" လိပ်ကြီး vs ဧရာမရေဘဝဲကြီး "
Vol. 12 Ch. 167
အမှန်ပါပဲ လော့မောင်ယွမ် ပေးချင်တဲ့ ဆန္ဒမရှိပေ။
"ဒီသင်္ဘောသုံးစင်းက ...ယွမ် ၁ ဘီလီယံ ကျော်တယ်..."ဒါပေမယ့် သူ ဆန္ဒမရှိဘူးလို့ မပြောရဲတာကြောင့် ချက်ချင်းပဲ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့.. ဟုတ်ကဲ့..ဒါဆို ဒီလိုပဲ သတ်မှတ်ကြတာပေါ့... ရန်ပုံငွေ ၁ ဘီလီယံအပြင် ဒီသင်္ဘောသုံးစင်းရော ပါပါတယ်.. "
လျူယောင်လည်း ခေါင်းညိတ် သဘောတူလိုက်သည်။
"ကောင်းပြီလေ... ဒီလိုပဲ သတ်မှတ်ကြတာပေါ့..."
"ဒါဆို နောက်ကျရင် ကျွန်တော်တို့သင်္ဘော...နစ်မြုပ်မှု့ တွေ ...ထပ်ဖြစ်လာမှာ... မဟုတ်တော့ဘူးပေါ့...."
လော့မောင်ယွမ် သေချာအောင် ထပ်မေးလိုက်သည်။
ဒီသင်္ဘောနစ်မြုပ်မှု့တွေဟာ သူနဲ့ ပတ်သက်တယ်ဆိုတာကို လျူယောင် ဝန်ခံမှာ မဟုတ်ပေ။
"သင်္ဘောက အနာဂတ်မှာ နစ်မြုပ်မလား ...မနစ်မြုပ်မလားဆိုတာ ကျွန်တော် မသိပါဘူး...ဘာဖြစ်လို့လဲဆိုတော့ သင်္ဘောနစ်မြုပ်တယ်ဆိုတာက ...ဖြစ်နိုင်ခြေနည်းတဲ့ ..အဖြစ်အပျက်တစ်ခုပဲလေ..."
လျူယောင် ရိုးရိုးလေး ပြန်ပြောလိုက်သည်။
လော့မောင်ယွမ် နောက်ဆုံးတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
လက်ကိုင်ပဝါကို ထုတ်ယူပြီး သူ့နဖူးပေါ်မှ ချွေးအေးများကို သုတ်လိုက်သည်။
"ဟူး...ဒီကိစ္စက နောက်ဆုံးတော့ ပြီးသွားပြီ"
လော့မောင်ယွမ် ဒီနေရာမှာ တစ်ခဏလေးမှ မနေချင်တော့ပေ။ထိုင်ရာကနေ ထပြီး သူ့ရဲ့လူတွေနဲ့အတူ ထွက်ခွာသွားသည်။
ဒီလူ့ကို လိုက်မပို့ခဲ့သလို ထရပ်ဖို့တောင် လျူယောင် ရည်ရွယ်ချက် မရှိခဲ့ပေ။
ရိီရှန်းအဖွဲ့ ထွက်သွားပြီးနောက် ခဏအကြာမှာတော့ အစည်းအဝေးခန်းထဲတွင် တက်ကြွလာသည်။ လူတိုင်းက အံ့ဩမှု့များထဲ နှစ်မြှုပ်နေခဲ့ကြသည်။
"အကိုယောင်... ဒါက အိပ်မက်တစ်ခုလိုပဲ..."
"ဘုရားရေ... လျော်ကြေး ၁ ဘီလီယံနဲ့ သင်္ဘောကြီးသုံးစင်း...."
"ချမ်းသာပြီ...ငါတို့...ချမ်းသာပြီကွ..."
လျူယောင် လူတိုင်းကို ကြည့်လိုက်သည်။သူ ထရပ်လိုက်ကာ လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"ဒီည ပွဲကျင်းပကြမယ်.... မစ္စတာကျိုး ...မင်း ဒီကိစ္စကို စီစဥ်ပေးနိုင်တယ်...ကုမ္ပဏီရဲ့ အထက်အဆင့်မှာရှိတဲ့ မန်နေဂျာတွေ အားလုံး ပါဝင်ရမယ်"
"ဟုတ်ကဲ့...ဟုတ်ကဲ့..." ကျိုးယန် ဝမ်းသာစွာနဲ့ အလျင်အမြန် ပြန်ဖြေလိုက်သည်။
ထိုညတွင် ဂလိုဘဲလ်က ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခုကို ကျင်းပခဲ့သည်။
ရိီရှိန်းအုပ်စုက ယွမ် ၁ ဘီလီယံနှင့် ရေနံတင်သင်္ဘောကြီးသုံးစင်းကို လျော်ကြေးပေးခဲ့တယ်လို့ ကြားသိရသောအခါ လူများစွာက သူတို့စိတ်ထဲတွင် လေးစားနေကြသည်။
"သူဋေးက...အံ့ဩစရာပဲ..."
ပြည်တွင်း သမုဒ္ဒရာရေကြောင်းပို့ဆောင်ရေးလုပ်ငန်း လုပ်တဲ့ လူများစွာက ဒီအဖြစ်အပျက်အကြောင်းကို ကြားသိခဲ့ကြပြီး အချို့သောလူများမှာ လျူယောင်နဲ့ ဂလိုဘဲလ်ကို စတင် စိတ်ဝင်တစား ရှိလာခဲ့ကြသည်။
………
လိပ်ကြီးက အခု ဟွာဟိုင်းမြို့မှ ရေမိုင်ထောင်ပေါင်းများစွာ အကွာတွင် ရှိပြီး ပင်လယ်ရေအနက် မီတာ ၃,၀၀၀ ခန့်တွင် ရှိနေသည်။
လိပ်ကြီး ထိုနေရာကို ရောက်ရှိလာပြီး ရေနေငါးအချို့ကို အမဲလိုက်စားပစ်ခဲ့သည်။
လိပ်ကြီး ဗိုက် ခုနစ်ဆယ်ရာခိုင်နှုန်း ပြည့်သွားပြီးနောက် အိပ်ဖို့ နေရာကို ရှာမနေတော့ဘဲ ပင်လယ်အောက်ခြေဘက်သို့ ဆက်လက်ရေကူးသွားသည်။
ရေအနက်က တဖြည်းဖြည်း နက်ရှိုင်းလာသည်။ ရာပေါင်းများစွာသော မီတာအနက် ထောင်ပေါင်းများစွာသော မီတာအနက် ပြီးနောက် မီတာ နှစ်ထောင်ကျော်အနက်အထိ ရောက်ရှိလာခဲ့သည်။ ထို့နောက် မီတာ သုံးထောင်သို့ပင် ရောက်ရှိလာသည်။ ဒီအနက်ကို ရောက်ရှိလာပြီးနောက် လိပ်ကြီး ရေဖိအားကို စတင် ခံစားလာရသည်။
လိပ်ကြီး၏ ရေဖိအားဒဏ်ခံနိုင်ရည် ကန့်သတ် ချက်မှာ မီတာ ၃,၀၀၀ ကျော် ဖြစ်သည်ဟု ခန့်မှန်းရပြီး ပိုနက်လာပါက သူ ခံနိုင်ရည် မရှိတော့ပေ။
အရင်က လိပ်ကြီး ဒီလောက်အထိ နက်ရှိုင်းစွာ သွားလေ့မရှိပေ။
ဒီအနက်မှာဘာရှိမလဲဆိုတာကို သိလိုစိတ်ကြောင့်သာ လာခဲ့ခြင်း ဖြစ်သည်။ မီတာ ၃,၀၀၀ အနက်မှာရှိတဲ့ ရေ ဖိအားက သိသာထင်ရှားလှသည်။
လိပ်ကြီး ထိုနေရာတစ်ဝိုက်ကို ကြည့်ပြီးမှ ပင်လယ်ရေ မျက်နှာပြင်သို့ ပြန်သွားရန် စီစဥ်ထားသည်။
မီတာရာပေါင်းများစွာ သို့မဟုတ် တစ်ထောင်နှစ်ထောင်မီတာ အနက်တွင် သက်သောင့်သက်သာ နေနိုင်တယ်လို့ လိပ်ကြီး ခံစားရသည်။
မီတာ ၃,၀၀၀ အနက်တွင်တော့ အနည်းငယ် ကွဲပြားခဲ့သည်။
ပင်လယ်အောက်ခြေ၏ ဟိုနားဒီနားတွင် အလင်းအစက်အချို့မှလွဲ၍ မှောင်မိုက်နေသည်။
လိပ်ကြီး၏ စူပါအမြင်အာရုံက. ဒီအခြေအနေတွင် အကျိုးသက်ရောက်မှု့ အကန့်အသတ်ရှိသည်။ အဓိကအားဖြင့် စူပါအာရုံခံစားမှု့အပေါ်တွင် မှီခိုထားတာကြောင့် မီတာ ၃၀ အချင်းဝက်အတွင်းရှိ အခြေအနေမှာ ရှင်းလင်းသည်။
"ဟေး...ဟိုမှာ အပေါက်တစ်ခု ရှိတယ်...သွားကြည့်ရအောင်..."
လိပ်ကြီး၏ ရှေ့ သိပ်မဝေးသော နေရာတွင် အချင်း မီတာ ၂၀ ကျော်ရှိတဲ့ အနက်ရောင်အပေါက်ကြီးတစ်ခု ရှိသည်။ လိပ်ကြီး ထို အပေါက်ထဲသို့ ဝင်ချင်ကာ သိလိုစိတ် ပြင်းပြလာတာကြောင့် အပေါက်နားသို့ ကူးခတ်သွားလိုက်သည်။
ဂူဝသို့ ရောက်သည်နှင့် ဝင်ဖို့ အချိန်မရသေးမီ ရုတ်တရက် သူ့စိတ်ထဲတွင် သတိထားရမည့် ခံစားချက်အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။ ဂူထဲတွင် ကြီးမားသော သတ္တဝါတစ်ကောင် ရှိနေတယ်လို့ သူ့ရဲ့ မသိစိတ်ကနေ ခံစားလိုက်ရသည်။
လိပ်ကြီး ဂူဝတွင် သတိထားစွာ ရပ်နေပြီး ဘာလဲဆိုတာ အတည်ပြုရန် အဆင်သင့် ဖြစ်နေသည်။
မကြာခင်မှာပဲ ဂူထဲကနေ ကြီးမားတဲ့ အရာတစ်ခု ထွက်လာသည်။ထိုအကောင်ကြီးက. ဂူဝ မှာရှိနေတဲ့ လိပ်ကြီးကိုလည်း မြင်သွားသည်။
"အမေလေး...."
"ဒီလို ဘီလူးကောင်မျိုးက ဘာကောင်လဲဟ... "
လိပ်ကြီး မသိတာကြောင့် သခင့်အားမေးရန် ဆုံးဖြတ်လိုက်သည်။
"သခင်ရေ....ဒါ....ဘာကောင်လဲဆိုတာ... သိလား.."
လိပ်ကြီး၏ အသံက လျူယောင့်ရဲ့စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ အိမ်မွေးတိရိစ္ဆာန်ချပ်ပြားကို လျူယောင် ချက်ချင်း ဖွင့်လိုက်ပြီး တတိယအမြင့်နဲ့ ကြည့်လိုက်ရာ ပင်လယ်အောက်ခြေမှာရှိတဲ့ လိပ်ကြီးကို မြင်လိုက်ရသည်။ ထို့နောက် လိပ်ကြီးရဲ့ တည်နေရာကို လျူယောင် ချက်ချင်း သိလိုက်သည်။
"ဟ...မင်းက..ဒီလောက်ဝေးတဲ့နေရာအထိ ရောက်သွားတာလား..."
၎င်းက ဟွားဟိုင်မြို့မှ ရေမိုင် တစ်ထောင်ကျော် ကွာဝေးလှသည်။
အဓိကအချက်မှာ ရေအနက် မီတာ ၃,၀၀၀ ခန့်မှာရှိတဲ့ ပင်လယ်အောက်ခြေပင် ဖြစ်သည်။
ထို ပင်လယ်အောက်ခြေတွင် မှောင်မိုက်နေပြီး အလင်းရောင် အစက်အချို့သာ ရှိသည်။
လျူယောင် အမြင်ရူ့ထောင့်ကနေ ကြည့်လိုက်တော့ ပင်လယ်အောက်ခြေတစ်ခုလုံးမှာ နေ့အချိန်ကဲ့သို့ လင်းနေပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရသည်။
"ဟာ... ငါးပိ..."
လိပ်ကြီး၏ တစ်ဖက်မှာရှိတဲ့ အကောင် အကြီးစားကို မြင်သောအခါ လျူယောင် အံ့ဩသွားသည်။
၎င်းက ဧရာမရေဘဝဲတစ်ကောင်ပဲ ဖြစ်သည်။ သူ ကိုယ်တိုင် မမြင်ရပါက ကမ္ဘာပေါ်တွင် ထိုမျှကြီးမားသော ရေဘဝဲတစ်ကောင် ရှိတာကို လျူယောင် လုံးဝ ယုံကြည်မည် မဟုတ်ပေ။
ထိုဧရာမကောင်ကြီးက လိပ်ကြီးထက် အရွယ်အစားထက် နှစ်ဆ သို့မဟုတ် သုံးဆ ရှိနေပြီး သူ့ရဲ့လက်မောင်းများနှင့် ခြေထောက်များရဲ့အရှည်က အများအားဖြင့် မီတာ ၅၀ ကျော် ရှိလောက်မည်။
"လိပ်ကြီး...ဒါက ရှားပါးတဲ့ ဧရာမပြည်ကြီးငါး ဖြစ်လောက်တယ်... ကမ္ဘာပေါ်မှာ အကြီးဆုံး ရေဘဝဲတမျိုးပဲ...ဒါပေမယ့် ငါ့ရှေ့မှာ ရှိတဲ့ကောင်က အရမ်းကြီးတယ်...အခုအချိန်အထိ လူသားတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ အကြီးဆုံးကောင်ထက် အဆများစွာ ပိုကြီးနေတယ်..ဟ."
လျူယောင် အံ့အားသင့်စွာ ရှင်းပြလိုက်သည်။
"ဧရာမပြည်ကြီးငါးလား...."
ဒီကောင်က ဘာလဲဆိုတာ နောက်ဆုံးတော့ လိပ်ကြီး သိသွားသည်။
ကြီးမားသော ငါးများက သူ့ရဲ့အစာပဲ ဖြစ်သည်။ ဒါက လိပ်ကြီးမည်မျှ စွမ်းအားကြီးကြောင်းကို ပြသနေသည်။
"လိပ်ကြီး ...ဂရုစိုက်အုံး...မင်းမနိုင်ရင်... ပြေး... ဒီကောင်က ကိုင်တွယ်ရ ခက်လောက်မယ်..."
လျူယောင် သတိပေးလိုက်သည်။
သူ့ရှေ့တွင်ရှိသော ထိုအကောင်အကြီးစားကို မြင်သောအခါ လိပ်ကြီး ကြောက်ရွံ့မူ့ အနည်းငယ်မျှပင် မရှိဘဲ စမ်းသပ်လိုစိတ် အနည်းငယ်သာ ရှိနေသည်။
"ဟင်း...ဘယ်သူ ပိုသန်မာလဲဆိုတာ ...သိဖို့ ...တိုက်ခိုက်ကြစို့....."
လိပ်ကြီး ထွက်ခွာရန် ရည်ရွယ်ချက်မရှိတာကို မြင်သောအခါ ဧရာမရေဘဝဲကြီးက သိသိသာသာ ဒေါသထွက်လာပြီး ချက်ချင်း ပြေးဝင်လာသည်။
သူ၏ လက်တံများနဲ့ခြေတံများက ဧရာမ သားရေကြိုးအချို့လို ဖြစ်နေကာ လိပ်ကြီးဘက် သို့ ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်သည်။
ဒီမီတာငါးဆယ်မှ ခြောက်ဆယ်ရှည်သော လက်တံများနဲ့ ခြေတံအချို့မှာ လိပ်ကြီးအား ထိအောင် မရိုက်နိုင်ခဲ့ပေ။ဒါပေမဲ့ လိပ်ကြီး ဘေးမှာရှိတဲ့ ကြီးမားသော ကျောက်တုံးကိုသာ ရိုက်မိခဲ့သည်။ မူလက အလွန်ကြည်လင်သော ပင်လယ်ရေကနောက်ကျိသွားသည်။
"လိပ်ကြီး...တော်တယ်...အရမ်း... ဉာဏ်ကောင်းတာပဲ..."
တတိယအမြင်နဲ့ တိုက်ပွဲကို ကြည့်နေသော လျူယောင်က လိက်ကြီးရဲ့ အနိုင်ရနိုင်ခြေ မည်မျှ ရှိမလဲ လဲဆိုတာကို သူ့ရဲ့စိတ်ထဲတွင် ချိန်ဆနေသည်။
ဒီဧရာမ လက်တံများနဲ့ ခြေတံများရဲ့ ရိုက်ခတ်မှု့ကို လိပ်ကြီး အနီးကပ် ရှောင်တိမ်းလိုက်စဥ် ရေဘဝကြီး၏ နောက်ထပ် လက်တံအချို့နဲ့ ခြေတံအချို့က ဝှေ့ယမ်းလာခဲ့သည်။ သူက လိပ်ကြီးကို ထိမိစေချင်နေပုံရသည်။
"လာလေ...လာစမ်းပါ.... ငါ ...ထပ်ရှောင်ပေးမယ်"
လိပ်ကြီး ထို လက်တံများ ထပ်ရှောင်လိုက်ပြီး အခွင့်အရေးကို အသုံးချကာ သူ့လက်ထဲရှိ ဧရာမလှံဖြင့် လက်တံတစ်ချောင်းကို ထိုးဖောက်လိုက်သည်။
" ဖောက်..."
လိပ်ကြီး ထိုးလိုက်တဲ့ အရှိန်က အရမ်းမြန်လှသည်။
အဲဒါက ဖလက်ရှ် ရုပ်ရှင်ကဲ့သို့ ဖြစ်နေသည်။ ဧရာမရေဘဝဲမှာ ရှောင်တိမ်းဖို့ အချိန်မရှိခဲ့ပေ။ သူ့လက်တံဟာ ဧရာမလှံဖြင့် ဖောက်ထွင်းခံခဲ့ရသည်။ ဧရာမလှံရဲ့ထိပ်ဖျားက တစ်မီတာအနက်ခန့်ထိ ထိုးဖောက်ဝင်ရောက်သွားသည်။
“ အမငီး.. နာလိုက်တာ..နာလိုက်တာ..”
" ဝူးး..."
ဧရာမရေဘဝဲကြီး နာကျင်မှု့ကို ခံစားလိုက်ရကာ အလွန်ပြင်းထန်တဲ့ အော်သံကြီး ထွက်ပေါ်လာခဲ့ပြီး သူ ဒေါသ ပိုထွက်လာ ခဲ့သည်။
အသည်းအသန်ဖြစ်နေတဲ့ အမူအရာဖြင့် အရှိန်အဟုန်ပြင်းစွာ ပြေးလာပြီး လိပ်ကြီးနှင့် အကွာအဝေးကို အမြန်ဆုံး လျှော့ချလိုက်သည်။
"အမ် ...ဒီကောင်က.... လက်ချင်းယှဥ်တိုက်....ချင်နေတာလား...."
လိပ်ကြီး သတိထားကာ ရေရွတ်လိုက်သည်။
ဒါက ဧရာမရေဘဝဲကြီး၏ အားသာချက်ပဲ။ အကယ်၍ သူသာ လိပ်ကြီးကို အနီးကပ် ထိမိအောင် လုပ်နိုင်ပါက တိုက်ပွဲက လုံးဝ လွဲချော်သွားမည် မဟုတ်ပေ။ သူက ဝေလငါးများကို အမဲလိုက်သောအခါတွင် ဤနည်းအတိုင်း လုပ်ခဲ့ဖူးသည်။
သူ၏ လက်တံများနဲ့ခြေတံများဖြင့် ဝေလငါးကို တင်းကျပ်စွာ ပတ်လိုက်ပြီး ကိုက်စားတော့တာ။ သူ့မှာ ချွန်ထက်တဲ့သွားများ ရှိသည်လေ။
" ဖူး..."
ဧရာမရေဘဝဲက ရေပန်းတစ်လုံးကို မူတ်ထုတ်ပစ်လိုက်သည်။ ရေရဲ့ တန်ပြန်အားအကူအညီဖြင့် ၎င်းက လိပ်ကြီး ရှေ့တွင် တစ်ခဏလေးအတွင်း ရောက်ရှိလာခဲ့ သည်။ မူလက မီတာတစ်ရာကျော် အကွာအဝေးကနေ ရုတ်တရက် မီတာ နှစ်ဆယ် သို့မဟုတ် သုံးဆယ်ထိ နီးကပ်လာခဲ့သည်။
နီးကပ်လာပါက သူ့ရဲ့ ရှည်လျားတဲ့ လက်တံရှည်များနဲ့ ခြေတံရှည်များဖြင့် လိပ်ကြီးကို လွယ်လွယ်ကူကူ ရစ်ပတ်နိုင်သည်လေ။