ကိုယ်ပိုင် ရုံးခန်း တည်ဆောက်မယ်.."
Vol. 12 Ch. 173
“သူဋေး...ကျွန်တော်တို့ရုံးရဲ့ ၁၂ လွှာမှာ မူလက အလုပ်လုပ်တဲ့ ‘XX ကုမ္ပဏီ’က ရွှေ့တော့မယ်လို့ သတင်းရပါတယ်..ဒါ့ကြောင့်...တစ်ထပ်လုံးကို ငှားလိုက်ရင် အားလုံးငှားလို့ ရပါတယ်...”
Global ကုမ္ပဏီက မူလတွင် ရုံးခန်အထပ်မှာ လုံလောက်သော်လည်း တစ်လ၊ နှစ်လကြာပြီးနောက် အလွန်စည်ကားလာခဲ့သည်။
"နောက်ထပ် ရုံးခန်းများ ထပ်မံငှားရမ်းရမှာလား..."
လျူယောင် အခြေအနေကို နားလည်သွားသည်။
သူ့အမြင်အရ ကုမ္ပဏီ ကြီးထွားလာသည်နှင့်အမျှ ပိုကြီးသော ရုံးခန်းနေရာ လိုအပ်လာပြီး မကြာမီအချိန်တွင် လက်ရှိနေရာက လုံလောက်တော့မည် မဟုတ်ပေ။
“ကောင်းပြီ....ငါ့အတွက်... ပြဿနာမရှိဘူး...အဲ့ဒီတစ်ထပ်လုံးကို ငှားလိုက်လေ.."
“တကယ်ကောင်းတယ်...”ကျိုးယန် ဝမ်းသာလွန်းလို့ သူ့လက်ကို ပွတ်သပ်လိုက်သည်။
“ဒါက တစ်ထပ်လုံးပါ...ဒီတစ်ထပ်ကို ငှားပြီးရင် ကုမ္ပဏီ ကြီးပွားတိုးတက်ဖို့ လုံလောက်ပါလိမ့်မယ်”
"ငှားခနှင့်ပတ်သက်ပြီးတော့..."
အမှန်ပါပဲ ပိုစျေးကြီးပါတယ်။နေရာက ဟွာဟိုင်းမြို့၏ ဗဟိုဧရိယာ မှာရှိတဲ့ အဆင့်သတ်မှတ်ချက် A ရှိတဲ့ ရုံးခန်းအဆောက်အအုံပဲ ဖြစ်နေသည်။
Global အတွက်တော့ ဒီငှားခက အသေးအဖွဲမျှသာ ဖြစ်သည်။
ဒီ ပြဿနာကို ရေရှည်အမြင်ဖြင့် လျူယောင် ကြည့်လိုက်သည်။
ကုမ္ပဏီက ပိုမိုကြီးမားလာပြီး လွှမ်းမိုးမှုလည်း ပိုမိုမြင့်တက်လာတော့မည်။ ရုံးခန်းတစ်ထပ်လုံးကို ငှားမယ်ဆိုရင်တောင် နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက်ပဲ လုံလောက်ပေမည်။
မလုံလောက်သောအခါတွင် အခြားရုံးခန်းနေရာကို ထပ်မံငှားရမ်းရမည်။
အခြားသူ့ရဲ့ရုံးခန်းကို ငှားရမ်းနေမည့်အစား ကိုယ်တိုင်ဆောက်လုပ်ယူခြင်းသည် ပိုကောင်းလိမ့်မည်။
ထိုအတွေးပေါ်လာတာနှင့် တစ်ပြိုင်နက် လျူယောင်က ညွှန်ကြားလိုက်သည်။
“မစ္စတာ ကျိုး ရုံးခန်းနေရာကို အမြဲငှားနေရတာက ငါတို့အတွက် ရေရှည်ဖြေရှင်းချက် မဟုတ်ဘူး....အဆင့် A ရုံးခန်းအဆောက်အအုံကို ကိုယ်တိုင်တည်ဆောက်ယူကြရအောင်.....”
“ကိုယ်တိုင်တည်ဆောက်ရမယ်....”
ဒီကိစ္စကို ကျိုးယန် တကယ်မတွေးခဲ့မိခဲ့ပေ။
သူက ကုမ္ပဏီ ပုံရိပ်ကိုသာ အာရုံစိုက်နေသည်။ အခု သူ့မှာ ပိုက်ဆံရှိလာတော့ ကုမ္ပဏီကို ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ တွေးတောနေသည်။
“အိုး... ငါ ဘာကြောင့် ဒီမေးခွန်းကို မတွေးမိသေးတာလဲ....”
“သူဋေးက...ကျွန်တော်တို့ကိုယ်တိုင် ရုံးခန်းအဆောက်အအုံ ဆောက်တာကို ဆိုလိုတာလား..."
“ဟုတ်တယ်....အဆင့် A ရုံးခန်းအဆောက်အအုံကို ...ငါတို့ကိုယ်တိုင်.. ဆောက်မယ်....”
“ဟုတ်ကဲ့ပါ…” ကိုယ်ပိုင်ရုံးခန်းအဆောက်အအုံ ရှိ ဖို့ဆိုတာ အိပ်မက်တောင် မမက်နိုင်ခဲ့ဘူး”ကျိုးယန် ပျော်ရွှင်စွာ ပြောလိုက်သည်။
လျူယောင် အနည်းငယ်ပြုံးလိုက်ပြီး “ဆောက်တော့မယ်ဆိုတော့ အထင်ကရအဆောက်အအုံ ဆောက်ကြရအောင်။ ဒီကိစ္စတွေကို ခင်ဗျား ကိုင်တွယ်ဖြေရှင်းရမှာမို့လို့ ကျွန်တော် မှာစရာရှိတယ်”
“သူဋေး...ပြောပါခဗျ...”
“အခွင့်အရေးကောင်းကို ရွေးပြီး အထင်ကရအဆောက်အအုံတစ်ခု တည်ဆောက်ပါ။ မီတာ ၄၀၀ ထက် မနည်းသင့်ဘဲ မီတာ ၅၀၀ ရောက်နိုင်ရင် ပိုကောင်းတယ်။ အဆင့် A ရုံးခန်းများရဲ့ စံနှုန်းအရ အဆောက်အအုံ ဆောက်လုပ်ပြီးစီးရင် ကျွန်တော်တို့ကုမ္ပဏီအမည်နဲ့ ‘Global အဆောက်အုံ လို့ခေါ်ဆိုရမယ် "
"အထင်ကရ….."
ကျိုးယန်ရဲ့နှလုံးသားကထိန်းမနိုင်သိမ်းမရ ခုန်နေသည်။ သူဋေး ထိုမျှ သတ္တိရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ခြားနားသည့်အရာတစ်ခုကို တည်ဆောက်ရခြင်းမှာ စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
စိတ်လှုပ်ရှားနေချိန်တွင် ကျိုးယန်က အနည်းငယ်စိုးရိမ်မှု့ဖြင့် သတိပေးခဲ့သည်။
“သူဋေး...အဲ့ဒီအဆောက်အအုံက အနည်းဆုံး ဘီလီယံပေါင်းများစွာ လိုအပ်ပြီး အဲဒါက၁၀ ဘီလီယံတောင် ကျော်လွန်နိုင်ပါတယ်....”
- “ငွေက ပြဿနာမဟုတ်ပါဘူး ဘတ်ဂျက် ၁၀ ဘီလီယံ သုံးမယ် ...အဆင့်အတန်းမြင့်ရမယ်... ဘတ်ဂျက်မလောက်ရင် ထပ်ထည့်လို့ရတယ်....”
လျူယောင် ဂုဏ်ယူစွာပြန်ဖြေလိုက်သည်။
“ တစ်ကယ်ပဲလား...”
ကျိုးယန်၏ မျက်နှာတွင် သိသာထင်ရှားစွာ အံ့အားသင့်သွားပြီး အနာဂတ်တွင် ထိုကဲ့သို့သော ရုံးခန်းအဆောက်အအုံတွင် မည်သို့သော အတွေ့အကြုံမျိုးဖြင့် အလုပ်လုပ်ရမည်ကိုပင် မျှော်လင့်နေခဲ့သည်။
" Global ကုမ္ပဏီက ဒီလောက်ငွေတွေ ရနိုင်ပါ့မလား..."
ဒါက ဘာပြဿနာမှ မရှိဘူးလို့ လျူယောင် ထင်ထားသည်။သူ အခုတောင် ဘီလီယံပေါင်းများစွာ သုံးစွဲနိုင်နေပြီလေ။
Global အဆောက်အုံ ဆောက်လုပ်ခြင်းက တစ်ကြိမ်လျှင် ၁၀ ဘီလီယံ သို့မဟုတ် ထို့ထက်ပိုသော ရင်းနှီးမြှုပ်နှံမှုမဟုတ်သော်လည်း အစုလိုက်ရင်းနှီးမြှုပ်နှံမှု့က တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်းဖြစ်ပြီး ကုန်ကျငွေက. အလွန်များပြားလှသည်။
တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်းတွင် ယွမ်ငွေ ၁၀ ဘီလီယံကျော် သုံးစွဲရမည်ဖြစ်သည်။
“ငါ့မှာ အားထားစရာ လိပ်ကြီး ရှိနေတာပဲလေ"လို့ လျူယောင် တွေးလိုက်သည်။လိပ်ကြီးသာ အဖိုးတန်ပစ္စည်းတစ်ခုခုကို ရှာတွေ့နိုင်ရင် ငွေတွေဝင်လာအုံးမည်။
“သူဋေး ကျွန်တော် ချက်ချင်း နေရာကို ရွေးပါ့မယ်”
လျူယောင် အကြံပေးလိုက်သည်။
“ မြို့တော် ရဲ့ ဗဟိုမှာရှိတာ အကောင်းဆုံးပဲ... လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးပြီး ပတ်ဝန်းကျင်က အတော်လေး သာယာနေရမယ်...”
“ဟုတ်ကဲ့” ကျိုးယန် ရိုသေစွာ ပြန်ဖြေလိုက်သည်။
ထိုသတင်းက ကုမ္ပဏီအတွင်း ချက်ချင်းပျံ့နှံ့သွားသည်။ ဒါက လျူယောင်ရဲ့ အကြံပင်။
ထိုအကြောင်းကို လူတိုင်းသိပါစေ..လူတိုင်းရဲ့ ဂုဏ်ကျက်သရေကို မြှင့်တင်ပေးပြီး လူတိုင်းကို ပိုမိုစိတ်အားထက်သန်စွာ လုပ်ဆောင်နိုင်ပါလိမ့်မည်။
“ကုမ္ပဏီက. " Global အဆောက်အအုံ "လို့ခေါ်တဲ့ အဆင့် A ရုံးခန်းကြီးကို... ဆောက်တော့မယ်ဆို...”
“ဟုတ်တယ်...ဘတ်ဂျက်က ၁၀ ဘီလီယံလောက် သုံးမယ်လို့ ကြားတယ်....”
“အနည်းဆုံး မီတာ ၄၀၀ မြင့်ရမယ်တဲ့..."
...
နေ့လယ်ထမင်းစားချိန်တွင် ဝန်ထမ်းတော်တော်များများက ထမင်းစားနေရင်း ဒီကိစ္စကို ဝမ်းသာအားရပြောဆိုကြကာ အရမ်းစိတ်လှုပ်ရှားနေကြသည်။
ကျိုးယန်က အလွန်တော်သည်။
နှစ်ရက်အကြာတွင် ကျိုးယန်က ဟွာဟိုင်းမြို့တွင် ဆောက်လုပ်ဆဲ နေရာတစ်ခုကို တွေ့ရှိခဲ့ပြီး ဗဟိုအနီးတွင်ရှိသော မြေနေရာပဲ ဖြစ်သည်။
လမ်းဘေးတွင် အထပ်မြင့် အဆောက်အအုံများစွာရှိပြီး အချို့မှာ ပြီးစီးပြီး အသုံးပြုနေပြီဖြစ်ကာ အချို့မှာ ဆောက်လုပ်ဆဲ ဖြစ်သည်။
ကျိုးယန် အစီရင် ခံလိုက်သည်။
“သူဋေး မြေက ဗဟို မှာ တည်ရှိပြီး ဧရိယာ ၂၈,၀၀၀ စတုရန်းမီတာကျော် ရှိပါတယ်”
နိဒါန်းကိုကြားသည်နဲ့ မြေနေရာက ကောင်းတယ်လို့ ခံစားလိုက်ရပြီး လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။
“သွားကြစို့...သွားကြည့်ရအောင်...ဖြစ်နိုင်ရင် အဲ့မှာပဲ Global အဆောက်အအုံ ဆောက်မယ်”
ကျိုးယန် အဲဒီ့နေရာကိုမြင်ပြီးသားဖြစ်တာကြောင့် လျူယောင်ကို သတင်းပို့ခဲ့ခြင်း ဖြစ်သည်။
လူတစ်စု ထွက်ခွာလာပြီး မြေကွက်နေရာကို ရောက်ရှိလာကြသည်။
တံခါးအတွင်းသို့ ဝင်လာသောအခါတွင် ပြားချပ်သော လေးထောင့်ပုံသဏ္ဍာန် မြေဖြစ်နေသည်။
“မူလက ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဆောက်လုပ်ခဲ့တဲ့ အဆောက်အအုံများစွာ ရှိခဲ့ပါတယ်... အမြင့်ဆုံး အဆောက်အအုံက ၁၈ ထပ်အဆောက်အအုံပဲ ဖြစ်ပါတယ်..."
" အဲ့ဒီအချိန်တုန်းက ဒီနေရာဟာ အထင်ကရအဆောက်အအုံတစ်ခု ဖြစ်ခဲ့ပြီး...အခု ... အဲ့ဒါတွေအားလုံးကို လွန်ခဲ့တဲ့လအနည်းငယ်က ဖျက်ပစ်လိုက်တာမို့... ဒီမြေကို လေလံတင်ဖို့ ရှိပါတယ်”
ကျိုးယန် အသေးစိတ်ရှင်းပြလိုက်သည်။
ကျိုးယန်က. ဒီခရီးစဉ်တွင် လျူယောင်နှင့်အတူ သက်ဆိုင်ရာ အခြေအနေများကို မိတ်ဆက်ပေးခဲ့သည်။
လျူယောင် နေရာကို တစ်နာရီကြာ ကြည့်ရှုနေခဲ့ပြီး အလွန်ကျေနပ်သွားသည်။
“ဒီနေရာအတွက် ငါ အရမ်းကျေနပ်ပါတယ်.....Global အဆောက်အအုံ...ဆောက်လုပ်ခြင်းကို မင်းဆီ.. လွှဲအပ်လိုက်မယ်...”
ကျိုးယန် အာမခံကာ ပြန်ဖြေလိုက်သည်။
“သူဋေး...စိတ်မပူပါနဲ့...ကမ္ဘာကျော် ဒီဇိုင်းအဖွဲ့ကို ဖိတ်ခေါ်ပြီး အစွမ်းအထက်ဆုံး ဆောက်လုပ်ရေး အင်ဂျင်နီယာကုမ္ပဏီကို ဖိတ်ခေါ်လိုက်ပါ့မယ်”
“အင်း” လျူယောင် ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“မြန်မြန်လုပ်.... ရိုးရိုးသားသားပြောရရင် ဆောက်လုပ်ရေးလုပ်ငန်းကို ....မြန်မြန်ဆန်ဆန် စတင်ပြီး ....မြန်မြန်ပြီးဖို့ ငါမျှော်လင့်ထားတယ်....”