← Chapters

" ဒီလိုစိန်ကြမ်းတွေ ကျွန်တော့်ဆီမှာ အများကြီးရှိတယ် "

Vol. 12 Ch. 170

" ဒီလိုစိန်ကြမ်းတွေ ကျွန်တော့်ဆီမှာ အများကြီးရှိတယ် "

Vol. 12 Ch. 170

ထပ်မံ၍ ကြည့်ပြီးနောက် ချန်ဟီဖေး မနေနိုင်တော့ဘဲ မေးလိုက်သည်။

"မစ္စတာလျူ...ခင်ဗျားရဲ့ စားပွဲပေါ်က ပစ္စည်းကို ကျွန်တော့်ကိုပြလို့ရမလား..."

ထိုစဉ် ကျိုးဟုန်လျန်လည်း လက်ဝတ်ရတနာဒီဇိုင်းအစုံကို မိတ်ဆက်၍ ပြီးစီးသွားခဲ့သည်။

လျူယောင် ထ၍ ထိုပစ္စည်းကိုယူကာ ချန်ဟီဖေးအား ပေးလိုက်သည်။

ပစ္စည်းကို ယူလိုက်သည်နှင့် ချန်ဟီဖေး အလေးအနက်ထား၍ ကြည့်လိုက်ပြီး သုံးလေးစက္ကန့်အတွင်းမှာပင် ၎င်းသည် စိန်ကြမ်းတစ်စဖြစ်မှန်း အခြေခံအရသေချာသွားခဲ့သည်။

"ဘုရားရေ..."

ချန်ဟီဖေး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"မစ္စတာလျူ... ခင်ဗျားမှာ မှန်ဘီလူးရှိလား...ကျွန်တော် ခဏလောက် သုံးချင်ပါတယ်..."

လျူယောင် မှန်ဘီလူးကို အမြန်ယူ ပေးလိုက်သည်။ ဒါက ရိုးရှင်းသည့်အရာ မဟုတ်ဘဲ အဖိုးတန် ကျောက်မျက်ရတနာတစ်မျိုး ဖြစ်နိုင်တယ်လို့ သူ တွေးမိခဲ့သည်။

မဟုတ်လျှင် ချန်ဟီဖေး ထိုမျှ ကြီးကြီးမားမား တုံ့ပြန်မည်မဟုတ်ပေ။

ချန်ဟီဖေး မှန်ဘီလူးကို ကိုင်ကာ တစ်မိနစ် နှစ်မိနစ်ခန့် သေချာစွာကြည့်ပြီးနောက် ထိုစိန်ကြမ်းနှင့် မှန်ဘီလူးကို ကျိုးဟုန်လျန်အား ပေးလိုက်သည်။

"လူအိုကျိုး...ခင်ဗျားလည်း ကြည့်လိုက်ဦး.."

ကျိုးဟုန်လျန်လည်း ထိုစကားကို အချိန်အတော်ကြာ စောင့်မျှော်နေခဲ့တာပဲဖြစ်သည်။ ၎င်းမှာ ကာရက် ရာနှင့်ချီသော စိန်ကြမ်းဖြစ်ပြီး အလွန်ကြည်လင်နေသဖြင့် အကြည်ဓာတ်ကောင်းမွန်ကြောင်းကို သူ မြင်နေခဲ့ပြီးသား ဖြစ်သည်။

ကျိုးဟုန်လျန် မှန်ဘီလူးကိုယူပြီးနောက် အလေးအနက်ထား၍ သူ ကြည့်လိုက်သည်။

တစ်မိနစ် နှစ်မိနစ်ကြာအောင် ကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာနဲ့ အော်ပြောလိုက်သည်။

"ဒါက ကျွန်တော် တစ်သက်တာမှာ မြင်ဖူးသမျှ အကြီးဆုံး စိန်ကြမ်းပဲဗျ... အနည်းဆုံး ကာရက် ၅၀၀ လောက် ရှိမယ်.. အကြည်ဓာတ်လည်း အလွန်မြင့်မားတယ်..."

"ဘာ..."

"ဒါက စိန်ကြမ်းကြီးလား.."

လျူယောင် အစပိုင်းမှာ အနည်းငယ်လန့်သွား ပေမယ့် နောက်ပိုင်းတွင် အလွန်ပျော်ရွှင်သွားခဲ့သည်။ မူရင်းကျောက်တုံးက စိန်တုံးအစစ်ဖြစ်နေသည်လေ။

"ဘယ်လောက် တောင်ကြီးမားတဲ့စိန်တုံးလဲ..."

လျူယောင်လို လူရိုးလူအ ၊လူပြိန်းတစ်ယောက်အနေနဲ့ တောင် ဒီကြီးမားတဲ့စိန်တုံးကြီးဟာ အလွန်တန်ဖိုးရှိကြောင်း သိလိုက်ရသဖြင့် စိတ်လှုပ်ရှားမှု့ မထိန်းနိုင်အောင် ဖြစ်နေခဲ့သည်။

ဤအရာကို စိန်ကြမ်းဖြစ်လိမ့်မည်လို့ လျူယောင်ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

"အိတ်ထဲတွင်ရှိသည့် အခြားကြီးမားတဲ့ ကျောက်တုံးများမှာလည်း စိန်ကြမ်းတွေ ဖြစ်နိုင်လောက်တယ်... ချန်ဟီဖေးနဲ့အခြားသူများက ကျွမ်းကျင်သူတွေပဲ...သူတို့ကို ကြည့်ခိုင်းဖို့...ငါ.. တောင်းဆိုနိုင်တာပဲ..." လျူယောင်ပျော်ရွှင်စွာ တွေးလိုက်သည်။

ချန်ဟီဖေးက စိန်ကြမ်းကို မနာလိုစွာ ကြည့်ရင်း ရေရွတ်လိုက်သည်။

"ဒီလိုကြီးမားတဲ့...စိန်ကြမ်းမျိုး....ကျွန်တော်တို့ကုမ္ပဏီမှာ ရှိခဲ့ရင် ကောင်းမှာပဲ"

လျူယောင်က ပြုံးလိုက်ပြီး သူ့စားပွဲဆီသို့ လျှောက်သွားကာ အံဆွဲထဲမှ စိန်ကြမ်းများထည့်ထားတဲ့ အိတ်ကို ထုတ်လိုက်သည်။

"မစ္စတာချန်...ကျွန်တော့်မှာ ဒီလိုမျိုး စိန်ကြမ်းတွေ အများကြီး ရှိပါသေးတယ်...ကြည့်ပေးပါအုံး..."

"ဘာ..."

" ထပ်ရှိသေးတာလား.."

လျူယောင်ရဲ့ လက်ထဲတွင်ရှိတဲ့ အိတ်ကို မြင်လိုက်ရသည့်အခါ ချန်ဟီဖေး အနည်းငယ် လန့်သွားခဲ့သည်။ "ဒီအိတ်ထဲမှာ စိန်ကြမ်းများနဲ့ ပြည့်နေတာလား "လို့ သူတွေးမိသည်။

အကယ်၍ အဲဒါက အမှန်တကယ် စိန်ကြမ်းများဖြစ်နေလျှင် မယုံကြည်နိုင်စရာပင်။

ဒီအိတ်တစ်လုံးနဲ့ပင် အံ့သြဖွယ်ကောင်းသော ကြွယ်ဝမှု့ပင် ဖြစ်သည်။

လျူယောင် အိတ်ကို ဆိုဖာဘေးရှိ ကော်ဖီစားပွဲပေါ်သို့ ညင်သာစွာ ချလိုက်ပြီး အတွင်းမှ စိန်ကြမ်းများကို တစ်ခုချင်းစီ ထုတ်ကာ စားပွဲပေါ်တွင် စီလိုက်သည်။

ချန်ဟီဖေးနဲ့ကျိုးဟုန်လျန်တို့မှာ တုန်လှုပ်ခြောက်ခြားသွားကြသည်။

သူတို့နှစ်ဦးက လက်ဝတ်ရတနာလုပ်ငန်း၌ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပေမဲ့ ဒီအရွယ်အစားရှိတဲ့ စိန်ကြမ်းများစွာကို သူတို့ဘဝတွင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပဲ ဖြစ်သည်။

အသေးဆုံးတစ်ခုမှာ လက်ညိုးအရွယ်ခန့် ရှိပြီး အကြီးဆုံးတစ်ခုမှာ လက်သီးအရွယ်ခန့်ပင် ရှိလေသည်။

"ဒါက အမှန်တကယ်လား.."

ကျိုးဟုန်လျန် တိတ်တိတ်လေး သူ့ကိုယ်သူ ဆိတ်ဆွဲလိုက်သည်။

ချန်ဟီဖေးလည်း စိတ်လှုပ်ရှားစွာဖြင့် သူ့လက်များကို ပွတ်သပ်ပြီး စိန်ကြမ်းများထဲမှ တစ်ခုကို ကောက်ယူကာ မှန်ဘီလူးဖြင့် သေချာကြည့်လိုက်သည်။

ကြည့်ပြီးနောက် နောက်တစ်ခုကို ယူကာ သေချာကြည့်ပြန်သည်။

ကျိုးဟုန်လျန်မှာလည်း ဒါက အိပ်မက်မဟုတ်ကြောင်း သဘောပေါက်သွားပြီး စိန်ကြမ်းများထဲမှ တစ်ခုကို ကောက်ယူကာ အလေးအနက်ထား၍ ကြည့်လိုက်သည်။

လျူယောင် ညင်သာစွာ ပြုံးလိုက်ပြီး သူ့ဘာသာသူ ကော်ဖီတစ်ခွက် ဖျော်လိုက်သည်။

ကော်ဖီကို ဖြည်းညှင်းစွာ သောက်ရင်း စိန်ကြမ်းများကို ထိုနှစ်ယောက်ကြည့်ပြီးတဲ့အထိ စောင့်ဆိုင်းနေသည်။

မိနစ် နှစ်ဆယ် သို့ သုံးဆယ် ပြည့်သည့်အထိပင်။

နောက်ဆုံးတွင် ကြည့်ပြီးသွားသဖြင့် ချန်ဟီဖေး သူ့လက်ထဲမှ စိန်ကြမ်းများကို ချလိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"အားလုံးက အလွန်မြင့်မားတဲ့ အကြည်ဓာတ်ရှိတဲ့ အဆင့်မြင့် စိန်ကြမ်းတွေပဲ... ရှားပါးတာက အချို့ဟာ အရောင်ပါတဲ့ စိန်ကြမ်းတွေ ဖြစ်နေတာပါပဲ.."

လျူယောင် ပြုံးပြီး ပြန်ဖြေလိုက်သည်။

"မစ္စတာချန်... ကျွန်တော့်မှာ ဒီလိုမျိုး စိန်ကြမ်းတွေ အများကြီး ရှိပါသေးတယ်...."

"ဘာလဲ...အများကြီး ရှိသေးတာလား..."

"ဒါဆို အရမ်းကို ကြောက်စရာကောင်းတယ်..."

"တကယ် ပဲ အများကြီး ရှိသေးတယ်တဲ့လား.."

ချန်ဟီဖေး မယုံကြည်နိုင်စွာဖြင့် လျူ ယောင် ကို ကြည့်လိုက်ပြီး သူ့နားများ မှားကြားမိသလားလို့ အလေးအနက် တွေးလိုက်မိသည်။

ဒီလို စိန်ကြမ်းတစ်ခု ဖြစ်ဖြစ် ပိုင်ဆိုင်ရလျှင် ကောင်းမည်ဟု ယူဆထားသောအချိန် လျူယောင် က အများကြီး ရှိသေးတယ်ဟု ပြောနေလေသည်။

လျူယောင် ဆက် ပြောလိုက်သည်။

"မနက်ဖြန် ဒီကိုလာပြီး ကျွန်တော့်ရဲ့ မင်္ဂလာလက်ဝတ်ရတနာအတွက်.. စိန်ကြမ်းတချို့ ရွေးပေးပါအုံး..."

"ဘုရားရေ..."

"ဒီလိုမျိုး ကြီးမားတဲ့ စိန်တွေ.. ပြီးတော့ အချို့က အရောင်ပါတဲ့ စိန်တွေ ဖြစ်နေတယ်..."

ကျိုးဟုန်လျန် အိပ်မက်ဖြစ်နေတာလားလို့ တွေးကာ သူ့ပေါင်ကို ထပ်ဆိတ်လိုက်ပြန်သည်။

ချန်ဟီဖေးကတော့ စိတ်လှုပ်ရှားလွန်းသဖြင့် သူ့လက်များကို အဆက်မပြတ်ပွတ်နေမိသည်။

ချန်ရှန်းရှန်းကုမ္ပဏီမှ အခြားသူများသာ ထို တုံ့ပြန်မှုကို မြင်လျှင် အံ့သြသွားကြမည်မှာ သေချာသည်။

"ဒီလူတွေက ကျွန်တော်တို့ရဲ့သူ​ဋေးချန် ဟုတ်ရဲ့လား" လို့ တွေးမိမှာပဲ သေချာသည်။

စိတ်လှုပ်ရှားနေသည့်ကြားမှ ချန်ဟီဖေး သူ့စိတ်ကို ငြိမ်သက်စေရန်အတွက် လေးနက်သော အသက်ရှုခြင်း အကြိမ်အနည်းငယ်ကို အားထုတ်၍ ရှုလိုက်သည်။

"မစ္စတာလျူ...ဒါဆိုရင် မနက်ဖြန် မနက်စောစော လာခဲ့ပါ့မယ်"

ဒီများစွာသော စိန်ကြမ်းများကို မြင်ရရန် သူ့ မျက်လုံးများကို ဖွင့်ထားချင်နေသည်။

ချန်ဟီဖေးတို့အား ပြန်လွှတ်လိုက်ပြီးနောက် လျူယောင် လိပ်ကြီးနဲ့ ဆက်သွယ်လိုက်သည်။

"လိပ်ကြီး... အခု...မင်းဘယ်နေရာမှာလဲ..."

"သခင်...ကျွန်တော်က လိုဏ်ဂူကို ပြန်ရောက်တာ ကြာပါပြီ...အခုလည်း တစ်ဝကြီး စားခဲ့ပြီးပါပြီ...အနီးအနားကို လိုက်ကြည့်မလို့ပါ သခင်..."

စိန်ကြမ်းများကို မနေ့မွန်းလွဲပိုင်းကပင် ပင်လယ်ဘေးရှိ ဂိုဒေါင်သို့ ပို့ဆောင်ခဲ့ပြီးနောက် လိပ်ကြီး ချက်ချင်းပဲ ပြန်လာခဲ့သည်။

ပြီးခဲ့သည့်ညက လိုဏ်ဂူသို့ ပြန်ရောက်ခဲ့ပြီး ပထမဆုံးအကြိမ် လုပ်ခဲ့တဲ့အရာမှာ အစာကို ကောင်းကောင်းစားခြင်းပင်ဖြစ်သည်။

အစာကို နေရာတိုင်း လိုက်ရှာစရာမလိုဘဲ ထိုငါးကြီးများကိုလည်း လိုက်ဖမ်းစရာမလိုတော့ပေ။အသင့်စားဖွယ်ရာများ ရှိနေသည့်အတွက် ထိုသို့သော နေ့ရက်များတွင် လိပ်ကြီးက အလွန်ပျော်ရွှင်နေသည်။

ပြီးခဲ့တဲ့ညက အဝစားပြီးနောက် ကောင်းစွာ အိပ်ပျော်ခဲ့ပြီး မနက်ပိုင်းတွင်လည်း အဝစားခဲ့ပြန်သည်။ ယခုလေးတင် နာရီအနည်းငယ်အတွင်းမှာပင် နောက်ထပ် အဝစားခဲ့သေးသည်။

လျူယောင်က ညွှန်ကြားလိုက်သည်။

"လောလောဆယ်....ဘာမှ မလုပ်နဲ့အူံး...လိုဏ်ဂူထဲက တောက်ပြောင်နေတဲ့ အရာအားလုံးကို ပင်လယ်ဘေးက ဂိုဒေါင်ကို ပို့လိုက်တော့..."

"အခုလား ...သခင်..."

"ဟုတ်တယ်.. အခုပဲ.. ဒီပစ္စည်းတွေက အဖိုးတန်တယ်... တစ်ခုမှ မကျန်အောင် ပင်လယ်ဘေးက ဂိုဒေါင်ကို အကုန်ပို့ရမယ်ဆိုတာ သတိထားအုံး.."

" အိုကေဘာ....သခင်"

လိပ်ကြီးက ချက်ချင်း အလုပ်စတင်တော့သည်။ အနည်းငယ် သေးငယ်တဲ့ စိန်ကြမ်းအချို့ ရှိနေခဲ့သဖြင့် လိပ်ကြီးက ၎င်းတို့ကို သူ့ခြေသည်းများဖြင့် အကြိမ်ကြိမ် ဆွဲယူခဲ့သော်လည်း ခိုင်မြဲစွာ မဆွဲကိုင်နိုင်ခဲ့ပေ။

ထို့ကြောင့် သူကလျှာဖြင့် ရိုးရိုးရှင်းရှင်း လျက်ကာ ထိုသေးငယ်တဲ့ စိန်ကြမ်းအချို့ကို ပါးစပ်ထဲသို့ လှိမ့်သွင်းလိုက်သည်။

လိုဏ်ဂူထဲရှိ စိန်ကြမ်းအားလုံးကို ပါးစပ်ထဲသို့ ထည့်ပြီးနောက် ပင်လယ်ဘေးရှိ ဂိုဒေါင်သို့ လိပ်ကြီး ကူးခတ်လာခဲ့သည်။

ပြင်ပအမြင်မှတစ်ဆင့် လိုဏ်ဂူထဲတွင် စိန်ကြမ်းများစွာ ရှိနေသည်ကို မြင်လိုက်ရကာ လျူယောင် ကျေနပ်နေသည်။

လိပ်ကြီး ထွက်ခွာသွားတာကို မြင်လိုက်ရပြီးနောက် သူက အိမ်မွေးတိရိစ္ဆာန်ချပ်ပြားနဲ့ ပြင်ပအမြင်ကို ပိတ်လိုက်သည်။

လျူယောင် ဖုန်းကိုကောက်ယူကာ ချန်းဟူကို ခေါ်လိုက်ပြီး ပလတ်စတစ်ပုံးအချို့ ဝယ်ကာ Big G ၏ နောက်ဖုံးထဲသို့ ထည့်ထားရန် ပြောလိုက်သည်။

ထိုနေရာကရေမိုင် တစ်ထောင်ကျော်ရှိသဖြင့် လိပ်ကြီးမှာ အချိန်နာရီပေါင်းများစွာ သွားခဲ့ရသည်။

မွန်းလွဲပိုင်း….

နောက်ထပ် မိနစ်သုံးဆယ်မှ လေးဆယ်အတွင်း ပင်လယ်ဘေးရှိ ဂိုဒေါင်သို့ လိပ်ကြီး ရောက်တော့မယ်လို့ လျူ​ယောင်တွေးကာ Big G ကို သူ့ဘာသာသူ မောင်း၍ ထွက်လာခဲ့သည်။

All Chapters