" မျက်နှာကို ဖြတ်ရိုက်ခြင်း "
Vol. 12 Ch. 177
ရုံးခန်းထဲတွင်....
စာရွက်စာတမ်းတစ်ခုကို ဖတ်ပြီးနောက် လျူယောင် ၎င်းကို စားပွဲပေါ်သို့ ညင်သာစွာတင်လိုက်သည်။
ကိုယ်တိုင်ကော်ဖီတစ်ခွက်ဖျော်ကာ ကော်ဖီသောက်ရင်း စိတ်ထဲကနေ တွေးနေသည်။
"အင်း...ဒီအချိန်ဆို....ချန်းဟူ အားကစားရုံကို ရောက်နေ လောက်ပြီ.... သူ့ခွန်အားတွေ တိုးတက်လာတာကို တွေ့သွား လောက်ပြီထင်တယ်...."
အိမ်မွေးတိရိစ္ဆာန်ချပ်ပြားကိုဖွင့်ကာ လိပ်ကြီးအခြေအနေကို လျူယောင် ကြည့်လိုက်သည်။
မနေ့က အတားအဆီးကို လိပ်ကြီး ဖြတ်ကျော်ပြီးနောက် ယခုအချိန်အထိ တစ်ရက်သာရှိသေးသည်။
"ဟေး...လိပ်ကြီးက အရမ်းမြန်မြန်ကြီးထွားလာပြီး အလေးချိန်က ၁၀၁.၆ တန်အထိ ရောက်နေပြီပဲ...."
တစ်ရက်အတွင်း ၁.၆ တန်တိုးလာခြင်းက တကယ်ကို အရူးအမူး ကြီးထွားနှုန်းပင်။
အလေးချိန်တိုးလာသဖြင့် ဂုဏ်သတ္တိအမျိုးမျိုးလည်း အနည်းငယ် တိုးလာ လေသည်။
ဥပမာအားဖြင့် ခွန်အားစွမ်းရည်က ၆၀၅၀ မှ ၆၁၂၅ သို့ တိုးလာကာ အမှတ် ၇၅ တိုးလာသည်။
ချန်းဟူက လူကောင်း ဖြစ်သည် ။ သူ့အပေါ်လည်း လုံလောက်စွာ သစ္စာရှိသည်။
လျူယောင်က ထိုကဲ့သို့ သစ္စာရှိကိုယ်ရံတော်မျိုး လိုအပ်သည်။ သူ့ကိုယ်ရံတော်ကို လုံလောက်စွာ သန်မာစေချင်တာကြောင့် ချန်းဟူအား ခွန်အားအမှတ် ၅၀ ပေးခဲ့သည်။
ထိုသို့ဖြင့် ချန်းဟူက ခွန်အားစွမ်းရည်အမှတ် ၁၀၀ ရရှိခဲ့သည်။
ကမ္ဘာတွင် လျူယောင့်အပြင် သူက အစွမ်းအထက်ဆုံးလူ ဖြစ်လိမ့်မည်။
"ကောင်းပြီ... လက်ရှိအတွက် ဒီလောက်ဆို လုံလောက်ပြီ..."
အခြေအနေအရ နောက်ပိုင်းတွင် ချန်းဟူအား ကိုယ်ခန္ဓာကြံ့ခိုင်မှု့နှင့် လျင်မြန်မှု့စွမ်းရည်များကို ထပ်ပေးပြီး တကယ့်စူပါလူသားဖြစ်လာအောင် လုပ်ပေးမည်။ သူက အလွန်အစွမ်းထက်တဲ့သူ ဖြစ်လာရမည်။
......
အားကစားရုံထဲတွင်....
ချန်းဟူက ဘားတန်းပြားများကို ပြောင်းတော့မည်ဖြစ်သည်။
ဥပမာအားဖြင့် အစိမ်းရောင် ဘားတန်းပြားနှစ်ခုကို အနီရောင်ပြားများနှင့် အစားထိုးပါက ဘားတန်း၏ စုစုပေါင်းအလေးချိန်ဟာ ၁၃၀ ကီလိုဂရမ်အထိ တိုးလာမှာပဲ ဖြစ်သည်။
လူအနည်းငယ် ရောက်လာကြသည်။
၎င်းတို့အနက်မှ တစ်ဦးမှာ ကိုယ်ခန္ဓာကြံ့ခိုင်ပြီး သန်မာပုံရကာ အလေးမလေ့ကျင့်ထားဟန်ရှိသည်။
သူရောက်လာပြီးနောက် ချန်းဟူ ဘားတန်းလေ့ကျင့်နေတာကို မြင်တဲ့အခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
" လူကြီးမင်း...ဘေးဖယ်ပြီး လေ့ကျင့်ပေးနိုင်မလား....ကျွန်တော်တို့ ဒီမှာ ဘားတန်းလေ့ကျင့်ချင်လို့ပါ" ဟု ပြောလေသည်။
ချန်းဟူ မကြားသလို ဟန်ဆောင်နေလိုက်သည်။
"ဒီလူတွေက ရိုင်းစိုင်းလွန်းတယ်...အရင်ရောက်တဲ့သူ အရင်ရတယ်ဆိုတာ မသိဘူးလား...ငါအရင်ရောက်လို့... ငါခဏလေ့ကျင့်နေတာ..." ချန်းဟူ စိတ်ထဲကနေ မကျေမနပ် ဖြစ်သွားသည်။
ချန်းဟူက ဘေးဖယ်ပေးရန် အစီအစဉ်မရှိတာကို တွေ့သောအခါ ထိုကိုယ်လုံးထွားကြိုင်းသော လူငယ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ထပ်ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ဘေးဖယ်ပေးပါလား...ကျွန်တော်က ပြည်နယ်အလေးမအသင်းကပါ...ဒီမှာ ခွန်အားလေ့ကျင့်ချင်လို့ပါ...."
"အိုး... ပြည်နယ်အလေးမအသင်းကတော့ အံ့မခန်းပဲ..."
ချန်းဟူက အနည်းငယ် မဲ့ပြုံးလိုက်ပြီး ဘားတန်းပေါ်ရှိ အစိမ်းရောင် ၁၀ ကီလိုဂရမ် ဘားတန်းပြားနှစ်ခုကို ဖြုတ်ကာ အနီရောင် ဘားတန်းပြားနှစ်ခုဖြင့် အစားထိုးရန် ပြင်ဆင်လိုက်သည်။
အနီရောင်ဘားတန်းတစ်ခုစီတွင် ၂၅ ကီလိုဂရမ်ရှိပြီး အစိမ်းရောင်တစ်ခုစီတွင် ၁၀ ကီလိုဂရမ်ရှိသည်။
ချန်းဟူက ဘေးဖယ်ပေးရန် အစီအစဉ်မရှိတာကို တွေ့သောအခါ အားကစားရုံမှ နည်းပြကလည်း ဝင်ပြောလိုက်သည်။
" လူကြီးမင်း....ကျေးဇူးပြုပြီး ဘေးဖယ်ပေးနိုင်မလား... မစ္စတာယွီက ကျွန်တော်တို့အားကစားရုံရဲ့ VIP ဖြစ်ပါတယ်...."
ချန်းဟူ ခဏရပ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး... ကျွန်တော်လည်း ဒီအားကစားရုံရဲ့ VIP ပါ... ပြီးတော့ သူ့အတွက် နေရာလုံလောက်ပါတယ်... ကျွန်တော်ဘေးဖယ်ပေးဖို့ မလိုအပ်ပါဘူး..."
အမှန်ပါပဲ နေရာလုံလောက်တာကြောင့် ဘေးဖယ်ပေးဖို့ မလိုပေ။
ကိုယ်လုံးထွားကြိုင်းသော လူငယ်၏အမည်မှာ ယွီဝူးဖြစ်ပြီး ပြည်နယ်အလေးမအသင်း၏ အဖွဲ့ဝင်ဖြစ်သည်။ သူက အမျိုးသားအသင်းသို့ ဝင်ခွင့်ရရန် မျှော်လင့်ချက် ထားခဲ့သည်။ သူ့မိသားစုကလည်း စီးပွားရေးအခြေအနေကောင်းပြီး ချမ်းသာသူဖြစ်သည်။
သူက အထူးလက်ထောက်တစ်ဦးပင် ခန့်ထားခဲ့သည်။ သာမန်အလေးသမားတစ်ဦးဟာ ပြည်နယ်အသင်းတွင် မဟုတ်ဘဲ အမျိုးသားအသင်း၌ပင် လက်ထောက်တစ်ဦး မရှိနိုင်ပေ။
ဤရက်များတွင် နားရက်ဖြစ်သောကြောင့် ပြည်နယ်အသင်းသို့ လေ့ကျင့်ရန် သွားစရာမလိုဘဲ ယွီဝူးက နေ့စဉ် ဒီနေရာသို့ လာရောက်လေ့ကျင့်ခဲ့သည် ။ အဓိကအားဖြင့် သူက ခွန်အားလေ့ကျင့်ခန်းများ လုပ်ဆောင်ပေသည်။
ချန်းဟူက ဘေးဖယ်ပေးရန် အစီအစဉ်မရှိသည်ကို တွေ့သောအခါ လက်ထောက်က
"မင်း ဘာဖြစ်နေတာလဲ... မင်းက ကျွန်တော်တို့ရဲ့ မစ္စတာယွီကို ထိခိုက်စေလိမ့်မယ်...." ဟု ရွံရှာသော မျက်နှာဖြင့် ပြောလေသည်။
ချန်းဟူ ရယ်သာ ရယ်နေလိုက်သည်။
ယွီဝူးကတော့ ချန်းဟူရဲ့ဘားတန်းကို ကြည့်လိုက်သောအခါ ၈၀ ကီလိုဂရမ်သာရှိတာကို တွေ့ရသဖြင့် အထင်သေးကာ ကျယ်လောင်စွာပြောလိုက်သည်။
"ငါ့အတွက် ဘားတန်းပြားတွေ တပ်ပေး....စုစုပေါင်းအလေးချိန် ၁၀၀ ကီလိုဂရမ် ဖြစ် ပါစေ..."
မောက်မာသော အမူအရာဖြင့် တစ်စုံတစ်ယောက်က သူ့အား ချက်ချင်းပင် ဝန်ဆောင်မှု့ပေးခဲ့သည်။ ဘားတန်းကို လျင်မြန်စွာတပ်ဆင်လိုက်ပြီး ၁၀၀ ကီလိုဂရမ်ဘားတန်းဖြင့် စကွက်လေ့ကျင့်ခန်းများကို စတင်တော့သည်။
ချန်းဟူ ပြုံးလိုက်ပြီး ရေရွတ်လိုက်သည်။
"၁၀၀ ကီလိုဂရမ်ပဲလား... ငါခုနက အပျော်သဘောနဲ့ လေ့ကျင့်ခဲ့တာ..."
အနီရောင်ဘားတန်းပြားနှစ်ခုကို တပ်ဆင်လိုက်သောအခါ ချန်ဟူ ဘားတန်း၏ အလေးချိန်က စုစုပေါင်း ၁၃၀ ကီလိုဂရမ်သို့ ရောက်ရှိသွားပြီး ယွီဝူး၏အလေးချိန်ထက် ၃၀ ကီလိုဂရမ် ပိုများသွားသည်။
၃၀ ကီလိုဂရမ်ကို အထင်မသေးပါနှင့်။
စကားပုံတစ်ခုက "လှေသည် ဝန်ကို မဆန့်နိုင်" ဆိုတာ ရှိသည်။ ၎င်းက အမှန်တရားဖြစ်သည်။
တစ်စုံတစ်ယောက်က နှစ်ကီလိုဂရမ် သို့မဟုတ် သုံးကီလိုဂရမ်ပင် တိုးလာရန် အလွန်ခက်ခဲလှသည်။
ယွီဝူးနှင့် အခြားသူများက ကျွမ်းကျင်သူများ ဖြစ်သည်။ သူတို့က ချန်းဟူ ဘားတန်း၏ စုစုပေါင်းအလေးချိန်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပြီး ရွံရှာသော မျက်နှာဖြင့် မဲ့ပြုံးလိုက်သည်။
"မင်းက ဘယ်လိုအစွမ်းထက်တဲ့သူလဲ... ၁၃၀ ကီလိုဂရမ်ဘားတန်းကို ထမ်းနိုင်မလား...ဟာသပဲ..." ဟု တွေးနေသည်။
ချန်းဟူကတော့ ဘားတန်းကို မြှောက်ကြည့်သောအခါ အနည်းငယ်ပေါ့ပါးနေတာကို ခံစားလိုက်ရသည်။
"တော်ပြီ...ဒီလောက်ပဲထားတော့မယ်...ငါ ဘားတန်းပြားတွေ ထပ်ထည့်ဖို့ ပျင်းနေပြီ..."
ချန်းဟူသည် စကွက်လေ့ကျင့်ခန်းများ စတင်လုပ်ဆောင်ခဲ့ကာ
တစ်ကြိမ် ..
နောက်တစ်ကြိမ်...
နောက်တစ်ကြိမ်...
သူ့လှုပ်ရှားမှုများက အလွန်တိကျသည်။
ဘားတန်းဖြင့် စကွက်လေ့ကျင့်ခန်းကို မကြာခဏလုပ်ဆောင်တယ် ဆိုတာကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။
ဘေးနားရှိလူများ အံ့အားသင့်သွားကြသည်။
ယွီဝူးအပါအဝင် လူတိုင်း မျက်နှာသေသွားကြသည်။
"ဒီမှာ ဘာဖြစ်နေတာလဲ...တစ်ယောက်ယောက် ...လာရှင်းပြကြပါအုံး..."
သူ့ဘားတန်းက အတုလား။ ၁၃၀ ကီလိုဂရမ်အလေးချိန်ဖြင့် မည်သူမှ စကွက်ကို ဒီလိုလွယ်လွယ်ကူကူ မလုပ်နိုင်ပေ။ယွီဝူးက ၁၃၀ ကီလိုဂရမ်ဘားတန်းဖြင့် စကွက်လုပ်နိုင်သော်လည်း အလွန်ခက်ခဲတာကြောင့် ၅ ကြိမ်ထက် မပိုနိုင်ပေ။
ယွီဝူး၏လက်ထောက်က နောက်ဆုံးတွင် အော်လိုက်သည်။
"သူ့အလေးပြားက အတု... အတုပဲဖြစ်ရမယ်...နည်းပြကျန်း...ဟုတ်တယ်မလား.."
အားကစားရုံမှ နည်းပြကျန်းလည်း ရှုပ်ထွေးနေသည်။ ဘားတန်းပြားများတွင် ပြဿနာရှိနေလားလို့ စဉ်းစားခဲ့ပေမဲ့ ဖြစ်နိုင်ခြေမရှိဘူးလို့ သူ ခံစားရသည်။
သူတို့အားကစားရုံရှိ ဘားတန်းပြားများမှာ အလွန်တိကျသောကြောင့် ဘာပြဿနာမရှိနိုင်ပေ။
ချန်းဟူကတော့ သူတို့၏ အံ့အားသင့်မှုကို ဂရုမစိုက်ဘဲ တိကျသောလှုပ်ရှားမှု့ပုံစံဖြင့် စကွက်လေ့ကျင့်ခန်းကို ဆက်လက်လုပ်ဆောင်နေသည်။
စုစုပေါင်း စကွက် ၂၀ ကြိမ်လုပ်ပြီးမှ သူ ရပ်လိုက်သည်။
ဒါက သူ့ရဲ့ပုံမှန်လေ့ကျင့်မှု့ အလေ့အထပဲ ဖြစ်သည်။ အစုံလိုက်တိုင်း စကွက် ၂၀ ကြိမ်လုပ်ပြီး စုစုပေါင်း အစုံလိုက် ၅ ခုဖြင့် တိကျသော စကွက် အကြိမ် ၁၀၀ ပြုလုပ်လေသည်။
ထိုသို့ဖြင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားအားလုံးကို ကောင်းစွာ လေ့ကျင့်နိုင်သည်။
ချန်းဟူ ရပ်လိုက်ပြီး ဘားတန်းကို ချလိုက်သည်။ ကျန်းအမည်ရှိ နည်းပြက လျှောက်လာပြီး ချန်းဟူရဲ့ဘားတန်းကို မြှောက်ကြည့်လိုက်သည်။
၎င်းမှာ ၁၃၀ ကီလိုဂရမ်ဘားတန်းဆိုတာ မမှားကြောင်း သူသိလိုက်သည်။
"မစ္စတာယွီ...ဒါက ၁၃၀ ကီလိုဂရမ် ဘားတန်း သေချာပါတယ်...ဘာမှမမှားပါဘူး..."
"ဘာ..."
" တကယ်ကြီးလား.."
ယွီဝူး တုန်လှုပ်သွားပြီးနောက် ပြင်းထန်စွာ ထိမှန်ခံရသလို ခံစားလိုက်ရသည်။
သူက လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်ပြီး ၁၃၀ ကီလိုဂရမ်ဘားတန်းဖြင့် အလွန်တိကျသော စကွက် အကြိမ် ၂၀ သာ လုပ်နိုင်သည်။ ဒီလူက သူမျက်နှာများအား ဖြတ်ရိုက်သလို ခံစားရသည်။
သူ့ကို ပို၍မယုံကြည်နိုင်အာင် ဖြစ်စေသည်မှာ ချန်းဟူက ဘားတန်းပေါ်သို့ အဖြူရောင်ဝိတ်ပြားများ ထပ်ထည့်နေခြင်ပဲးဖြစ်သည်။ တစ်ခုစီက ၅ ကီလိုဂရမ်ဖြစ်သည်။
ဤသို့ဖြစ်ပါက ဒီဘားတန်း၏ စုစုပေါင်းအလေးချိန်မဗာ ၁၄၀ ကီလိုဂရမ်အထိ ရောက်ရှိသွားမှာပဲ ဖြစ်သည်။
အလေးမသမားတစ်ဦးအနေဖြင့် ယွီဝူးက ထိုအလေးချိန်ကို မြှောက်နိုင်သော်လည်း စကွက်မလုပ်နိုင်ပေ။
အမျိုးသား ၆၂ ကီလိုဂရမ်ရဲ့စကွက် ကမ္ဘာ့စံချိန်က၁၅၄ ကီလိုဂရမ်၊ အမျိုးသား ၆၉ ကီလိုဂရမ် ကမ္ဘာ့စံချိန်က ၁၆၆ ကီလိုဂရမ်နှင့် အမျိုးသား ၇၇ ကီလိုဂရမ် ကမ္ဘာ့စံချိန်က ၁၇၆ ကီလိုဂရမ် ဖြစ်သည်။
ယွီဝူးက ၆၉ ကီလိုဂရမ်တန်းမှ ကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့အကောင်းဆုံး စကွက် ရမှတ်မှာ ၁၅၀ ကီလိုဂရမ်ကျော်သည်။
ဒါပေမဲ့ သူသာဆို ၁၄၀ ကီလိုဂရမ်ဘားတန်းကို စကွက်လုပ်ရန် ခက်ခဲပြီး အကြိမ် ၂၀ ဆိုတာ ပြောစရာပင် မလိုပေ။ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်တောင် လုပ်ရန်ပင် ခက်ခဲနိုင်တယ်လို့ ခန့်မှန်းရသည်။
ဟုတ်တယ်၊ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်တောင် မလုပ်နိုင်ပေ။ ထိုအလေးချိန်ဖြင့် စကွက်လုပ်ရန် အတင်းအကျပ်ကြိုးစားပါက ကြွက်သားများ ထိခိုက်နိုင်သည်။
အနိုင်ယူခြင်း။
ချန်းဟူက သူ၏စွမ်းအားအပြည့်ဖြင့် ယွီဝူးကို လုံးဝအနိုင်ယူလိုက်သည်။
"သူ ဘာလုပ်နေတာလဲ..."
"ဘာ... မဖြစ်နိုင်ဘူး..."
ချန်းဟူက ဘားတန်းပေါ်သို့ အဖြူရောင်ဝိတ်ပြားများ ထပ်ထည့်တော့မှာကို မြင်တဲ့အခါ ယွီဝူးနှင့် အခြားသူများ အံ့အားသင့်သွားကြသည်။