" ကမ္ဘာ့ စံချိန်တင် ရလဒ် "
Vol. 12 Ch. 180
အမှန်ကတော့ ချန်းဟူနဲ့ လျူယောင်တို့ Big-G ကား မောင်းလာတာကို အဝေးမှ ယန်ကျားကျီ မြင်ခဲ့သည်။
ယာဉ်မောင်းထိုင်ခုံမှ ချန်းဟူဆင်းလာပြီး လျူယောင်က နောက်ခန်းမှ ဆင်းလာတာကြောင့် လျူယောင်၏ အထောက်အထားကို သူ သေချာမသိပေ။
ချန်းဟူက လျင်မြန်စွာ မိတ်ဆက်ပေးလိုက်သည်။
"ဒါရိုက်တာယန်...ဒါက ကျွန်တော့်ရဲ့ သူဋေးGlobal ကုမ္ပဏီက မစ္စတာ လျူယောင်ပါ... ကျွန်တော်က.. အခု ...ဒီအကြီးအကဲရဲ့ ယာဉ်မောင်းနဲ့ ကိုယ်ရံတော်အဖြစ် လုပ်နေပါတယ်..."
" အိူး..Global လား "
ယန်ကျားကျီ ထိုနာမည်ကို သေချာပေါက် ကြားဖူးပါသည်။ ထိုကုမ္ပဏီက ငွေကြေးအားကောင်းသော ကုမ္ပဏီတစ်ခုဖြစ်သည်။
သူတို့က ဟွာဟိုင်းမြို့ ဗဟိုတွင်လည်း ၉၈ ထပ်ရှိတဲ့ Global အဆောက်အအုံ တည်ဆောက်တော့မယ်လို့လည်း သူ ကြားထားသည်။
ချက်ချင်းပင် ယန်ကျားကျီ စိတ်အားထက်သန်လာကာ ခုနက အနည်းငယ် အေးစက်နေပုံရသော်လည်း ခုတော့ သူ လက်ဆန့်တန်း၍ နူတ်ဆက်လိုက်သည်။
"မစ္စတာလျူ ဖြစ်နေတာကိုး...နာမည်ကိုကြားဘူးတာ ကြာပါပြီ ...အားကျနေတာပါ..."
လျူယောင်လည်း လက်ဆွဲနှုတ်ဆက်ပြီး ပြန်ဖြေလိုက်သည်။
"ဒါရိုက်တာယန်.... ကျွန်တော့်ရဲ့ ကိုယ်ရံတော်က ရုပ်ပိုင်းဆိုင်ရာ အခြေအနေကောင်းပါတယ်...ကျေးဇူးပြု၍ ဒီနေ့ သူ့ကို ကောင်းကောင်း စမ်းသပ်ပေးပါ...."
ယန်ကျားကျီသည် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
"ပြဿနာမရှိပါဘူး... ဒါပေမဲ့ မစ္စတာချန်းက အသက်နှစ်ဆယ်ကျော်ပြီဆိုတော့ နည်းနည်းတော့ နောက်ကျနေတယ်...."
သူ့လို နည်းပြ တစ်ဦး၏အမြင်တွင် အားကစားလုပ်သူတိုင်းဟာ ငယ်စဉ်ကတည်းက ကြိုးစားလေ့ကျင့်ခြင်း မရှိဘဲ အသက်နှစ်ဆယ်ကျော်မှ လေ့ကျင့်ခန်းစတင်လုပ်ခဲ့ရင် လေ့ကျင့်ခန်းရဲ့ အကျိုးသက်ရောက်မှု့မှာ ကန့်သတ်ခံရပြီး တိုးတက်မှု့ကိုလည်း ကန့်သတ် ခံထား ရနိုင်သည်။
"ချန်းဟူကို ကျွန်တော် ယုံကြည်ပါတယ်...မီတာ ၁၀၀ ကို ၁၀ စက္ကန့်အောက် ပြေးနိုင်ဖို့ဆိုတာ ပြဿနာမရှိပါဘူး...."
လျူယောင် ယုံကြည်စွာ ပြန်ဖြေလိုက်သည်။
"၁၀ စက္ကန့်အတွင်း ပြေးနိုင်တာလား..."
ယန်ကျားကျီ ခေါင်းခါပြီး ဝမ်းနည်းစွာ ပြုံးလိုက်သည်။
လျူယောင်က ကျွမ်းကျင်မှု့မရှိတဲ့လူ ဟု သူ ခံစားရသည်။ အာရှတစ်လွှားကို ကြည့်လိုက်လျှင် ၁၀ စက္ကန့်အောက် ပြေးနိုင်သူ ရှားလှသည်။
ပြည်တွင်းအမျိုးသား မီတာ ၁၀၀ အပြေးစံချိန် အကောင်းဆုံးမှာ ၉.၉၉ စက္ကန့်သာ ဖြစ်သည်။
ယန်ကျားကျီ၏ဘေးတွင် ပြေးခုန်ပစ်နည်းပြ လီယု ရှိနေသည်။
သူက ချန်းဟူ၏ မီတာ ၁၀၀ ပြေးစွမ်းဆောင်ရည်ကို စမ်းသပ်မည့်သူများထဲမှ တစ်ဦးလည်း ဖြစ်သည်။
"မစ္စတာလျူ...ခင်ဗျား အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲကို... နားလည်မှုလွဲနေနိုင်ပါတယ်... ကျွန်တော်တို့....နိုင်ငံမှာ ဒီရလဒ်မျိုး...ရတာ...တစ်ယောက်တည်းသာ... ရှိပြီး ၉.၉၉ စက္ကန့်က သူ့ရဲ့ အကောင်းဆုံးစံချိန်ပါပဲ..."
သူ ဝင်ပြီး သတိပေးလိုက်သည်။
လျူယောင် အနည်းငယ် ပြုံးလိုက်ပြီး မည်သည့်ဆင်ခြေမျှ မပေးခဲ့ပေ။ ချန်းဟူ၏ စွမ်းဆောင်ရည်ကသာ အကောင်းဆုံးသက်သေ ဖြစ်လာလိမ့်မည်။
ထပ်မံပြောဆိုခြင်းမရှိဘဲ မီတာ ၁၀၀ အပြေးစမ်းသပ်မှု့က မကြာမီ စတင်တော့မည်။
အားကစားဗျူရိုတွင် စံပြကစားကွင်းနှင့် စံပြပြေးလမ်းရှိပြီး အမျိုးမျိုးသော စမ်းသပ်ကိရိယာများလည်း အလွန်ပြည့်စုံသည်။
ပုံမှန်ဖြစ်စေရန်အတွက် ချန်းဟူက အားကစားဖိနပ် ၊ အားကစားဘောင်းဘီတိုနှင့် အင်္ကျီလက်ပြတ်ကို ဝတ်ဆင်ကာ မီတာ ၁၀၀ အပြေးစတင်လိုင်းပေါ်တွင် ရပ်နေသည်။
လျူယောင် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"စိတ်မပူနဲ့... ငါ မင်းကို ယုံတယ်.." ဟူသောသဘေမျိုး ဖြစ်သည်။
"ဒိုင်း..."
သေနတ်ပစ်သံ ထွက်ပေါ်လာခဲ့သည်။
ယန်ကျားကျီနှင့် အခြားသူများက သေနတ်မြည်သံနဲ့ တစ်ချိန်တည်းတွင် ချန်းဟူ ထွက်ပြေးသွားတာကို မြင်တဲ့အခါ အနည်းငယ် တုန်လှုပ်သွားပြီး သူတို့ရဲ့တုံ့ပြန်မှုကလည်း အလွန်မြန်ဆန်သည်။
"ရှားပါးလိုက်တာ..."
"ဒီလိုမျိုး တုံ့ပြန်မှု့အမြန်နှုန်းက အရမ်းရှားပါးတယ်...."
သူတို့က ပညာရှင်များဖြစ်သော်လည်း စတင်တုံ့ပြန်မှု့အရှိန် ထိုမျှမြန်ဆန်သောလူကို တစ်ခါမျှ မမြင်ဖူးပေ။
ဒါက သေချာပေါက် ၀.၁ စက္ကန့်အတွင်း ဖြစ်သည်။ တကယ်တော့ ကမ္ဘာ့ထိပ်တန်း အပြေးသမားများကလည်း ၀.၁၅ စက္ကန့်ခန့်သာ လုပ်ဆောင်နိုင်ကြသည်။
"ဟာ...လျင်မြန်တဲ့ စတင်တုံ့ပြန်မှု့...ဒီလိုမြန်ဆန်တဲ့ပြေးနှုန်း..."
ဤသည်မှာ ယန်ကျားကျီနှင့် အခြားသူများရဲ့ တုံ့ပြန်မှု့ဖြစ်သည်။ သူတို့က ချန်းဟူ မီတာ ရာပေါင်းများစွာ ပြေးသွားတာကို အံ့အားသင့်စွာ မြင်လိုက်ရပြီးမှသာ တုံ့ပြန်နိုင်ခဲ့သည်။
ထို့နောက် သူတို့ အနည်းငယ် ဂဏှာမငြိမ် ဖြစ်သွားကြသည်။
"ဒီအရှိန်က အရမ်းမြန်လွန်းတယ်..."
"ဒါက ဘာကိုဆိုလိုတာလဲ..."
ဒါက အချိန် ၁၀ စက္ကန့်အတွင်း သေချာပေါက် ရှိတာကို ဆိုလိုသည်။ တရုတ်နိုင်ငံတွင် အကောင်းဆုံး အမျိုးသား မီတာ ၁၀၀ အပြေးစံချိန်မှာ ၉.၉၉ စက္ကန့်သာ ဖြစ်သည်။
နိုင်ငံတကာစင်မြင့်တွင် မီတာ ၁၀၀ ပြိုင်ပွဲတွင် လူမည်းများနှင့် လူဖြူများက လက်ဝါးကြီးအုပ်ထားသလိုဖြစ်နေပြီး လူဝါလူမျိုးများအတွက်မူ မည်သည့် စံချိန်မှ မရှိသေးပေ။
ယခုတော့ မတူတော့ဘူးလို့ ခန့်မှန်းရသည်။
လျှပ်စီးကဲ့သို့ ချန်းဟူ ပန်းဝင်သွားပြီး ရလဒ်များ ထွက်ပေါ်လာသည်။
" ဘုရားရေ.."
"၉.၅၅ စက္ကန့်...လား..."
မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး အလွန်တိတ်ဆိတ်လျက်ရှိနေသည်။
ချန်းဟူ အပြေး စတာ နှင့် ကမ္ဘာ့စံချိန်ကို ချိုးလိုက်မယ်လို့ မည်သူက တွေးမိမည်နည်း။
ယန်ကျားကျီ သူ၏ သွေးပေါင်ချိန် အနည်းငယ် မြင့်တက်လာသည်ဟု ခံစားရသဖြင့် ဆေးဘူးလေးတစ်ဘူးကို အမြန်ထုတ်ကာ ဆေးပြားတစ်လုံးကို ပါးစပ်ထဲထည့်လိုက်ပြီးနှလုံးကို ညင်သာစွာ ပုတ်လိုက်သည်။
ပြေးခုန်ပစ်နည်းပြ လီယုလည်း လုံးဝထိတ်လန့်သော အမူအရာဖြင့် မှင်တက်နေသည်။
"ငါ အိပ်မက်မက်နေတာ ဖြစ်ရမယ်...အစစ်မဟုတ်ဘူး...ဒါ.. သေချာပေါက် အစစ်မဟုတ်ဘူး..."
ပတ်ဝန်းကျင်တစ်ခုလုံးတွင် လျူယောင်တစ်ဦးတည်းသာ တည်ငြိမ်ပြီး ပြုံးနေ၏။ ချန်းဟူကို ခွန်အား၊ ရုပ်ရည်နှင့် သွက်လက်မှုတို့တွင် ၁၀၀ အမှတ် ပေးထားသဖြင့် ကမ္ဘာ့စံချိန်ကို အလွယ်တကူ ချိုးနိုင်လောက်သည်။
မိနစ်ဝက်ကြာပြီးနောက် မြင်ကွင်းက ပိုမို တက်ကြွလာခဲ့သည်။
ယန်ကျားကျီ သူ့စိတ်လှုပ်ရှားမှု့ကို မထိန်းနိုင်ဘဲ လက်ကိုဝှေ့ယမ်းကာ ဘေးမှ နည်းပြအား ပြောလိုက်သည်။
"နည်းပြလီ...ထပ်စမ်းသပ်ပါဦး...ထပ်စမ်းသပ်ပါဦး..."
လီယုကလည်း ခုနက စမ်းသပ်မှု့တွင် အမှားများ ရှိနိုင်တာကို စိုးရိမ်သဖြင့် ချန်းဟူကို ပြေးလမ်း၏ စတင်နေရာတွင် ထပ်မံရပ်ခိုင်းပြီး ပြန်လည်စမ်းသပ်မှု့ကို ချက်ချင်း စတင်လိုက်သည်။
"အသင့်ပြင်..."
"အသင့်... ပြေး..."
"ဒိုင်း..."
သေနတ်ပစ်သံ စ မြည်တာနဲ့ ချန်းဟူ၏ စတင်တုံ့ပြန်မှု့က ယခင်ကအတိုင်း လျင်မြန်နေပြီး သေနတ်သံမြည်တာနဲ့ တစ်ချိန်တည်းတွင် ပြေးလိုက်တယ်လို့ အထင်အမြင် ဖြစ်စေသည်။
ချန်းဟူ၏စံချိန်က ယခင်ကထက် ၀.၀၅ စက္ကန့် တိုးတက်လာခဲ့သည်။
ယန်ကျားကျီ ဆေးဘူးလေးကို တစ်ဖန် ထုတ်ယူပြီး ဆေးပြားလေးတစ်လုံးကို ပါးစပ်ထဲ ထည့်ရန် ပြင်ဆင်လိုက်သည်။
သူ ခုနကမှ တစ်လုံးသောက်ထားတာကို သတိရပြီး ဆေးဘူးလေးကို သူ့အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။
သူ စိတ်လှုပ်ရှားစွာဖြင့် ချန်းဟူကို ကြည့်လိုက်ပြီး အမျိုးသား မီတာ ၁၀၀ နိုင်ငံတကာပြိုင်ပွဲမှာ ပြောင်းလဲတော့မှာဖြစ်ပြီး ကျွန်ုပ်တို့၏ ယန်နိုင်ငံမှ အားကစားသမားများသာ ပြိုင်ပွဲကို လွှမ်းမိုးလိမ့် မည်ကို သူ သိလိုက်သည်။
ဒီရလဒ်က အခြားသူများ မရနိုင်သော၊ မရောက်နိုင်သော စွမ်းဆောင်ချက်ပင် ဖြစ်သည်။
ယန်ကျားကျီ လျူယောင်ထံသို့ လျှောက်သွားပြီး လျူယောင်၏လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အလွန်အမင်း အံ့ဩစွာဖြင့် ပြောလိုက်သည်။
"မစ္စတာလျူ..ကျွန်တော်တို့နိုင်ငံကို ဒီလိုထူးချွန်တဲ့ အားကစားပါရမီရှင် ..တစ်ယောက် ပို့ပေးလို့ ကျေးဇူးတင်ပါတယ်...ဗျာ..."
"မစ္စတာလျူ... ခင်ဗျားကို တောင်းပန်ပါတယ်.... ခင်ဗျား ...ခုနက..အမျိုးသား မီတာ ၁၀၀ ပြိုင်ပွဲကို နားလည်မှု့လွဲတာ မဟုတ်ပါဘူး....ကျွန်တော်ကပဲ ရေတွင်းထဲက ကောင်းကင်ကို ကြည့်နေခဲ့တာပါ...."
နည်းပြလီယူကလည်း ရောက်လာကာ နှိမ့်ချပြီး ရိုးသားစွာ ပြောလိုက်သည်။
လျူယောင် ပြုံးပြီး ကျေနပ်စွာ ပြောလိုက်သည်။
"မီတာ ၁၀၀ အပြင် ချန်းဟူက မီတာ ၂၀၀ နဲ့ မီတာ ၈၀၀ မှာလည်း ကောင်းပါတယ်... ဒါ့အပြင် အဝေးခုန်ကိုလည်း စမ်းသပ်လို့ရပါတယ်..."
"ဟုတ်တယ်... ဟုတ်ပါတယ်...ခု...ချက်ချင်း စီစဉ်လိုက်ပါ့မယ်..."
ယန်ကျားကျီ ဘေးမှ လူများကို အမိန့်ပေးလိုက်သည်။
နောက်တစ်ခုက မီတာ ၂၀၀ ကို စမ်းသပ်မည်။
ယေဘုယျအားဖြင့် မီတာ ၁၀၀ ပြိုင်ပွဲတွင် ကောင်းမွန်စွာ ပြေးနိုင်သော ကစားသမားများမှာ မီတာ ၂၀၀ ပြိုင်ပွဲတွင်လည်း ကောင်းမွန်စွာ စွမ်းဆောင်နိုင်ကြသည်။
ယန်ကျားကျီတစ်ဦးတည်းသာ ချန်းဟူ၏ မီတာ ၂၀၀ စွမ်းဆောင်ရည်ကို မျှော်လင့်နေခြင်း မဟုတ်ပါ။ လီယုကဲ့သို့ အခြားသူများကလည်း ချန်းဟူ၏ မီတာ ၂၀၀ ရမှတ်ကို မျှော်လင့်နေကြသည်။
ပထမတွင် ကစားကွင်းကြီးထဲတွင် လူအများအပြား မရှိခဲ့သော်လည်း တဖြည်းဖြည်းနှင့် လူများ ပိုများလာခဲ့သည်။ချန်းဟူ မီတာ ၁၀၀ ပြေးခြင်းမပြုမီ ကစားကွင်းတွင် လူ ၁၀ ဦး သာ ရှိခဲ့သော်လည်း ယခုတွင် ၂၀ ကျော်ရှိနေပြီး အချို့သောလူများက သတင်းကြား၍ ရောက်လာကြတာပဲ ဖြစ်သည်။
"သားကြီး...အမျိုးသား မီတာ ၁၀၀ အပြေးစမ်းသပ်မှု့...လုပ်နေတယ်လို့ ကြားတယ်...သွားကြည့်ကြစို့..."
"အမျိုးသား မီတာ ၁၀၀ က ....ဘာအရေးကြီးလို့လဲ... ဒီပြိုင်ပွဲမှာ ငါတို့နိုင်ငံရဲ့ စွမ်းဆောင်ရည် ဘယ်လိုရှိလဲ မသိဘူးလား... ငါတို့ ဟွာဟိုင်းမြို့က အားကစားသမားတွေတောင် ပိုဆိုးသေးတယ်... ၁၁ စက္ကန့်အတွင်း ပြေးနိုင်ရင်တောင် မဆိုးပါဘူး"
"အိုး ဘုရားရေ...ခုနက လူငယ်လေးက ၉.၅၀ စက္ကန့် ပြေးသွားတာ မြင်လိုက်ရတယ်...မယုံနိုင်စရာပဲ..."
"တကယ်လား...မဖြစ်နိုင်တာ..."
"အမှန်ပဲ...အခု.. မီတာ ၂၀၀ စမ်းသပ်မှု့ လုပ်တော့မယ်တဲ့...သွားကြစို့....မြန်မြန်.. သွားကြည့်ကြစို့..."
အားကစားဗျူရိုမှ လူအချို့က ချန်းဟူ၏ မီတာ ၂၀၀ စမ်းသပ်မှုကို ကြည့်ရှုရန် ကစားကွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြသည်။တအောင့်အကြာမှာတော့ လူများ က ပိုမိုပင် များလာခဲ့သည်။
ချန်းဟူက အပြေးစတင်လိူင်းပေါ်တွင် ရပ်နေပြီး မီတာ ၂၀၀ စမ်းသပ်မှု့ကို လုပ်တော့မည်ဖြစ်ရာ ကြည့်ရှု့သူ လူအုပ်က ၄၀ မှ ၅၀ အထိ ရောက်ရှိနေပြီး ပို၍ပင် တိုးလာနေသည်။
"အသင့်ပြင်..."
"အသင့်ပြင်.. ပြေး..."
"ဒိုင်း..."
သေနတ်ပစ်သံ စမြည်တာနဲ့ မြားတစ်စင်းကဲ့သို့ ချန်းဟူ ပြေးထွက်သွားသည်။
လူတိုင်း၏ တုံ့ပြန်မူ့မှာ
" ဟာ..."
"စပြေးတဲ့ ... အရှိန်နူန်း ဘယ်လောက်မြန် လိုက်သလဲ" ဟူ၍ပင် ဖြစ်သည်။