" မင်းခေါင်းကိုသာ... မီးနဲ့ ဖောက်ခွဲပစ်လိုက် "
Vol. 12 Ch. 172
စိန်ကြမ်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပြီး အခွင့်အ ရေး ပေးတာမျိုး လျူယောင် မလုပ်ချင်ပေ။
ခင်မင်ရင်းနှီးမှု့က ခင်မင်မှုပင်။ ပေါက်စျေးသအတိုင်းတော့ ရ ရမည်။ ဈေးနှင့်မသင့်တော်လျှင် သူ မရောင်းပေ။
ဒါက ပုံမှန်ရောင်းချသူတစ်ဦး၏ စျေးကွက်ပင်ဖြစ်သည်။
လျူယောင်မှလွဲ၍ မည်သူမျှ ထိုမျှတန်ဖိုးကြီးတဲ့ စိန်ကြမ်းများစွာကို ပိုင်ဆိုင်မှာမဟုတ်ဘူးလို့ ခန့်မှန်းရသည်။
အမှန်ပါပဲ ချန်ဟီဖေးကလည်း ထိုအချက်ကိုနားလည်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဒါက...ဈေးကွက်ပေါက်ဈေး အတိုင်းဖြစ်ရမှာပေါ့.... မစ္စတာလျူကို ကျွန်တော် အခွင့်ကောင်းယူမှာ မဟုတ်ပါဘူး..."
ပေါင်ကျန်တဲ!ကျိုးဟုန်လျန်တို့နှင့်အတူ သူလိုအပ်သော စိန်ကြမ်းများကို ရွေးချယ်ခဲ့သည်။
သူတို့က အသေးစိတ်ရွေးချယ်ခဲ့ကြသည်။ ထိုသေးငယ်တဲ့ စိန်ကြမ်းတုံးအများစုမှာ ကာရက်တစ်ဒါဇင်ကျော်ရှိပြီး အများစုမှာ ကာရက် ၂၀ ကျော်ရှိသည်။
ကာရက်ရာနှင့်ချီရှိသော စိန်ကြမ်းကြီးများထဲမှ တစ်ခုကိုသာ ရွေးချယ်ခဲ့ကြသည်။
ထိုဟာကို ချန်ဟီဖေးကိုယ်တိုင် ရွေးချယ်ခဲ့ပြီး ကာရက်ရာနှင့်ချီရှိပြီး ကြမ်းတမ်းသောစိန်ကို သူ့ဆိုင်ရဲ့ ဘဏ္ဍာအဖြစ် အသုံးပြုရန် စီစဉ်ခဲ့သည်။
အီလက်ထရွန်းနစ်စက်ကို ယူဆောင်လာပြီး စိန်ကြမ်းတစ်ခုချင်းစီကို ချိန်တွယ်ခဲ့သည်။
စုစုပေါင်း ကာရက် ၁၂,၀၀၀ ကျော်ရှိပြီး တစ်ခုချင်းစီ၏ ပျမ်းမျှအလေးချိန်မှာ ကာရက် ၂၀ ကျော်ရှိသည်။ စိန်ကြမ်းအများစုက ကြည်လင်ဖောက်ထွင်းမြင်ရကာ ရောင်စုံစိန် ၂၀ မှ ၃၀ အထိသာ ရွေးချယ်ခဲ့သည်။
ဒီရောင်စုံစိန်များကို ချန်ဟီဖေး ထပ်မံဝယ်ယူလိုသော်လည်း ဈေးကြီးလွန်းလှသည်။ တူညီသောအလေးချိန်ဖြင့် အရောင်စုံစိန်တစ်လုံးက သာမန်စိန်ကြမ်းထက် ဆယ်ဆမျှ ပိုစျေးကြီးသည်။
ချန်ဟီဖေး ရွေးပြီးနောက် တွက်ပြလိုက်သည်။
“မစ္စတာလျူ... စုစုပေါင်း ကာရက် ၁၂,၀၀၀ ကျော်ရှိပြီး စိန်တစ်လုံးစီရဲ့ ပျမ်းမျှအလေးချိန်က ကာရက် ၂၆.၇ ရှိတယ်...အရောင်စုံစိန် ၂၅ လုံးရဲ့ ပျမ်းမျှအလေးချိန်က ကာရက် ၁၇.၅ ရှိတာကြောင့် စုစုပေါင်း ဈေးကွက်ပေါက်ဈေး... ၇.၂ ဘီလီယံလောက် ရှိပါတယ်....”
ကျိုးယန်နှင့် ဟူဂျွန်းရှီတို့ အံ့အားသင့်သွားကြသည်။
စိန်များ အဖိုးတန်မှန်း သူတို့သိသော်လည်း ဒီလောက် တန်ဖိုးကြီးမယ်လို့ မထင်ထားခဲ့ကြပေ။
ချန်ဟီဖေး ဝယ်လိုက်တဲ့ စိန်များက ဆယ်ပုံတစ်ပုံ ဒါမှမဟုတ် နှစ်ဆယ်တစ်ပုံသာ ရှိသော်လည်း အမှန်တကယ်အားဖြင့် ၎င်းတို့မှာ ၇.၂ ဘီလီယံ တန်ကြေးရှိနေ၏။
ထိုပမာဏဖြင့် သင်္ဘောကြီးများစွာကို ဝယ်ယူနိုင်ပေမည်။ဒီငွေဖြင့် Global ကုမ္ပဏီကလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ပြီး တရုတ်နိုင်ငံတွင် အကြီးဆုံး သင်္ဘောကုမ္ပဏီဖြစ်လာဖို့က ပြဿနာမဟုတ်ပေ။
လျူယောင်လည်း ခေါင်းညိတ်ပြလိုက်သည်။
“မစ္စတာချန်...ခင်ဗျားရဲ့ဈေးနှုန်းက နည်းနည်းတော့ ချိုနေတယ်... ၈ ဘီလီယံ တန်တဲ့အတွက် ဒီဈေးနဲ့တော့... လက်လွတ်မခံသင့်ဘူးနော်..."
ချန်ဟီဖေး အနည်းငယ် ချီတုံချတုံဖြစ်သွားသည်။ ဈေးကွက်ပေါက်ဈေးက ၇.၅ ဘီလီယံ ဝန်းကျင်ဖြစ်တာကြောင့် ၈ ဘီလီယံ ဆိုရင် ငွေကြေးဖောင်းပွနေမယ်ဆိုတာ သူသိသည်။
ထိုစိန်ကြမ်းများကို ဝယ်ယူပြီးနောက် ပြုပြင်ပြီးပါက အမြတ်ငွေ ယွမ်10သို့ 20 ဘီလီယံကျော်ဖြင့် ရောင်းချနိုင်မည်ဖြစ်ရာ ပြဿနာမရှိနိုင်ပေ။
ထို့အပြင် အလွန်တန်ဖိုးကြီးသော စိန်များက. သူ၏ကုမ္ပဏီတွင် ပေါ်လာခြင်းဟာ ကုမ္ပဏီအတွက် ကြီးမားသောဂုဏ်သတင်းကို သေချာပေါက်ရရှိစေနိုင်သည်။
ချန်ဟီဖေး တုံ့ဆိုင်းသွားသည်။
လျူယောင် အနည်းငယ်ပြုံးကာ ဗုံးတစ်လုံးချလိုက်သည်။
“မစ္စတာချန်.. ခင်ဗျား ရွေးချယ်ထားတဲ့ စိန်ကြမ်းရာပေါင်းများစွာကို ၈ ဘီလီယံနဲ့ ကျွန်တော်ရောင်းပေးပါမယ်... ဒါ့အပြင် ကျန်တဲ့စိန်တွေကိုလည်း ခင်ဗျားကိုပဲ လွှဲပေးပြီး လေလံတင်ရောင်းချဖို့ လုပ်ပါရစေ... သူတို့ကို တစ်လုံးပြီးတစ်လုံး ရောင်းချပေးတာနဲ့ ...ခင်ဗျားကို ကော်မရှင် အနည်းငယ်ပေးပါမယ်....”
“ဘာ....ဒီလိုကောင်းတဲ့အရာမျိုးလည်း ရှိသေးတာလား...”
ကျန်ရှိသော စိန်ကြမ်းတစ်ခုချင်းစီက အလွန်ကြီးမားပြီး ကာရက်ဆယ်ဂဏန်းမှ ရာကျော်အထိရှိကာ အကြီးဆုံးစိန်များမှာ ကာရက် ရာပေါင်းများစွာ အလေးချိန်ရှိသည်။
" ဒီစိန်ကြမ်းတွေက ဘယ်လောက်တန်ဖိုးရှိသလဲ..."
ချန်ဟီဖေး တွေးဝံ့ခြင်းမရှိပေ။ဒီပမာဏက အံ့မခန်းပမာဏတစ်ခုဖြစ်နေ သည်။
ထိုမျှများပြားသော စိန်ကြမ်းများကို တစ်လုံးပြီးတစ်လုံး လေလံတင်ရောင်းချပါက နိုင်ငံတကာစိန်ဈေးကွက်၏ ဈေးနှုန်းကျဆင်းမှု့ကို ထိခိုက်စေနိုင်မည်လော။
"မဟုတ်ဘူး..ဒါ... လုံးဝမဖြစ်နိုင်ဘူး..."
ကမ္ဘာပေါ်တွင် နှစ်စဉ် စိန်များစွာ တူးဖော်နေကြသည်။ ကမ္ဘာတစ်ခုလုံးက ကြီးမားသော ရောင်းသူဈေးကွက်တစ်ခုပဲဖြစ်သည်။
ကာရက် သိန်းပေါင်းများစွာသော စိန်များကအဆင့်မြင့်စိန်များဖြစ်သော်လည်း စိန်ဈေးနှုန်းများ ရုတ်တရက်ကျဆင်းစေရန်မှာ အကြောင်းအရင်း မရှိပေ..။
စိန်ကြမ်းအားလုံးကို ရောင်းချရန် တစ်နှစ်ခွဲခန့် အချိန်ယူရမည်။ ကော်မရှင်ခ တစ်မှတ်သာ ရရှိတယ်လို့ ထင်ရသော်လည်း ထိုတစ်မှတ်က ငွေအများကြီးဖြစ်သည်။
ချန်ဟီဖေး လျင်မြန်စွာ ဆုံးဖြတ်ချက်ချပြီး ချက်ချင်းပင် သဘောတူလိုက်၏။
လျူယောင်နဲ့ချန်ဟီဖေးတို့ လက်တင်းတင်းဆွဲကာ နှုတ်ဆက်ကြပြီး နှစ်ဦးစလုံး အလွန်ပျော်ရွှင်နေကြသည်။
သူတို့ နောက်ထပ် သီးသန့်အသေးစိတ်အချက်အလက်များကို ဆွေးနွေခဲ့းကြပြီး တရားဝင်စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးကာ နှစ်ဖက်စလုံးအကြား ပူးပေါင်းဆောင်ရွက်မှု့ကို စတင်ခဲ့ကြသည်။
ချန်ဟီဖေးက သူရွေးချယ်ခဲ့သော စိန်ကြမ်းရာပေါင်းများစွာနှင့်အတူ ပျော်ရွှင်စွာ ပြန်သွားသည်။
ဒီစိန်ကြမ်းများကို သူ၏စက်ရုံတွင် အရောင်တောက်ပတဲ့ စိန်များအဖြစ် ပြုပြင်ပေးရအုံး မှာပဲ ဖြစ်သည်။
လျူယောင်က ဘဏ်တွင် လျို့ဝှက်ခန်းတစ်ခုကို ငှားရမ်းကာ ကျန်ရှိသော စိန်ကြမ်းအားလုံးကို ဘဏ်၏ လျို့ဝှက်ခန်းထဲတွင် သိမ်းဆည်းထားလိုက်သည်။
ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ရေဘဝဲကြီး၏ လှိုဏ်ဂူထဲတွင် ထိုများပြားသော စိန်ကြမ်းများ ထပ်ရှိနိုင်အုံးမလားဆိုတာ လျူယောင် တွေးတောနေခဲ့သည်။
၎င်း၏လှိုဏ်ဂူအနီးရှိ ပင်လယ်ကြမ်းပြင်တွင် စိန်ကြောများ ပေါ်နေခြင်းကြောင့် ဖြစ်နိုင်သည်။ဒါမှမဟုတ် အနီးအနားတွင် သင်္ဘောပျက်တစ်ခုရှိနေကာ ထိုစိန်ကြမ်းများက သင်္ဘောပျက်မှ လာခြင်းဖြစ်နိုင်လောက်သည်။
လျူယောင် သေချာစဥ်းစားပြီးနောက် လိပ်ကြီးနဲ့ ဆက်သွယ်လိုက်သည်။
“လိပ်ကြီး...မင်းအတွက် မစ်ရှင်တစ်ခုရှိတယ်...”
လိပ်ကြီးက ထိုလှိုဏ်ဂူထဲ၌ပင် ရှိနေသေးပြီး ရေဘဝဲကြီး၏ ကြီးမားတဲ့ရုပ်အလောင်းကို စားပြီးသွားပြီဖြစ်သည်။
လျူယောင်ရဲ့သတင်းစကားကို လက်ခံရရှိပြီးနောက် လိပ်ကြီး ချက်ချင်းပင် စိတ်အားထက်သန်သွားသည်။
“သခင်... ကျွန်တော် နောက်ထပ် သင်္ဘောတစ်စင်း...နှစ်စင်းလောက်ကို ဖောက်ခွဲရဦးမလား.... ဒီလိုအရာမျိုးကို ကျွန်တော် အကောင်းဆုံးလုပ်နိုင်ပါတယ်...ကျွန်တော့်ကိုသာ ...လွှဲပေးလိုက်ပါ...."
“မင်းခေါင်းကိုသာ.. မီးနဲ့ဖောက်ခွဲပစ်လိုက်...” လျူယောင် ရယ်ပြီး ပြောလိုက်သည်။
“မင်းပတ်ဝန်းကျင်မှာ....သင်္ဘောပျက် ...ဒါမှမဟုတ် စိန်ကြောတွေ..... ပေါ်နေတာ ရှိမရှိ ငါ့အတွက် ရှာပေးပါ....”
အကယ်၍ အနီးအနားတွင် စိန်ကြောများရှိနေပါက မည်သို့ဖြစ်မည်နည်း။
ရေဘဝဲကြီးတောင် စိန်ကြောမှ စိန်ကြမ်းများစွာကို ရှာဖွေနိုင်ခဲ့တာကြောင့် သူနဲ့ လိပ်ကြီးတို့လည်း ပို၍ပင် စုဆောင်းနိုင်မည်ဟု လျူယောင် ယုံကြည်သည်။
အကယ်၍ သင်္ဘောပျက်ဖြစ်ပါက မည်သို့ဖြစ်မည်နည်း။
မည်သို့ပင်ဆိုစေ..လိပ်ကြီးကို နောက်တစ်ကြိမ် ရှာဖွေခိုင်းရမည်။ ကံကောင်းပါက အံ့အားသင့်စရာများ ရှာဖွေတွေ့ရှိနိုင်မှာပဲ ဖြစ်သည်။
“အိုကေဘာ...သခင်.. စိတ်မပူပါနဲ့..... ကျွန်တော် ဒီရက်ပိုင်းအတွင်း ...ဒီနေရာတစ်ဝိုက်မှာ ရှာဖွေပေးပါ့မယ်.... သတင်းရရင် အကြောင်းကြားလိုက်ပါ့မယ်.....”
“ကောင်းပြီ....မင်းရဲ့သတင်းကောင်းကို ငါစောင့်နေမယ်....”
လျူယောင် ပြန်ဖြေလိုက်သည်။
လှိုဏ်ဂူထဲမှ လိပ်ကြီး ထွက်လာပြီး ပတ်ဝန်းကျင်ကို သေချာစွာ ရှာဖွေတော့သည်။
အချင်း ၅၀ ကီလိုမီတာ အကွာအဝေးအတွင်း ရက်အနည်းငယ်ကြာအောင် ရှာဖွေရန် လိပ်ကြီး စီစဉ်ထားသည်။
.......
" ဒေါက်..ဒေါက်..ဒေါက်.."
ထိုအချိန် ရုံးခန်းတံခါး ခေါက်သံကြာလိုက်ရသည်။
တံခါးကိုတွန်းဖွင့်ကာ ကျိုးယန် ပျော်ရွှင်စွာ ဝင်လာပြီး အစီရင်ခံလိုက်သည်။
“သူဋေး...ချန်ဒါရှန်း ရတနာကုမ္ပဏီကနေ နောက်ဆုံးငွေပေးချေမှု့က ကုမ္ပဏီရဲ့အကောင့်ထဲကို ရောက်လာပါပြီ... စုစုပေါင်း ၈ ဘီလီယံ ပါ....သူဋေး..."
ထိုစကားကို ကြားတဲ့အခါ လျူယောင် စိတ်ထဲကနေ ပေါ့ပါးသွားပြီး အကြောင်းပြချက်မရှိဘဲ ပျော်ရွှင်သွားသည်။
ယွမ် ၈ ဘီလီယံကို သူအလွန် လွယ်ကူစွာ ရှာဖွေနိုင်ခဲ့ပြီး ဤ ၈ ဘီလီယံအပြင် ဘဏ်တွင်လည်း နောက်ထပ် စိန်ကြမ်းအချို့ ရှိနေသေးသည်။
ထိုစိန်ကြမ်းများကို တစ်လုံးပြီးတစ်လုံး ရောင်းချပြီးပါက နောက်ထပ် ၈ ဘီလီယံ၊ ၈ ဘီလီယံ စသဖြင့် ရရှိဦးမည်။
“သူဋေး ကျွန်တော်တို့ ကုမ္ပဏီရဲ့ ရန်ပုံငွေက အရမ်းကြွယ်ဝနေပြီ... ကျွန်တော်တို့က ...အခု တကယ်ကို ချမ်းသာပြီး အစွမ်းထက်တယ်လို့ ခံစားရတယ်....”
မကြာသေးမီကပင် ရီရှန်းကုမ္ပဏီက နစ်နာကြေးအဖြစ် ယွမ် ၁ ဘီလီယံနှင့် သင်္ဘောကြီးသုံးစင်း ပေးခဲ့ပြီး ယခု နောက်ထပ် ၈ ဘီလီယံ အကောင့်ထဲကို ရောက်လာခဲ့သည်။ ကျိုးယန်အတွက်ထိုသို့ခံစားရခြင်းမှာ ပုံမှန်ပဲ ဖြစ်သည်။
“သူဋေး ...သူဋေးရဲ့ သဘောတူညီချက် လိုအပ်တဲ့ ကိစ္စတစ်ခုရှိပါတယ်....” ကျိုးယန် ပျော်ရွှင်စွာနဲ့ လမ်းညွှန်ချက်တောင်းခံလိုက်သည်။
“အော်...”
“ပြောပါ... ဘာကိစ္စလဲ...” လျူယောင် အာရုံစိုက်ကာ မေးလိုက်သည်။