← Chapters

" လိပ်ကြီး၏ တတိယ စွမ်းရည် "

Vol. 12 Ch. 178

" လိပ်ကြီး၏ တတိယ စွမ်းရည် "

Vol. 12 Ch. 178

မူလက ၁၃၀ ကီလိုဂရမ် ရှိသော ဘားတန်းကို ၅ ကီလိုဂရမ် အလေးပြားနှစ်ပြား ထပ်တင်လိုက်လျှင် စုစုပေါင်း အလေးချိန်မှာ ၁၄၀ ကီလိုဂရမ်သို့ ရောက်မသွားပေဘူးလား။

ယွီဝူး သူ့ နှလုံးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်သလို ခံစားလိုက်ရ၏။

သူတို့ အလေးမအဖွဲ့တွင် မည်သူမျှ ထိုသို့ ကစားရဲသူမရှိပေ။ မည်သူမျှ မလုပ်နိုင်ဘူး။ သူတို့ လုံးဝမလုပ်နိုင်ကြပါ။

၁၄၀ ကီလိုဂရမ်ရှိသော ဘားတန်းဖြင့် ဝပ် !ထိုင်လေ့ကျင့်ခန်း လုပ်ရမည်လား။

ယွီဝူးနဲ့အခြားသူများ ခံနိုင်ရည်ရှိခြင်း ရှိမရှိ သူတို့ရဲ့ ခံစားချက်များကို ချန်းဟူ ဂရုမစိုက်ပါ။ အဖြူရောင် အလေးပြားနှစ်ပြားကို တပ်ဆင်ပြီးနောက် တိကျသော လှုပ်ရှားမှု့များဖြင့် ဝပ်ထိုင်လေ့ကျင့်ခန်း စတင်လုပ်ဆောင်တော့သည်။

ချန်းဟူက မျိုးရိုးဗီဇပြောင်းဆေးသောက်ပြီးနောက် လုံလောက်စွာ လေ့ကျင့်ခန်းလုပ်ရန် လိုအပ်တယ်ဟု ထင်ကာ မောပန်းသည်အထိ အစုံ လေ့ကျင့်ခန်းအချို့ကို ထပ်လုပ်ဖို့ တွေးလိုက်သည်။

"ကောင်းပြီ... ၁၄၀ ကီလိုဂရမ် ဘားတန်းက ပိုအဆင်ပြေတယ်... "" တကယ်တော့ ၁၀ ကီလိုဂရမ် သို့မဟုတ် ၂၀ ကီလိုဂရမ်တောင် ထပ်ထည့်လျှင်လည်း သူ အဆင်ပြေနိုင်ပါသည်။

ဝပ်ထိုင်လေ့ကျင့်ခန်းများကို ချန်းဟူ တစ်ခုပြီးတစ်ခု လုပ်နေစဉ် ယွီဝူးနှင့် အခြားသူများက မှင်တက်ကာ ကြောင်တောင်တောင် ဖြစ်နေကြသည်။

ထိုအခြေအနေက အနီးနားရှိ အချို့သူများ၏ အာရုံကို ဆွဲဆောင်လိုက်သည်။

"ဟေး...အဲဒီလူ ဝပ်ထိုင်လေ့ကျင့်ခန်း လုပ်နေတာ ကြည့်....သူ့ရဲ့ လှုပ်ရှားမှု့တွေက အရမ်းစံနမူနာယူစရာ ကောင်းပြီး သူ့ရဲ့ဘားတန်းကလည်း ပေါ့မဲ့ပုံမပေါ်ဘူး..."

"အိုး ဘုရားရေ... အဲ့ဒါ ၁၄၀ ကီလိုဂရမ် ဘားတန်းပဲ..."

…

အားကစားရုံတွင် ဗဟုသုတရှိတဲ့ လူများစွာ ရှိကြသည်။ သူတို့က ဘားတန်းပေါ်ရှိ အလေးပြား၏ အရောင်ကိုကြည့်ရုံဖြင့် စုစုပေါင်း အလေးချိန်ကို တစ်ချက်တည်းနဲ့ သိနိုင်သည်။

ချန်းဟူက ၁၄၀ ကီလိုဂရမ် ဘားတန်းအသုံးပြုနေတာကို မြင်တဲ့အခါ သူတို့ အံ့အားသင့်သွားကြ၏။

သာမန်လူများဆို ဘားတန်း ဝပ်ထိုင်လေ့ကျင့်ခန်း လုပ်တဲ့အခါ ကီလိုဂရမ် အနည်းငယ်မျှသာ အသုံးပြုကြပြီး ၂၀ မှ ၃၀ ကီလိုဂရမ် အများစုဖြစ်ပြီး ၅၀ ကီလိုဂရမ်မှာ ရှားပါးလှသည်။

အချို့လူများပင် လေ့ကျင့်ခန်းလုပ်နေတာကို ရပ်လိုက်ကာ ချန်းဟူ၏ ဝပ်ထိုင်ကြံ့ခိုင်မှု လေ့ကျင့်ခန်းကို ကြည့်ရှုရန် ဝိုင်းအုံလာကြပြီး အားလုံး အံ့အားသင့်နေကာ လေးစားစွာ ကြည့်နေကြသည်။

"ဒီလူချော...ပုံစံကို ကြည့်ပေမဲ့...သူဘယ်လောက်သန်မာလဲဆိုတာ လုံးဝမမြင်နိုင်ဘူး...."

"တကယ်တော့...ဘုရင်က... သာမန်လူတွေကြားထဲမှာ ရှိနေတာပဲ...."

ထိုကဲ့သို့ ကြီးမားသော လှုပ်ရှားမှု့က ယင်တိုက်ကျွင်းရဲ့ အာရုံကို ဖမ်းစားလိုက်သည်။ သူက လေ့ကျင့်ခန်းလုပ်ရတာကို နှစ်သက်ပြီး အသေးစားကြံ့ခိုင်ရေး ဗီဒီယိုအချို့ ရိုက်ကာ Douyin တွင် မကြာခဏ တင်လေ့ရှိသည်။ ။

သူ့တွင် ပရိသတ်အချို့ရှိပြီး အင်တာနက်ပေါ်တွင် နာမည်ကျော်ဆယ်လီ တစ်ယောက်လို့ သတ်မှတ်ခံထားရသည်။

"ဘာ..."

"၁၄၀ ကီလိုဂရမ် ဘားတန်းနဲ့ ဝပ်ထိုင်လေ့ကျင့်ခန်း လုပ်နေတဲ့လူ .....ရှိနေတာလား.."

"သူ မိုဘိုင်းဖုန်းကို ကိုင်ကာ အပြေးအလွှားသွား၍ ချက်ချင်း ရိုက်ကူးတော့သည်။

သူက အသေးစားဗီဒီယိုများစွာကို ဆက်တိုက်ရိုက်ကူးခဲ့ပြီး လုံလောက်ပြီလို့ ခံစားရသည့်အခါ ရပ်လိုက်သည်။ ချန်းဟူရဲ့ စံနမူနာ လှုပ်ရှားမှုများကို မြင်လိုက်ရပြီး ဝပ်ထိုင်အကြိမ် ၂၀ ပြီးသွားသောအခါ သူ့မျက်နှာတွင် လေးစားမှု့ အပြည့်ဖြင့် လက်မထောင်ကာ ပြောလိုက်သည်။

"အံ့ဩစရာပဲ... တကယ်ကို အံ့ဩစရာပဲ... ဒီနေ့တော့ ....ငါ...အမြင်သစ်တစ်ခု ရခဲ့တယ်"

ဝပ်ထိုင်လေ့ကျင့်နည်းအစုံကို လေ့ကျင့် ပြီးစီးပြီးနောက် ကြည့်ရှု့သူ အလွန်များပြားနေတာကို မြင်သောအခါ ချန်းဟူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ဒါက အနည်းငယ် မကောင်းဘူးလို့ ခံစားရတယ်။ သူ ဝပ်ထိုင် အစုံနှစ်ခု လုပ်ရန် မူလက စီစဉ်ထားသော်လည်း မလုပ်တော့ဘဲ ရပ်လိုက်တော့သည်။

"မသွားပါနဲ့ဦးဆရာ....ကျွန်တော်တို့ ကြည့်ဖို့ နောက်တစ်စုံလောက် ထပ်လုပ်ပေးပါဦး....စိတ်ကျေနပ်အောင်လို့ပါ...."

ချန်းဟူ ထွက်သွားတာကို မြင်သောအခါ လူအများက မကျေနပ်သေးသလို ခံစားရသည်။

ယင်တိုက်ကျွင်းလည်း အနည်းငယ် နောင်တရမိသည်။ သူ့ကို ကျေနပ်စေသောအရာက အသေးစားဗီဒီယိုများစွာကို ခုနက. သူ ရိုက်ကူးခဲ့ခြင်းပင်။ ၎င်းတို့ကို ပြုပြင်ပြီးနောက် အကောင်းဆုံလို့ ယူဆရတဲ့ ဗီဒီယိုကို ရွေးချယ်ကာ အင်တာနက်ပေါ်သို့ တင်လိုက်သည်။

"ပရိသတ်တွေရေ....အရည်အချင်းရှိတဲ့လူဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ခင်ဗျားတို့ရဲ့ မျက်လုံးတွေ ဖွင့်ပေးချင်တယ်...." ဆိုပြီး သူ စိတ်ထဲမှ တွေးလိုက်သည်။

......

ပင်လယ်ထဲတွင်.....

လိပ်ကြီး ရေကူးနေသည်။ ယခုအချိန်မှာ စားချိန်ဖြစ်၏။

တန်ချိန် ၁၀၀ အတားအဆီးကို ကျော်လွှားပြီးနောက် လိပ်ကြီး ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။

တစ်နေ့ သုံးလေးကြိမ် စားယုံဖြင့် လုံလောက်ပြီး အချိန်တိုင်း အိပ်နေရန် မလိုတော့ပေ။ ညဘက်တွင် အိပ်ပြီး တစ်နေ့တာလုံး ခွန်အားအပြည့် ခံစားနေရသည်။

မီတာ တစ်ထောင်နီးပါး အကွာအဝေးတွင် အလွန်ကြီးမားတဲ့ ငါးမန်းတစ်ကောင်က ရှေ့တွင် အေးအေးဆေးဆေး ရေကူးနေတာကို လိပ်ကြီး တွေ့လိုက်ရသည်။ ထို ငါးမန်းမှာ သူ့ဆီ ချဉ်းကပ်လာတဲ့ အန္တရာယ်ကို လုံးဝမသိရှိပေ။

လိပ်ကြီး လျင်မြန်စွာ ကူးခတ်သွားပြီး မီတာတစ်ထောင်နီးပါး အကွာအဝေးကို မျက်တောင်တစ်ခတ်အတွင်း ရောက်လာခဲ့သည်။

မီတာ ၁၀၀ ခန့်အကွာတွင် နောက်ဆုံး၌ အန္တရာယ်ကို သတိပြုမိသွားပြီး ငါးမန်းကြီး နောက်သို့လှည့်ကြည့်လိုက်ရာ ကြီးမားတဲ့ လိပ်ကြီးတစ်ကောင် လျင်မြန်စွာ ချဉ်းကပ်လာတာကို တွေ့လိုက်ရသဖြင့် ကြောက်လန့်တကြား ထွက်ပြေးတော့သည်။

ထွက်ပြေးနိုင် မယ်တဲ့လား။သိသာစွာပင် မဖြစ်နိုင်ပေ။

" ပေါက်ကွဲခြင်း "

ထိုစွမ်းရည်ကို လိပ်ကြီး ပထမဆုံးအကြိမ် အသုံးပြုခြင်းပင်။

မျှော်လင့်ထားသည့်အတိုင်း "ပေါက်ကွဲခြင်း"စွမ်းရည်ရဲ့ အကျိုးသက်ရောက်မှု့က ချက်ချင်းဖြစ်လာခဲ့သည်။

လိပ်ကြီး ရှေ့သို့ အရှိန်ပြင်းပြင်း ပြေးသွားပြီး ငါးမီတာ သို့မဟုတ် ခြောက်မီတာရှည်သော ငါးမန်းကို တစ်ကိုက်တည်း ကိုက်ပစ်လိုက်သည်။ တစ်ကိုက်တည်းနှင့် နှစ်ပိုင်းပြတ်ထွက်သွား၏။

လိပ်ကြီး ခဏကြာကြာ ဝါးစားပြီးနောက် ငါးမန်းကိုယ် တစ်ဝက်က သူ့ဗိုက်ထဲကို ရောက်သွားပြီး ကျန်တစ်ဝက်ကို တစ်ကိုက်တည်းနှင့် စားလိုက်သည်။

လိပ်ကြီးက ကျေနပ်စွာဖြင့် ရေရွတ်လိုက်သည်။

"ဝိူး....ဒီငါးမန်းက တကယ်ကောင်းတာပဲ...အထူးသဖြင့် ဒီလိုကြီးမားတဲ့ ငါးမန်းမျိုးက ... အစာကောင်းတစ်ခုပဲ....ငါကြိုက်တယ်"

လိပ်ကြီးက ငါးမန်းများ စားရတာကို နှစ်သက်ပြီး အထူးသဖြင့် ကြီးမားသော ငါးမန်းများကို ပိုနှစ်သက်သည်။

" လိပ်ကြီးရေ.... လုပ်စရာရှိတယ်.."

ဒီငါးမန်းကို စားပြီးတာနဲ့ လျူယောင်ရဲ့ အသံက သူ့စိတ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

လိပ်ကြီး ချက်ချင်း တုံ့ပြန်လိုက်သည်။

"သခင်...အမိန့်ပေးပါ..."

M နိုင်ငံ၏ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ပျက်၏ အနီးတစ်ဝိုက်တွင် ရေအနက် မီတာ ၂၀၀ ထက် မပိုသော နေရာတစ်ခုကို ရှာဖွေခိုင်းလိုက်သည်။

စဉ်းစားပြီးနောက် လျူယောင်က လေယာဉ်ပျက်ကို ရွှေ့ပြောင်းရန်နှင့် ရေအတော်လေး တိမ်သောနေရာတွင် ထားရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့ဆိုလျှင် အချိန်မရွေး သယ်နိုင်ပေမည်။

C-17 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီး၏ အပျက်အစီးများမှာ အလွန်အသုံးဝင်ရမည်ဖြစ်ပြီး နည်းပညာတန်ဖိုးမြင့်မားပေသည်။

လျူယောင် အလုပ်ကို အတိုချုပ် ရှင်းပြပြီးနောက် လိပ်ကြီးက လေယာဉ်ပျက်ဆီသို့ လျင်မြန်စွာ ကူးခတ်သွားတော့သည်။

ရေမိုင်ရာပေါင်းများစွာ အကွာအဝေးကို နှစ်နာရီ သို့မဟုတ် သုံးနာရီအတွင်း ရောက်ရှိသွားခဲ့သည်။

ပစ်မှတ်ပင်လယ်ဧရိယာသို့ ရောက်ရှိပြီးနောက် မရပ်ဘဲ ချက်ချင်း သင့်တော်သောနေရာကို ရှာဖွေနေသည်။

တစ်ရက်မပြည့်မီတွင် သင့်တော်သောနေရာကို လိပ်ကြီး တွေ့ရှိခဲ့သည်။

လေယာဉ်ပျက်များမှ ရေမိုင် ၂၀၀ မှ ၃၀၀ ခန့်အကွာတွင် ရေအနက် မီတာ ၁၀၀ ကျော်သာ ရှိသည်။ ၎င်းက ရေအောက်တောင်တန်းတစ်ခု၏ တောင်ထိပ်တစ်ခုဖြစ်ပြီး အတော်လေး ပြန့်ပြူးသောနေရာ ဖြစ်သဖြင့် လေယာဉ်ပျက်နှစ်ပိုင်းကို ထားရန်အတွက် အသုံးပြုနိုင်ပေသည်။

"သခင်...ဒီနေရာကို ဘယ်လိုထင်လဲ..."

လျူယောင် ပြင်ပအမြင်မှတဆင့် ကြည့်လိုက်ရာ ရေအနက်က မီတာ ၁၀၀ ကျော်ရှိပြီး မြေမျက်နှာပြင်မှာ အတော်လေး ပြန့်ပြူးပေသည် ။

လေယာဉ်နှစ်ပိုင်းကို ထားရှိရာတွင် ပြဿနာမရှိပေ။ ဟွာဟိုင်းမြို့နှင့်လည်း ရေမိုင် ၇၀၀ မှ ၈၀၀ ခန့်သာ ကွာဝေးသဖြင့် သိပ်မဝေးပေ။

"ကောင်းပြီ...ဒီနေရာပဲ... မင်း အဲဒီ့လေယာဉ်နှစ်ပိုင်းကို ....ဒီနေရာကို ရွှေ့ပေးအုံး...."

လျူယောင် ဆုံးဖြတ်လိုက်သည်။

"အိုခေဘာ..သခင်. ကျွန်တော့်ကိုပဲ.. ထားလိုက်ပါ"

လိပ်ကြီးက အားလုံးကို တာဝန်ယူလိုက်သည်။ သူ့အမြင်အရ လေယာဉ်နှစ်ပိုင်းကို ရွှေ့ပြောင်းရာတွင် ကြီးမားသော ပြဿနာမရှိပေ။ သို့သော် လျူယောင်က ဒုတိယအကြိမ် ပျက်စီးမူ့ မဖြစ်စေရန် အရှိန်ကို လျှော့လုပ်ဖို့နဲ့ ညွှန်ကြားချက်အချို့ ပေးခဲ့သည်။

လိပ်ကြီးအား ရှင်းပြပြီးနောက် လျူယောင်ထပ်မံ၍ စိတ်မပူတော့ပေ။

လိပ်ကြီး ဒီ အလုပ်ကို အောင်အောင်မြင်မြင် ပြီးမြောက်လိမ့်မည်လို့ သူ ယုံကြည်သည်။

.....

ပြည်တွင်းအလေးမအဖွဲ့....

ယခုအချိန်က နေ့လယ်စာစားချိန်ဖြစ်သည်။ အချို့အဖွဲ့ဝင်များက စားသောက်နေကြပြီး အချို့မှာ Douyin ကဲ့သို့သော သူတို့ရဲ့ဖုန်းများကို ကြည့်နေကြသည်။

"မဖြစ်နိုင်တာ... အခုခေတ်က အဆင့်အတန်းမရှိတော့ဘူး...လူတွေကို လှည့်စားနေတာ ရှင်းပါတယ်..."

"ဘာလဲ.... ငါကြည့်ပါရစေ...."

ဘေနားမှ တစ်ယောက်က ချက်ချင်းရောက်လာခဲ့သည်။ သူကလည်း အလေးမအဖွဲ့ဝင် တစ်ဦးပင်။

သူ့သူငယ်ချင်းဖုန်းပေါ်ရှိ စက္ကန့် ၂၀ မပြည့်သော ဗီဒီယိုကို ကြည့်ပြီးနောက် နှုတ်ခမ်းကို လှစ်ခနဲ တွန့်လိုက်ကာ မယုံံနိုင်စွာ ပြောလိုက်သည်။

"ဒါကတော့ ရှင်းရှင်းလင်းလင်း လိမ်လည်ထားတာပဲကွာ... တကယ်သာဆိုရင်.... ဒီ... ဘားတန်းရဲ့ အလေးချိန်က ၁၄၀ ကီလိုဂရမ်ပဲ..ဟ.. "

All Chapters