← Chapters

" မျိုးရိုးဗီဆပြောင်းဆေး "

Vol. 12 Ch. 176

" မျိုးရိုးဗီဆပြောင်းဆေး "

Vol. 12 Ch. 176

လိပ်ကြီးက နောက်ပိုင်းတွင် တိုးတက်မူ့ ပိုအားကောင်းလာပြီး သမုဒ္ဒရာကိုအစိုးရသော အရှင်သခင်ဖြစ်လာမည့် လမ်းပေါ်တွင် ပြေးလွှားနေသည်။

ပင်လယ်အနက်မီတာ ၅၀၀ အကွာအဝေးအတွင်းရှိ အရာအားလုံးကို အဆင့် ၃ စူပါခံစားမှု့စွမ်းရည်နဲ့ လိပ်ကြီး ခံစားသိရှိနိုင်စေသည်။

အဆင့် ၂ စူပါအမြင်စွမ်းရည်က လိပ်ကြီးအား ပင်လယ်ရေထဲတွင် အဝေးသို့ ပိုမြင်နိုင်သည်။ အမှောင်ထဲတွင်ပင် အဝေးရှိအရာများကို လိပ်ကြီးက ရှင်းလင်းစွာ မြင်ရသည်။

"ဟင်.."

လျူယောင် အံ့ဩသွား‌သည်။

ခွန်အား၊ လျင်မြန်မှုနှင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုတို့တွင် 'မျှဝေနိုင်သည်' ဆိုသည့် စကားလုံးအပြင် 'ထည့်သွင်းပေးနိုင်သည်' ဆိုသည့် စကားလုံးလည်း ပါရှိလေသည်။

လျူယောင် ခွန်အားဂုဏ်သတ္တိနောက်တွင်ရှိသော 'ထည့်သွင်းပေးနိုင်သည်' ဆိုသည့် စကားလုံးကို စိတ်စွမ်းအားဖြင့် နှိပ်လိုက်ရာ ချက်ချင်းဆိုသလို ဘောက်စ်တစ်ခု ပေါ်လာပြီး မည်မျှသော ခွန်အားအမှတ်များကို ပေးမည်၊ မည်သူအ့ား ပေးမည်ကို ဖြည့်သွင်းခိုင်းလေသည်။

"ဘုရား‌ရေ..."

တကယ့်ကို အစွမ်းထက်လှ‌ပေသည်။

လိပ်ကြီး၏ အဓိကဂုဏ်သတ္တိစွမ်းရည်သုံးခုကို တခြားသူများအား ပေးနိုင်‌ပေသည်။

"ဒီထက်ကောင်းတဲ့ အရာရှိသေးလား "လျူယောင် စိတ်ထဲကနေ တွေးမိသည်။

သာမန်လူတစ်ယောက်ရဲ့ ဂုဏ်သတ္တိစွမ်းရည်အမှတ်မှာ ၃၀ မှ ၅၀ အတွင်းရှိပြီး အထူးတပ်ဖွဲ့ဝင်များနှင့် ထိပ်တန်းအားကစားသမားများသာ ၁၀၀ ကျော်နိုင်‌ ပေသည်။

ချန်းဟူရဲ့ စွမ်းရည်အမှတ် မည်မျှရှိသည်ကို လ​ျူယောင် မသိပေ။ သူ့ကို ခွန်အားအမှတ် ၁၀၀ ပေးလိုက်လျှင် မည်သို့ဖြစ်လာမလဲဆိုတာကို သူ သိချင်လာသည်။

အိမ်‌မွေးမျက်နှာပြင်ပေါ်ရှိ လိပ်ကြီးရဲ့ ခွန်အားအမှတ် ၆၀၅၀ ကိုကြည့်ကာ လျူယောင် ခဏ စဉ်းစားပြီးနောက် ချန်းဟူအား ခွန်အားဂုဏ်သတ္တိ အမှတ် ၅၀ ပေးရန် ကြိုးစားလုပ်ဆောင်လိုက်သည်။

အများကြီး ပေးဖို့မရဲပေ။ အရင်ဆုံး စမ်းကြည့်တာပေါ့။

အောင်မြင်စွာ ပေးအပ်လိုက်ပါပြီ။

ကျန်ရှိ‌သောအမှတ်များ ၆၀၀၀။

ထိုစကားလုံးများက မျက်နှာပြင်ပေါ်တွင် ပေါ်လာပြီး လိပ်ကြီး၏ ခွန်အားအမှတ်မှာ ဘယ်လောက်မှ လျော့မသွား‌ပေ ။

ပေးအပ်နိုင်သော ခွန်အားအမှတ်များက လိပ်ကြီး၏ ခွန်အားအမှတ်နဲ့ တူညီတာကို လျူယောင် နားလည်သွားသည်။

အမှတ် ၅၀ ပေးပြီးနောက် အမှတ် ၆၀၀၀ ကျန်ရှိ‌ပေသည်။

ဒါက ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ အရာပဲ။

အမှတ်ထောင်ပေါင်းများစွာကို အခြားသူများကို ပေးနိုင်ပြီး၊ စူပါလူသားစစ်တပ်တစ်ခုကို လုံးဝဖန်တီးနိုင်‌သည်။ မိမိအောက်တွင် ထိုကဲ့သို့သော စူပါလူသားများ ရှိနေခြင်းက မာန်မာနကြီးချင်စရာ ကောင်းလှသည်။

" ဟုတ်ပြီ နောက် နှစ်ရက်ကြာရင် ချန်ဟူးရဲ့ ခွန်အားကို နောက်ထပ်အမှတ် ၅၀ ထပ်ထည့်ပေးလိုက်မယ်..."

လျူယောင် စိတ်ထဲကနေ တွေးလိုက်မိသည်။တစ်ကြိမ်တည်းနှင့် အမှတ်ရာပေါင်းများစွာ ထပ်ထည့်ပေးခြင်းထက်စာလျှင် ဒီလောက်နည်းနည်းလေးက မသိသာလှပေ။

လျူယောင် နည်းလမ်းတစ်ခုကို စဉ်းစားမိ‌သွားကာ သူ ထိုင်ရာမှ ထပြီး ရုံးခန်းမှ ထွက်လာခဲ့သည်။ ချန်းဟူနှင့်အတူမဟုတ်ဘဲ အောက်ထပ် ဆင်းကာ ကိုယ်တိုင် ဆေးဆိုင်သို့ ကားမောင်းသွားပြီး ကလေးများအတွက် ဇင့်ဂလူးကိုနိတ် သောက်ဆေးတစ်ဘူး ဝယ်လိုက်‌သည်။

လျူယောင် ထုပ်ပိုးမှု့ကို ဖယ်ရှားပြီး ဖန်ပုလင်းလေးပေါ်ရှိ စက္ကူကို ဖယ်ရှားကာ ကောက်ရိုးနှင့်အတူ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ရုံးခန်းသို့ ပြန်လာ‌ခဲ့သည်။

"ချန်းဟူ...ဒီကိုခန ...လာအုံး..."

မကြာမီ ချန်းဟူ တံခါးခေါက်၍ ဝင်လာသည်။

"သူဋေး ကျွန်တော့်ကို ရှာတာလား"

လျူယောင် ခေါင်းညိတ်လိုက်ပြီး အံဆွဲထဲမှ ဖန်ပုလင်းသေးလေးနှင့် ကောက်ရိုးသေးလေးတစ်ချောင်းကို ထုတ်ယူကာ စားပွဲပေါ်တင်လိုက်သည်။

ချန်းဟူက

"သူဋေး..အမိန့်ပေးပါ" ဟု ပြောလေသည်။

"မင်းက ငါ့ရဲ့ ယာဉ်မောင်းနဲ့ ကိုယ်ရံတော်ပါ... သစ္စာရှိရုံသာမက မင်းရဲ့ ကိုယ်ပိုင်စွမ်းရည်ကလည်း အရေးကြီးတယ်...."

ချန်းဟူ အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

"သူဋေး စိတ်မပူပါနဲ့.... ကျွန်တော့်ရဲ့ စွမ်းရည်အပေါ် ကျွန်တော် ယုံကြည်မှုရှိပါတယ်.... သူဋေးရဲ့ လုံခြုံရေးကို ကာကွယ်ဖို့က ဘာပြဿနာမှ မရှိပါဘူး"

လျူယောင် ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်ပြီး ပြောလိုက်သည်။

"မဟုတ်ဘူး... မင်းပိုအားကောင်းလာမှ ...ပိုစိတ်ချရမယ်လို့ ငါထင်တယ်.... ငါ့မှာ မင်းကိုပိုအားကောင်းလာစေမယ့် မျိုးရိုးဗီဇပြောင်းဆေးတစ်မျိုးရှိတယ်...မင်းမသောက် ရဲဘူးလား..."

"မျိုးရိုးဗီဇပြောင်းဆေးလား….”

ချန်းဟူက စားပွဲပေါ်ရှိ ဖန်ပုလင်းလေးကို ကြည့်ပြီး ....ဒါ ..သူဌေးပြောသည့် မျိုးရိုးဗီဇပြောင်းဆေးများ ဖြစ်နိုင်သလားဟု စိတ်ထဲကနေ တွေးလိုက်သည်။

သို့သော် မျိုးရိုးဗီဇပြောင်းဆေးဆိုတာ တကယ်ရှိသလား ၊ သူဋေးရဲ့ မျိုးရိုးဗီဇပြောင်းဆေးက ဘယ်ကလာသလဲ။

ထိုအတွေးက သူ့စိတ်ထဲတွင် ခဏတာသာ လင်းလက်သွားပြီးနောက်

"သူဋေး...ဘာပြဿနာမှ မရှိပါဘူး.... မျိုးရိုးဗီဇပြောင်းဆေး.... ကျွန်တော့်ကိုပေးပါ...." ချက်ချင်း ပြောလိုက်သည်။

ဒါက ဘယ်လောက်တောင် ယုံကြည်မှုနဲ့ သစ္စာရှိမှုလဲ။

သူသာ လုံလောက်စွာ သစ္စာမရှိရင် လျူယောင်ကို မယုံကြည်ပါက ယဉ်ကျေးသော စကားအချို့ ဒါမှမဟုတ် အကြောင်းပြချက်အချို့ ပေးပြီး ငြင်းနိုင်‌သည်။ သို့သော် ချန်းဟူက မည်သည့် တွေဝေမှု့မှမရှိဘဲ ချက်ချင်းပင် ပြောလေသည်။

လျူယောင် စိတ်ထဲတွင် ကျေနပ်နေမိသည်။

ခွန်အားစွမ်းရည်အမှတ် ၅၀ ပေးခြင်းက မဆင်မခြင် လုပ်ခြင်းမဟုတ်ကြောင်းနဲ့ မှားယွင်းသောလူကို ပေးခြင်းမဟုတ်ခဲ့ပေ။

ချန်းဟူကအမှန်တကယ် စိတ်ရင်းမှန်ဖြင့် သစ္စာရှိသူဖြစ်သည်။

လျူယောင် ဖန်ပုလင်းလေးကို ကောက်ယူက ချန်းဟူအား ပေးလိုက် လေသည်။

ဖန်ပုလင်းလေးကို ချန်းဟူ လက်ခံရရှိပြီးနောက် မည်သည့်စကားမျှ မပြောဘဲ လျူယောင်ရှေ့တွင် တစ်ခါတည်း မော့သောက်လိုက်လေသည်။

လျူယောင် ခေါင်းညိတ်လိုက်ပြီး ရှင်းပြလိုက်သည်။

"ဆေးစွမ်းက ..၂၄ နာရီအတွင်း ...အာနိသင်ပြလိမ့်မယ်... မင်းရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို အများကြီး တိုးတက်မှာပါ.... မနက်ဖြန် မင်းကို တစ်ရက်ခွဲလောက် နားခိုင်းမယ်...ဆေးအာနိသင်ကို ပိုမိုစုပ်ယူနိုင်ဖို့အတွက် အားကစားရုံကိုသွားပြီး ကောင်းကောင်းလေ့ကျင့်လိုက်...."

"ဟုတ်ကဲ့ပါ သူဋေး " ချန်းဟူ ပြန်ဖြေလိုက်သည်။

ချန်းဟူသည်လည်း အနည်းငယ် သိချင်နေသည်။ ဒီလို မျိုးရိုးဗီဇပြောင်းဆေးဆိုတာ တကယ်ရှိသလား။ မနက်ဖြန် အားကစားရုံသွားပြီး စမ်းကြည့်ရမည်။

အထူးတပ်ဖွဲ့မှ အငြိမ်းစားယူပြီးနောက် ချန်းဟူက လေ့ကျင့်ခန်းများ လုပ်ဆောင်ရန် အမြဲတမ်း ကြိုးစားနေခဲ့သည်။

အရင်က သူ့တွင် ပိုက်ဆံအများကြီးမရှိသောကြောင့် အဓိကအားဖြင့် ပြေးခြင်းနှင့် အိပ်ထမတင် လုပ်ခြင်းကိုသာ ပြုလုပ်ခဲ့သည်။ သို့သော် အခုတော့ မတူ‌တော့ ပေ။

သူက အားကစားရုံတွင် VIP ကဒ်ရှိပြီး နေ့စဉ် နာရီဝက်မှ နှစ်နာရီအထိ

လေ့ကျင့်‌ လေ့ကျင့်လေ့ရှိ‌ သည်။

ချန်းဟူ ထွက်သွားတာကို ကြည့်ပြီးနောက် လျူယောင် ပြုံးကာ စဉ်းစားမိသည်။

နည်းလမ်းက တကယ်ကို ကောင်းတယ်။ မျိုးရိုးဗီဇဆေးပြောင်းဆိုတာ ဖုံးကွယ်မှု့တစ်ခုသာ ဖြစ်သည်။

နောက်ပိုင်းတွင် ချန်းဟူရဲ့ ခွန်အားသိသိသာသာ တိုးလာတာကို တွေ့ရှိတဲ့ အခါ မျိုးရိုးဗီဇပြောင်းဆေး သောက်ထားတဲ့ အကျိုးသက်ရောက်မှု့ကြောင့်လို့ ရှင်းပြရန် ပိုလွယ်ကူပေမည်။

........

အားကစားရုံ....

ချန်းဟူ နံနက် ၉ နာရီခွဲခန့်တွင် ရောက်ရှိလာပြီး ပထမဦးစွာ ကိုယ်လက်နွေး လေ့ကျင့်ခန်းအချို့ လုပ်လိုက်သည်။ သူ့ခွန်အား တကယ်တိုးတက်လာတယ်လို့ ခံစားမိ‌သည်။

"ဟာ....သူဋေးပေးတဲ့ မျိုးရိုးဗီဇပြောင်းဆေးက တကယ်... အာနိသင်ရှိတာပဲ " ချန်းဟူ စိတ်ထဲက တွေးမိ‌သွားသည်။

၁၀ နာရီခွဲခန့်တွင် ချန်းဟူက ကိုယ်လက်နွေး လေ့ကျင့်ခန်းများ ပြီးဆုံးလုနီးပြီဖြစ်တယ်လို့ ခံစားရတာကြောင့် သူ့စွမ်းရည်မည်မျှရှိလဲဆိုတာကို စမ်းသပ်ကြည့်ချင်‌သည်။

ထို နေရာတွင် သူအကြိုက်ဆုံး ခွန်အားလေ့ကျင့်ရေး ကိရိယာမှာ ဘားတန်း လေ့ကျင့်ခန်းဖြစ်ပြီး.... အထူးသဖြင့် ဘားတန်းကို လက်နှစ်ဖက်ဖြင့်ကိုင်၍ စကွက် ထိုင်ခြင်းက သူ့ကိုယ်ခန္ဓာတစ်ခုလုံး၏ ခွန်အားကို အသုံးပြုရတာကြောင့် အလွန်ပင် ပျော်စရာကောင်းတယ်လို့ ချန်းဟူ ထင်‌သည်။

ထိုအချိန်တွင် အားကစားရုံ၌ လူများပိုများလာ‌ခဲ့သည်။

မလှမ်းမကမ်းတွင် ဘားတန်းလေ့ကျင့်ရေးဧရိယာရှိသည်။ ချန်းဟူ အရင်က ၈၀ ကီလိုဂရမ်အလေးချိန်ရှိ ဘားတန်းများကို စကွက်လေ့ကျင့်ရာတွင် အသုံးပြုခဲ့ဖူးတာကို စဉ်းစားကာ အစိမ်းရောင် ဘားတန်းပြားနှစ်ခုကို ထပ်ထည့်လိုက်သည်။

တစ်ခုလျှင် ၁၀ ကီလိုဂရမ်ဖြစ်ပြီး စုစုပေါင်း အလေးချိန် ၁၀ ကီလိုဂရမ် ထပ်တိုးခြင်းပဲဖြစ်သည်။

ဘားတန်း၏ စုစုပေါင်းအလေးချိန်မှာ ၁၀၀ ကီလိုဂရမ်ဖြစ်သည်။

ပေါင် ၂၀၀ အလေးချိန်မှာ သာမန်လူများအတွက် အလွန်ဝေးကွလှာ‌သည်။

အသက်ပြင်းပြင်းရှူကာ ဘားတန်းကို လက်နှစ်ဖက်ဖြင့် ချန်းဟူ ဆုပ်ကိုင်လိုက်‌သည်။သူ အရင်ကလို လေးလံတယ်လို့ မခံစားရဘဲ ပိုမိုပေါ့ပါးနေတယ်ဟု ထင်ရ‌သည်။

" ဘာလဲဟ..."

"ဒါက မျိုးရိုးဗီဇပြောင်းဆေးရဲ့ အာနိသင်ကြောင့် လား..."

ချန်းဟူက ဘားတန်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ စကွက်ထိုင်ခြင်းကို စတင်လိုက်သည်။

တစ်ကြိမ်..

နောက်တစ်ကြိမ်..

နောက်တစ်ကြိမ်...

၁၂ ကြိမ်ခန့် စကွက်ထိုင်ပြီးနောက် ချန်းဟူ ရပ်လိုက်သည်။ ၁၀၀ ကီလိုဂရမ်က မလုံလောက်သေးဘူးလို့ သူ ခံစားရပြီး ၂၀ ၊ ၃၀ ကီလိုဂရမ်အထိ ထပ်ထည့်နိုင်တယ်လို့ ခံစားရ‌သည်။

ထိုအချိန်တွင် လူလေးငါးယောက် ရောက်လာ၏။

ဦးဆောင်လာသူက အားကစားရုံမှ နည်းပြတစ်ဦးဖြစ်ပြီး သူ့နောက်တွင် အရပ်ပုပြီး ကိုယ်လုံးထွားကြိုင် သန်မာသည့် လူငယ်တစ်ဦးဖြစ်ကာ ထို့နောက်တွင် လက်ထောက်များ စသဖြင့် လိုက်ပါလာ‌ခဲ့သည်။

All Chapters