← Chapters

" ချန်းဟူ အပြေးပြိုင်ပွဲ ဝင်ပြိုင်မည် "

Vol. 12 Ch. 179

" ချန်းဟူ အပြေးပြိုင်ပွဲ ဝင်ပြိုင်မည် "

Vol. 12 Ch. 179

သူတို့ အသံများက အနည်းငယ် ကျယ်လောင်သွားရာ အခြားသူများ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။

တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး ဖုန်းပေါ်ရှိ ဗီဒီယိုကို မြင်လိုက်ကြသည်။

"၁၄၀ ကီလိုဂရမ် ဘားတန်းဖြင့် ဝပ်ထိုင်လေ့ကျင့်ခန်း လုပ်နေသူ တစ်ဦး ဆိုပါလား.."

"အတုပဲ..."

"ဒါ..လုံးဝအတုကြီး..."

လူတိုင်းလိုလိုက လှောင်ပြောင်ပြောဆို လိုက်ကြသည်။ သူတို့က ပညာရှင်များဖြစ်ကြပြီး ၁၄၀ ကီလိုဂရမ် ဘားတန်းဖြင့် ဝပ်ထိုင်ခြင်းမှာ မည်မျှခက်ခဲတာကို တိတိကျကျ သိသည်။

"ဟေး... ကြည့်ပါဦး...အဲဒါ ZJ ပြည်နယ်အသင်းက ယွီဝူး ဖြစ်ပုံရတယ်.... သူက ဘာလို့ ဒီလူ့ဘေးမှာ ရှိနေတာလဲ...."

ဘေးနားမှ အလေးမသမား ယွီဝူးကို တွေ့လိုက်ရသောအခါ လူအများက အံ့အားသင့်သွားကြပြီး သူတို့စိတ်ထဲတွင် တဖြည်းဖြည်း တွေးလာကြသည်။ ယွီဝူးက ထိုနေရာတွင် ပေါ်လာလျှင် ဒီဗီဒီယိုက တကယ်ဖြစ်နိုင်ပါသလား။

ဒါက အစပိုင်းသာ ရှိသေးသည်။

အချုပ်အားဖြင့်ဆိုရသော် ၁၄၀ ကီလိုဂရမ် ဘားတန်းဖြင့် ဝပ်ထိုင်လေ့ကျင့်ခန်းလုပ်ပုံမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းနေသည်။ ထိုဗီဒီယိုက မကြာမီ အလေးမအဖွဲ့၏ WeChat Group တွင် ပေါ်လာသည်။

ဆွေးနွေးသူများ ပိုများလာပြီး လူအများစုက အတုဟုဆိုကြသော်လည်း အနည်းငယ်သောလူများကတော့ အမှန်ဖြစ်နိုင်သည်ဟု ခံစားကြ၏။

ရုံးခန်းထဲတွင်....

အလေးမအဖွဲ့၏ နည်းပြချုပ် ကျူကျင်းမင်ကလည်း ဗီဒီယိုကို ကြည့်နေသည်။

ဗီဒီယိုကို အကြိမ်ကြိမ် ပြန်ကြည့်ပြီးနောက် ဗီဒီယိုက တကယ့်အစစ် ဖြစ်နိုင်တယ်ဟု သူခံစားရသည်။

သူ၏နှလုံးသားမှာ တဖြည်းဖြည်း စိတ်အားထက်သန်လာသည်။ အကယ်၍သာ အမှန်ဖြစ်ခဲ့ပါက ဗီဒီယိုထဲမှ လူငယ်ဟာ ဆရာတစ်ဆူ၊ တကယ့်ဆရာတစ်ဆူပဲ ဖြစ်သည်။

" ဒီလူငယ်ကိုသာ... အလေးမအဖွဲ့သို့ ခေါ်ယူနိုင်မယ်ဆိုရင်.."

.......

ပင်လယ်ရေအောက် မီတာ ၃၀၀၀ အနက်တွင်…

လိပ်ကြီးက လေယာဉ်ပျက်တစ်ပိုင်းကို စတင်သယ်ဆောင်တော့သည်။

သူက ပထမဆုံးအကြိမ် ပတ်ပတ်လည် ပတ်လိုက်ပြီးနောက် ရှေ့လက်သည်းမျာနဲ့း ကိုင်ထားတဲ့ ဧရာမလှံကို မြေပြင်တွင် ခဏ စိုက်သွင်းလိုက်ကာ ခဏအကြာတွင် စတင်အလုပ်လုပ်တော့သည်။

သူ၏ ရှေ့လက်သည်းနှစ်ဖက်နှင့် ပါးစပ်တို့ဖြင့် လေယာဉ်ပျက်ကို ချောချောမွေ့မွေ့ မတင်ကာ ဖြည်းဖြည်းချင်း ရွေ့နေသည်။

လုပ်ငန်းစဉ်တစ်ခုလုံးကို သတိထားနေကာ နှေးကွေးပြီး ဖြည်းဖြည်းခြင်းကူးခတ်နေသည်။

တန်ချိန် ဒါဇင်ပေါင်းများစွာရှိသော အလေးချိန်မှာလိပ်ကြီးအတွက်တော့ အထူးတလည် မလေးလံပေ။

အဓိကအကြောင်းအရင်းမှာ ထိုအရာမှာ ကြီးမားပြီး ရေအောက်တွင် ရေဖိအားခြင်းကြောင့် လိပ်ကြီး၏ အမြန်နှုန်းကို မမြှင့်တင်နိုင်ခြင်းပဲ ဖြစ်သည်။

လိပ်ကြီး ဒါကို သယ်ဖို့ လေးနာရီမှ ငါးနာရီအထိ အချိန်ယူခဲ့ရသည်။

ထို လေယာဉ်ပျက်အပိုင်းကို မီတာ ၁၀၀ ကျော် အနက်ရှိ ပင်လယ်ကြမ်းပြင်ပေါ်တွင် တင်လိုက်ပြီးနောက် လိပ်ကြီး သက်ပြင်းရှည်ကြီးချလိုက်ကာ လေယာဉ်ပျက်အနီးတစ်ဝိုက်ကို တစ်ဖန် ပြန်ကြည့်လိုက်သည်။

"ဟုတ်ပြီ...ဒုတိယအကြိမ် ထိခိုက်မှု့ မရှိဘူး..."

ပတ်ပတ်လည်ကို ကြည့်ပြီးနောက် လိပ်ကြီး ဗိုက်နည်းနည်းဆာသဖြင့် အနီးအနားတွင် ဗိုက်ပြည့်အောင် ဖြည့်တင်းလိုက်ပြီး တန်ချိန် ၂၀ ကျော် စားလိုက်သည်။

ပြီးနောက် လိပ်ကြီးက ပင်လယ်ကြမ်းပြင်အောက် မီတာ ၃၀၀၀ ကျော် အနက်သို့ ကူးခတ်သွားတော့သည်။

-------

လျူယောင် အလုပ်ဆင်းချိန်ရောက် လာသည်။

ချန်းဟူက ကုမ္ပဏီမှ ကားမောင်းထွက်လာကာ ကားမောင်းရင်း ပြောလိုက်သည်။

"သူဋေး...အမျိုးသားအလေးမအဖွဲ့နည်းပြချုုပ် ကျူကျင်းမင်က ကျွန်တော့်ကို ကိုယ်တိုင်ဆက်သွယ်ခဲ့ပါတယ်..."

လျူယောင်လည်း ထိုဗီဒီယိုကို အကြိမ်ပေါင်းများစွာ ကြည့်ရှုခဲ့ပြီး အလေးမအဖွဲ့က ချန်းဟူ ကို မကြာမီ ရှာတွေ့မည်ကို သိထားသဖြင့် မည်သည့်အံ့အားသင့်မှုမျှ မပြသဘဲ အေးဆေးတည်ငြိမ်စွာဖြင့် မေးလိုက်သည်။

" မင်း...ဘယ်လိုသဘောရလဲ.."

ချန်းဟူက "သူဋေး ရဲ့ အမိန့်ကို နာခံပါ့မယ်" ဟု ပြောလိုက်သည်။

သို့သော် လျူယောင်တွင် သူ့ကိုယ်ပိုင် အတွေးအခေါ်အချို့ ရှိသည်။

ဆန့်ကျင်ဘက်အနေဖြင့် ချန်းဟူက ပြေးခုန်ပစ်ပြိုင်ပွဲများဖြစ်သော မီတာ ၁၀၀ ပြေး၊ အမြင့်ခုန်၊ အကွာအဝေးခုန် စသည်တို့ကို ကြိုးစားနိုင်သည်။ ဒါတွေက ယန်နိုင်၏ အားနည်းချက်များ ဖြစ်သည်။

ကောင်းသောသံမဏိကို ဓားသွားပေါ်တွင် အသုံးပြုသင့်သည်။

လျူယောင် ခဏတာ စဉ်းစားပြီးနောက် အကြံပြုလိုက်သည်။

"နည်းပြ ကျူကျင်းမင်ကို ပြန်ဖြေလိုက်ပါ.. မင်းမှာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကောင်းမွန်တာကြောင့် မီတာ ၁၀၀ ပြေးပြိုင်ပွဲကို ကြိုးစားနိုင်တယ်လို့ ပြောလိုက်...."

ဒါက ကြီးမားတဲ့ သြဇာလွှမ်းမိုးမှု့ပဲ ဖြစ်သည်။

အကယ်၍ ချန်းဟူသာ ပြိုင်ပွဲတွင် အံ့ဩဖွယ်ကောင်းသော စွမ်းဆောင်ရည်ကို ပြသနိုင်ပါက လျူယောင်လည်း ပို၍ ဂုဏ်ရှိလိမ့်မည်။

"ဒါက ငါ့ရဲ့ ယာဉ်မောင်းနဲ့ ကိုယ်ရံတော်ပဲကွ...တကယ့်ကို အံ့ဩစရာပဲ...."

ထိုစကားကို ကြားသောအခါ ချန်းဟူရဲ့ မျက်လုံးများ အနည်းငယ် အရောင်တောက်သွားသည်။

"သူဋေး...ကျွန်တော် တကယ်ပဲ မီတာ ၁၀၀ ပြေးပြိုင်ပွဲမှာ စွမ်းဆောင်နိုင်ပါ့မလား..."

ချန်းဟူ ယုံကြည်မှု့ မရှိစွာ ဖြင့် မေးလိုက်သည်။

လျူယောင် ယုံကြည်မှု့အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်...မနက်ဖြန် မင်းကို မျိုးရိုးဗီဇပြောင်းဆေး နောက်တစ်ခု ထပ်ပေးမယ်...အိုလံပစ်ပွဲတော်မှာ.... ရွှေတံဆိပ်အချို့ ဆွတ်ခူးနိုင်ဖို့အတွက် ပြဿနာမရှိဘူးလို့ ငါထင်တယ်.... "

ဒါက သူ လက်လှမ်းမှီတဲ့ ကိစ္စတစ်ခုပဲ ဖြစ်သည်။

"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်သူဋေး....သူဋေးစကား ကို အပြည့်အဝ နာခံပါ့မယ်..."

ချန်းဟူ အနည်းငယ် စိတ်လှုပ်ရှားသွား၏။

ထို မျိုးရိုးဗီဇပြောင်းဆေး၏ စွမ်းအားကို သူ သေချာ သိရှိထားသည်။

တစ်ကြိမ်သာ သောက်ပြီးနောက် သူ့ခွန်အားက နှစ်ဆနီးပါး တိုးလာတာကို ရှင်းလင်းစွာ ခံစားရသည်။ ယခုအခါ ၁၄၀ ကီလိုဂရမ် ဘားတန်းကို အသုံးပြုပြီး ဝပ် ၊ထိုင် အကြိမ် ၂၀ အထိ လုပ်နိုင်သည်မှာ ပြဿနာမရှိပေ။

နောက်တစ်နေ့..

"သူဋေး ကျွန်တော် ရောက်ပါပြီ"

လျူယောင်၏ ရုံးခန်းထဲသို့ ချန်းဟူ ဝင်လာပြီး ပြောလိုက်သည်။

လျူယောင် စားပွဲအံဆွဲကိုဖွင့်ကာ မျိုးရိုးဗီဇပြောင်းဆေးတစ်ဘူးကို ထုတ်ယူပြီး ပေးလိုက်သည်။

"မင်းအခုသောက်လိုက်လို့ရပြီ.. ပြိုင်ပွဲတွေမှာ... ရွှေတံဆိပ်အချို့ ဆွတ်ခူးဖို့ ပြဿနာမရှိပါဘူး..."

ထပ်မံပြောဆိုခြင်းမရှိဘဲ ချန်းဟူ မျိုးရိုးဗီဇပြောင်းဆေးကို သောက်လိုက်သည်။ သောက်ပြီးနောက်

"ကျေးဇူးတင်ပါတယ် သူဋေး"

ကျေးဇူးတင်စကား အပြည့်ဖြင့် သူ ပြောလိုက်သည်။လျူယောင် သူရဲ့လက်ကို ဖြည်းညှင်းစွာဝှေ့ယမ်းပြီး ပြောလိုက်သည်။

"သွားတော့...ဒီနှစ်ရက်အတွင်း ဆေးအပြည့်အဝ စုပ်ယူနိုင်အောင်.... ကောင်းကောင်း ..လေ့ကျင့်ခန်းလုပ်...."

ချန်းဟူက ကျေးဇူးတင်စကား ထပ်ပြောပြီး ထွက်ခွာသွားသည်။

လျူယောင် အိမ်မွေးတိရစ္ဆာန်ထိန်းချုပ်ရေးချပ်ပြား ဖွင့်ကာ သွက်လက်မူ့စွမ်းရည် အမှတ် ၁၀၀ ကို ချန်းဟူအား ပေးလိုက်သည်။

ထိုနည်းဖြင့် ချန်းဟူက ခွန်အား၊ ရုပ်ရည်၊ သွက်လက်မှု့တို့တွင် သာမန်လူများထပ် များစွာ ကျော်လွန်သွားပြီး နာမည်နဲ့ထိုက်တန်သော စူပါလူသားတစ်ဦး ဖြစ်လာလိမ့်သည်။

သူသည် ခွန်အားကြီးမားရုံသာမက ၁၀၀ ရမှတ်ကို ပေးပြီးနောက် သူ့ရဲ့ခံနိုင်ရည်နှင့် ခုခံနိုင်စွမ်းမှာ များစွာ တိုးတက်လာပေမည်။

"ချန်းဟူ....မင်းရဲ့စွမ်းဆောင်ရည်ကို ငါမျှော်လင့်နေတယ်..."

"ငါ့ရဲ့ ကိုယ်ရံတော်... မင်းသာ အပြင်ထွက်ပြီး အစွမ်းပြလိုက်မယ်ဆိုရင် လူတိုင်းကို ကြောက်လန့်စေမှာပဲ...."

လျူယောင် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

....

ချန်းဟူ နည်းပြချုုပ် ကျူကျင်းမင်ကို ကိုယ်တိုင်ဆက်သွယ်ခဲ့သည်။

ချန်းဟူ၏ ဖုန်းခေါ်ဆိုမှု့ကို လက်ခံရရှိသောအခါ ကျူကျင်းမင်းက ပထမတွင် အလွန်ပျော်ရွှင်နေသော်လည်း မကြာမီ မျက်မှောင်ကြုတ်သွားသည်။

"ဘာ...မင်းက ပြေးခုန်ပစ်ပြိုင်ပွဲမှာ ပါဝင်ချင်တယ်....ဟုတ်လား...အလေးမပြိုင်ပွဲက မင်းအတွက် အရမ်းကလေးဆန်တယ်တဲ့လား...."

ကျူကျင်းမင်းက ချက်ချင်း နာကျင်ဖွယ်ရာ စကားလုံးများဖြင့် စည်းရုံးလိုက်သည်။

ဥပမာ-အလေးမပြိုင်ပွဲက ချန်းဟူကဲ့သို့ အရည်အချင်းရှိသူများ လိုအပ်နေသည်။ပြေးခုန်ပစ်ပြိုင်ပွဲများမှာ နိုင်ငံရဲ့ အားနည်းချက်ဖြစ်ပြီး ထိုပြိုင်ပွဲများတွင် ကောင်းမွန်သောရလဒ်များ ရရှိရန် ခက်ခဲသည် စသည်တို့ဖြင့် စည်းရုံးနေသည်။

ဒါပေမဲ့ ချန်းဟူက လက်မခံပေ။

" ဟူး ...ကောင်းပြီလေ...ဟွာဟိုင်းအားကစားဗျူရိုမှာ..ငါသိတဲ့သူတစ်ယောက်ရှိတယ်...မင်းရဲ့ မီတာ ၁၀၀ ပြေးမှတ်ကို အရင် စမ်းသပ်ကြည့်ရအောင်..." လို့ ပြောလိုက်ရတော့သည်။

ဖုန်းချပြီးနောက် ကျူကျင်းမင်း သက်ပြင်းချလိုက်၏။

"စိတ်မကောင်းစရာပဲ... စိတ်မကောင်းစရာပဲကွာ.."

ကောင်းမွန်သော အလေးမအရည်အချင်းရှိသူက ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပါဝင်ရန် ဆုံးဖြတ်ထားသည်။

လူအိုကြီးကျူ ရဲ့စိတ်ခံစားချက်မှာ ရုတ်တရက် ဆိုးရွားသွားသည်။ထိုင်ခုံပေါ်တွင် အကြာကြီး ထိုင်နေပြီး သူ စိတ်ပျက်အားငယ်နေပုံရသည်။

ချန်းဟူကတော့ ဟွာဟိုင်းအားကစားဗျူရိုသို့ ရောက်ရှိလာခဲ့သည်။

လျူယောင်နှင့် ချန်းဟူတို့ အတူတကွ ရောက်ရှိလာကြပြီး အဓိကအားဖြင့် ခွန်အား၊ သွက်လက်မှု့နှင့် ပေါက်ကွဲမူ့ တို့ကို ၁၀၀ ရမှတ်စီ ရရှိပြီးနောက် ချန်းဟူ မည်သို့သော စွမ်းဆောင်ရည်များ ရှိလာမလဲ ၊ မည်မျှ မြန်မြန်ပြေးနိုင်မလဲ၊ မည်မျှဝေးဝေး ခုန်နိုင်မလဲ စသည်တို့ကို လျူယောင် ကြည့်ရှု့ရန် ဖြစ်သည်။

"မင်းက ချန်းဟူလား...."

"ဟုတ်ပါတယ်...ကျွန်တော်က ချန်းဟူပါ...ခင်ဗျားက ဒါရိုက်တာ ရန်....ဟုတ်တယ်မလား..."

ရန်ကျားကျီက ဟွာဟိုင်းအားကစားဗျူရို၏ လက်ထောက်ဒါရိုက်တာတစ်ဦး ဖြစ်သည်။

သူငယ်ချင်းဟောင်းတစ်ဦး၏ တောင်းဆိုချက်အရ ချန်းဟူ၏ မီတာ ၁၀၀ အပြေးစွမ်းရည်ကို သူ စမ်းသပ်ရန် ဖြစ်သည်။

All Chapters