" M နိုင်ငံမှ လေယဥ်ပျက် "
Vol. 12 Ch. 174
ပင်လယ်ရေအောက် မီတာ ၃,၀၀၀ အနက်တွင်, အဆုံးမဲ့ မှောင်မိုက်နေပြီး လက်ဖဝါးပင် မမြင်ရချေ။ တစ်ခါတစ်ရံ အဆုံးမဲ့ ကြယ်တာရာများ လှည့်ပတ်နေတဲ့အလား မှေးမှိန်တဲ့ အလင်းရောင်များ ထွက်ပေါ်နေသည်။
၎င်းမှာ ရေနက်ပိုင်းသတ္တဝါများမှ ထုတ်လွှတ်သော မှေးမှိန်သည့် အလင်းရောင်များပင် ဖြစ်သည်။
ထိုနေရာ၌ ကြီးမားသော လိပ်ကြီးက ဖြည်းညှင်းစွာ ရေကူးနေပြီး ပင်လင်အောက်ခြေတွင် တစ်စုံတစ်ခု ကို ရှာဖွေနေသည်။
သခင်ဖြစ်သူ လျူယောင် ပေးထားတဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။
လျူယောင်က လှိုဏ်ဂူကို ဗဟိုပြု၍ ၅၀ ကီလိုမီတာ အချင်းဝက်တွင် ပေါ်နေတဲ့ စိန်ကြောများ သို့မဟုတ် နစ်မြုပ်နေတဲ့ သင်္ဘောများကို ရှာဖွေရန် လိပ်ကြီးအား အမိန့်ပေးခဲ့သည်။
ယနေ့က. လိပ်ကြီး ရှာဖွေနေတဲ့ တတိယမြောက်နေ့ ဖြစ်သည်။
၅၀ ကီလိုမီတာ အကွာအဝေးကို ရှာဖွေပြီးစီးလုနီးပါးဖြစ်သော်လည်း နစ်မြုပ်နေသော သင်္ဘော သို့မဟုတ် စိန်ကြောများကို ရှာမတွေ့သေးပေ။ ထို့ကြောင့် လိပ်ကြီးက ရှာဖွေဧရိယာကို ချဲ့လိုက်သည်။
ပင်လယ်အောက်ခြေရှိ အချို့နေရာများက ပြန့်ပြူးနေသဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် အခြေအနေကို ရှင်းရှင်းလင်းလင်း သိနိုင်သော်လည်း အချို့နေရာများမှာ တောင်ကြားများ၊ တောင်ထွဋ်များနှင့် ချောက်ကြီးများဖြင့် မညီမညာဖြစ်နေသည်။
လိပ်ကြီးက ရှေ့တွင် မြေမျက်နှာပြင် ပြန့်ပြူးနေတာကို အာရုံခံမိပြီး ထိုနေရာနှင့် ၃၀၀ မီတာ အကွာအဝေးအတွင်း မြေပြန့်များဖြစ်နေသည်ကို သိရှိသဖြင့် အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် ရေကူးသွားလိုက်သည်။
ကီလိုမီတာ အနည်းငယ် ရေကူးပြီးနောက် ထိုနေရာက အရင်ကလို မညီမညာမဟုတ်ဘဲ ပြန့်ပြူးနေဆဲဖြစ်သည်။ ခဏကြာအောင် ရေကူးပြီးနောက် လိပ်ကြီး ရပ်တန့်လိုက်သည်။
သူ၏ အာရုံခံနိုင်စွမ်းတွင် ရှေ့တွင် တစ်စုံတစ်ခုရှိနေတာကို ခံစားမိသည်။
လျင်မြန်စွာ အနီးသို့ ရေကူးသွားရာ ၎င်းမှာ လေယာဉ်ပျက်တစ်ခုဖြစ်ကြောင်း လိပ်ကြီး သိလိုက်ရသည်။
မီတာ ၃,၀၀၀ အနက်ရှိ ပင်လယ်ကြမ်းပြင်တွင် လေယာဉ်ပျက်တစ်ခု လဲလျောင်းနေခြင်း ဖြစ်သည်။
" သခင်ရေ... ဒီမှာ...လေယဥ်ပျက်တစ်စီး တွေ့တယ် ...ကြည့်ပါအုံး.."
လျူယောင်က အိမ်တွင်ရှိနေပြီး ည ၁၀ နာရီကျော်နေပြီ ဖြစ်သည်။ အိပ်ရာပေါ်တွင် လီချန်လဲ့နှင့် စကားပြောနေရင်း အိပ်ဖို့ပြင်ဆင်နေသည်။
“ဘာ..လိပ်ကြီးက ပင်လယ်အောက်ခြေမှာ လေယာဉ်ပျက်ကို ရှာတွေ့ခဲ့တယ်....”
လျူယောင် ချက်ချင်းပင် နိုးကြားသွားပြီး အိမ်မွေးတိရစ္ဆာန်ထိန်းချုပ်ရေးချပ်ပြားကို ဖွင့်ကာ ပြင်ပအမြင် မှတစ်ဆင့် ကြည့်လိုက်ရာလိပ်ကြီးဘက်မှ အခြေအနေကို လျင်မြန်စွာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
လိပ်ကြီးရှေ့တွင် လေယာဉ်ပျက်တစ်ခုရှိနေပြီး ကြီးမားသောလေယာဉ်တစ်ခုဖြစ်သည်။
လေယာဉ်ရဲ့အခြေအနေကိုကြည့်၍ စစ်ဘက်သုံးသယ်ယူပို့ဆောင်ရေးလေယာဉ် ဖြစ်လောက်သည်။
လေယာဉ်မှာ အလယ်မှ ပြတ်တောက်နေပြီး အပိုင်းနှစ်ပိုင်းဖြစ်နေပြီ။
အပိုင်းနှစ်ပိုင်းကြား အကွာအဝေးက မီတာတစ်ရာသာရှိပြီး မဝေးလှပေ။ ရေထဲသို့ကျပြီးနောက် အပိုင်းနှစ်ပိုင်းကွဲသွားခြင်း ဖြစ်နိုင်ပြီး၊ နှစ်ပိုင်းလုံးလုံး မကွဲမီ ရေနစ်မြုပ်နေစဉ်အတွင်း ထပ်မံကွဲထွက်သွားခြင်း ဖြစ်နိုင်သဖြင့် အကွာအဝေးမှာ မဝေးလှခြင်း ဖြစ်သည်။
“ဒါ စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ်ပါလား....”
"ဒီလောက်ကြီးမားတဲ့ စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ်..."
လျူယောင် ပြင်ပအမြင်မှတစ်ဆင့် အချိန်အတော်ကြာ သေချာစွာ ကြည့်ရှုနေသည်။
လေယာဉ်က အပိုင်းနှစ်ပိုင်း ကွဲသွားသော်လည်း ပုံပျက်ခြင်းမှာ မပြင်းထန်ပေ။ အခြေအနေကောင်းနေသေးသည်။
တစ်နှစ်၊ နှစ်နှစ်အတွင်း ရေထဲသို့ ပျက်ကျပြီးနောက် ပင်လယ်အောက်ခြေတွင် နစ်မြုပ်သွားခြင်း ဖြစ်နိုင်သည်ဟု တွေးမိသည်။
“ဒါ ဘယ်နိုင်ငံရဲ့ လေယာဉ်လဲ""
လျူယောင် လိပ်ကြီးကို ညွှန်ကြားလိုက်သည်။
“လိပ်ကြီး... အဲ့ဒီလေယာဉ်ကို အခုတော့ မရွှေ့နဲ့အူံး...ဘေးကနေ စောင့်နေပေး.. ငါ အချက်အလက်အချို့ကို စစ်ဆေးပြီး ...လေယာဉ်ရဲ့ မော်ဒယ်ကို အတည်ပြုကြည့်မယ်...”
လေယာဉ်က အလွန်ကြီးမားပုံရပြီး ပုံမှန်စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်သဖြင့် လျူယောင်မှာလည်း စစ်ရေးကို တစ်ဝက်တစ်ပျက် စိတ်ဝင်စားသူဖြစ်ရာ သူ့ရဲ့မေးမြန်းမှုအပိုင်းကို လျင်မြန်စွာ အတိုချုံးလိုက်သည်။
ကြီးမားသော စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ်များက ကမ္ဘာပေါ်တွင် အများအပြားမရှိပေ။
၁၀ မိနစ်ခန့်သာ ကြာပြီးနောက် အကြိုနှိုင်းယှဉ်မှု့ပြုလုပ်ပြီးသဖြင့် ၎င်းမှာ M နိုင်ငံ ၏ C-17 စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ကြောင်း အခြေခံအားဖြင့် လျူယောင် သေချာသွားခဲ့သည်။
C-17 သယ်ယူပို့ဆောင်ရေးလေယာဉ် ပျက်ကျခြင်းကဲ့သို့ ကြီးမားသောဖြစ်ရပ်ကို အဘယ်ကြောင့် သတင်းများတွင် မတွေ့ရသနည်း။
အစပိုင်းတွင် လျူယောင် အနည်းငယ်သံသယဝင်ခဲ့သော်လည်း ထပ်ခါတလဲလဲ နှိုင်းယှဉ်ကြည့်သောအခါ C-17 စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ကြောင်း အမှန်တကယ်ပင် သေချာသွားသည်။
လျူယောင် စိတ်ထဲတွင် တွေးလိုက်မိသည် ။
“ဖြစ်နိုင်တာက M နိုင်ငံက ဒီကိစ္စကို ဖုံးကွယ်ထားပြီး အပြင်လူတွေကို သတင်းမပေးဖို့ လုပ်ထားတာ ဖြစ်နိုင်တယ်။ မီတာ ၃,၀၀၀ အနက်မှာ နစ်မြုပ်သွားတဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်က ဒီမှာပဲ လဲလျောင်းနေခဲ့တာပဲ....”
“ M နိုင်ငံ ဒါကို မဆယ်ယူဘူးလား...”
“ခက်ခဲတယ်...တကယ်ခက်ခဲတယ်...”
မီတာ ၃,၀၀၀ အနက်တွင် ဆယ်ယူခြင်းကM နိုင်ငံ အတွက်လည်း ကြီးမားသောပြဿနာတစ်ခုဖြစ်သည်။
သူတို့အတွက် ဆယ်ယူရန် မဖြစ်နိုင်သလောက်ပင်။ အခြားနိုင်ငံများအတွက်ဆိုလျှင် ပို၍ပင်ခက်ခဲနိုင်ပြီး ဆယ်ယူနိုင်ခြေ လုံးဝနီးပါးမရှိချေ။
လျူယောင် အတည်ပြုပြီးနောက် အတွင်းပိုင်းတွင် ဘာတွေပါဝင်လဲ ဆိုတာကို အလွန်စိတ်ဝင်စားနေသည်။
လေယာဉ်မှာ အပိုင်းနှစ်ပိုင်း ကွဲနေပြီဖြစ်ရာ အတွင်းပိုင်းအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
လေယာဉ်ခန်းထဲတွင် တစ်စုံတစ်ခုရှိနေသော်လည်း မများလှပေ။
လျူယောင် ပြင်ပအမြင်၏ထောင့်ကို ချိန်ညှိလိုက်ရာ လေယာဉ်ခန်းအတွင်းရှိ အရာများကို မြင်လိုက်ရသည်။
လေယာဉ်ခန်းကြမ်းပြင်တွင် ရှိနေတဲ့ စစ်ဘက်သုံး ဂျစ်ကားတစ်စီးနှင့် ထိုနေရာတွင် ကျနေတဲ့ သေတ္တာတစ်လုံးတို့ပဲ ဖြစ်သည်။
ထို့အပြင် အတွင်းပိုင်း၌ ဘာမှမရှိတော့ဘဲ လွတ်နေသည်။
ကံကောင်းစွာပင် ကြီးမားသော စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်သဖြင့် လိပ်ကြီးက အတွင်းသို့ မနည်းတိုးဝင်နိုင်ခဲ့ပြီး လျူယောင်၏ အမိန့်အရ အတွင်းမှအရာများကို သေချာစွာ ထုတ်ယူခဲ့သည်။
စစ်ဘက်သုံး ဂျစ်ကားက ကြည့်ကောင်းသော်လည်း ပင်လယ်ရေထဲတွင် အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် စိမ်ထားခြင်းကြောင့် ပုံမှန်ရေစိမ်ကားလို လုံးဝ အသုံးမပြုနိုင်တော့ပေ။
“အဲ့ဒီထဲမှာ ....ဘာတွေပါလဲ...”
လိပ်ကြီး အားအနည်းငယ်ဖြင့် ဖွင့်လိုက်ရာ အတွင်း၌ရှိသောအရာများကို လျူယောင် မြင်လိုက်ရသည်။
လက်နက်များနှင့် စစ်ဘက်သုံးပစ္စည်းကိရိယာများက တစ်ပုံးဖြစ်ပြီး M နိုင်ငံ ၏စံလက်နက်များဖြစ်သည့် ပစ္စတိုများနှင့် ရိုင်ဖယ်များပါဝင်သည်။
စစ်ရေးကို တစ်ဝက်တစ်ပျက် စိတ်ဝင်စားသူအနေဖြင့် တကယ့်လက်နက်ကို လျူယောင် ပိုင်ဆိုင်လိုသော်လည်း ယန် နိုင်ငံတွင် သေနတ်များကို အလွန်တင်းကျပ်စွာ ထိန်းချုပ်ထားသဖြင့် ထိုသို့သော သေနတ်များကို မြင်တွေ့နိုင်မည်မဟုတ်ပေ။
“သုံးမရတာ.....နောင်တရမိတယ်..ကွာ..”
လက်နက်များနှင့် စစ်ဘက်သုံး ဂျစ်ကားများကို လျူယောင် ယာယီ ဖယ်ထားလိုက်သည်။
လျူယောင် အမှန်တကယ်တော့ လေယာဉ်ကို အများဆုံး စိတ်ဝင်စားသည်။ အချို့ပိတ်ထားသော အစိတ်အပိုင်းများမှာ ပြင်းထန်သောရေဖိအားအောက်တွင် အနည်းငယ် ပုံပျက်နေသော်လည်း အစိတ်အပိုင်း ၉၉% ကျော်မှာ ပုံမပျက်သေးပေ။
အကြောင်းမှာ ရေဖိအားမျှတမှုရှိနေတာကြောင့် ဖြစ်သည်။
အပိုင်းနှစ်ပိုင်းကွဲသွားခြင်းအပြင် အများစုသောနေရာများသည် ပုံပျက်ခြင်းနှင့် ပျက်စီးမှု နည်းပါးသည်။
ဥပမာအားဖြင့်၊ လေယာဉ်မောင်းခန်းမှန်က လုံးဝ မကွဲဘဲ ထိန်းသိမ်းမှုကောင်းမွန်နေသည်။ အတွင်းပိုင်းရှိ လေယာဉ်ပေါ်ပါရှိသော လျှပ်စစ်ပစ္စည်းများ က ကောင်းမွန်နေတဲ့အပြင် အင်ဂျင်ကလည်း ကောင်းမွန်နေသေးသည်။
လေယာဉ်၏အင်ဂျင်များက လုံးဝနီးပါးကောင်းမွန်နေပြီး အဲဒါက တန်ဖိုးကြီးမားလှသည်။
ယန် နိုင်ငံ၏ လေယာဉ်အင်ဂျင်နည်းပညာအဆင့်မှာ M နိုင်ငံထက် အနည်းဆုံး အနှစ်၂၀ မှ ၃၀နောက်ကျနေပြီးမျိုးဆက်တစ်ဆက် ခြားနားသည်။ အင်ဂျင်များကို ပြန်ရရှိခြင်းကပင် ကြီးမားသောအရာတစ်ခု ဖြစ်လာမည်။
တကယ်လို့ အပိုင်းနှစ်ပိုင်းကွဲသွားနေတဲ့ လေယာဉ်တစ်ခုလုံးကို ပြန်ရရှိနိုင်ပါက တန်ဖိုးမှာ ပို၍ပင်ကြီးမားပေလိမ့်မည်။
ဥပမာအားဖြင့် စစ်ဘက် သို့မဟုတ် နိုင်င်အတွက် ပေးအပ်ခြင်းမျိုး ဖြစ်သည်။
ဒီလို အရေးကြီးတဲ့ အရာတစ်ခုကို ပေးအပ်ခြင်းက ကြီးမားသော ဂုဏ်ပြုချီးမြှင့်မှုတစ်ရပ်ဖြစ်သည်။ ထို ချီးမြှင့်မှု့ကြောင့် သာမန်အမှားများ မလုပ်မချင်း အဆင်ပြေပေလိမ့်မည်။
ထို့အပြင် Global ကုမ္ပဏီက ခိုင်မာသောနောက်ခံကို ရရှိနိုင်သည်။ လျူယောင်က ထိုကဲ့သို့ ကြီးမားသော အကျိုးကျေးဇူးကို ပေးအပ်ခဲ့သဖြင့် နိုင်ငံတော်က Global ကုမ္ပဏီကို သေချာပေါက် ထောက်ခံပြီး ကာကွယ်ပေးလိမ့်မည်။
လျူယောင် လေယာဉ်ကို ထပ်ခါတလဲလဲ ကြည့်ရင်း အလွန်စိတ်ဝင်စားနေသည်။
“အခုပဲ တိတ်တိတ်လေး ပြန်ယူလာရမလား...”
လျူယောင် ထိုသို့တွေးရင်း လိပ်ကြီးကို စမ်းသပ်ကြည့်ရန် အမိန့်ပေးလိုက်သည်။
တန်ချိန် ၁၀၀ နီးပါးရှိသော လိပ်ကြီးက လေယာဉ်တစ်ဝက်ကို ရွှေ့နိုင်သော်လည်း မလွယ်ကူပေ။
လေယာဉ်က အလွန်ကြီးမားတာကြောင့်
"လိပ်ကြီး " နောက်ထပ် နည်းနည်း
ကြီးလာတဲ့အထိ စောင့်ရဖွယ်ရှိသည်။