← Chapters

" ဘာလဲ....ခဗျားက မပေးချင်ဘူးလား..."

Vol. 12 Ch. 166

" ဘာလဲ....ခဗျားက မပေးချင်ဘူးလား..."

Vol. 12 Ch. 166

လော့မောင်ယွမ် တောင်းပန်ရန် ရောက်လာသော်လည်း လျူယောင်က ဂလိုဘဲလ် ကုမ္ပဏီတွင် နေရာချမပေးခဲ့ပေ ။ ဒါဟာ လော့မောင်ယွမ်ကို မကြိုက်ကြောင်း ဖော်ပြနေသည်။

"သူတို့ကို စောင့်ခိုင်းလိုက်...နောက် နာရီဝက်လောက်ကြာမှ ငါတို့ ...အဲဒီကို သွားမယ်...."

"ခင်ဗျားတို့က တောင်းပန်ဖို့ လာတာဖြစ်တဲ့အတွက် တောင်းပန်ဖို့ အသိစိတ် ရှိရမယ်…..ဒါ့ကြောင့်.. အေးဆေး စောင့်ရမယ်"

လျူယောင် အေးအေးဆေးဆေး စာရွက်စာတမ်း နှစ်ခုကို ဖတ်လိုက်ကာ ဖုန်းကို ခဏစစ်ဆေးလိုက်ပြီးမှသာ အပြင်ထွက်လာခဲ့သည်။

စီးပွားရေးအစည်းအဝေးခန်းတစ်ခုတွင် လော့မောင်ယွမ်နှင့် အခြားသူများ စောင့်ဆိုင်းနေကြသည်။ အချိန်က တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်နေသည်။

နောက်ဆုံးတွင် အထက်တန်းအမှု့ဆောင်အရာရှိတစ်ဦးက ဆက်လက် မနေနိုင်တော့ဘဲ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

"လျူယောင်ရဲ့ ဟန်ပန်က အရမ်းကြီးလွန်းတယ်... ကျွန်တော်တို့က ကိုးနာရီကို သဘောတူခဲ့တာ... အခု မိနစ် ၂၀ ကျော်သွားပြီ..."

"ဟုတ်ပါပြီ..."

တခြားတစ်ယောက်က နူးညံ့စွာ သက်ပြင်းချလိုက်သည်။

"သူငယ်ချင်းရေ...ငါတို့ ဒီကို လာတာက တောင်းပန်ဖို့ လာတာ...စကားပြောဖို့ လာတာမဟုတ်ဘူး..ဒါကြောင့် သည်းခံလိုက်ပါ “

သူ စိတ်ထဲကနေ ထိုသို့ သတိပေးချင်နေသည်။

လော့မောင်ယွမ် သူ့မျက်နှာကို လေးနက်နေအောင် ထားပြီး ဘာမှ မပြေခဲ့ပေ။

သူတို့ စောင့်ရုံသာ တတ်နိုင်သည်။

ရုံးအဆောက်အအုံရဲ့ ဂိတ်ပေါက်တွင် ကားငယ်အချို့က အဆင်သင့်ရှိနေသည်။ လျူယောင် ရှေ့မှ လျှောက်လာကာ သူ့နောက်တွင် ဟူဂျွန်းရှီ၊ ကျိုးယန်နဲ့ အလယ်အလတ်အဆင့် ခေါင်းဆောင်အချို့ အပါအဝင် လူတစ်ဒါဇင်ကျော် လိုက်ပါလာခဲ့သည်။

လူတစ်စု ထွက်ခွာလာခဲ့သည်။

အစည်းအဝေးခန်းထဲမှ လူများစွာက လှုပ်ရှားမှု့အချို့ကို ကြားလိုက်ရသည်။ လော့မောင်ယွမ် အလျင်အမြန် ချောင်းဟန့်လိုက်ပြီး သူ့အမူအရာကို အမြန်ပြောင်းလဲလိုက်တာကို အားလုံးက အံ့ဩသွားကြသည်။

ရီရှန်းအုပ်စုမှ လူများရဲ့ အကြည့်များက နေရာအနှံ့ ကျသွားသည်။

"ဒါက ဘုရားပေးတဲ့ အခြေအနေပဲ"

"သူဋေးလော့ ခုနက လေးနက်တဲ့မျက်နှာနဲ့ စကားနည်းတာ မဟုတ်ဘူးလား..ဘာလို့ ရုတ်တရက် ပြောင်းလဲသွားရတာလဲ..မိုးအုံ့ရာကနေ သာယာသွားတာ.. ဒီအမြန်နှုန်းက အရမ်းမြန်လွန်းတယ်..."

တံခါးအပြင်ဘက်တွင် လှုပ်ရှားမှု့ ရှိလာပြီးနောက် လျူယောင်နှင့် လူတစ်စု ဝင်ရောက်လာကြသည်။

ရုတ်တရက် သူတို့ သိသွားခဲ့သည်။

ဂလိုဘလ်ကုမ္ပဏီမှ လျူယောင် ကိုယ်တိုင် ရောက်လာခဲ့ခြင်း ဖြစ်သည်။

"အံ့ဩစရာ မရှိတော့ပါဘူး"

အချို့က အလျင်အမြန် တုံ့ပြန်ကြသည်။ သူတို့၏ စိတ်နေစိတ်ထားကို ချက်ချင်း ပြင်လိုက်ကြပြီး လော့မောင်ယွမ်ရဲ့ ပုံစံအတိုင်း လိုက်ကာ စိတ်အားထက်သန်စွာ မတ်တပ်ရပ်လိုက်ကြသည်။

ထို့ကြောင့် ထိုသို့သော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

ဂလိုဘလ်ကုမ္ပဏီမှ လူများနှင့်အတူ လျူယောင် ဝင်ရောက်လာစဥ် လော့မောင်ယွမ်နှင့် အခြားသူများက ကြိုဆိုရန် မတ်တပ်ရပ်လိုက်ကြသည်။ သူတို့၏မျက်နှာများပေါ်တွင် ယဥ်ကျေးမှု့ အပြည့် ရှိနေပြီး အချို့သောလူများ ပင် အချောင်မခိုခြင်းနဲ့ မြောက်ပင့်ခြင်း အမူအရာကို ပြသနေကြသည်။

ဘာကို မနားလည်နိုင်လဲဆိုတော့ ရှီရှန်းအုပ်စုမှ လူများက ဂလိုဘဲလ်ကုမ္ပဏီနှင့် အရေးကြီးသောကိစ္စတစ်ခု ဆွေးနွေးရန် ရောက်ရှိနေကြတယ်လို့ ထင်ရသည်။ တကယ်တော့ ဒါက ရီရှန်းအုပ်စုမှ တောင်းပန်ဖို့ လာရောက်ခြင်းသာ ဖြစ်သည်။

"မစ္စတာလျူ... မင်္ဂလာပါ.. မင်္ဂလာပါ.."

လော့မောင်ယွမ် လုံးဝ ကွဲပြားသော လူတစ်ဦး ဖြစ်နေသည်။ လျူယောင်အား ကြိုဆိုရန် ရှေ့တိုးလာပြီး ညာဘက်လက်ကို ဆန့်လိုက် သော်လည်း လျူယောင်က မျက်နှာသာ မပေးခဲ့ပေ။ လျူယောင် ခပ်သွက်သွက် ခေါင်းညိတ်လိုက်ပြီး ဂလိုဘလ်ကုမ္ပဏီမှ လူများနှင့်အတူ ထိုင်လိုက်သည်။

အစည်းအဝေးခန်းထဲတွင် ရှည်လျားသော စားပွဲတစ်လုံး ရှိသည်။

တစ်ဖက်တွင် ဂလိုဘလ်မှ လူများရှိပြီး နောက်တစ်ဖက်တွင် ရီရှန်းအုပ်စုမှ လူများ ရှိသည်။

လျူယောင် ထိုင်ပြီးနောက် အေးအေးဆေးဆေး ပြောလိုက်သည်။

"ရိီရှန်းအုပ်စုက... နှစ်ရက်အတွင်း သင်္ဘောကြီးသုံးစင်....နစ်မြုပ်သွားတယ်လို့ ကျွန်တော် ကြားတယ်...ဒီအဖြစ်အပျက်ကို ကျွန်တော်တို့ ဝမ်းနည်းကြောင်း ဖော်ပြပါတယ်...."

လော့မောင်ယွမ်၏ ပါးစပ်ထောင့်များ တုန်ခါသွားကာ ဒေါသကြောင့် သွေးအန်ချင်နေသည်။

"ဒါက မင်းကြောင့် မဟုတ်ဘူးလား...မင်း လုပ်ခဲ့တာလေ...ငါတို့က ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ခံစားခဲ့ရတာ.." လို့ သူ့ရဲ့စိတ်ထဲတွင် အော်လိုက်သည်။

အပြင်ပန်းတွင် လော့မောင်ယွမ် ကျေးဇူးတင်နေပုံရသည်။

"ကျေးဇူးတင်ပါတယ်...မစ္စတာလျူက ဒီကိစ္စကို စဥ်းစားပေးမယ်လို့ မထင်ထားခဲ့ဘူး...."

လျူယောင် သင်္ဘောနစ်မြုပ်မှု့ အကြောင်းကိုသာ ပြောခဲ့ပြီးနောက် ခေါင်းစဉ်ကို ပြောင်းလိုက်သည်။

"ကျွန်တော်တို့ အခု အတူတူထိုင်နေတဲ့ အဓိကအကြောင်းရင်းကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သင်္ဘောတိုက်မှု့အကြောင်း ပြောဖို့ပါပဲ.. မဟုတ်လား…"

"အရာအားလုံးက မစ္စတာလျူပေါ်မှာပဲ မူတည်ပါတယ်..ကျွန်တော်တို့ရဲ့ ရီရှန်းအုပ်စုဟာ ဒီကိစ္စအတွက် အပြည့်အဝ တာဝန်ရှိပါတယ်....ဂလိုဘဲလ်က ...ဆုံးရှုံးမှု့တွေ အားလုံးအတွက် လည်းလျော်ကြေးပေးပါ့မယ်...."

ထိုစကားများကို ပြောပြီးနောက် လော့မောင်ယွမ်က လျူယောင့်ရဲ့ရှေ့တွင် မြေးတစ်ယောက်လို ဖြစ်နေပြီး မျက်နှာပြစရာ မရှိဘဲ အရှက်ရနေတယ်လို့ ခံစားခဲ့ရသည်။

လျူယောင် အံ့ဩသွားကာ လော့မောင်ယွမ်ကို အနည်းငယ် ကြည့်လိုက်သည်။

"လော့မောင်ယွမ်က ညွတ်နိုင်....ဆန့်နိုင်..မယ်လို့ မထင်ထားခဲ့ဘူး... ဒီလိုလူက စိတ်ထဲမှာ အလွန်နက်ရှိုင်းနေတာ...အရမ်းကြောက်ဖို့ကောင်းတယ်" လို့ သူ့စိတ်ထဲကနေ ပြောလိုက်သည်။

"မြွေကို ထိရင် ခေါင်း ကို ထိရမယ်"

ဒီလိုလူမျိုးကို ရက်ရက်စက်စက် ဆက်ဆံပြီး ကြောက်လန့်စေရမည်။ မဟုတ်ရင် ဒီလိုလူက. လက်စားချေဖို့ စဥ်းစားနေပြီး နောက်ထပ် လှည့်ကွက်အချို့ကို လုပ်လာနိုင်သည်။

လျော်ကြေး ကိစ္စအတွက် လျူယောင် ဆက်ပြောလိုက်သည်။

"ခင်ဗျားတို့က အပြည့်အဝ တာဝန်ရှိကြောင်းနဲ့ ဆုံးရူံးမူ့တွေ အားလုံးအတွက် လျော်ကြေးပေးဖို့ ဆန္ဒရှိကြောင်း ဝန်ခံထားပြီးသားဆိုတော့ အရာအားလုံးက ပြောရတာ လွယ်ပါတယ်"

"တန်ချိန် ၂၀,၀၀၀ ကျော်ရှိတဲ့ သင်္ဘောကြီးတစ်စင်းက ကျောက်မီးသွေးတွေ အပြည့်တင်ထားတာကြောင့် ဆုံးရှုံးမှု့က ယွမ် သန်း ၁၀၀ နီးပါး ရှိတယ်..... ဒါက အဓိကအချက် မဟုတ်ဘူး... အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ရဲ့ နာမည်ဂုဏ်သတင်း ထိခိုက်ပြီး....သင်္ဘောသားတွေလည်း ကြောက်လန့်ခဲ့ရတယ်....."

"ဒါ့ကြောင်..... ကျွန်တော် တစ်ခုချင်းစီ သေသေချာချာ တွက်ချက်ဖို့ ပျင်းနေတယ်....ခင်ဗျားတို့က ....ကျွန်တော်တို့ကို ယွမ် ၂ ဘီလီယံ ပေးလိုက်ပါ.....ဒီ့ထက်... ပိုမလိုချင်တော့ဘူး"

"ဘာလဲ..."

"လျော်ကြေး ယွမ် ၂ ဘီလီယံလား..."

ဂလိုဘဲလ်ကုမ္ပဏီမှ လူများသာမက ရီရှန်းအုပ်စုမှ လူများရော လော့မောင်ယွမ်အပါအဝင် လုံးဝ အံ့အားသင့်သွားကြသည်။

"ခင်ဗျားအရင်က ၁ ဘီလီယံလို့ မပြောခဲ့ဘူးလား...."

"နှစ်ရက်.... သုံးရက်အတွင်း ဘယ်လိုလုပ် ၂ ဘီလီယံ ဖြစ်သွားတာလဲ...."

ပြန်လည်သတိဝင်လာသော လော့မောင်ယွမ်က လျူယောင့်ကို စိတ်ထဲကနေ ကောက်ကျစ်တာ လို့ ပြောဆိုချင်သော်လည်း မျက်နှာတွင် ဖော်ပြဖို့ မရဲတော့ပေ။ သူ အတင်းအကြပ် သည်းခံလိုက်သည်။လော့မော့ယွမ် မျက်နှာပေါ်ရှိ အပြုံးက ငိုတာထက် ပိုရုပ်ဆိုးသွားသည်။

"မစ္စတာလျူ... ၁ ဘီလီယံ မဟုတ်ဘူးလား... ဘာလို့ ၂ ဘီလီယံ ဖြစ်သွားတာလဲ...ခင်ဗျား တွက်ချက်မှုများ မှားသွားတာလား...."

လျူယောင် လက်ကို ဝှေ့ယမ်းလိုက်သည်။

"၁ ဘီလီယံဆိုတာ သုံးရက်အကြာက ဖြစ်တာ.. အခုတော့ ၂ ဘီလီယံ...တစ်ပြားတစ်ချပ်မှ မလျှော့စေနဲ့ မဟုတ်ရင်..."

အစည်းအဝေးခန်းထဲတွင် ရုတ်တရက် အေးခဲသွားသကဲ့သို့ ခံစားရသည်။

"အေးစက်လွန်းတယ်..."

လော့မောင်ယွမ် ပို၍ပင် အေးစက်မှု့ကို ခံစားရသည်။ သူ့နဖူးတွင် ချွေးစေးများ ထွက်လာသဖြင့် လက်ကိုင်ပဝါကို အမြန်ထုတ်ယူပြီး ဂရုတစိုက် သုတ်လိုက်သည်။

အစပိုင်းတွင် သူသာ စောစော ပျော့ပြောင်းပြီး လျူယောင် သတ်မှတ်ထားသော ၂၄ နာရီအတွင်း တောင်းပန်ခဲ့ပါက ယွမ် ၁ ဘီလီယံမှာ လုံလောက်လိမ့်မည်။ ယခုမှာတော့ ယွမ် ၂ ဘီလီယံ က တစ်ပြားတစ်ချပ်မှ မလျှော့နိုင်တော့ပေ။

ထိုအချိန်တွင် လော့မောင်ယွမ် လှည့်ထွက်သွားချင်နေသည်။

သို့သော် သူ ထိုသို့လုပ်ဖို့ မရဲပေ။

ဒီလိုသာ လုပ်ဖြစ်ပါက ရီရှန်းအုပ်စုမှာ လုံးဝ ပျက်စီးသွားလိမ့်မည်။ တစ်နေ့ကို သင်္ဘောကြီးနှစ်စင်း နစ်မြုပ်တာကို ဘယ်သူ ခံနိုင်မှာလဲ။ ရက်အနည်းငယ်အတွင်း ရိရှန်းသမုဒ္ဒရာရေကြောင်းပို့ဆောင်ရေးအုပ်စုမှာ လုံးဝ ပြိုလဲသွားလိမ့်မည်။

"ထားလိုက်တော့..ငွေကိုပဲ ရေတွက်လိုက်တော့မယ်.."

သူ့နှာခေါင်းကို ညစ်ကိုင်ကာ ညိမ်ခံလိုက်ရသည် ။ ၂ ဘီလီယံဆိုရင် ၂ ဘီလီယံပဲပေါ့ ..အနည်းဆုံးတော့ ရိရှန်းအုပ်စုမှာ ဆက်ပြီး အသက်ရှင်သန်နိုင်သည်။

"ဒါပေမယ့် ကျွန်တော်တို့မှာ ငွေသား ဒီလောက် မရှိပါဘူး... မစ္စတာလျူ...တစ်လလောက် အချိန်ပေးပါလား.. မဟုတ်ဘူး..တစ်လခွဲလောက်ဆိုရင်ရော...ဘယ်လိုလဲ...."

ရီရှန်းအုပ်စုမှ လူများက ဆက်လက် အံ့ဩနေကြသည်။

သူဋေးလော့က သူ့ရဲနှာခေါင်းကို ညှစ်ပြီး ယွမ် ၂ ဘီလီယံကို ဒီအတိုင်း အသိအမှတ်ပြုလိုက်မယ်လို့ သူတို့ ဘယ်တော့မှ မထင်ထားခဲ့ပေ။

အထက်တန်းအမှု့ဆောင်အရာရှိတစ်ဦးကစကားအနည်းငယ် ပြောချင်သော်လည်း သူ မပြောခင် လော့မောင်ယွမ်ရဲ့ မျက်လုံးများက သူ့အပေါ်သို့ ရောက်ရှိလာကာ အမြန် ပါးစပ်ပိတ်လိုက်ရသည်။

လော့မောင်ယွမ်၏ အကြည့်က အလွန်ပြင်းထန်လှသည်။

"မင်း...ဘာမှ မပြောနဲ့... မင်း ပါးစပ်ဖွင့်လိုက်ရင် လျူယောင် စိတ်အနှောင့်အယှက်ဖြစ်ပြီး ၂ ဘီလီယံကနေ ၃ ဘီလီယံအထိ တိုးလာမှာ...မင်း ဘာလုပ်မှာလဲ..." လို့ ပြောနေသကဲ့သို့ ဖြစ်သည်။

လျူယောင် ပြန်ဖြေလိုက်သည်။

"သုံးရက်အတွင်း ယွမ် ၁ ဘီလီယံကို ကျွန်တော်တို့ ကုမ္ပဏီရဲ့ အကောင့်ထဲကို လွှဲပေးရမယ်...ကျန်တဲ့ ၁ ဘီလီယံကို သင်္ဘောတွေနဲ့ ပေးချေရမယ်...ခင်ဗျားတို့ဆီမှာ.... ကောင်းတဲ့ ..သင်္ဘောအချို့ ရှိသေးတယ်..မို့လား.... ဥပမာ 'ရွှေကွန်'..'ရွှေလေ'.. 'ရွှေတံဆိပ်' ဆိုတဲ့ သင်္ဘောသုံးစင်းက မဆိုးဘူး.."

လော့မောင်ယွမ်၏ နှလုံးသားမှာ သွေးထွက်နေသည်။

သူ သေလောက်အောင် နောင်တရမိသည်။

"ညီလေးရေ... ဒီသင်္ဘောသုံးစင်းအားလုံးက ရေနံတင်သင်္ဘောကြီးတွေပဲ... ငါတို့ဝယ်ခဲ့တာ နှစ်နှစ်တောင် မပြည့်သေးဘူး ... သူတို့ရဲ့ စုစုပေါင်းတန်ဖိုးက ယွမ် ၁ ဘီလီယံကျော်တယ်..တန်ဖိုးကျသွားတာတောင် ၁ ဘီလီယံကျော်တယ်ဟ..."

လော့မောင်ယွမ် စိတ်ထဲကနေ နောင်တရစွာ ရေရွတ်လိုက်မိသည်။

အကယ်၍ သူသာ အစောပိုင်းက သိခဲ့ပါက လျော်ကြေးငွေ မလုံလောက်ဘူးလို့ ပြောခဲ့မှာ မဟုတ်ပေ။ ၃ ရက်အတွင်း ယွမ် ၂ ဘီလီယံကို ဂလိုဘဲလ်၏ အကောင့်ထဲကို လွှဲပေးနိုင်တယ်လို့ တိုက်ရိုက် ဝန်ခံခဲ့လိမ့်မည်။

လော့မောင်ယွမ်ကို ကြည့်လိုက်ပြီး လျူယောင် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဘာလဲ....ခဗျားက မပေးချင်ဘူးလား..."

All Chapters