြီးကို ရောက်သွားတာ မဟုတ်သလို လူသူကင်းမဲ့သည့် နေရာလည်း မဟုတ်ပါ။ မီတာ ၁၀၀ လောက် လမ်းလျှောက်လိုက်ပါက မူလနေရာကို ပြန်ရောက်သွားနိုင်ပါသည်။

--- --- ---

အားလုံး အသည်းအသန်ရှာဖွေနေကြချိန် တရားခံ ချူးယန်ရှီက ကလေးတစ်ယောက်သာ ဝင်နိုင်မည့် ကျောက်လှိုဏ်ဂူတစ်ခုထဲမှာ ဝင်ပုန်းနေပြီး အခြေအနေကို စောင့်ကြည့်နေပါသည်။

စမ်းချောင်းထဲ ပြုတ်ကျသွားသည့် ကောင်မလေးက သူမ မဟုတ်ပါ။

သူမနဲ့ ဆက်သွယ်ထားသည့်လူ စီစဉ်ထားတာဖြစ်သည်။

ထိုလူ့ကို ချူးယန်ရှီ မသိပါ။ ဒီလိုခက်ခဲသည့် အရာတွေကိုတောင် ဘာကြောင့်စီစဉ်နိုင်တာလဲ သူမ မသိပါ။ ထို့အပြင် ချင်းစူစူကို သူဘာလုပ်ဖို့ကြံနေသလဲဆိုတာလည်း ချူးယန်ရှီ မသိပါ။

သို့သော် ဒါတွေအားလုံးက သူမအတွက် သတင်းကောင်းဖြစ်သည်။

ထိုလူက ပိုပြီးအစွမ်းအစရှိလေလေ ချူးအုပ်စုကို ကူညီနိုင်လေလေဖြစ်သည်။

ယခုတော့ ချူးယန်ရှီက ဖြစ်လာမည့် ပြဿနာတွေကို စောင့်မျှော်နေရုံသာ ရှိတော့သည်။

အချိန်ကို ကြည့်ခြင်းအားဖြင့် မကြာခင် သူတို့လှုပ်ရှားပါတော့မည်။

ချင်းစူစူ ငါ့ကို အပြစ်လာမတင်နဲ့။ မစော်ကားသင့်တဲ့လူကို လာစော်ကားတဲ့ နင့်မိသားစုကိုပဲ အပြစ်တင်လိုက်!

… … …

အခန်း(၅၈၃) ဟဲပေမူ

ချင်းယုကျိုးနဲ့ ကျန်းဝမ်ဝမ်တို့ ကလေး ၂ ယောက်ကို ခေါ်ပြီး ပြန်လှည့်ဖို့ ပြင်လိုက်စဉ် ဘယ်ကမှန်းမသိဘဲ လူ ၈ ယောက် ထွက်လာပြီး သူတို့လမ်းကို ပိတ်လိုက်ကြသည်။

“နင်…. နင်တို့ ဘယ်သူတွေလဲ”။ ချင်းလောင်ယွင်ကို ကျန်းဝမ်ဝမ် ပိုမိုတင်းကြပ်စွာ ဖက်ထားမိသည်။

ထိုလူတွေက စကားတစ်ခွန်းမှ ပြန်မပြောဘဲ သူတို့ထံ ချဉ်းကပ်လာကြသည်။

ထိုလူတွေရဲ့ လုပ်ရပ်ကြောင့် စူစူလေးကလွဲပြီး ကျန် ၃ ယောက် နှလုံးခုန်နှုန်းတွေ မြင့်လာကြသည်။ ချင်းယုကျိုးနဲ့ ကျန်းဝမ်ဝမ်တို့က ပွေ့ချီထားသည့် ကလေး ၂ ယောက်ကို ကာကွယ်ပေးဖို့ အသင့်ပြင်လိုက်ပါသည်။

ထိုစဉ် ရုတ်တရက်ဆိုသလို ကောင်လေးတစ်ယောက် ရောက်လာပြီး ချင်းယုကျိုးနဲ့ ကျန်းဝမ်ဝမ်တို့ ရှေ့မှာ ကာရပ်ပေးလိုက်သည်။

ထို့နောက် ခြေထောက်ဖြင့် တစ်ချက် ဝှေ့ကန်လိုက်ရာ သူတို့ထံချဉ်းကပ်လာသော လူ ၂ ယောက် လွင့်ထွက်သွားလေသည်။

ကျန် ၆ ယောက်လည်း ရပ်တန့်သွားကြပြီး ဟဲပေမူကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

ဒီကောင်လေးက ဘယ်သူလဲ။

ဘာလို့ ဒီလောက်ကြမ်းတဲ့ သိုင်းပညာကို ပိုင်ဆိုင်ထားရတာလဲ။ သူတို့လူ ၂ ယောက်ကို အခက်အခဲမရှိဘဲ ကန်ပစ်လိုက်နိုင်တာ…

ဒီနေ့ သူတို့ ဖမ်းဆီးရမည့် ကလေးမလေး တစ်ယောက်တည်းကသာ သာမန်ထက် ထူးကဲသည့် ခွန်အားမျိုးကို ပိုင်ဆိုင်ထားသည်ဟု သူတို့ဘော့စ် ပြောခဲ့သည်။ ဒီလို သိုင်းပညာကျွမ်းကျင်သည့် ကောင်လေးမျိုးပါ ရှိနေကြောင်း တစ်ခွန်းမှ မပြောခဲ့ပါ။

စူစူလေး မိုးကြိုးခေါ်ဖို့ ပြင်နေတာဖြစ်သော်လည်း ဟဲပေမူ ရောက်လာတာကို မြင်သောအခါ ရပ်တန့်သွားပါသည်။

“ဘော်ဒီဂတ် အစ်ကိုကြီး ဘယ်လိုရောက်လာတာလဲ”။ စူစူလေး မေးလိုက်သည်။

“ငါအစကတည်းက ရှိနေတာ”။ ဟဲပေမူက လိုရင်းကို ပြန်ဖြေလိုက်သည်။

ထိုစဉ် မျက်လုံးကလည်း ရှေ့ကလူတွေကို သေချာ စောင့်ကြည့်နေပါသည်။

“ဘော်ဒီဂတ်အစ်ကိုကြီးက အရမ်းတော်တာပဲ!”။ စူစူလေးက ချီးကျူးလိုက်ပါသည်။

သူတကယ်ရှိနေတာကိုး! စူစူလေးတောင် မမြင်ခဲ့ဘူး!

“အင်း…”။ ဟဲပေမူ တိုးညှင်းစွာ ပြောလိုက်သည်။ ထို့နောက် သူ့ရှေ့က လူတွေကို မေးလိုက်ပါသည်။ “ခင်ဗျားတို့ကို ဘယ်သူလွှတ်လိုက်တာလဲ”

ထိုလူတွေက ဘာမှ မပြောကြပါ။ အချင်းချင်း မျက်လုံးတွေနဲ့သာ ဆက်သွယ်ကြသည်။

တစ်စုံတစ်ခုကို အတည်ပြုပြီးနောက် သူတို့တွေ တစ်ပြိုင်နက်တည်း လှုပ်ရှားကြလေသည်။

သူတို့အတွက် အဟန့်အတားဖြစ်နေသည့် ဟဲပေမူကို ဖယ်ရှားဖို့ ကြိုးစားလိုက်ကြသည်။

ဟဲပေမူက အေးစက်သော မျက်လုံးများဖြင့် တိုက်ခိုက်မှုတွေကို ခုခံခဲ့ပါသည်။ စူစူလေးနဲ့ တခြားသူတွေကို နောက်မှာ ကာကွယ်ပေးထားပြီး ရှေ့က လူတွေရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခဲ့သည်။

မျက်လုံးတွေက သွေးဆာလောင်နေသော မျက်လုံးမျိုးဖြစ်ပြီး ထိုးချက်တွေကလည်း ကြမ်းကြုတ် မြန်ဆန် တိကျလွန်းသည်။

သူ့အရှိန်အဝါနဲ့ သိုင်းစွမ်းရည်တွေကြောင့် ပေကျင်းမြို့မှာ တချိန်တုန်းက နာမည်ကြီးခဲ့သည့် သိုင်းဆရာကြီးကိုတောင် ပြန်အမှတ်ရစေသည်။

စူစူလေးလည်း အံ့အားသင့်သွားပါသည်။

ဘော်ဒီဂတ်အစ်ကိုကြီးက ဒီလောက်တော်တာလား။

နတ်ယုတ်မာကြီးနဲ့ ပတ်သတ်နေတဲ့လူလို့ မပြောရဘူး!

နတ်ယုတ်မာကြီးရဲ့ ခြေတစ်ဖက်လောက်နီးနီး သန်မာတာပဲ!

အရင်တစ်ခေါက် စူစူလေးနဲ့ ရန်ဖြစ်တုန်းက ဟဲပေမူ ပြန်မတိုက်ခိုက်ခဲ့ဘဲ ခုသာ ခုခံခဲ့တာဖြစ်သည်။ ထို့ကြောင့် ဟဲပေမူ ဒီလို တိုက်ခိုက်တာကို စူစူလေး ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပါသည်။

အချိန်အတော်ကြာအောင် တိုက်ပွဲပြင်းထန်ပြီးနောက် လူ ၈ ယောက်စလုံး အနည်းနဲ့အများ ဒဏ်ရာ ရသွားခဲ့ကြသည်။

၈ ယောက် ၁ ယောက် ချတာတောင် ထိုတစ်ယောက်က အားသာနေသည်။ ဒီတိုင်းသာဆို အနိုင်ရနိုင်ချေမရှိတော့ဘဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိကာ တစ်ဖက်လူ၏ ဖမ်းချုပ်မှုကိုတောင် ခံရနိုင်ပါသည်။

စူစူလေးကို ဖမ်းချင်သည့် လူဆန်းကြယ်ကလည်း ဒီရလဒ်ကို မျှော်လင့်မထားလောက်ပါ။

လူ ၈ ယောက် တစ်ခုခုမူမမှန်တာကို သတိထားမိပြီး တွန့်ဆုတ်သွားကြသည်။ ထို့နောက် တစ်ယောက်က အမိန့်ပေးလိုက်ပါသည်။ “ပြန်ဆုတ်ကြ!”

အမိန့်သံကို ကြားပြီးနောက် ထိုလူတွေ သစ်တောထဲ တိုးဝင် ပျောက်ကွယ်သွားလေတော့သည်။

နောက်ဆုံးတော့ စူစူလေးတို့ ၅ ယောက်သာ တောလမ်းလေးထဲမှာ ကျန်ရစ်ခဲ့တော့သည်။

ဟဲပေမူက ထိုလူတွေနောက် လိုက်မသွားပါ။ သူ့တာဝန်က စူစူလေး ဘေးကင်းစေဖို့သာ ဖြစ်သည်။ ရန်သူက ၈ ယောက်ဖြစ်သဖြင့် သူတို့နောက် လိုက်သွားပါက စူစူလေး အန္တရာယ်ရှိနိုင်သည်။

အန္တရာယ်မရှိတော့တာ သေချာမှ ချင်းယုကျိုးကို ဟဲပေမူ လှည့်ပြောလိုက်ပါသည်။ “ပျောက်နေတဲ့ ကလေးကို သွားရှာလိုက်။ သူ့စိတ်ကူးနဲ့သူ ထွက်သွားတာကို ကျွန်တော်မြင်လိုက်တယ်။ အဲ့ဒီကလေးနဲ့ ဒီလူတွေနဲ့ ပတ်သတ်နေလောက်တယ်”

ချူးယန်ရှီ ထွက်သွားတုန်းက စခန်းရှိ ဆရာမတွေနဲ့ အုပ်ထိန်းသူတွေမမြင်အောင်သာ အာရုံစိုက်နေခဲ့တာဖြစ်သည်။ သစ်ပင်ပေါ်မှာ ပုန်းနေသည့် ဟဲပေမူကိုတော့ သူမ သတိမထားမိခဲ့ချေ။

… … …

All Chapters