" ဒါတွေက.. စိန်တုံးတွေလား.."
Vol. 12 Ch. 171
လျူယောင် လမ်းပေါ်၌ ရှိနေစဉ်ကတည်းကပင်လိပ်ကြီးနှင့်အဆက်အသွယ်လုပ်ထားသည်။
“သခင်...ကျွန်တော် ဂိုဒေါင်ကို ရောက်ပါပြီ.. ခင်ဗျား လိုချင်တဲ့ ပစ္စည်းအားလုံးကို ဂိုဒေါင်ထဲမှာ ကျွန်တော် ထားခဲ့ပြီးပြီ...”
"မင်းရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်ကွာ...နောက် မိနစ် ၂၀ လောက်ဆိုရင် ဂိုဒေါင်ကို ငါရောက်ပြီ...” လျူယောင် ပြန်ပြောလိုက်သည်။
မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် လျူယောင်ကဂိုဒေါင်သို့ ရောက်ရှိလာခဲ့သည်။
ဂိုဒေါင်ထဲသို့ ကားမောင်းဝင်သွားပြီးနောက် ဂိုဒေါင်တံခါးကို အမြန်ပိတ်လိုက်ကာ စိန်ကြမ်းပုံကြီးကို လျူယောင် အရင်ကြည့်ရှုလိုက်သည်။
အစပိုင်းတွင် ထိုစိန်ကြမ်းများကို သူ ဓါတ်ပုံများထဲ၌သာ မြင်ဖူးသော်လည်း ယခုကဲ့သို့ အမှန်တကယ် ကိုယ်တိုင်တွေ့ဖူးသည် မဟုတ်ပေ။
လျူယောင် စိတ်ဝင်တစားနှင့် ထိုစိန်ပုံကြီးဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။
စိန်တုံးပေါင်း ထောင်နှင့်ချီ၍ ကြီးမားသော ပုံကြီးဖြစ်ပြီး စုစုပေါင်း ကာရက် ၃၀၀,၀၀၀ ကျော်ခန့် ရှိနိုင်သည်။
“အိုး… ဘုရားရေ!”
ကာရက် ၃၀၀,၀၀၀ ကျော်ရှိသည့် စိန်ကြမ်းများက အလွန် ကြည်လင်သန့်ရှင်းပြီး အချို့စိန်များဆိုရောင်စုံစိန်များပင် ဖြစ်နေသည်။
“ယေး… ငါ ချမ်းသာပြီကွ”
လျူယောင် အလွန်ပျော်ရွှင်နေပြီး Big G ၏ အဖုံးကိုဖွင့်၍ အတွင်းမှ ပလတ်စတစ်သေတ္တာကို ထုတ်ယူကာ ဂိုဒေါင်ကြမ်းပြင်ပေါ်မှ စိန်ကြမ်းများကို တစ်လုံးပြီးတစ်လုံး သေတ္တာထဲသို့ ထည့်လိုက်သည်။
မကြာမီ ပလတ်စတစ်သေတ္တာများစွာ ပြည့်သွားပြီးနောက် ထိုစိန်ကြမ်းများက ကာရက် ၃၀၀,၀၀၀ မကဘဲ ကာရက် ၄၀၀,၀၀၀ နီးပါးခန့် ရှိလောက်မယ်လို့ ခန့်မှန်းမိသည်။
-------
နောက်တစ်နေ့..
နောက်ဆုံးတော့ ချန်ဟီဖေး ရောက်လာခဲ့သည်။ ကျိုးဟုန်လျန် အပြင် သူ့ကုမ္ပဏီ၏ အကြီးတန်းအမှုဆောင်အရာရှိ ပေါင်ကျန်တဲလည်း ပါလာ၏။
သူတို့က အရာရှိကြီးများနှင့်အတူ ရောက်လာကြသည်။
မနေ့က စိန်ကြမ်းတုံး ဒါဇင်ပေါင်းများစွာကို မြင်တွေ့ခဲ့ပြီးနောက် လျူယောင်က နောက်ထပ် စိန်ကြမ်းများ ရှိနေသေးသည်ဟု ပြောခဲ့ရာ တစ်ညလုံး အိပ်မပျော်ဘဲ ချန်ဟီဖေး စိတ်လှုပ်ရှားနေခဲ့သည်။
“သူဋေးလျူ ..."
“မစ္စတာချန်... ခင်ဗျား စောစောစီးစီး ရောက်လာတာကိုး...."
နှစ်ဖက်စလုံး စိတ်အားထက်သန်စွာ လက်ဆွဲနှုတ်ဆက်ကြပြီး ခဏတာ နှုတ်ဆက်စကား ပြေခဲ့ာကြသည်။
ချန်ဟီဖေးက ပေါင်ကျန်တဲကို လျူယောင်နှင့် မိတ်ဆက်ပေးပြီးနောက် ပြောလိုက်သည်။
“ခင်ဗျားမှာ နောက်ထပ် စိန်တွေရှိတယ်ဆိုတော့ ကျွန်တော် ဩစတြေးလျကနေ လာခဲ့တာပါ.. အမှန်အတိုင်း ပြောရရင်.... မနေ့ညက ကျွန်တော် အိပ်ရေးပျက်လုနီးပါးပါပဲ....”
“ဟားဟား....”
လျူယောင် ရယ်မောလိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ
“လာပါဗျာ...ခင်ဗျားတို့ကို ကျွန်တော် ခေါ်သွားပြီး အဲ့ဒီစိန်ကြမ်းတွေကို ထုတ်ပြပါ့မယ်” ပြောပြီးနောက် လျူယောင် ရှေ့မှလျှောက်သွားရာ ချန်ဟီဖေးနဲ့ အခြားသူများက နောက်ကနေ လိုက်လာခဲ့သည်။
သူတို့ အစည်းအဝေးခန်းကြီးထဲသို့ ရောက်သောအခါ အစည်းအဝေးစားပွဲကြီးပေါ်တွင် ပလတ်စတစ်သေတ္တာများစွာကို တွေ့ရသည်။
ဟူဂျွန်းရှီ၊ ကျိုးယန်နှင့် အခြားသူများက အစည်းအဝေးခန်းထဲတွင် ရှိနေကြပြီး ချန်းဟူက တံခါးဝတွင် ရပ်နေကာ မည်သူမျှ မဝင်နိုင်စေရန် တားဆီးထားသည်။
ကျိုးယန်နဲ့ ဟူဂျွန်းရှီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
“ဟိုကောင်ကြီး.. သူဋေးက ငါတို့ကို ဘာကြောင့် ခေါ်တာလဲဆိုတာ မင်း အတိအကျသိလား...”
“ငါလည်း မသိဘူး... အစ်ကိုလျူက...ငါ့ကို.. ဘာမှ မပြောထားဘူး...."
ဟူဂျွန်းရှီ ခေါင်းခါယမ်းကာ ပြန်ဖြေလိုက်သည်။
နှစ်ယောက်စလုံး အလွန် သိချင်နေကြသည်။သူဋေးက အလုပ်ဆင်းပြီးသည်နှင့် ချက်ချင်းပင် သူတို့ကို ခေါ်လိုက်ခြင်းဖြစ်သည်။
ခဏအကြာတွင် တံခါးအပြင်ဘက်မှ လှုပ်ရှားမှုများနှင့် အသံများ ထွက်ပေါ်လာသည်။
လျူယောင်၊ ချန်ဟီဖေးနဲ့ သူတို့သုံးယောက်တို့က စကားပြောကာ ရယ်မောနေကြသည့် အသံများဖြစ်သည်။
အစည်းအဝေးစားပွဲပေါ်ရှိ ပလတ်စတစ်သေတ္တာများမှာ ချန်ဟီဖေး၏ မျက်လုံးများကို ဆွဲဆောင်ထားပြီး ကျိုးယန်နဲ့ ဟူဂျွန်းရှီတို့ ရှိနေတာကိုပင် သတိမပြုမိတော့ပေ။
လျူယောင်က မိတ်ဆက်ပေးလိုက်သည်။
“မစ္စတာချန်...ကျွန်တော့်စိန်တွေကို ကြည့်ဖို့ အလျင်မလိုပါနဲ့ဦး... ဒါကတော့ ကျွန်တော်တို့ရဲ့ အထွေထွေမန်နေဂျာ မစ္စတာကျိုးယန် ဖြစ်ပြီး.... ဒါကတော့ ကျွန်တော်တို့ရဲ့ဒုဥက္ကဋ္ဌ မစ္စတာ ဟူဂျွန်းရှီ ဖြစ်ပါတယ်....”
ချန်ဟီဖေးက ကျိုးယန်နဲ့ ဟူဂျွန်းရှီတို့ကိုလက်ဆွဲနှုတ်ဆက်ပြီး ပေါင်ကျန်တဲနှင့် ကျိုးဟုန်လျန်တို့ကို မိတ်ဆက်ပေးခဲ့သည်။
ပြီးနောက် “လုပ်ငန်းစကြရအောင်” လို့ လျူယောင် ပြောလိုက်သည်။
လျူယောင် ပလတ်စတစ်သေတ္တာများကို ကိုယ်တိုင်ကိုယ်ကျဖွင့်ကာ အတွင်းမှ စိန်ကြမ်းများကို တစ်လုံးပြီးတစ်လုံး ထုတ်ယူပြီး အစည်းအဝေးစားပွဲပေါ်တွင် သပ်သပ်ရပ်ရပ် တင်လိုက်သည်။
ချန်ဟီဖေး၏ မျက်လုံးများက အရောင်တောက်ပလာသည်။
ပေါင်ကျန်တဲနှင့် ကျိုးဟုန်လျန်တို့သည်လည်း အချင်းချင်း တိတ်တဆိတ် ကြည့်လိုက်ကြပြီး သူတို့ရဲ့မျက်လုံးများကလည်း အလင်းရောင်များဖြင့် ပြည့်နေ၏။
“ဘုရားရေ...စိန်ကြမ်းတွေ အများကြီးပါလား...”
ကျိုးယန်နဲ့ဟူဂျွန်းရှီတို့က တစ်စုံတစ်ခုကို ကြိုတင်ခန့်မှန်းထားပုံရပြီး အကြည့်ချင်းဖလှယ်ကြရာမှ သူတို့နှလုံးသားများ ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်နေကြသည်။
လျူယောင်က ကျယ်လောင်သောအသံဖြင့် ပြောလိုက်သည်။
“မင်းတို့နှစ်ယောက် ဘာကြောင်တက်တက် ရပ်နေတာလဲ...သေတ္တာထဲက စိန်ကြမ်းအားလုံးကို ထုတ်ယူပြီး အစည်းအဝေးစားပွဲပေါ်မှာ နေရာချဖို့ ....စီစဉ်ပေးပါ..."
“ဘာ...တကယ် စိန်ကြမ်းတွေလား...ဒါတွေက..စိန်ကြမ်းတုံးကြီးတွေပေါ့...”
ဟူဂျွန်းရှီ စိတ်လှုပ်ရှားမှု့ကြောင့် အနည်းငယ် တုန်ယင်နေသည်။
သူ သေချာအောင် ထပ်မေးလိုက်သည်။
“ဒါတွေက စိန်တုံးတွေလား...”
“ဟုတ်တယ်... ဒါတွေအားလုံးဟာ စိန်တုံးတွေပဲ... သူတို့ကိုထုတ်ပြီး ငါ့အတွက် စီစဉ်ပေးပါ... မစ္စတာ ချန်နဲ့ တခြားသူတွေက ကျွမ်းကျင်သူတွေပဲ... သူတို့ကို ကြည့်ရှုပြီး အကဲဖြတ်ပါစေ....”
လျူယောင် တည်ငြိမ်စွာ ပြောလိုက်သည်။
လျူယောင်က သာမန်အရာတစ်ခုလိုပင် တန်ဖိုးကြီးတဲ့ စိန်တုံးကြီးများ မဟုတ်သကဲ့သို့ ပြောနေပုံရသည်။
ကျိုးယန်နှင့်ဟူဂျွန်းရှီတို့က စိတ်လှုပ်ရှားခြင်းကို ထိန်းချုပ်ကာ ပလတ်စတစ်သေတ္တာထဲမှ စိန်ကြမ်းများကို တစ်လုံးပြီးတစ်လုံး ထုတ်ယူ၍ သပ်သပ်ရပ်ရပ် တင်လိုက်ကြသည်။
ချန်ဟီဖေးလည်း သူ့ လက်များကို စိတ်လှုပ်ရှားစွာ ပွတ်သပ်နေသည်။ သူ့ဘဝတွင် ထိုမျှလောက်ကြီးသော စိန်ကြမ်းတုံးများကို တစ်ခါမျှ မမြင်ဖူးပေ။
ကာရက်တစ်ဒါဇင်မှ ကာရက် ရာပေါင်းများစွာအထိ အရွယ်အစားအမျိုးမျိုးရှိသည်။တစ်ခုစီက အရောင်မရှိဘဲ ကြည်လင်သော စိန်ကြမ်းများအပြင် ပန်းရောင်၊ အနီရောင်၊ အဝါရောင်၊ ခရမ်းရောင်စသဖြင့် အရောင်စုံစိန် အနည်းငယ်လည်း ရှိနေသေးသည်။
စိန်ကြမ်းတုံး ထောင်ပေါင်းများစွာမှာ စားပွဲတစ်ခုလုံး ပြည့်လုနီးပါး ဖြစ်နေသည်။
“ဘုရားရေ..."
" ဒီလောက်များတာလား..."
သူတို့ရှေ့မှ စိန်များစွာကို တွေ့ရသောအခါ လျူယောင်မှလွဲ ကျန်လူများမှာ စိတ်လှုပ်ရှားမှု့ဖြင့် မနေနိုင်မထိုင်နိုင် ဖြစ်နေကြသည်။
စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားရင်း ချန်ဟီဖေး သူယူလာခဲ့တဲ့ ပရော်ဖက်ရှင်နယ်ကိရိယာများကို ထုတ်ကာ ထိုစိန်ကြမ်းများကို တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်ရှုတော့သည်။
ပေါင်ကျန်တဲနှင့် ကျိုးဟုန်လျန်တို့လည်း ထိုနည်းအတိုင်း လုပ်ဆောင်ကြသည်။ သူတို့ အသက်ပြင်းပြင်းရှူကာ စိတ်တည်ငြိမ်အောင် ကြိုးစားပြီးနောက် လုပ်ငန်းကို စတင်လိုက်ကြသည်။
အစည်းအဝေးခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
အချိန်က တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်နေသည်။
ကျိုးယန်နှင့်ဟူဂျွန်းရှီတို့က ပညာရှင်များ မဟုတ်ကြသော်လည်း စိန်ကြမ်းများကို ကောက်ကိုင်ပြီး စိတ်ဝင်တစား ကြည့်ရှုနေကြသည်။
တစ်ခုကို တွေ့လိုက်သည်နှင့် နောက်တစ်ခုကို ကောက်ယူကြည့်နေကြသည်။
တစ်မနက်ခင်းလုံး ကြာမြင့်သွားသည်။
နေ့လယ်ဘက်တွင် စိန်ကြမ်းအများစုကို စစ်ဆေးပြီးနောက် ချန်ဟီဖေးက မနာလိုစွာနဲ့ ပြောလိုက်သည်။
“မစ္စတာလျူ...တစ်ခုချင်းစီက အံ့သြစရာကောင်းလောက်အောင်ပါပဲ... အပြစ်အနာအဆာမရှိသလောက်ပဲ.... အားလုံးက ထိပ်တန်းစိန်တွေပါပဲဗျာ....”
“ကျွန်တော့် ...မင်္ဂလာဆောင်လက်ဝတ်ရတနာတွေအတွက် ...လိုအပ်တဲ့ အဓိကစိန်အနည်းငယ်ကို ခင်ဗျား... ရွေးလို့ရပါတယ်...."
ကာရက် ၂၀ ကျော်ရှိသော ပန်းရောင်စိန်တုံးကို ချန်ဟီဖေး ကောက်ယူလိုက်သည်။
ဖြတ်တောက်ပြီး ပြုပြင်ပြီးပါက ၎င်းက မင်္ဂလာလည်ဆွဲ၏ အဓိကစိန် ဖြစ်လာလိမ့်မည်။
မင်္ဂလာလက်စွပ်အတွက် စိန်အဖြစ် အသုံးပြုမည့် ကာရက်နှစ်ဆယ်ခန့်ရှိသော အနီရောင်စိန်ကြမ်းကိုလည်း ထပ်မံရွေးချယ်ခဲ့သည်။
ထို့အပြင် ကာရက်တစ်ဒါဇင်မှ သုံးဆယ်အထိရှိသော အခြားစိန်များကိုလည်း ကောက်ယူလိုက်သည်။
ရွေးချယ်ထားသော စိန်များကို လက်ရာမြောက်သည့် လက်ဝတ်ရတနာသေတ္တာထဲတွင် တစ်ခုပြီးတစ်ခု ထုပ်ပိုးလိုက်ပြီးနောက် ချန်ဟီဖေး မေးလိုက်သည်။
“မစ္စတာလျူ... ကျွန်တော်တို့ ကုမ္ပဏီက တန်ဖိုးကြီးစိန်တွေ လိုအပ်နေပါတယ်..... ဒီစိန်ကြမ်းတွေကို ...ခင်ဗျား ..ရောင်းမှာလား....”
လျူယောင် ချက်ခြင်း ပြန်ဖြေလိုက်သည်။
“ရောင်းမှာပါ..သေချာပေါက် ရောင်းမှာပေါ့..”
ဒီစကားကိုကြားတော့ ချန်ဟီဖေး အလွန် ပျော်ရွှင်သွားသည်။
သူ့မှာလည်း ဖိအားတွေ အများကြီးရှိသည်။သူ့မှာ ပိုက်ဆံမလောက်တာကြောင့် စိန်ကြမ်းများစွာကို တစ်ကြိမ်တည်းနှင့် အားလုံးဝယ်ဖို့ ဆိုတာ မဖြစ်နိုင်ပေ ။
ဖိအား များ ရှိနေသော်လည်းသူ အလွန်ပျော်ရွှင်နေသည်။
သူ့ရှေ့တွင် တန်ဖိုးကြီးစိန်ကြမ်းများစွာ ရှိနေသည်။ ဒါက ကြီးမားတဲ့အခွင့်အရေးတစ်ခုပင်။ အနည်းဆုံးတော့ အရင်ဦးဆုံး ရွေးချယ်နိုင်သည် မဟုတ်လား။
“မစ္စတာလျူ...ကျွန်တော် အရင် ရွေးချယ်လို့ ရမလား...”
လျူယောင် လက်ကို ရက်ရက်ရောရော ဝှေ့ယမ်းကာ ပြန်ဖြေလိုက်သည်။
“ပြဿနာ မရှိပါဘူး.... ခင်ဗျား ကြိုက်တာ ရွေးလို့ရပါတယ်....ဒါပေမဲ့ ဈေးနှုန်းက ငွေဈေးမဟုတ်ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း....ဖြစ်ရမယ်....”