← Chapters

" လိပ်ကြီး၏ ကန့်သတ်ချက် "

Vol. 12 Ch. 175

" လိပ်ကြီး၏ ကန့်သတ်ချက် "

Vol. 12 Ch. 175

လျူယောင်ခဏ စိတ်လျော့လိုက် သည်။

" လိပ်ကြီး, ပစ္စည်းတွေ ကို ဒီနေရာမှာခဏ ထားထားလိုက်ပါ...ငါတို့လိုအပ်တဲ့ချိန် လာယူမယ်.. နေရာကို မှတ်ထားလိုက်အုံး..."

"သခင်... စိတ်မပူပါနဲ့..ကျနော်.ဒီနေရာကို မှတ်မိပါတယ်..."

လိပ်ကြီး ထွက်ခွာလာကာ ဂူထဲကို မပြန် ပဲ ရေအနက် တစ်ကီလိုမီတာမှ နှစ်ကီလိုမီတာ မှာနေ​နေခဲ့ သည်။

လိပ်ကြီး ထွက်သွားတာကိုမြင်တော့ လျူယောင် တတိယအမြင် ကို ပိတ်လိုက်သည်။လိပ်ကြီး မှာ ရက်အနည်းငယ်အတွင်း တန်ချိန် 100 အလေးချိန်ရှိလာတာ ကို တွေးမိသည်။

......

နှစ်ရက်၊ သုံးရက်လောက်ကြာတော့ တန်ချိန် ၁၀၀ လောက်ရောက်ပြီးနောက်မှာ သူ့အလေးချိန်က လုံးဝ. တိုးမလာတော့ပဲ ဒီအလေးချိန်မှာ ရပ်နေသည်။

လျူယောင် လိပ်ကြီး နှင့် ထပ်မံဆက်သွယ်လိုက်သည်။

ဟွာဟိုင်း မြို့ မှ ရေမိုင် 300 မှ 400 အကွာ ပင်လယ်ကြမ်းပြင်နှင့် ရေအနက် မီတာ 1000 တွင် ရှိသော လိပ်ကြီးကို ကြည့်ပြီး မေးလိုက်သည်။

"လိပ်ကြီး...မင်း.. ဘယ်လိုခံစားရလဲ..."

လိပ်ကြီးက သူ့ ကိုယ်သူ မြန်မြန်ပြီးနိုးကြားလိုက်ပြီး ပြန်ဖြေလိုက်သည်။

"သခင်, ကျွန်တော်မယုံနိုင်ဘူး...အရမ်းဗိုက်ဆာသလိုခံစားရပြီး...ဗိုက်ပြည့်ရင်လည်းအိပ်ငိုက်သလို ခံစားရတယ်...."

မနေ့ကတည်းက အလေးချိန် တန် 100 တက်လာပြီး မတိုးတော့ သလို တစ်ခါမှ ဒီလောက်ဗိုက်မဆာခဲ့ဘူးလို့ ခံစားရတယ် ။အဖြစ်အပျက်မှာ အစာငတ်သော တစ္ဆေတစ်ကောင် လူပြန်ဝင်စားခြင်းလိုဖြစ်နေပြီး လိပ်ကြီး တစ်နေ့လျှင် ခုနစ်တန်နှင့် ရှစ်တန်စားသုံးခြင်းမှာ မလုံလောက်တော့ပေ။

ဗိုက်ပြည့်ရင်တောင် နှစ်နာရီသုံးကြာရင် အရမ်းဆာလာပြန်တယ် မစားရရင် လည်းသည်းမခံနိုင်ဘူး နေ့ရောညပါ အတူတူပါပဲ ။

" အိုးအိုး ..ကျွန်တော်… ပြောရင်း.. ..ဗိုက်ဆာနေပြန်ပြီ...စားဖို့ တခုခု ..ရှာလိုက်အုံးမယ်..."

လျူယောင် သိလိုက်ပြီ လိပ်ကြီး သော့ချက်ကတော့ အလွန်အကျွံစားပြီး အ​လေးချိန် တက်မလာတာပဲ ဖြစ်သည်။

လျူယောင် စိတ်သက်သာရာရလာပြီး အကြံပေးစကားအနည်းငယ်ပြောကာ စားစရာရှာဖို့ လွှတ်လိုက်သည်။

ပင်လယ်ထဲတွင် အစာပေါများတာကြောင့် လိပ်ကြီး တစ်ကြိမ်လျှင် အစားအစာတန်ချိန် 20 ကျော်စား​ပေမဲ့ ရာဖွေရန်မှာ မခက်ခဲပေ။ လိပ်ကြီး ဆန္ဒရှိလျှင်သူ နှစ်သက်တဲ့ ငါးကြီးတစ်ကောင်မှ မလွတ်မြောက်နိုင်ပေ။

ထိုပုံစံအတိုင်း သုံး လေးရက် ဆက်တိုက် ဖြသ်နေသည်။

လိပ်ကြီး ၏နေ့စဉ်လုပ်ရိုးလုပ်စဉ်မှာ လုံလောက်အောင်စားပြီး အိပ်သည်။သူ နိုးလာပြီးနောက် အစာရှာရန်အသင့်ဖြစ်နေခြင်းပင်။

အလေးချိန်က မတိုးသေးဘဲ တန် 100 ဖြင့် တည်ငြိမ်နေကာ ထို အခြေအနေတွင် မည်မျှကြာရှည်မည်ကို မသိသလို တန် 100 ၏ ပိတ်ဆို့မှုကို ဘယ်အချိန်ဖြတ်ကျော်သွားမလဲဆိုတာ လျူယောင်လည်း မသိပေ။

-------

ကျိုးယန်က အရမ်း ထက်မြတ်ပေသည်။

တစ်ပတ်အတွင်း သူက တရုတ်နိုင်ငံ ရှိ ပထမတန်းစား ဗိသုကာဒီဇိုင်းအဖွဲ့ရဲ့ ဒီဇိုင်းပုံကြမ်းများစွာကို လျူယောင်၏ စားပွဲခုံပေါ်တွင်တင်ထား ပေးသည်။

"သူဋေး...ဒါက ကျွန်ု တော်တို့ Global အဆောက်အအုံရဲ့ ဒီဇိုင်းအချို့ပါ... ဒီဇိုင်းပုံကြမ်းများကိုတစ်ချက်ကြည့်ပေးပါအုံး..."

လျူယောင် ဒီဇိုင်း များထဲမှ တစ်ခုကို ပြောလိုက်လျင် ဗီသုကာဒီဇိုင်းအဖွဲ့ က ထို ဒီဇိုင်းကို အခြေ ခံပြီး တိကျသော ဒီဇိုင်းကိုလုပ်ဆောင်နိုင်သည်။

လျူယောင် စိတ်အားထက်သန်စွာဖြင့် သူဋေးကုလားထိုင်ပေါ်တွင်ထိုင်ကာ ဒီဇိုင်းပုံကြမ်းများကိုကိုင်ပြီး ဂရုတစိုက်ကြည့်နေသည်။

Global အဆောက်အအုံ၏ ဒီဇိုင်းက စာရွက်ပေါ်တွင် ကွက်ကွက်ကွင်းကွင်းနဲ့ ရှင်းလင်းလှသည်။

ပုံ အချို့မှာ Global အဆောက်အအုံကို လှပသော ကုဗတုံး ပုံစံ မှန်ပြင်နံရံများ ဖြင့် ရေးဆွဲထားတဲ့ ပုံကြမ်းများကို တွေ့မြင်နိုင်သည်။

အချို့မှာ ဆလင်ဒါပုံသဏ္ဍာန် သို့မဟုတ် အသွင်အပြင်မှာ ဘဲဥပုံဖြစ်သည်။

မျှော်လင့်ထားတဲ့ အတိုင်းပင်!ပထမတန်းစား ဒီဇိုင်းအဖွဲ့မှ လာတဲ့ ဒီဇိုင်းတစ်ခုစီတိုင်းမှာ အလွန်လှပပြီး ကိုယ်ပိုင်ဒီဇိုင်းလက္ခဏာများရှိသည်။

ဒါကိုကြည့်ရှုကာ ရွေးချယ်မှုအချို့ပြုလုပ်ပြီးနောက် နံပါတ် ၂ ဒီဇိုင်းကို လျူယောင် ရွေးချယ်ခဲ့သည်။

ထိုဒီဇိုင်းတွင် ယန် နိုင်ငံ ရဲ့အစိတ်အပိုင်းများ ပါဝင်ပြီး ရှေးဟောင်းစေတီများဖြင့် ဒီဇိုင်းပုံစံကို ပေါင်းစပ်ထားသည်။

အဆောက်အဦတစ်ခုလုံးမှာ အဋ္ဌဂံပုံဖြစ်ပြီး၊ အဋ္ဌဂံရှေးဟောင်းမျှော်စင်နှင့် ခပ်ဆင်ဆင်တူသော်လည်း အလွန်ခေတ်မီပြီး လှပသောဖန်အပြင်နံရံဖြင့် ပေါင်းစပ်ထားသည်။

အမြင့် ၄၅၈ မီတာရှိပြီး မြေပြင်တွင် ၉၈ ထပ်နှင့် မြေအောက် ၃ ထပ်ရှိသည်။ ၈၁ လွှာမှ စတင်၍ အပေါ်ဘက်သို့ အနည်းငယ် လျော့သွားပြီး ၊ အပေါ်ဆုံးထပ်က ရှုမျှော်ခင်းနှင့် ရှုမျှော်ခင်းများဖြစ်သည်။

လျူယောင် ပိုပိုပြီး သဘောကျလာကာ ပြောလိုက်သည်။

"ဒီ နံပါတ် 2 ဒီဇိုင်းကို သုံးကြည့်ရအောင်... ဒီပုံအတိုင်း... ငါတို့ရဲ့ Global အဆောက်အုံကို တတ်နိုင်သမျှ အမြန်ဆုံးတည်ဆောက် ပြီးစီးအောင် ကြိုးစားပေးပါ..."

လျူယောင်တွင် လောလောဆယ် လုံလောက်တဲ့ ဘဏ္ဍာငွေ လုံးဝမရှိ‌‌ပေ။

Global က လက်ရှိတွင် စိန်ရိုင်းများမှ ရန်ပုံငွေ ရှစ်ဘီလီယံ သို့မဟုတ် ကိုးဘီလီယံခန့်ရှိပြီး တင်းဝိန်ထံမှ

ကြွေထည်များကို ရောင်းချခြင်းနှင့် လေလံတင်ရောင်းချခြင်းမှ ရရှိသောငွေ တစ်ဘီလီယံကျော်မှ နှစ်ဆယ်ဘီလီယံကျော်ကို လစဥ် Global ရဲ့အကောင့်သို့ လွှဲပေးမည်ဖြစ်သည်။

ဘဏ်တွင် သိမ်းဆည်းထားသော စိန်ကြမ်းများကို ချန်ဟီဖေးထံ တစ်လုံးပြီးတစ်လုံး ရောင်းချပေးဖို့ လွှဲပြောင်းထားခဲ့သည်။

ကျိုးယန် ဒီဇိုင်းပုံကြမ်းတွေကို ဖယ်ထားပြီး အလေးအနက် ပြောလိုက်သည်။

"စိတ်မပူပါနဲ့ သူဋေး... ကျွန်တော် တတ်နိုင်သမျှ အမြန်ဆုံး တည်ဆောက်နိုင်အောင် ကြိုးစားပါ့မယ်..."

.....

လိပ်ကြီး စားနေပြန်သည်။ တန်ချိန် 20 ကျော်ရှိတဲ့ ဝေလငါးတစ်ကောင်ကို ဖမ်းမိခဲ့ပြီး ကိုက်စားနေကာ အနည်းဆုံး အစာတစ်တန်ကို ပါးစပ်ထဲသို့ အကြိမ်အနည်းငယ်သာ ဝါးပြီး မျိုချလျက်ရှိသည်။

လိပ်ကြီး စားနေတဲ့ မြင်ကွင်းတစ်ခုလုံး အရမ်းအားရနေစရာကောင်းလှသည်။

ဆယ်မိနစ်အတွင်းမှာပဲ ဝေလငါးတန်ချိန် ၂၀ ကျော်ကို ကိုက်ခဲ့ပြီး အားလုံးက အစာအိမ်ထဲကို ဝင်သွားခဲ့သည်။ စားပြီးတဲ့အခါ လိပ်ကြီး အိပ်ငိုက်လာပြန်သည်။

လိပ်ကြီး မိုင်တစ်ရာကျော် ရေကူးကာ အမည်မဖော်နိုင်သော ကျွန်းတစ်ကျွန်းကို တွေ့ရှိခဲ့ပြီး တောင်ပေါ်တက်၍ လှဲအိပ်လိုက်ရာ ခဏအကြာတွင် အိပ်ပျော်သွားခဲ့သည်။

လိပ်ကြီး ကို တစ်နေ့တည်း အကြိမ်များစွာ လျူယောင် အာရုံစိုက်ကြည့်ခဲ့ သည်။

လွန်ခဲ့သော သုံးနာရီ သို့မဟုတ် လေးနာရီက အိမ်မွေးတိရစ္ဆာန်ချပ်ပြားကိုဖွင့်ပြီး ပြင်ပလူအမြင်နဲ့ ကြည့်လိုက်ရာ လိပ်ကြီး သဲကန္တာရကျွန်းတွင် အိပ်ပျော်နေတာကို တွေ့လိုက်သော်လည်း လျူယောင် ဂရုမစိုက်ပေ။

အခုပြန်ကြည့်လိုက်တော့ လိပ်ကြီးက အိပ်ပျော်နေတုန်းပဲ၊ အရမ်းနှစ်ခြိုက်စွာ အိပ်ပျော်နေတာကို တွေ့လိုက်ရတော့ နည်းနည်းထူးဆန်းနေသလို လျူယောင် ခံစားရသည်။ လွန်ခဲတဲ့ရက်အနည်းငယ်မှ စပြီး လိပ်ကြီးက အကြာဆုံး အိပ်ခဲ့သည်။

နှစ်နာရီသုံးနာရီလောက်ကြာတော့ လျူယောင် ပြန်ပြီး အာရုံစိုက် ကြည့်လိုက်ချိန် လိပ်ကြီးက အဲဒီ့နေရာမှာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသေးတာကို တွေ့လိုက်ရသည်။

လျူယောင် စိတ်ထဲကနေ လိပ်ကြီးက တန် 100 ရှိသော ပိတ်ဆို့မှုကို ဖြတ်ကျော်သွားပုံရတယ်လို့ မျှော်လင့်တကြီး တွေးလိုက်မိသည်။

လိပ်ကြီး နောက်ဆုံးတွင် နိုးလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းကာ အလွန်သက်တောင့်သက်သာ ရှိနေတယ်လို့ ခံစားနေရသည်။

လိပ်ကြီးက ခွန်အားတွေ အပြည့်နဲ့ နိူးထလာပုံ ရသည်။

" သခင်ရေ....ကျနော်...နိုးပီ..."

လိပ်ကြီး အသံ သူ့စိတ်ထဲတွင် ထွက်ပေါ်လာပြီး နောက် လျူယောင် ကအလွန်ဝမ်းသာသွားပြီး အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို ချက်ချင်းဖွင့်ကြည့်လိုက်သည်။

အမည်- မျိုးပြောင်းလိပ်

ပါဝါ : 6050

ကိုယ်လုံးကိုယ်ပေါက်: 6010

သွက်လက်: 6000

အလေးချိန် 100 တန်

ကျွမ်းကျင်မှု- လိပ်ခွံ (တတိယအဆင့်)၊ လိပ်ထွက်သက် (တတိယအဆင့်)၊ စူပါအာရုံ (တတိယ အဆင့်)၊ စူပါအနံ့ခံ(ဒုတိယအဆင့်)၊ ပေါက်ကွဲမူ့ (ပထမအဆင့်)

လိပ်ကြီး ဒီ တစ်ကြိမ် ပိတ်ဆို့မှုကို ကျော်ဖြတ်ပြီးနောက် ကျွမ်းကျင်မှုအသစ်တစ်ခုကို ရရှိခဲ့ကြောင်း လျူယောင် သိလိုက်သည်။

ပေါက်ကွဲမူ့ - ပြင်းထန်သော အရှိန်အဟုန်ဖြင့် ချက်ခြင်း ပေါက်ကွဲပြီး ရန်သူ့အပေါ် ပြင်းထန်တဲ့ သက်ရောက်မှု့ ရှိစေနိုင်သည်။

ဒီအရည်အချင်းက ကောင်းပါတယ်။

ပြိုင်ဘက်နှင့်တွေ့တဲ့အခါ အားအကုန်သုံးပြီး ထို စွမ်းရည်ကို အသုံးပြုနိုင်ကာ ပြိုင်ဘက်က တုံ့ပြန် ရင် လှံတစ်ချက်ထိုးရုံနဲ့သတ်ပစ်နိုင်ပေသည်။

ဒဏ္ဍာရီဂိမ်းတွင် ပြင်းထန်သော အပြေးအလွှား သို့မဟုတ် ဆယ်ဆင့်-တစ်ဆင့် သတ်ဖြတ်ခြင်းကဲ့သို့ ဖြစ်သည်။

ဒီလိုအရည်အချင်းကိုသာ လိပ်ကြီး စောစော ရခဲ့မယ်ဆိုရင် ရေဘဝဲကြီးနဲ့ တွေ့တုန်းက ဒီလောက်ဒုက္ခ ခံစရာ မလိုပေ။ဧရာမလှံနဲ့ တစ်ချက်တ ည်းပြေးထိုးလိုက်ခြင်းဖြင့် တိုက်ပွဲကို လိပ်ကြီး အမြန် အဆုံးသတ်နိုင်သည်။

All Chapters