← Chapters

" အမျိုးအမည် မသိသော ပစ္စည်း "

Vol. 12 Ch. 168

" အမျိုးအမည် မသိသော ပစ္စည်း "

Vol. 12 Ch. 168

" ဖူး..."

ဧရာမရေဘဝဲကြီး၏ ပါးစပ်ကနေ ရေမှုတ်ထုတ်လိုက်ကာ မိမိကိုယ်ကို တွန်းကန်လေ့ရှိသည်။ထိုနောက် ကြီးမားသော ရေစီးကြောင်းတစ်လုံး ထွက်လာပြီး မီတာဆယ်ဂဏန်းအကွာအဝေးသို့ ရောက်ရှိသွားသည်။

အရှိန်က အရမ်းမြန်တာကြောင့် လိပ်ကြီး အံ့ဩလုနီးပါး ဖြစ်ခဲ့ရသည်။

ပိုမိုနီးကပ်လာပြီးနောက် ဧရာမရေဘဝဲ၏ လက်တံများနဲ့ခြေတံများဖြင့် လိပ်ကြီးကို အရင်ဆုံး သေအောင် ပတ်ထားကာ ဖြည်းဖြည်းချင်း ကိုက်စားဖို့ ကြိုးစားနေသည်။

ဒါပေမဲ့ သူက မြန်ဆန်သော်လည်း လိပ်ကြီးက ပို၍ မြန်ဆန်ပေသည်။

လိပ်ကြီး ရုတ်တရက် မီတာရာပေါင်းများစွာ ပြန်ဆုတ်ခွာလိုက်သည်။ ဤထိပ်တိုက်ရင်ဆိုင်မှု့ နှစ်ခုတွင် ဧရာမရေဘဝဲရဲ့ လုပ်ရိုးလုပ်စဥ်များကို အခြေခံအားဖြင့် လိပ်ကြီး သိရှိထားပြီ ဖြစ်သည်။

"ဟမ့်..ဘာမှ ထူးထူးခြားခြား မရှိဘူး..."

" ရော့...ငါ့.. လှံကိုမြည်းကြည့်...."

လိပ်ကြီး၏ လက်ထဲမှ လှံ​နဲ့ ဧရာမရေဘဝဲ၏ ခေါင်းကို တိုက်ရိုက် ထိုးထည့်လိုက်သည်။

ဧရာမရေဘဝဲ လန့်သွားပြီး သူ့ရဲ့ကြီးမားသော လက်တံများနဲ့ ခြေတံများဖြင့် ပိတ်ဆို့ရန် ကြိုးစားသော်လည်း အချိန်မရှိတော့ပေ။ လိပ်ကြီး၏ ဧရာမလှံက ရေဘဝဲရဲ့ ခေါင်းကို စိုက်မိသွားသည်။

" ပွက်ခနဲ "

လှံဖျားက တိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားပြီး အနက်မှာ အနည်းဆုံး လေးမီတာမှ ငါးမီတာအထိ ရှိသည်။

"ဟမ့်..တစ်ချက်တည်းနဲ့ ..သေပြီလား.."

လိပ်ကြီး သူ့ရဲ့လှံကို ရေဘဝဲကြီး၏ ဦးခေါင်းကနေ ဆွဲထုတ်လိုက်ပြီး အောင်ပွဲခံသည့်ဟန်ဖြင့် မေးလိုက်သည်။

"သခင်...ဘယ်လိုလဲ... ကျွန်တော်... အစွမ်းထက်တယ်မလား"

လိပ်ကြီး၏ တိုက်ခိုက်ရေးစွမ်းရည်ကို လျူယောင် လျှော့တွက်ထားခဲ့သည်။ ထိုမျှကြီးမား သော ဧရာမရေဘဝဲနှင့် ရင်ဆိုင်ခဲ့ရသော်လည်း လိပ်ကြီးက အပြည့်အဝ အနိုင်ရရှိခဲ့သည်။

"ကောင်းတယ်.... မင်းအရမ်းတော်တယ်..."

လိပ်ကြီး၏ စွမ်းအားကို ဝမ်းသာနေစဥ်မှာပဲ ပင်လယ်ကြမ်းပြင်အနက်မှာ တကယ်ကို အံ့ဩစရာများနဲ့ ပြည့်နေတာပဲ လို့ လျူယောင် တွေးနေမိသည်။

ထိုမျှကြီးမားသော ဧရာမရေဘဝဲကို ဘယ်သူကများ စိတ်ကူးနိုင်မှာလဲ။

ကံကောင်းတာက ဒီလို ဧရာမကြီးတွေဟာ မီတာ သုံးလေးထောင်အနက်ရှိတဲ့ ပင်လယ်အောက်ခြေမှာပဲ နေထိုင်ကြသည်။ ရေတိမ်ပိုင်းမှာ နေထိုင်လို့မရပါဘူး..။

အကယ်၍ သူတို့သာ ပင်လယ်ရေအနက်မှ ထွက်လာနိုင်ပါက သင်္ဘောများနှင့်တူသော အရာများအတွက် ခြိမ်းခြောက်မှု့တစ်ခု ဖြစ်လာလိမ့်မည်။

လိပ်ကြီး ပျော်ရွှင်စွာဖြင့်အသိအမှတ်ပြုမှု့ကို တောင်းဆိုနေရာ လျူယောင် ချီးကျူးလိုက်သည်။

ထို့နောက် လိပ်ကြီးက ဧရာမရေဘဝဲရဲ့ ကြီးမားသော ခန္ဓာကိုယ် ကို ကြည့်ပြီး လျှာသပ်လိုက်သည်။

"ဟားဟား..ဒီလိုကြီးမားတဲ့ ဧရာမရေဘဝဲရဲ့ အရသာက ဘယ်လိုရှိမလဲ...."

"နည်းနည်း စားကြည့်လိုက်ရင် မင်းသိပါလိမ့်မယ်" လျူယောင် အကြံပေးလိုက်သည်။

""ဧရာမပြည်ကြီးငါးရဲ့ အရသာက ပုံမှန်ပဲ ...ဒါက လူသားတွေရဲ့ အရသာလိုပဲ.... နည်းနည်း ချဥ်တယ်...."

လိပ်ကြီး သူ့ရဲ့လက်ထဲရှိ ဧရာမလှံကို မြေပြင်ပေါ်တွင် ထိုးထားပြီး ဧရာမရေဘဝဲရဲ့လက်မောင်းများနှင့် ခြေထောက်များထဲမှ တစ်ခုကို ကောက်ယူပြီး စားလိုက်သည်။ သူ တစ်ကိုက် ကိုက်လိုက်ပြီးနောက် တစ်တုံးကို ဖဲ့ယူကာ ပါးစပ်ထဲတွင် ဝါးလိုက်၏။

"ဟင်..."

လိပ်ကြီးမျက်လုံးများက အနည်းငယ် လင်းလက်လာပြီး ပလုတ်ပလောင်းနဲ့ ပြောလိုက်သည်။

" အိူး...အရသာရှိလိုက်တာ.."

"အရသာက ပထမတန်းစားပဲ.. ရှားပါးတဲ့ အရသာပဲ... ကျွန်တော် ကြိုက်တယ်... ဒီရက်ပိုင်းမှာ ဒါပဲ စားတော့မယ်..."

"တကယ်ကြီးလား...."

"လိပ်ကြီးရဲ့ အရသာခံစားမှုက. ကျွန်တော်နဲ့ မတူလောက်ဘူး... ဧရာမပြည်ကြီးငါးရဲ့ အသားက နည်းနည်း ချဥ်တယ်...ကျွန်တော်က....အရသာရှိတယ်လို့ မထင်ပေမယ့်....သူက အရမ်းအရသာရှိတယ်လို့ တွေးနေတယ်....."

လျူယောင် စိတ်ထဲကနေ ရေရွတ်လိုက်မိသည်။

"ကောင်းပြီ... မင်း ကြိုက်သလောက် စားလေ...."

လိပ်ကြီး ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

"သခင်ရ... ကျွန်တော် ဒီလိုကြီးမားတဲ့ ဧရာမရေဘဝဲကို.... ရက်နည်းနည်းလောက်... စားနိုင်တယ်....နေ့တိုင်း ဒီလိုအရသာမျိုး ....စားရတော့မှာဗျ.... သခင့်မှာရော ကောင်းတဲ့နေ့ မရှိဘူးလား...."

မီတာ ၅၀ ကျော်ရှည်သော လက်တံတစ်ချောင်းကို လိပ်ကြီးက စားလိုက်သည်။

စားနေစဥ် အလွန်ကျေနပ်မှု့ကို သူ ခံစားနေရသည်။

"တော်ပြီ...ကျွန်တော် ဗိုက်ပြည့်သွားပြီ.... ဗိုက်ဆာမှ .... ဆက်စားတော့မယ်..."

ယင်းမတိုင်မီက ခုနစ်မိနစ် သို့မဟုတ် ရှစ်မိနစ်ကြာ စားခဲ့ပြီးဖြစ်သည်။ မဟုတ်ရင် လက်တံတစ်ချောင်းထက် လိပ်ကြီး ပိုစားမိမှာ သေချာသည်။

သူ့ရဲ့ဇစရိုက်အရ ဒီလို အရသာရှိတဲ့ အစားအစာနဲ့ ကြုံတဲ့အခါ ဗိုက်ပြည့်သည်အထိ ရပ်မှာ မဟုတ်ပေ။

လိပ်ကြီးက ဒုတိယလက်မောင်းကို ဆက်မစားတော့ဘဲ မဝေးသော နေရာရှိ ကြီးမားသော အနက်ရောင်ဂူပေါက်ကို ကြည့်လိုက်သည်။ လိပ်ကြီး၏ စိတ်ထဲတွင် အလွန်သိလိုစိတ် ပြင်းပြနေသည်။

" သခင်...ကျွန်တော်...ဝင်ကြည့်ချင်တယ်....ရမလား..."

လျူယောင်ကို သူ ခွင့်တောင်းလိုက်သည်။

"အင်း...ဝင်သွား... ဒါပေမယ့် ဂရုစိုက်..."

လျူယောင် သတိပေးလိုက်သည်။

"ကျွန်တော် သိပါတယ်...သခင်ရ..."

လိပ်ကြီး ပြောပြီးတာနဲ့ မြေပြင်ပေါ်တွင် ထိုးထားသော ဧရာမလှံကို ကိုင်ကာ ကြီးမားသော ဂူပေါက်ထဲသို့ ရေကူးဝင်သွားသည်။

အတွင်းပိုင်းတွင် မှောင်မိုက်နေကာ လက်ကိုပင် မမြင်ရပေ။

စူပါအာရုံခံစားမှု့အပေါ်တွင်သာ လိပ်ကြီး မှီခိုနေရသည်။ဒီလို မှောင်မိုက်ခြင်းကြောင့် လိပ်ကြီး ထိခိုက်မှု့ မရှိခဲ့ပေ။ ရေကူးဝင်ပြီးနောက် ဂူ၏အတွင်းပိုင်းရှိ နေရာက ပိုကြီးပြီး လုံးဝ ကွဲပြားခြားနားသော ကမ္ဘာတစ်ခု ဖြစ်တာကို တွေ့ရှိခဲ့ရသည်။

"အမ်...ဒါက ဧရာမရေဘဝဲရဲ့ အသိုက်ပဲ.... ဒီထဲမှာ ဘာရှိလောက်မလဲ..."

လျူယောင်ကလည်း ဒီဂူထဲကို သိချင်စိတ် ရှိနေတာကြောင့် တတိယအမြင်တစ်ဆင့် ဂူရဲ့အတွင်းပိုင်း အခြေအနေကို စောင့်ကြည့်နေခဲ့သည်။

မူလက မှောင်မိုက်နေသော ဂူမှာ လျူယောင့်၏ မြင်ကွင်းထဲတွင် နေ့ခင်းကဲ့သို့ လင်းနေပြီး မှောင်မိုက်မှု့ရဲ့အရိပ်အယောင်တစ်ခုမျှ မရှိပေ။

ဂူဝမှ မီတာရာပေါင်းများစွာသာ ရှိမည်။ ဂူအတွင်းရှိ နေရာများစွာမှာ အတော်လေး ချောမွေ့နေသည်။ ဧရာမရေဘဝဲက ဒီမှာ ဘယ်နှစ်နှစ်ကြာအောင် နေထိုင်ခဲ့လဲဆိုတာ သူ မသိပေ။

ရုတ်တရက် လျူယောင်၏ မျက်လုံးများ အနည်းငယ် လင်းလက်လာခဲ့သည်။

ဂူ၏အောက်ခြေတွင် ဧရာမရေဘဝဲကြီး နေထိုင်ခဲ့သော မြေပြင်ပေါ်တွင် အနည်းငယ် တောက်ပနေသော အရာများ ရှိနေသည်။ထိုအရာက အနည်းငယ်ကွဲနေသော ဖန်ခွက်လေးနဲ့ ဆင်တူသည်။

"အဲ့ဒါတွေက... ဘာလဲဟ...."

လျူယောင် ချက်ချင်း အမြင်ကို ချဲ့ကြည့်လိုက်ရာ ပို၍ ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ ထိုအရာမှာ တကယ့်ကို ကွဲနေသော ဖန်ခွက်တစ်ခုနှင့် တူပြီး တောက်ပနေသည်။

အများစုမှာ ကြည်လင်ပြီး အရောင်မဲ့ ဖြစ်သည်။ အနည်းငယ်မှာ အနီရောင်၊ အဝါနုရောင်၊ ခရမ်းဖျော့ရောင် စသည့် အရောင်များ ရှိသည်။ အပိုင်းအစတစ်ခုစီ၏ အရွယ်အစားမှာ မတူညီပေ ။ အချို့မှာ လက်ဖဝါးတစ်ဝက်ခန့်သာ ရှိသည်။ အချို့မှာ ကြက်ဥအရွယ်အစား ရှိပြီး အသေးဆုံးမှာ ကြက်ဥတစ်ဝက်အရွယ်သာ ရှိနေသည်။

"ဒါတွေက ဘာတွေလဲ...ဖန်ခွက်နဲ့လည်းမတူဘူး... ဒါပေမယ့် တစ်မျိုးတစ်စားတည်းသော ကြည်လင်တဲ့ သဘာဝကျောက်တစ်မျိုးနဲ့တူတယ်... ပုံဆောင်ခဲနဲ့လည်း မတူဘူး... ဘာလဲ..."

ဒါ ဘာလဲဆိုတာ မသိကြောင်း လျူယောင် သေချာ ပြောနိုင်သည်။

ထိုတောက်ပသောအရာများကို ဧရာမရေဘဝဲက စုဆောင်းထားခြင်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းလိုက်သည်။သူတို့တွင် ထိုဝါသနာရှိလိမ့်မယ်လို့ လျူယောင် မမျှော်လင့်ထားခဲ့ပေ။

" လိပ်ကြီး... အဲ့ဒီ့တောက်ပနေတဲ့အရာတွေကို...မြင်လား... မင်းရဲ့ညာဘက်မှာ..."

လျူယောင် ပြောတဲ့နေရာကို လိပ်ကြီး ရေကူးသွားပြီး ထိုအရာများကို ကြည့်လိုက်သည် ။

"ဝါး...သခင်....ဘယ်လောက်လှတဲ့ အရာတွေလဲ... ကျွန်တော် တကယ် ကြိုက်တယ်..."

လိပ်ကြီး ပျော်ရွှင်စွာ ပြောလိုက်သည်။

"မင်းကို အလုပ်တစ်ခု ပေးမယ်... ဒီဟာအချို့ကို ငါတို့ရဲ့ ပင်လယ်ကမ်းခြေနားက ဂိုဒေါင်ကို ယူသွားပေး...ရောက်ပြီဆိုရင် ငါ့ကို အသိပေးအုံး..."

လျူယောင် ထိုအရာကို သယ်ခိုင်းလိုက်သည်။

"အာ.. အခုသွားရမှာလား...သခင်.."

"ဟုတ်တယ်... အခုပဲ"

လျူယောင်ပြန်ဖြေလိုက်သည်။

"ဘာလို့... ဒီလောက် အရေးတကြီးလဲ"

ဒါက ဘာလဲဆိုတာ လျူယောင် သိချင်နေပြီး မစောင့်နိုင်တော့ပေ။

လိပ်ကြီးကအမိန့်ကို သစ္စာရှိစွာ လုပ်ဆောင်ခဲ့သည်။

အလုပ်များစွာ လုပ်ပြီးနောက် အတုံးအချို့ကို ယူပြီး ပါးစပ်ထဲတွင် ထည့်လိုက်ပြီး ဂူထဲကနေ ထွက်လာခဲ့သည်။

ထွက်လာပြီးနောက် မြေပြင်ပေါ်ရှိ ဧရာမရေဘဝဲရဲ့ သေဆုံးနေသော ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ လိပ်ကြီးက ဉာဏ်ကောင်းလွန်းကာ ၎င်းကို ဂူထဲသို့ ဆွဲယူပြီး ယာယီထားလိုက်သည်။ ဒါက သူရဲ့ အရသာရှိတဲ့ အစာပဲဖြစ်သည်။ သူ အပြင်ထွက်နေစဥ် အခြားကောင်များ စားမည်ကို မလိုချင်ပေ။

ဧရာမရေဘဝဲ၏ ခန္ဓာကိုယ်ကို ဂူထဲသို့ ထည့်ထားပြီး ဖုံးကွယ်လိုက်သည်။ ဘာမှားယွင်းမှု့မှ မရှိတော့ဘူးလို့ ခံစားရပြီးနောက် ထိုတောက်ပသောအရာ ဒါဇင်အနည်းငယ် ကို လိပ်ကြီး ပါးစပ်ထဲတွင် ထည့်ကာ ဟွာဟိုင်းမြို့ဘက်သို့ အမြန် ကူးခတ်လာခဲ့သည်။

လျူယောင် စိတ်ထဲကနေ ဒီကွဲနေတဲ့ ဖန်ခွက်များက ဘာဖြစ်နိုင်လဲဆိုတာ သိချင်နေမိသည်။

"ဒါက တန်ဖိုးမရှိတဲ့ သတ္တုတစ်မျိုးလား....ဒါမှမဟုတ် တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတစ်မျိုးလား..."

All Chapters